Thursday, January 30, 2014

ဘင်္ဂလားရေတပ်ဝယ်ယူမည့် Type-056 စစ်ရေယာဉ်

မြန်မာ့အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် နယ်နိမိတ်ဆက်စပ်နေသည့် အိန္ဒိယ၊တရုပ်စသည့် အင်အားကြီးနိုင်ငံများအပါဝင် မိမိတို့နိုင်ငံအနေဖြင့် သတိထားရမည့် ယိုးဒယားနှင့် ဘင်္ဂလားဒေ့်ရေတပ်တို့၏ ရေတပ်အင်အားတိုးချဲ့မှုကို လေ့လာကြည့်မိပြန်ပါတယ်...။ အရင်ကလည်း အတော်များများတင်ပေးပြီးဖြစ်လို့ ဒီတစ်ခါတော့ တလောကရေတပ်ချင်း ထိတွေ့မှုရှိခဲ့သည့် ဘင်္ဂလားရေတပ်အကြောင်း တစ်ခုဖော်ပြပေးလိုက်ပါ့မယ်...။

ဘင်္ဂလားရေတပ်အနေနှင့် စစ်ရေယာဉ်များတိုးချဲ့မှုကို အပြင်းအထန်ကြိုးပမ်းနေတယ်ဆိုတာ သိသာလှပါတယ်...။ အဆိုပါတိုးချဲ့မှုများအနက် ထူးထူးခြားခြားကတော့ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့၏ ရေယာဉ်ဟောင်းကြီး ၁စီး၊ အင်္ဂလန်ရေတပ်၏ ကော်ဗတ်အဟောင် ၂စီး၊တရုပ်ရေတပ်မှ Durjoy Class အမြန်ရေယာဉ် ၂စီး၊ Type-053H2 ဖရီးဂိတ်အဟောင်း ၂စီး နှင့် ပုံစံ-၀၅၆ ကော်ဗတ်စစ်ရေယာဉ် အသစ် ၂စီးတို့ ဝယ်ယူမှုဖြစ်ပါတယ်...။ ပုံစံ-၀၅၆ ကော်ဗတ်ကလွှဲလို့ ကျန်တဲ့စစ်ရေယာဉ်တွေကတော့ ဘင်္ဂလားရေတပ်အနေနှင့် လက်ခံရရှိပြီးဖြစ်ပါတယ်...။ အဲ့တော့ ဘင်္ဂလားရေတပ်အတွက် တည်ဆောက်နေဆဲ ပုံစံ-၀၅၆ ကော်ဗတ်စစ်ရေယာဉ်ကို လေ့လာကြည့်ကြရအောင်ပါ...။

ပုံစံ-၀၅၆ ကိုယ်ပျောက်နည်းပညာသုံး ကော်ဗတ်ဟာ တရုပ်နိုင်ငံမှ တည်ဆောက်ခဲ့တဲ့ စစ်ရေယာဉ်များဖြစ်ပြီး ပုံစံ-၀၃၇ ရေယာဉ်များနေရာမှာ အစားထိုးရန်ဖို့အတွက်  ရည်ရွှယ်တည်ဆောက်ခဲ့တဲ့
 ရေယာဉ်အမျိုးစားဖြစ်ပါတယ်...။ တန်ချိန် ၁၄၀၀ရှိပြီး မီတာ(၉၀)အရှည်ရှိတဲ့ အဆိုပါရေယာဉ်များဟာ အမြန်နှုန်း ရေမိုင်(၂၈)နှုန်းနှင့်မောင်းနှင်နိုင်ပါတယ်..။ အင်ဂျင်ပိုင်းမှာကတော့ CODAD ဒီဇယ်အင်ဂျင် ၂လုံးတပ်ဆင်ထားပါတယ်..။ ကော်ဗတ်စစ်ရေယာဉ်တစ်စင်းအတွက် လုံလောက်တဲ့ စွမ်းရည်ပိုင်ဆိုင်ထားပါတယ်...။

