Thursday, January 23, 2014

မြန်မာ့တပ်မတော်ထုတ် ခေတ်မှီသံချပ်ကာယာဉ်များအကြောင်း

 မင်္ဂလာပါခင်ဗျာ...။

ပိုစ့်မတင်ဖြစ်တာလည်း နည်းနည်းကြာနေလို့ စောင့်နေကြတဲ့ ညီ၊အစ်ကိုတွေကို ဒီနေ့တော့ တပ်မတော်ထုတ် သံချပ်ကာယာဉ်(အပေါ့စား)၊ကင်းလှည့်ယာဉ်တွေနှင့် မိတ်ဆက်ပေးချင်ပါတယ်...။ မြန်မာ့တပ်မတော်မှာ ဟိုးအရင်ခုနှစ်များဆီကနေစတင်ပြီး BAAC စီးရီး ကင်းလှည့်သံချပ်ကာယာဉ်တွေကို ပြည်တွင်းမှာဘဲတပ်ဆင်ထုတ်လုပ်ခဲ့ပါတယ်...။ အမှန်တိုင်းဝန်ခံရမယ်ဆိုရင် အဆိုပါ၈၀ခုနှစ်များက ထုတ်လုပ်ခဲ့တယ် သံချပ်ကာကင်းလှည့်ယာဉ်များဟာ အသင့်ရှိပြီး စစ်သုံးယာဉ်များကို သံချပ်ကာအုပ်ထားတဲ့ ကင်းလှည့်ယာဉ်များသာ ဖြစ်ခဲ့ကြပါတယ်...။ သို့သော် တပ်မတော်သံချပ်ကာတပ်ရဲ့ လိုအပ်နေတဲ့ တိုက်စစ်စွမ်းရည်ကိုတော့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ခဲ့ကြပါတယ်...။

မြန်မာ့တပ်မတော်ဟာ ရှိရင်းစွဲလက်နက်စနစ်များကို သုတေသနပြုလေ့လာရင်း ပို၍ပို၍ ကောင်းမွန်တဲ့စနစ်များအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်...။ သိသာတဲ့အချက်ကတော့ ယခင် BAAC သံချပ်ကာကင်းလှည့်ယာဉ်များကို အခြေပြုတီထွင်ထုတ်လုပ်ခဲ့တဲ့ MAV စီးရီး သံချပ်ကာကင်းလှည့်ယာဉ်များဘဲဖြစ်ပါတယ်...။ MAVလို့အတိုကောက်ခေါ်ဝေါ်တဲ့ Myanmar Armoured Vehicle (MAV) သံချပ်ကာကင်းလှည့်ယာဉ်များကို ရရှိထားသည့် ပုံများအရဆိုရင် မျိုးကွဲ(၄)မျိုးတွေ့ရနိုင်ပါတယ်...။ အဆိုပါ(၄)မျိုးစလုံးကို ပုံများနှင့်တကွဖော်ပြပေးလိုက်ပါတယ်...။

MAV-1 Scout Car (ကင်းထောက်ယာဉ်)

MAV-1 SCဟာဆိုရင် အရင် BAAC စီးရီးသံချပ်ကာကင်းလှည့်ယာဉ်တွေအပေါ်အခြေခံထားတယ်ဆိုတာ သိသာပါတယ်...။ ထူးခြားချက်အနေဖြင့် အဆိုပါသံချပ်ကာကင်းလှည့်ယာဉ်ဟာ အရင် BAAC စီးရီးများကဲ့သို့ ရှိရင်းစွဲစစ်ယာဉ်များကို သံချပ်ကာအုပ်ထားခြင်းမဟုတ်တော့ဘဲ စနစ်တစ်ခုလုံးကို သံချပ်ကာယာဉ်အဖြစ် ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ခြင်းဘဲဖြစ်ပါတယ်...။ ဒါဟာ မြန်မာ့တပ်မတော်ရဲ့ ခေတ်မှီသံချပ်ကာယာဉ်များ တည်ဆောက်မှု အစလို့လည်း သတ်မှတ်နိုင်ပါတယ်...။ တပ်ဆင်ထားတဲ့လက်နက်စနစ်ကို ပုံအရပြောရမယ်ဆိုရင် ၁၂.၇မမ စက်ကြီးတပ်ဆင်ထားပါတယ်...။ ပစ်ခတ်ထိန်းချုပ်မှုစနစ်ကိုတော့ မသိရပါဘူး...။ သံချပ်ကာယာဉ်အနေဖြင့် တန်ချိန် (၃.၇၅)တန်ရှိပါတယ်...။

