Wednesday, October 16, 2013

မြန်မာ့တပ်မတော် အမြောက်နှင့် ဒုံးတပ်ဖွဲ့ဆိုင်ရာ

မြန်မာ့တပ်မတော် အမြောက်တပ်ဖွဲ့အကြောင်းကိုလည်း အတော်များများရေးပြီးဖြစ်လို့ အကျယ်တဝင့် ဒီပိုစ့်မှရေးတော့မှာမဟုတ်ပါဘူး...။ ကျွှန်တော်တို့အနေနှင့် နည်းနည်းစိမ်းနေသေးတယ်လို့ ယူဆရတဲ့ အမြောက်လက်နက်တွေအကြောင်းကို လေ့လာမိသလောက် ရေးပေးသွားပါ့မယ်....

ပထမဆုံးကတော့ India တပ်မတော်ထုတ် ၇၅မမ ၇၅/၂၄ အမြောက်ဘဲဖြစ်ပါတယ်...။အရင်က စင်ကာပူထုတ် အမြောက်နှင့် မှားယွင်းဖော်ပြခဲ့မိပါသေးတယ်ခင်ဗျာ...။ အမှားပြင်ပေးကြလို့ကျေးဇူးတင်ပါတယ်...။

အိန္ဒိယထုတ် ၅၇မမ အမြောက်ဖြင့် ပစ်ခတ်လေ့ကျင့်နေစဉ်
ဒုတိယကတော့ D-30 လို့ခေါ်တဲ့ ၁၂၂မမ ယာဉ်ဆွဲအမြောက်ပါ...။ ကမ္ဘာ့နိုင်ငံအတော်များများရဲ့ တပ်မတော်တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အမြောက်လက်နက်တွေပါ....။ ဒေသတွင်း နိုင်ငံတချို့မှာလည်း အသုံးပြုနေပါတယ် (ဥပမာ- ဘင်္ဂလားဒေ့်စစ်တပ်) ဒီ-၃၀-၂ ဆိုတာကတော့ တရုပ်တပ်မတော်ရဲ့ အဆင့်မြှင့်တင်ထားတဲ့ အမြောက်လို့ သိရပါတယ်....။ မြန်မာ့တပ်မတော်သုံး D-30-2 တွေကို ဘယ်နှခုနှစ်ကတည်းက စတင်အသုံးပြုတယ်ဆိုတာ အတိအကျမသိပင်မဲ့လို့ ၂၀၀၈ခုနှစ်အတွင်း စမ်းသပ်မှု မှတ်တမ်းတွေကတော့ ထွက်ပေါ်လာပြီဖြစ်ပါတယ်...။ တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံများအနေဖြင့်လည်း ထုတ်လုပ်မှုများ စတင်နေပြီဟု သိရပင်မဲ့ သီးခြားအတည်ပြုချက်မျိုးတော့ မရရှိထားပါဘူး...။

D-30-2 ၁၂၂မမ အမြောက်ဖြင့် လေ့ကျင့်ပစ်ခတ်နေစဉ်
 နောက်တစ်မျိုးကတော့ Soltam M71 လို့ခေါ်တဲ့ အစ္စရေးထုတ် ၁၅၅မမ အမြောက်များဘဲ ဖြစ်ပါတယ်...။ အမ်-၇၁ ၁၅၅မမ အမြောက်များကိုတော့ မြန်မာ့တပ်မတော်မှာ အသုံးပြုနေခဲ့တာကြာပါပြီ အခုမှပုံကောင်းလေးတွေရလို့ ထပ်တင်ပေးလိုက်ရပါတယ်...။ ပုံရဲ့အနောက်က ၁၅၅မမ အမြောက်ကတော့ တောင်ကိုးရီးယားနိုင်ငံထုတ် KH-179 ၁၅၅မမ အမြောက်ဘဲဖြစ်ပါတယ်...။

Soltam M71 & KH-179 155mm Howtizer
ကျန်တဲ့ ယာဉ်တင်အမြောက်ဖြစ်တဲ့ SH-1 နှင့် Nora B-52 တွေအကြောင်းတော့ အတော်များများတင်ဖူးပြီးဖြစ်လို့ သီးခြားမဖော်ပြပေးတော့ပါဘူး...။