ပုံစံ-၀၅၆ ကော်ဗတ်စစ်ရေယာဉ်ရဲ့ လက်နက်စနစ်တွေကတော့-

၁.စီ-၈၀၂ ရေပြင်မှရေပြင်ပစ်ဒုံး............... ၄စင်း
၂.အေကေ-၁၇၆ ၇၆မမ........................ ၁လက်
၃.အက်ဖ်အယ်လ်-၃၀၀၀အန်န် SAM....... ၈စင်း
၎.H/PJ-17 ၃၀မမ အမြေက်ာ................၂ လက်
၅.၁၂.၇မမ စက်သေနတ်...................... ၂လက်
၆.ပုံစံ-၇၂၆ တော်ပီဒို........................... ၆စင်း တို့ဖြစ်ပါတယ်...။

လက်နက်စနစ်ပိုင်းအတွက်တပ်ဆင်ထားတဲ့ ရေဒါစနစ်တွေကတော့-
1.Surface Search Radar
2.Air Search Radar
3.Gun Fire Control
4.Missile Fire Control
5.Navigation
6.Data Link
7.Data System တို့အပြင် ရေငုပ်သင်္ဘောရှာဖွေထောက်လှမ်းရေးအတွက်ကိုတော့ Towed Array Sonar စနစ်အသုံးပြုထားပါတယ်...။

ပင်လယ်ပြင်ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအတွက်လည်း တရုပ်ရေတပ်သုံး Z-9 ရဟတ်ယာဉ်တစ်စီး သယ်ဆောင်နိုင်ပါတယ်...။

တရုပ်တပ်မတော်ထုတ် (ရုရှားမူရင်းထုတ်) အေကေ-၁၇၆မမ ၇၆မမ ရေတပ်သုံးအမြောက်

၃၀မမ ခေတ်မှီအမြောက်စနစ် (ဘင်္ဂလားရေယာဉ်တွင် အဆိုပါအမြောက်စနစ်ပါမပါမသိရသေး)
 အမြာက် စမ်းသပ်ပစ်ခတ်နေစဉ်
 FL-3000N CIWS (တာတို လေကြောင်းရန် ကာကွယ်ရေးဒုံးစနစ်)
 ရေငုပ်သင်္ဘောရှာဖွေရေးသုံး Z-9 ရဟတ်ယာဉ် သယ်ဆောင်ထားစဉ်
 တရုပ် ရေတပ်မတော်ရှိ တပ်တော်ဝင်ပြီး ပုံစံ-၀၅၆ ကိုယ်ပျောက်နည်းပညာသုံး ကော်ဗတ်စစ်ရေယာဉ်များ
သုံးသပ်ချက်။ ။ ပုံစံ-၀၅၆ ကိုယ်ပျောက်နည်းပညာသုံး ကော်ဗတ်စစ်ရေယာဉ်များသည် ၂၀၁၂ခုနှစ်အတွင်းမှ တပ်တော်ဝင်ခဲ့ကြသည့် ရေယာဉ်များဖြစ်ပြီး တရုပ်ရေတပ်၏ အားထားရသော စစ်ရေယာဉ်များဖြစ်ခြင်းကြောင့် ဘင်္ဂလားရေတပ်၏ ပုံစံ-၀၅၆ ကော်ဗတ်စစ်ရေယာဉ်များ ပိုင်ဆိုင်လိုမှုသည် ၄င်းတို့ရေတပ်၏ အိုမင်းနေပြီးဖြစ်သော ဖရီဂိတ်များအပါဝင် အမြန်သွားတိုက်ခိုက်ရေးယာဉ်များအား အစားထိုးရန်ဟု ခန့်မှန်းရပါသည်...။ လက်ရှိရေတပ်၏ စစ်သင်္ဘောများတွင် ၄၀ရာခိုင်နှုန်းကသာ စစ်ကစားနိုင်စွမ်းရှိသည်ဟု သိရှိထားရပြီး မြစ်တွင်းလှုပ်ရှား စစ်ကစားနိုင်သည့် ရေယာဉ်ငယ်များသာ ပိုင်ဆိုင်ထားကြပါသည်...။