MAV-2 (ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်)

MAV စီးရီးရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်ကတော့ BAACစီးရီးများကနေ အတော်လေးခွဲထွက်လာခဲ့ပါပြီ။ ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်ဆိုတဲ့အတိုင်း စစ်သည်များအနေဖြင့်လည်း လိုက်ပါတိုက်ပွဲဝင်နိုင်စွမ်းရှိလာပြီးတော့ လက်နက်စနစ်ကိုလည်း ၂၀မမ စက်အမြောက်အပြင် ၇.၆၂မမ စက်ကလေးနှင့် အားဖြည့်ထားပါတယ်...။ တန်ချိန်(၉)တန်ရှိပါတယ်...။ ပိုပြီးတိကျတဲ့ အချက်လက်တွေတော့ မရရှိသေးပါဘူး...။

MAV-3 (ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်)

MAV-3 သံချပ်ကာယာဉ်ကတော့ MAV-2 နှင့်အနည်းငယ်သာ ကွဲပြားတဲ့တိုက်ယာဉ်ပါ...။ ထူးခြားချက်ကတော့ အင်ဂျင်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာပြီးတော့ ပစ်အားကိုမြှင့်ထားတယ်လို့ သိရပါတယ်...။ကျန်တဲ့ထူးခြားချက်တော့ ကျွှန်တော်မတွေ့မိပါဘူး...။ (ညီ၊အစ်ကိုတွေအနေနှင့် ဝင်ထောက်ပြပေးနိုင်ပါတယ်...။)

MAV-4 (ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်)

 တိုက်ယာဉ်အဖွဲ့သား (၄)ယောက်နှင့် ၀.၅စက်သေနတ်နှစ်လက်တွဲ တပ်ဆင်ထားတဲ့ MAV-4 ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်ဟာဆိုရင် တန်ချိန်(၆.၇၇)တန်ရှိပြီး ထုတ်လုပ်မှုအစီးရေ ပမာဏမများဘူးလို့ သိရပါတယ်...။

မြန်မာ့တပ်မတော်ရဲ့ သံချပ်ကာထုတ်လုပ်ရေး စီမံကိန်းများအနက် MAV စီးရီးတွေအနေနှင့် သိရသလောက်ကိုဖော်ပြပေးခဲ့ပြီးဖြစ်ပါတယ်...။ နောက်ထပ်ဖော်ပြပေးမယ့် မျိုးဆက်သစ်ခေတ်မှီ သံချပ်ကာကင်းလှည့်ယာဉ်တစ်မျိုးကတော့ အပေါ့စားသံချပ်ကာကင်းထောက်ယာဉ်များလို့ သတ်မှတ်နိုင်တဲ့ ULARV စီးရီးများဘဲဖြစ်ပါတယ်...။ တကယ်တော့ ဒီစီးရီးသံချပ်ကာယာဉ်တွေဟာ အရင်ထုတ်လုပ်ခဲ့ဘူးသမျှသော သံချပ်ကာယာဉ်များနှင့်စာရင် လုံးဝကိုကွဲပြားသွားတဲ့ ဒီဇိုင်းနှင့်စနစ်များဘဲဖြစ်ပါတယ်...။ အနည်းငယ်အကျယ်ချဲ့လေ့လာကြည့်ရအောင်-

