Friday, September 20, 2013

မြန်မာ့တပ်မတော် သံချပ်ကာနှင့်တင့်တပ်ဖွဲ့

ဒီနေ့တော့ မြန်မာ့တပ်မတော်ရဲ့ အများသိပြီးဖြစ်တဲ့ အချက်လက်တချို့ကို ဖော်ပြပေးချင်ပါတယ်...။

မြန်မာ့တပ်မတော်ဟာ ဒေသတွင်းအိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ရင် စွမ်းရည်နိမ့်ကျတယ်လို့ ပြောဆိုနေသံလေးတွေကြားနေရပါတယ်...။ ဆိုတော့ ကျွှန်တော်တို့အနေနှင့် မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးစွမ်းရည် အချို့ကို လေ့လာလိုက်ကြရအောင်လားခင်ဗျာ...။ ဒီနေရာမှာတော့ တပ်မတော်ရဲ့ သံချပ်ကာနှင့်တင့် တပ်ဖွဲ့၊အမြောက်တပ်ဖွဲ့အကြောင်း အနည်းငယ် ဖော်ပြပေးချင်ပါတယ်...။

သံချပ်ကာနှင့်တင့် တပ်ဖွဲ့

မြန်မာ့တပ်မတော်ရဲ့ သံချပ်ကာနှင့်အမြောက်တပ်ကို လွတ်လပ်ရေးရပြီး ၁၉၅၀ခုနှစ်များက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့ ခေတ်အဆက်ဆက်တိုင်းပြည်ကို ကာကွယ်ပေးခဲ့တာလည်း အားလုံးအသိဘဲဖြစ်ပါတယ်...။ အရင် ဒုတိယကမ္ဘာစစ် လက်ကျန် တင့်များကို အသုံးပြု၇င်း တိုင်းပြည်ကာကွယ်လာခဲ့တယ့် သံချပ်ကာ၊တင့်တပ်ဖွဲ့များဟာဆိုရင်တော့ အခုခေတ်မှာ ကမ္ဘာ့ထိပ်တန်း စာရင်းဝင်တဲ့ သံချပ်ကာတင့်များကို အသုံးပြုကာ ဖွဲ့စည်းထားပြီဖြစ်ပြီးတော့.. ယူကရိန်းနိုင်ငံထုတ် တီ-၇၂အက်စ ပင်မတိုက်ပွဲဝင်တင့်များ နှင့် အမ်ဘီတိ-၂၀၀၀ ပင်မတိုက်ပွဲဝင်တင့်များကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်....။
ပုံစံ-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်နှင့် တိုက်ယာဉ်အဖွဲ့သားများ
အဆိုပါ ပင်မတိုက်ပွဲဝင်တင့်များဟာဆိုရင်တော့ ဒေသတွင်းနိုင်ငံများရဲ့ ပင်မတိုက်ပွဲဝင်တင့်များကို အကောင်းဆုံး ခြိမ်းခြောက်နိုင်တဲ့ အဆင့်မှာရှိပါတယ်...။ ဒါ့အပြင် ပုံစံ-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်များဟာဆိုရင်လည်း တရုပ်တပ်မတော်ရဲ့ အားထားရဆုံးတင့်အဖြစ် အခုထက်ထိ အသုံးပြုနေဆဲ ဖြစ်လို့ လျှော့တွက်လို့ မရနိုင်တဲ့ တင့်တွေဖြစ်ပါတယ်....။ပုံစံ-၆၉ အလတ်စား တိုက်ပွဲဝင်တင့်နှင့် တီ-၅၅ ကဲ့သို့သော တင့်များလည်း ရှိပါသေးတယ်...။
တင့်တပ်ဖွဲ့၏ လေ့ကျင့်မှုတစ်ခုအတွင်း
သံချပ်ကာတပ်ဖွဲ့အနေနှင့်လည်း ယူကရိန်းနည်းပညာနှင့် ထုတ်လုပ်ထားတဲ့ နာမည်ကျော် ဘီတီအာ-၃ယူ သံချပ်ကာယာဉ်တွေ၊အမ်တီ-အယ်လ်ဘီ ကဲ့သို့သော စွမ်းရည်မြှင့် သံချပ်ကာတွေအပြင် ပုံစံ-၉၂ သံချပ်ကာများလည်း ပိုင်ဆိုင်ထားပြီး ဖြစ်လို့ တပ်မတော်ရဲ့ သံချပ်ကာတပ်ဖွဲ့ဟာ အင်းအားကြီးတဲ့ တပ်ဖွဲ့ကြီးတစ်ခုဖြစ်တယ်ဆိုတာကို ယုံမှားဖွယ်ရာမရှိပါဘူး..။
ပြည်ပနိုင်ငံများကနေ ခေတ်မှီ သံချပ်ကာ၊တင့်တွေကို ဝယ်ယူဖြည့်တင်းနေသလိုဘဲ နည်းပညာများရယူကာ ပြည်တွင်းမှာလည်း ထုတ်လုပ်ခဲ့ပြန်ပါတယ်...။ အဆိုပါ သံချပ်ကာယာဉ်များကိုတော့ အမ်အေဗီ(MAV series)စီးရီးများအဖြစ် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကင်းလှည့်ရေး အပေါ့စားသံချပ်ကာများနှင့် စွမ်းရည်မြှင့်သံချပ်ကာများကို ပြည်တွင်းမှာဘဲ အများအပြားထုတ်လုပ်နေပြီဖြစ်ပါတယ်...။