ထို့ကြောင့် လစ်ဟာနေသည့် စစ်ဆင်ရေးစွမ်းရည်အား ဖြည့်တင်းရာတွင် ပုံစံ-၀၅၆ရေယာဉ်များ ဖြည့်တင်းခဲ့ကြခြင်းဖြစ်ပါသည်..။ အင်္ဂလန်နှင့်အမေရိကန်ရေတပ်မှ ရရှိထားသည့် ရေယာဉ်များမှာလည်း အလွန်အိုဟောင်းနေကြပြီဖြစ်ရာ အလွန်ဆုံးသုံးရမှ ၁၀-၁၅နှစ်ဟု သိရပြီး ထိုထက်ပင် ပိုမိုဆိုးရွားနိုင်ပါသည်...။ ပုံစံ-၀၅၃H၁ ဖရီဂိတ် (၁)စင်း ပိုင်ဆိုင်ထားသည့် ဘင်္ဂလားရေတပ်သည် တလောလေးကမှ ပုံစံ-၀၅၃H၂ ဖရီဂိတ် (၂)စင်းဖြည့်တင်းထားပြီး SY-2 များအစား စီ-၈၀၂အေ ရေပြင်မှရေပြင်ပစ် ဒုံးများတပ်ဆင်ထားပါသည်...။ အဓိကအားနည်းချက်အနေဖြင့် ခေတ်သစ် စစ်ပွဲများတွင် အဓိကအရေးပါလာသည့် သင်္ဘောဖျက်ဒုံးတပ် တိုက်လေယာဉ်များ ရှာဖွေထောက်လှမ်းနိုင်စွမ်း နည်းပါးမှုဖြစ်ပါသည်...။

(စကားချပ်။ ။ မိမိတို့ ရေတပ်၏လေတပ်ဖွဲ့ကို မကြာမှီ ဖွဲ့စည်းသွားမည်ဖြစ်ပြီး တရုပ်လေတပ်၏ C-802A သင်္ဘောဖျက်ဒုံးများ တပ်ဆင်နိုင်သည့် နာမည်ကျော် JH-7A များ ဝယ်ယူမည်ဖြစ်ရာ ဘင်္ဂလားရေတပ်၏ ရေယာဉ်စုများအတွက် အိမ်မက်ဆိုးများ ဖြစ်နေစေဦးမည် ဖြစ်ပါသည်။)

သို့သော် ပုံစံ-၀၅၆ ရေယာဉ်တွင် အားသားချက်များလည်း ရှိနေပါသည်။ ကိုယ်ပျောက်နည်းပညာအသုံးပြုထားခြင်း၊ FL-3000N ကဲ့သို့သော် တာတိုလေကာစနစ်တပ်ဆင်ထားခြင်း ၃၀မမ နည်းပညာမြှင့်စက်အမြောက်တပ်ဆင်ထားခြင်း စသည်သို့သည် တပ်မတော်(ရေ)၏ ပြည်တွင်းတည်ဆောက်ခဲ့သည့် ၄၉၁ ကိုယ်ပျောက် အမြန်တိုက်ခိုက်ရေးယာဉ်များနှင့် နှိုင်းယှဉ်နိုင်ပါသည်..။