ULARV-1

ULARV-1 သံချပ်ကာကင်းထောက်ယာဉ်ကို မြန်မာ့တပ်မတော်ကဘဲ ဒီဇိုင်းဆွဲတီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ ၁၄.၅မမ စက်ကြီးကိုတပ်ဆင်ထားပါတယ်...။ ယာဉ်ရဲ့ ကြံခိုင်မှုဟာ အားရစရာကောင်းလှပြီး ရုရှားတပ်မတော်သုံး Tigr သံချပ်ကာကင်းထောက်ယာဉ်များကဲ့သို့ပင် စွမ်းဆောင်ရည်ရှိပါတယ်...။ အပေါ့စားကင်းထောက်ယာဉ်လို့ သတ်မှတ်ထားပင်မယ့် ၁၄.၅မမ စက်သေနတ်ရဲ့ ထိရောက်မှုအားဟာ တဖက်ရန်သူကို အကောင်းဆုံးချေမှုန်းနိုင်စွမ်းရှိနေပါတယ်...။ ဂုဏ်ယူဖွယ်ရာနောက်တစ်ချက်ကတော့ တပ်ဆင်ထားတဲ့ စက်သေနတ်များကို ယာဉ်အတွင်းကနေ ထိန်းချုပ်ပစ်ခတ်နိုင်စွမ်းရှိပြီးတော့ ထိရောက်တဲ့စနစ်ဖြစ်ကြောင်း စမ်းသပ်မှုများအရ သိရှိရပါတယ်...။ လျင်မြန်စွာစစ်ကစားလှုပ်ရှားမယ့် တိုက်ယာဉ်အမျိုးစားတစ်စင်းဘဲ ဖြစ်ပါတယ်...။

လေကြောင်းရန်အတွက်လည်း Igla ကဲ့သို့သော တာတိုထိရောက်မှုအားကောင်းသည့် လေကာစနစ် တပ်ဆင်ထားနိုင်မှုကိုကြည့်မယ်ဆိုရင် ULARV-1 တိုက်ယာဉ်များရဲ့ စွမ်းဆောင်မှုကို ခန့်မှန်းနိုင်ကြမယ်ထင်ပါတယ်...။ တပ်မတော်ရဲ့ အနာဂတ် စီမံကိန်းများအနက်တစ်ခုဖြစ်တဲ့ စစ်ယာဉ်တန်းများ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ စွမ်းဆောင်ရည်ကို ဖြည့်ဆည်းပေးနိုင်မယ့် တိုက်ယာဉ်များလည်းဖြစ်ပါတယ်...။

လေကြောင်းရန် ကာကွယ်ရေးသုံး Igla တာတိုပစ်ဒုံးလက်နက်တပ် ULARV-1

ULARV-2

ULARV-2 ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်ကိုတော့ ၁၄.၅မမ စက်ကြီးအပြင် Igla ကဲ့သို့သော တာတိုပစ် လေကြောင်းရန် ကာကွယ်ရေးလက်နက်စနစ်များကိုလည်း ပူးတွဲ တပ်ဆင်ထားနိုင်ပါတယ်...။ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းများအတွက်လည်း လိုအပ်ချက်အရ Igla တာတိုပစ် ဒုံးများတပ်ဆင်ပေးနိုင်ပါတယ်...။ အတည်ပြုလို့မရသေးတဲ့ သတင်းများအရဆိုရင် ကွန်ပြူတာ ထိန်းချုပ်ရေးစနစ်များပါ တပ်ဆင်ထားပြီး သံချပ်ကာတပ်ရင်းများရဲ့ အားထားရတဲ့ တိုက်ယာဉ်များအဖြစ် နေရာယူလာမယ့် အမျိုးစားလို့ သိရပါတယ်...။