Nora B-52 ၁၅၅မမ ယာဉ်တင်အမြောက်ဖြင့် လေ့ကျင့်နေမှု (ဆားဘီးယားထုတ်)
SH-1 ၁၅၅မမ ယာဉ်တင်အမြောက်များဖြင့် လေ့ကျင့်ပစ်ခတ်နေကြစဉ် (တရုပ်တပ်မတော်ထုတ်)

အမြောက်လက်နက်တွေပြီးတော့ ဒုံးလက်နက်တွေအကြောင်း ဖော်ပြပေးပါဦးမယ်...။
 ဖော်ပြပေးချင်တာကတော့ ဒုံးလက်နက်တွေနှင့် ပတ်သက်လို့ မျိုးကွဲများစွာရှိသည့်အနက်မှ MLRS ( Multiple Launch Rocket System)လို့ခေါ်တဲ့ အတွဲလိုက်ပစ်ဒုံးများအကြောင်းပါ...။

နိုင်ငံတကာစစ်တပ်များနည်းတူ မြန်မာ့တပ်မတော်အနေဖြင့်လည်း ဒုံးလက်နက်များပိုင်ဆိုင်ထားမှုဟာ တကယ်တော့ အထူးအဆန်းကြီးတစ်ခုတော့ မဟုတ်ပါဘူး...။
 ဒေသတွင်းနိုင်ငံများကိုကြည့်လိုက်မယ်ဆိုရင်-
ယိုးဒယားအနေဖြင့်- DTI-1 302mm MLRS
မလေးရှားအနေဖြင့်- Astros II 180mm MLRS
စင်ကာပူအနေဖြင့်-HIMARS 240mm MLRS
ကမ်ဘောဒီးယားအနေဖြင့်- BM-21 122mm MRS
ဘင်္ဂလားဒေ့်အနေဖြင့်- Type-90A 122mm MLRS စသည်ဖြင့်အသုံးပြုကြပါတယ်...။

မြန်မာ့တပ်မတော် ဒုံးတပ်ဖွဲ့အနေဖြင့် လက်ရှိအချိန်ထိ သိရသော အချက်များအရ ၁၂၂မမ နှင့် ၂၄၀မမ အတွဲလိုက်ပစ်ဒုံးများ အဓိကအသုံးပြုလျက်ရှိပြီး ပိုမိုထိရောက်မှု အားကောင်းသည် ရုရှား၏ အတွဲလိုက်ပစ်ဒုံး တစ်မျိုးလည်း အသုံးပြုလျက်ရှိသည်ဟု သိရပါသည်...။

မြန်မာ့တပ်မတော်သုံး ၁၂၂မမ အတွဲလိုက်ပစ် ဒုံးပစ်စင်
 ၁၂၂မမ အတွဲလိုက်ဒုံးများအနေဖြင့် မြန်မာ့တပ်မတော်တွင်လည်း ကိုယ်ပိုင်ထုတ်လုပ်နိုင်ပြီးဟု သိရပြီး သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး...။ ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံကြားမှာ နေထိုင်နေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီလည်း မြန်မာ့တပ်မတော် ဒုံးတပ်ဖွဲ့ဟာ အင်အားကောင်းမွန်ဖို့ လိုအပ်နေတယ်ဆိုတာ ငြင်းလို့မရတဲ့အချက်ဖြစ်ပါတယ်...။ ဒါကြောင့်လည်း နောက်ထပ်ပိုမိုကောင်းမွန်တဲ့ ဒုံးလက်နက်တွေ ပိုင်ဆိုင်ဖို့ဆိုတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်ပါတယ်...။