မိမိတို့ရေတပ်အပေါ်တွင် မည်သည့်အကျိုး သက်ရောက်နိုင်ပါမည်နည်းဟု ဆိုရလျှင် သိသာလှသည့် သက်ရောက်မှုရှိမည်မဟုတ်ပါ။ မကြာမှီတပ်တော်ဝင်တော့မည့် ကျန်စစ်သား ကိုယ်ပျောက်နည်းပညာသုံး ဖရီဂိတ်ကြီး တပ်တော်ဝင်ခြင်းအပါဝင် ၇၉မီတာရှိ ကိုယ်ပျောက် ကော်ဗတ်စစ်ရေယာဉ်များနှင့် F13 ကိုယ်ပျောက် ဖရီးဂိတ်များ ရေချခြင်းအခမ်းအနားပြုလုပ်တော့မည်ဖြစ်ရာ လာမည့် ၃-၄အတွင်း တပ်မတော်(ရေ)သည် ဒေသတွင်းနိုင်ငံများအကြား အင်အားတောင့်တင်းသော ရေတပ်မတော်ကြီးတစ်ရပ် ပိုင်ဆိုင်နိုင်လာတော့မည် ဖြစ်ပါသည်...။

အချူပ်အားဖြင့်ဆိုရသော် ဘင်္ဂလားရေတပ်၏ ရေယာဉ်တိုးချဲ့မှုသည် တပ်မတော်(ရေ)အတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်မဟုတ်သေးစေကာမှု မကြာမှီအချိန်အတွင်းတွင် တပ်မတော်(ရေ)သည်လည်း ပြည်ပမှ ဖရီဂိတ်ရေယာဉ်များအပါအဝင် လိုအပ်သည့် ရေငုပ်သင်္ဘောဖျက် ရဟတ်ယာဉ်များ၊တိုက်လေယာဉ်များ ဝယ်ယူမှုကို အချိန်မကြန့်ကြာစေဘဲ အမြန်ဖြည့်တင်းသင့်နေပြီဖြစ်ပါသည်...။

အားလုံးကို အစဉ်လေးစားလျှက်-
ကိုmm

16 comments:

  1. ရေရှည် အစီအမံ၊ ရေရှည် သာ လွန်နိုင်မှု... ၊ ရေရှည် ထိမ်းချုပ်နိုင်မှု ကို ဦးစား ပေး ချဲ့ထွင်ပါ။ သူတစ်ခု ၀ယ် ကိုယ် တစ်ခု လိုက်ဝယ်.. လုပ်မိလျှင်... ကြား က သင်္ဘော ရောင်းသော နိုင်ငံက အကြိုက်.. ဖြစ်နေပါလိမ့်မည်။ ထုတ်လုပ်နိုင်သော အရည် အသွေး၊ အရည် အတွက်၊ နည်း ပညာ ကို ချဲ့ထွင်ပါ..။ ရေရှည်မှာ အကုန်အကျ များလွန်း ခြင်း ကို... ကျွန်တော် တို့က တောင့် ခံနိုင်ပါလိမ့် မည်။ F 12, 13, 14 , 15, 16 ပြီးလျှင် တောင်... ထပ်ပြီး ထုတ်လုပ်မည့် တည် ဆောက်ရေးစီမံကိန်း များ ယခု က ပင် စတင် နေသင့် ပါပြီ..။ ဘတ် ဂျက် လည်း တိုး ပြီး ရပါစေ..။ ထိရောက်စွာ အသုံး ပြု တိုး ချဲ့ နိုင်ပါစေ...။ တိုးချဲ့မှု တိုင်း က လည်း လွှမ်း မိုး နိုင်ပါစေ..။ ပိုတန်ရှယ်လ် အန်းနမီး ကို အထင် မသေးပါနှင့်...။ ဗြူဟာ သာ လျှင်.. သင်္ဘော တစ်စီး လည်း ဒုံး တစ်လုံး နဲ့ တင် ကိစ္စ ပြတ်နိုင်ပါသည်။ ရေနှင့် လေ ပူး ပေါင်း စစ်ဆင် နိုင်မှု ကို အဆင့် မြှင့် ထား နိုင်လျှင်တော့.... အတိုင်းထက် အလွန် အား ပေးရပါမည်။ မြန်မာ့ ရေတပ်မတော်.... အစဉ်တိုး တက် လာပါစေ.။ အောင်မြင်ပါစေ။ ဘတ်ဂျက်တိုးရပါစေ..။