ULARV-3 

ဒီကနေ့တင်ပြပေးမယ့်အထဲမှာတော့ ညီ၊အစ်ကိုတို့အတွက် ထူးထူးခြားခြားအဖြစ် ULARV-3 သံချပ်ကာအကြောင်းကိုလည်း အနည်းငယ်ဖော်ပြပေးပါ့မယ်...။ အရင်ထုတ်လုပ်ခဲ့တဲ့ တိုက်ယာဉ်များနှင့် ကွဲပြားစွာထုတ်လုပ်ထားတဲ့ ULARV-3 သံချပ်ကာယဉ်များကို မြန်မာ့တပ်မတော်မှ ဒီဇိုင်းဆွဲထုတ်လုပ်ထားတာဖြစ်ပြီးတော့ ထူးခြားချက်အနေနှင့် ပြည်ပနည်းပညာတစ်ချို့ကို ပူးပေါင်းတပ်ဆင်ထားခြင်းဖြစ်ပါတယ်...။ ၃၆၀ဒီဂရီလှည့်ပတ် ပစ်ခတ်နိုင်တဲ့ ၃၀မမလက်နက်စနစ်ကိုတော့ ပြည်ပနိုင်ငံတစ်ခုဆီကနေ နည်းပညာဝယ်ယူကာ ပြည်တွင်းမှာဘဲ တပ်ဆင်ထုတ်လုပ်ခဲ့ပြီး ခေတ်မှီနည်းပညာများ ထည့်သွင်းထားပါတယ်...။ ယာဉ်ရဲ့အတွင်းပိုင်းစနစ်ကို အထူးပြုလုပ်ထားပြီးတော့ တစ်ချိန်ချိန်မှာ ပြည်ပနိုင်ငံများကိုပင်
 ရောင်းချပေးနိုင်တဲ့စနစ်တွေပါဝင်ပါတယ်...။ ယခုပုံမှာတွေ့ရတဲ့ သံချပ်ကာယာဉ်ဟာဆိုရင် စမ်းသပ်ဆဲအဆင့်သာရှိပြီးတော့ အပြီးသတ်ထုတ်လုပ်မှုပြုလုပ်ပြီး ဖြစ်ပါတယ်..။ သံချပ်ကာယာဉ်များရဲ့ တိုက်စစ်စွမ်းရည်ကိုလည်း မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့
 ခြေလျင်၊တင့်နှင့်သံချပ်ကာ လေ့ကျင့်မှုတစ်ခုအတွင်းမှာ စမ်းသပ်ခဲ့ပြီး အားရဖွယ်တွေ့ရှိခဲ့ရပါတယ်...။

ကျွှန်တော်အနေနှင့် အမှတ်မမှားဘူးဆိုရင် ပထမဆုံးသော တပ်မတော်ထုတ် ၆×၆ ဘီးတပ် သံချပ်ကာယာဉ်အမျိုးစားဘဲဖြစ်ပါတယ်...။ မျိုးကွဲများရှိသည့်အနက် အချို့တိုက်ယာဉ်များကိုတော့ အမိန့်ပေးယာဉ်အဖြစ်အသုံးပြုတာကိုလည်း တွေ့ရပါတယ်...။

အထက်မှာဖော်ပြပေးခဲ့တဲ့ သံချပ်ကာတိုက်ယာဉ်များဟာ ပြည်တွင်းတွင်ပင် ဒီိဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ သံချပ်ကာယာဉ်များဖြစ်ပြီးတော့ ယူကရိန်း၏ ကမ္ဘာကျော် BTR-3U နှင့် MT-LBMsh ကဲ့သို့သော သံချပ်ကာနှင့်အပေါ့စားတင့်များကိုပင် တပ်မတော်အနေဖြင့် ထုတ်လုပ်နိုင်နေပြီဖြစ်ပါတယ်...။

နောက်ဆုံးတစ်ခုကတော့ အလွန်ထူးခြားတဲ့ သတင်းတစ်ခုပါဘဲ...။ မြန်မာ့တပ်မတော် အကြီးစားစက်ရုံတွေကို အရင်က ကျွှန်တော်တို့ ဒီလိုမြင်တွေ့ရမယ်လို့ မျှော်လင့်မထားခဲ့မိတာ အမှန်ဘဲဖြစ်ပါတယ်...။ မြဝတီသတင်းကနေ ထုတ်လွှင့်ခဲ့တဲ့ သတင်းတစ်ခုဖြစ်ပါတယ်...။ မြန်မာ့တပ်မတော်အတွက် အရေးကြီးလှတဲ့ စစ်ယာဉ်များထုတ်လုပ်မှုပါ...။ ပြည်တွင်းထုတ် ၁၂၂မမအတွဲလိုက်ပစ် ဒုံးပစ်စင်များအဖြစ် သော်လည်းကောင်း၊ အမြောက်ဆွဲယာဉ်များအဖြစ် သော်လည်းကောင်း အသုံးပြုနိုင်မည့် Heavy Duty Military Truckများ ထုတ်လုပ်မှုအား မြင်တွေ့ရစဉ်ဖြစ်ပါသည်...။


(အထက်ပါ ဖော်ပြထားသော သံချပ်ကာယာဉ်များ၏ အချက်လက်မှားများရှိပါက ကျွှန်တော့်၏ အမှားသာလျင်ဖြစ်ပြီးတော့ မိတ်ဆွေတို့အနေဖြင့် ကော်မန့်မှတစ်ဆင့်သော်လည်းကောင်း ထောက်ပြပေးနိုင်ပါတယ်ခင်ဗျာ...။)

သတင်းဓါတ်ပုံ- မြဝတီ သတင်းဌါန

13 comments:

  1. Keep Going! Something is better than nothing. Believe that we will support our Myanmar Army All the time. We also hope to see them during the Parade on coming March 27th. Anyhow, keep hiding latest, secret weapons and invention. Let them know only what we want them know. We are always proud of being a Myanmar Citizen. Cheers!