 MAV-2 APC (Myanmar Army Vehicle)


ပုံများပြထားတဲ့ တိုက်ယာဉ်ကတော့ အမ်အေဗီ-၂ (MAV-2) လို့ခေါ်တဲ့ သံချပ်ကာတိုက်ယာဉ် ဖြစ်ပါတယ်...။အစီးရေ အတော်များများထုတ်လုပ်ပြီးဖြစ်လို့ မကြာခင်မှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်တော့မယ်လို့ ယူဆရပါတယ်...။

 ULARV-2

 နောက်အမျိုးအစားတစ်မျိုးကတော့ အပေါ့စား ကင်းထောက်သံချပ်ကာယာဉ် ULARV-2 (Utility Light Armoured Reconnaissance Vehicle) လို့ သတ်မှတ်လို့ရတဲ့ တိုက်ယာဉ်ဖြစ်ပါတယ်...။ ဒီတိုက်ယာဉ်အပေါ်မှာကတော့ ၁၂.၇မမ စက်သေနတ်ကြီးတပ်ဆင်ထားပြီးတော့ MAV-2 တိုက်ယာဉ်အပေါ်မှာကတော့ ၃၀မမ စက်အမြောက်ကို တပ်ဆင်ထားပါတယ်...။ ပုံမှာတွေ့ရတဲ့ အချက်လက်များအရဆိုရင်တော့ အဆိုပါ စက်သေနတ်ကြီးများနှင့် အမြာက်များကို သံချပ်ကာယာဉ်အတွင်းကနေကို ပစ်ခတ်လို့ရအောင် ထုတ်လုပ်ထားတာ တွေ့ရမှာဖြစ်ပါတယ်...။ ကျန်တဲ့ ပြည်တွင်းထုတ် တိုက်ယာဉ်အချို့ကိုတော့ နောက်ပိုင်းမှာ ဖော်ပြပေးပါဦးမယ်...။

အမြောက်တပ်ဖွဲ့အကြောင်း ရေးနေရင်းနှင့် တင်ပြချင်တဲ့ အချက်လက်မစုံသေးလို့ ခဏလောက်တော့ သည်းခံပြီး စောင့်ပေးကြပါဦးခင်ဗျာ....။ :)

15 comments:

  1. is this rpg proof? kia kachin terrorist group used rpg to ambush Myanmar Army convoy.

    ReplyDelete
  2. ကြိုက်တယ်ဗျာ ကိုယ့်နိုင်ငံရဲ့ တပ်မတော်ဟာ အနည်းဆုံး အာရှမှာတော့ ထိပ်တန်းဖြစ်ချင်တယ်

    ReplyDelete
  3. နောင် ရိုး ဂျစ် ကို လက် နက်ဆင် ထား တဲ့ ပုံ မရှိ ဘူး လား

    ReplyDelete
  4. ဝီကီမှာကြည့်ဖူးတဲ့စာရင်းတွေအရဆိုမြန်မာ့ကြည်းတပ်မှာ
    သံချပ်ကာမျိုးစုံအစီးရေ၅၀၀၀နီးပါးလောက်တောင်ရှိပါတယ်။
    Main battle tank ကတော့၄၀၀လောက်ထင်ပါတယ်။
    အရေအတွက်ကတော့ဟိုနှစ်နိုင်ငံလုံးထက်သာပါတယ်။

