Sunday, July 20, 2014

အကူလက်ရုံး စက်ယန္တရားများ ၂

အပိုင်း ၁မှာ မိုင်းအတားဆီး ဖြတ်ကျော်နိုင်ရန် အသုံးပြုတဲ့ ယန္တရားတွေကို ဖေါ်ပြခဲ့ပါတယ်။ ခုအပိုင်း၂မှာတော့ အခြား လူလုပ်အတားအဆီးဖြစ်တဲ့ ကျုံးများနဲ့ အတားအဆီးများအပါအဝင် သဘာဝမြေအနေအထား အတားအဆီးများကို ဖြတ်ကျော်ဖို့ အသုံးပြုတဲ့ စစ်မြေပြင် အင်ဂျင်နီယာသုံး ယန္တရားများကို လေ့လာမိသလောက် ဖေါ်ပြပေးမှာပါ။ စစ်မြေပြင် အင်ဂျင်နီယာသုံး ယန္တရားများဟာ သာမန်အရပ်သုံး ယန္တရားများရဲ့ စွမ်းရည်ကို ရန်သူ့ပစ်ခတ်မှု ဖိအားအောက်မှာ ပေးစွမ်းနိုင်အောင် ပြုပြင်ထားကြတာဖြစ်ပါတယ်။ ရန်သူ့ပစ်ခတ်မှု မရှိတဲ့ နေရာများမှာ သာမန်အရပ်ဖက်သုံး ယန္တရားများကိုသာ အများဆုံး အသုံးပြုကြပါတယ်။ ရန်သူပစ်ခတ်မှုရှိနေတဲ့နေရာနဲ့ (နူးကလိယျလက်နှက်၊ ဓါတု၊ဇီဝ လက်နှက်များ)အဆိပ်သင့်နေရာများမှာတော့ အထူးပြုလုပ်ထားတဲ့ စစ်မြေပြင် အင်ဂျင်နီယာသုံး ယန္တရားတွေကို အသုံးပြုကြရပါတယ်။ 

T-55 MARRS

 ယျေဘူယျတာဝန်များအနေဖြင့် လူလုပ်အတားဆီးများအဖြစ် သာမာန် တင့်များတက်နိုင်သော ၄၅ဒီကရီထက် မက်စောက်သော လျောစောက်များကို ဖြိုချရန်၊ ကွန်ကရိအတားအစီးများကို တွန်းဖယ်လမ်းဖေါက်ရန်နှင့် တင့်များဖြတ်ကျော်နိုင်သော အကျယ်ထက် ပိုကာ တင့်တစ်စင်းလှုပ်ရှားနိုင်သော အကျယ်ထိ မရောက်အောင် စကောစက တူးထားသော မြောင်းများကို ကျော်လွှားနိုင်ဖြစ်ပါတယ်။ ထိုအတားဆီးများဟာ တန်ဖိုး အနည်းဆုံးနဲ့ အလွယ်ကူဆုံး အသုံးပြုနိုင်သော တင့်အတားဆီးများဖြစ်ပါတယ်။
အပိုင်း၁မှာ ပြောခဲ့သလိုပဲ ရုရှားလုပ် ယန္တရားများကို အဓိကထား ဖေါ်ပြပေးမှာပါ။ 
T-55 MARRS သည် T-55 တင့်ကားပေါ်တွင် အခြေခံတည်ဆောက်ထားသော ဆယ်တင်ရေးယာဉ်ဖြစ်ပါတယ်။ ပျက်ဆီးသွားသော တင့်များကို ဆွဲယူရန်နှင့် လမ်းကြောင်းပေါ်မှ ဖယ်ရှားရန် ထို့အပြင် လမ်းမြေညှိခြင်းနှင့် လူသတ်မိုင်းများကို ထိုးခွဲရှင်းလင်းရန်အပြင် တင့်များ ပုံဖျက်ဖုံးကွယ်ခြင်းနှင့် အကာအကွယ်အတွက် ကတုတ်ကျင်းများကို တူးပေးရန်အသုံးပြုပါတယ်။ ALT55 အမျိုးအစားနဲ့ အတူ ထွက်ရှိခဲ့ပြီး ရေဒီယိုသတ္တိကြွနှင့် ဓါတုလက်နှက်များ ဒဏ်ခံနိုင်ခြင်းမရှိသေးပါဘူး။ ဒါ့ကြောင့် တိုးတက်လာတဲ့ သံချပ်ကာ တည်ဆောက်မှုကိုယ်ထည် ပုံစံများကို အခြေခံကာ BTS-1,2,3,4,5 စတဲ့ ယာဉ်များ ဆက်တိုက်ထုတ်လုပ်ခဲ့ကြပါတယ်။ 