    ReplyDelete
  2. By manufacturing our-self, it saves money and we can spend more money in research and new projects. Cheers.

    ReplyDelete
  3. ထရပ်ကားကြီးတွေကို ထုတ်နိုင်နေပြီလားဗျ ကိုအမ်အမ်.......ULARV3 ကို ကြိုက်တယ်ဗျာ..ဒီဇိုင်းပိုင်းကတော့ ပြောစရာကို မလိုတာ...မိုက်တယ်

    ReplyDelete
  4. ခေတ်မီတိုးတက်သော ပြည်သူ့အတွက်တပ်မတော်ကြီး ဖြစ်ပါစေဗျာ ။

    ReplyDelete
  5. ဘီးတွေကလိုနေသေးတာအမှန်ဘဲဗျ ခန့်စေချင်တယ်

    ReplyDelete
  6. မြန်မာ့တပ်မတော်အတွက် ဂုဏ်ယူပါတယ်ဗျာ။ ကိုယ်စွမ်း ဥာဏ်စွမ်းစိုက်ထုတ်ခဲ့ကြတဲ့ နိုင်ငံဂုဏ်ဆောင် တပ်မတော်သားတွေကို ထိုက်တန်သော ချီးမြှင့်ခြင်းမျိုး ပေးအပ်သင့်တယ်လို့ ထင်မြင်မိပါတယ်။ အမျိုး၊ဘာသာ၊ သာသနာအတွက် အနာဂါတ်မှာ long range missile များ ကိုယ်ပိုင်ထုတ်လုပ်နိုင်ပါစေ။

    ReplyDelete
  7. နောက်ကြည့်မှန်တွေကသဘာဝမကျသေးဘူးဗျာ camera လေးတွေတပ်သင့်တယ်လို့ထင်ပါတယ်

    ReplyDelete
  8. ဟုတ်တယ်ဗျ။ဘီးနဲ့နောက်ကြည့်မှန်တွေအားနည်းနေ သေးတယ်။တိုးတက်မှုကိုတော့ဂုဏ်ယူတယ်ဗျာ။

    ReplyDelete
  9. I'm really proud for this development.

    ReplyDelete
  10. 2014တပ်မတော်နေ့အခမ်းအနားမှာဒုံလက်နက်တွေကိုအဓိကပြသစေချင်တယ်

    ReplyDelete
  11. ဘ က Russian Yak-130 Combat Training Jets ၂၄ စီးဝယ်ထားတယ်ဗျ။ $800M ဖိုးရှိတယ်။ မြန်မာရေတပ် Submarine ပိုင်လားဆိုတာ အဲဒီ web page မှာ ဖတ်နိုင်တယ်။ ၂၉ရက်နေ့ ရက်စွဲနဲ့။ http://asian-defence-news.blogspot.com မှာပါ။ Su-30 လောက်မှ မ၀ယ်ရင် သေပြီဆရာလို့ ပြောရမှာပဲ။ တယုတ်ထုတ်ဆိုရင်တော့ သံရည်ကျိုစက်ရုံကို မကြာခင် ပို့စရာတွေရှိသေးတယ်ဆိုပြီး ဘွတ်ကင်လုပ်တာထားတော့။ ကိုmm ရေ အဲဒါတွေကို ဘာသာပြန်ရေးပေးပါလား။

    ReplyDelete
  12. Very good achievement by MA indeed. But the problem is these vehicles seems to have very weak Armour. No offense , but these vehicles can be taken out with 50 cal rifles, just one well placed shot in the engine chamber.

    Also, recently, BAF has ordered 9 K9 W trainers from China to complement these YAK130 trainers.

    ReplyDelete
  13. Who has made design of ULARV-1? It is similar to Ukrainian Dozor-B

    ReplyDelete