    ReplyDelete
  5. IED ခေတ်စားတဲ့ကာလရောက်လာတော့ ဘယ်လိုပစ္စည်းတွေ သုံးပြီးကာကွယ်နေလဲ.. သိရင်ပြောပြပေးပါအုံး

    ReplyDelete
  6. MAV-2 APC (Myanmar Army Vehicle ) ကလက်ရာရောပုံစံရောက ULARV-2 ထက်ပိုမိုက်တယ်
    MAV-2 APC (Myanmar Army Vehicle ) ကဘယ်နိုင်ငံရဲ့ နည်းပညာနဲ့ ထုတ်တာလဲပြောပြပါ တော်
    တော်လေးကိုအဆင့်မှီလာလို့ ပါ ၀မ်းသာမူနဲ့ မေးရတာပါပြန်လည်ဖြေကြားပေးပါအုံး
    ကျေးဇူးပါကို MM

    ReplyDelete
  7. ။မြန်မာ့လေတပ်ကခေတ်မီလေယာဉ်တွေနဲ့ကချင်ပြည်နယ်မှာကောင်းကင်ဓာတ်ပုံရိုက်နေတယ်ကြားတယ်၊အဲဒါဟုတ်သလား။ ကေအိုင်အို/ကေအိုင်အေကိုလေကြောင်းကတိုက်ခိုက်ဖို့စီမံလေ့ကျင့်နေတယ်ကြားတယ်။

    ReplyDelete
  8. ဗုံးကြဲပလိုက်။ ပြည်သူဆိုတာတွေလည်း အလိုတူအလိုပါတွေဘဲ။ သေသွားအေးတယ်။
    ဒီလိုဟာတွေထပ်ဖဆ်စရောမလိုတော့ဘူး။

    ReplyDelete
  9. မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ် ပြေးလမ်းပေါ်၌ အရှိန်ထိန်းချုပ်သည့် လေ ထီးမပွင့်မှုကြောင့် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခေတ္တပိတ်ခဲ့

    ReplyDelete
  10. ကို MM ရေ ပိုစ့်အသစ်လေးများတင်ပါဦးဗျာ ခုနောက်ပိုင်းအတင်ကြဲသွားတယ်နော် ကျန်စစ်သားကြီး သတင်းလည်း ထူးရင်တင်ပေးပါဦးဗျာ

    ReplyDelete
  11. မြန်မာ့တပ်မတော်လေကရော လေယဉ်တွေထုတ်ဖို့လုပ်သေးဘူးလားဗျ uavကရောအခြေနေဘယ်လိုရှိလဲ

    ReplyDelete
  12. ကို MM ရေ အကို့ဆိုဒ်ကို ဖုန်းနဲ့ကြည့်တဲ့သူတွေအဆင်ပြေအောင် apk လေး လုပ်လိုက်တယ်ဗျာ အားလုံးအဆင်ပြေအောင်ပေါ့ ဒေါင်းပြီးသင့်သလိုသာသုံးပေတော့ဗျာ လင့်က
    https://db.tt/To1n0pD2

    ReplyDelete
  13. အစ်ကိုတို့တင်ထားတဲ့ ပုံတွေကမြန်မာနိုင်ငံမှာအကုန်ရှိလားဟင်... ရှိရင်တော့မိုက်တယ်ဗျာ.. ဒီထက်ကောင်းတာတွေကောကျွန်တော်တို့နိုင်ငံကဝယ်ဖို့ရှိလားဗျာ

    ReplyDelete
    Replies
    1. ဒီထဲကပုံအကုန်လုံးက မြန်မာ့တပ်မတော်ကချည်းဘဲ ညီ.. တပ်မတော်အနေနှင့် ခေတ်မှီတပ်မတော်ဖြစ်ဖို့ ကြိုးစားနေကြပါတယ်... :)

      Delete
  14. ကချင်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတယ်ထင်တယ်
    တိုက်ပလေ့စေ ဒါမှ မြန်မာလူမျိုးကိုမစော်ကားရဲမှာ

    ReplyDelete