    ReplyDelete
  2. ကျွန်တော်တို့မှာ c 602 ရှိတယ်ဆို JH 7ကAnti ship missile အတွက်အဒိကထားတယ်ဆို တအုပ်အပြင်ပိုမဝယ်သင့်ပါဘူး ရုရှားမျိုးကွဲထပ်ဝယ်သင့်ပါတယ် တပ်မတော်အကြီးအကဲတစ်ယောက် Euro Fighter တွေကြည့်ထားတာလဲရှိတာပဲ

    ReplyDelete
  3. jh7ကဂယ်ဝယ်တော့မှာလားခင်ဗျာ c802လေးလုံးတောင်သယ်နိုင်တာ အားရတယ်

    ReplyDelete
  4. jh 7 နဲ့ J 15 flying Shark နဲ့ ဘယ်ဟာ..က ဘယ်လိုတွေကွာ လဲဗျ.... တကယ်ကြီး ကို မသိလို့ သိသူများ ပြောပြပေးကြပါဦး ဗျာ..။

    ReplyDelete
  5. jH 7 တွေကဝယ်ဖို့သဘောတူပြီးပြီလားကိုmmရေ ကျွန်တော်တော့ mig စီးရီးတွေကိုပိုသဘောကြတယ် တရုပ်ကသူ လေကြောင်းရန်ကာကွယ်ရေးဇုန်မှာတောင်ဒီလေယဉ်တွေရယ် j 10 တွေရယ်ချထားတာတောင်လိုအပ်ချက်ကိုမဖြည့်နိုင်တာ ကျွန်တော်တော့မဝယ်စေခြင်ဘူး ကိုmm ကျန်းမာပြီး များများတင်နိုင်ပါစေ

    ReplyDelete
  6. ကျနော်ကတော့ သာမန်အရပ်သားမို့ စစ်ရေးစစ်ရာတွေကို သေချာနားမလည်ပါဘူး

    တစ်ခုပဲ ကိုယ့်နိုင်ငံ ကိုယ့်တပ်မတော်ကို အင်အားတောင့်တင်းတဲ့ခေတ်မှီလက်နက်တွေဖြည့်တင်းထားတဲ့

    တပ်မတော်ဖြစ်စေချင်ပါတယ် ထိုင်းနဲ့ဘင်္ဂလားဒေ့ရှ်က အချိန်မရွေး မြန်မာပြည်ကို ဒုက္ခပေးနိုင်ပါတယ်

    ဒါကလည်း ရှေ့အဆက်ဆက်က ဖြစ်ပေါ်ခဲ့တဲ့အခြေနေတွေကို သုံးသပ်ကြည့်မယ်ဆိုရင်သိနိုင်ပါတယ်

    ကိုယ့်နိုင်ငံနဲ့လူမျိုး အမြဲတမ်းမားမားမတ်မတ်ရပ်တည်ထည်ဝါဂုဏ်ယူနိုင်ဖို့ ကျနော်တို့တွေ အားရှိဖို့

    စည်းကမ်းရှိဖို့ ခေတ်မှီပညာတွေတတ်ဖို့လိုတယ်လို့ ထင်ပါတယ်ခင်ဗျာ

    ReplyDelete
  7. အရေးကြီးတဲ့အချိန်ရောက်လာလို့ အနားမယူပဲ ရေးသား တိုက်တွန်းနေတဲ့ ကို MM ကို အစဉ်ကျေးဇူးတင် လေးစားဂုဏ်ယူနေလျှက်ပါ။

    ReplyDelete
  8. JH-7 ကိုဝယ်မယ်ဆိုရင် တစ်အုပ်အပြင်ပိုမ၀ယ်သင့်ဘူးဆိုတဲ့ ကို Falcon ရဲ့ အကြံကို ကျနော်သဘောတူပါတယ်။