မြန်မာ့တပ်မတော်သုံး ၂၄၀မမ အတွဲလိုက်ပစ် ဒုံးပစ်စင်
တပ်မတော်သုံး ၂၄၀မမ အတွဲလိုက်ပစ်ဒုံးအနေဖြင့် ပြောင်း၁၂ပြောင်းပါရှိပြီး အကွာအဝေး (၃၉) ကီလိုမီတာ အထိ ထိရောက်မှုရှိတယ်လို့ သိရပါတယ်...။ ပစ်ခတ်တဲ့ ဒုံးအမျိုးစားအပေါ်မှုတည်ပြီး ထိရောက်မှုအကွာအဝေး ပြောင်းလဲနိုင်ပါတယ်...။ အတွဲလိုက်ပစ်ဒုံးများနှင့် ပတ်သက်ပြီး၍လည်း ဆောင်းပါးရှည် ဖော်ပြပေးထားပြီးဖြစ်ရာ အောက်ပါလင့်မှာ သွားရောက်လေ့လာနိုင်ပါတယ်....။

အတွဲလိုက်ပစ်ဒုံးများအကြောင်း

အထက်ပါအချက်လက်များအနေဖြင့် မိမိတို့လေ့လာမိသလောက်မျှသာ ဖော်ပြပေးတာဖြစ်လို့ အမှားယွင်းရှိရင်လည်း ထောက်ပြပေးနိုင်ပါတယ်ခင်ဗျာ...။ အခုတော့ တပ်မတော်ထုတ် နောင်ရိုးဂျစ် (Naung Yoe Jeep) တွေအကြောင်းရေးဖို့ ကြိုးစားသွားပါ့မယ်....။ အားပေးတဲ့ စစ်လက်နက်စိတ်ဝင်စားသူ ညီ၊၊အစ်ကိုများကို ကျွှန်တော်တို့ အဖွဲ့အနေဖြင့် ကျေးဇူးအထူးတင်ရှိကြောင်းပါခင်ဗျာ...။

ပုံအကိုးကား- ဒုံးတပ်ဖွဲ့

7 comments:

  1. ကို MM ခင်ဗျား ဒုတိယပုံက LG1 မဟုတ်ပါ India ထုတ် 75mm 75/24 Mountain Howitzer ပါ။ ကျွန်တော့ မှာဟိုးတော်တော်ကြာက ရထားတဲ့ ပုံရှိပါတယ်။ အမြောက်ပုံတွေပါ။ Email နဲ့ ပို့ လိုက်ပါ့ မယ်။

    ReplyDelete
    Replies
    1. ရထားပြီး အစ်ကိုရေ.. ပုံနည်းနည်းပြင်ပြီးရင် ပြောင်းလိုက်ပါ့မယ်.. :D ကျေးဇူးဗျို့..

      Delete
  2. များများပိုင်ထားလေကောင်းလေပဲ့ တာဝေးပစ်ဒုံးတွေရောရှိလားခင်ဗျာ သိချင်လို့ပါ

    ReplyDelete
    Replies
    1. တာဝေးပစ်တော့ ကျွှန်တော်သိသလောက် မရှိသေးဘူးထင်ပါတယ်...

      Delete
    2. မြောက်ကိုရီးယားထုတ် Hwasong6
      တာဝေးပစ်ဒုံးကျဉ်တွေရှိပါတယ်။
      မူရင်းSoviet R-17 Elbrus(Hwasong5)ကနေတိုးတက်ထုတ်လုပ်ခဲ့ပြီးလက်ရှိအီရန်မှာလည်း
      Shahab2 အမည်နဲ့ထုတ်လုပ်နေပါတယ်။
      Kilometer 700 ထိရောက်တယ်လို့
      ဆိုပါတယ်။

      Delete
  3.ုkm 300 မှ km 1000 အထိပစ်ခတ်နိုင်တဲ့ဒုံးတွေရှိတယ်လို့ တစ်စုံတစ်ယောက်ရဲ့ ဆိုဒ်ထဲမှာရေးသား
    ထားတာကိုဖတ်မိဖူးပါတယ်ဒါကြောင့် နိုင်ငံရဲ့ လ၀ ဆိုလျှင်တော့မေးမိတာစိတ်မဆိုးပါနဲနော် ရှရုားလုပ်
    တွေလို့ ရေးသားထားပါတယ် သိတဲ့ လူများရှိရင်ပြောပြပေးပါအုံးနော် ကျေးဇူးပါ.........

    ReplyDelete
  4. မြန်မာ့တပ်မ တော်တွင် ရော ၄င်းကျည်များ ရနိုင်
    ပါလား သိချင် ပါတယ် ခင် ဗျား

    ReplyDelete