    ReplyDelete
    Replies
    1. အဲဒါ ကို အောင်လေး ပြော တာ ဗျ..... ။ ကျွန်တော်ကJ 10 တွေ အတွက်ပြောတာ...။ ကျွန်တော် တို့က သာ မန် အရပ်သား တွေပါ။ စစ်ဖက်ရေးရာ ဗဟုသုတ က .... ဒီ အင်တာ နက်ပေါ် က စာ မျက်နှာ လေး တွေ တောင်ကြည့် မြောက်ကြည့် လိုက်ကြည့် ပြီး မှ စတိ လောက်..သိတာ..။

      Delete
  9. ကိုmm ရေ f 13 နဲ့ ကိုပျောက်ကော်ဖက် တွေသတင်းကသေချာပြီလားဗျာ အထူးဝမ်းသာ ဂုဏ်ယူခြင်လို့ပါ asian defence news မှာရေးထားတာက ကျွန်တော်တို့ရေတပ် မှာ ရေငုတ်သ င်္ဘော အသေးစားတွေ မြောက်ကိုရီးယားထုပ်တွေ ၂၀၀၃ ထဲ့ကပိုင် ဆိုင် နေပြီး အခု ၂၀၁၃ မှာတပ်ချုပ် ကရုရှားသွားပြီး တန် ၃၀၀၀ ရေငုတ် သ င်္ဘောနှစ်စီး ကိုသင်္ဘောတူချက် ရထားတယ်လို့ပြောထားတယ် အဲ့သတင်းဟုက်လားလို့ သိရင် တင်ပေးပါဦးကိုmmရေ အထူးကျေးဇူးတင် လျှက်

    ReplyDelete
  10. ကျနော်တို့လဲ c802 တွေကို MA 802 ဆိုပြီးထုတ်သင့်နေပြီ....း)

    ReplyDelete
  11. mm...ကျွန်တော်အ၇ပ်သားပါ..ေ၇ငုတ်သင်္ဘေ၇ှိတယ်ဆိုတာသေ၇ှာပ်တယ်...ပုံလေ၇ှိ၇င်တင်ပေးပါလားးးမြင်ဖူးချင်လိုပ်.....ဘင်္ဂလားေ၇ပိုင်နက်အငြင်းပွားတုန်ကသုံးတာလေးပါ...ဗိုလိနေ၀င်း...ဗိုလ်ဆန်ယုလက်ထက်ပေါ့..ေ၇ငုတ်သင်္ဘေ၇ှိ၇င်..ေ၇တပ်ကသာလား..

    ReplyDelete
  12. ကျန်စစ်သာဖရီဂိတ်တပ်တော်ဝင်ရင်သဘောင်္ရဲအတွင်နဲ့အပြင်ကိုအသေးစိတ်ရိုက်ပြစေချင်တယ် မြ၀တီမှာအကျယ်တ၀င့်ပြစေချင်တယ်

    ReplyDelete
  13. Well, in the mean time Bangladesh Navy is procuring two Incheon Class FFX corvette from South Korea, expected delivery will be 2016. Furthermore, BN will have total of two Cutter class USCG vessels and convert them into FFG with C802A, and FM 90 SAM system very soon.

    Also, Bangladesh will soon license build C802 missiles in bulk, and an additional $1 billion has been allocated to purchase two more submarine either from Germany or China by 2019 along with two Type 035 Subs which were procured for training only.

    ReplyDelete
  14. ကိုfalcon ပြောတာကိုကျွန်တော်လည်း
    ထောက်ခံပါတယ်
    sub တွေဝယ်ဖို့မဖြစ်နိုင်သေးရင်တောင်
    subဖျက်ရဟတ်ယာဉ်နှင့်ဒုံးတွေအလုံအလောက်ရှိသင့်ပါတယ်

    ReplyDelete
  15. မောင်းသူမဲ့တွေလိုတယ်။ တပ်သားသစ် တွေအများကြီးလိုတယ်။ တပ်သားတစ်ယောက်က ၈ တန်းတော့အောင်သင့်တယ်

    ReplyDelete