 BTS-2
BTS-4 


BTS-5

BTS ယာဉ်များဟာ သံချပ်ကာ ထုထည်ထူထဲလာခြင်း၊ လက်နှက်ငယ်များ တပ်ဆင်ထားနိုင်ခြင်း၊ မိုင်းဒဏ်ခံနိုင်ခြင်းတို့အပါအဝင် ဟိုက်ဒေါလစ်စနစ်သုံး မချီ စနစ်များတပ်ဆင်လာနိုင်ပြီး ရေပြင်ဖြတ်ကျော်နိုင်စွမ်းပါ ရှိလာခဲ့ပါတယ်။ ယနေ့တိုင် အသုံးပြုနေဆဲ T55 မျိုးဆက် ကတော့ IMR ဖြစ်ပြီး ဒိုဇာသွားကို အတည့်သော်လည်းကောင်း “V” ပုံစံသော်လည်းကောင်း ၂မျိုးသုံးနိုင်သည့်အပြင် ကရိန်းလက်တံဖြင့်ပင် အကူမလိုပဲ မချီခြင်း၊ ချိတ်ဆက်ခြင်း၊ ရွှေ့ပြောင်းဆွဲယူခြင်း စသည်တို့ ပြုလုပ်နိုင်ပါတယ်။ 

IMR-2 နှင့် IMR-72 အင်ဂျင်နီယာသုံး ယန္တရားများ 
IMR-2 ကတော့ T-72 ကိုယ်ထည်ပေါ်မှာ တည်ဆောက်ထားပြီး ရေဒီယိုသတ္တိကြွနေရာများနဲ့ ညစ်ညမ်းနေရာများမှာ အထူးအသုံးတည့်အောင် ပြင်ဆင်ထားပါတယ်။ V ပုံစံသော်လည်းကောင်း ရိုးရိုး မြေထိုးပုံစံသော်လည်းကောင်း ပြုပြင်နိုင်တဲ့ ဒိုဇာအပြင် ၅-၁၁ တန်အထိ မချီနိုင်တဲ့ ကရိန်းအမျိုးမျိုးနဲ့ မြေသယ် မြေတူးစက် အမျိုးမျိုးကို စစ်ဆင်ရေးကိုလိုက်လို့ ပြောင်းလဲ တပ်ဆင်ပေးနိုင်ပါတယ်။ ဒါ့အပြင် မိုင်းရှင်းစနစ်များကိုလဲ တပ်ဆင်ပေးနိုင်ပါသေးတယ်။ ဖေါ်ပြပါ ယာဉ်တွေဟာ IRM လို တိုင်းတာရေးယာဉ်တွေနဲ့ တွဲဖက်တာဝန် ထမ်းဆောင်ကြရတာဖြစ်ပြီး၊ လက်နှက်ငယ်တပ်ဆင်လာနိုင်မှု၊ မီးခိုးမိုင်းကာစနစ်များ တပ်ဆင်နိုင်မှု၊ ရေဒီယိုဆက်သွယ်ရေးစက်များ တပ်ဆင်ထားနိုင်မှုပေါ် အခြေခံကာ ရန်သူချိန်းခြောက်ထားနိုင်သည့် အခြေအနေတစ်ခု အထိ တာဝန်းထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ 


 BTR-3 အခြေခံ အင်ဂျင်နီယာသုံးယာဉ်
BTR ကဲ့သို့ သံချပ်ကာ ယာဉ်များတွင်လည်း အင်ဂျင်နီယာသုံး ယာဉ်များရှိပြီး BTR-60 ကို အခြေခံသော MTR-2 ယာဉ်၊ BTR-70နှင့် 80 တို့ကို အခြေခံသော ယာဉ်များလဲ ထုတ်လုပ် အသုံးပြုကြပါတယ်။ BTR3 ကို အခြေခံသော စစ်မြေပြင် ဆယ်တင်ရေးယာဉ်အဖြစ် BTR-3E ARV ကို အသုံးပြုကြပါတယ်။ BTR-4 တွင် BTR-4K အဖြစ် ထုတ်လုပ်အသုံးပြုကြပါတယ်။ BMP ကဲ့သို့ အပေါ့စား တင့်အမျိုးစားများတွင်လဲ BREM-2 ကဲ့သို့ အမျိုးအစားများ ထုတ်လုပ်ထားရှိပြီး လမ်းရှင်းခြင်း၊ မိုင်းရှာခြင်း၊ ဆွဲယူခြင်း၊ ဆယ်တင်ခြင်း အပါအဝင် ကတုတ်များတူးခြင်း၊ အတားအဆီးများချထားခြင်းများ ပြုလုပ်ပေးနိုင်ရန် လေကြောင်းချီ၊ ကြည်းကြောင်းချီ သံချပ်ကာ တပ်များနှင့် တပါတည်း ပူးတွဲကာ ချီတက်လေ့ရှိကြပါသေးတယ်။ 

BTR-4 အခြေခံ အင်ဂျင်နီယာသုံးယာဉ်
 BREM-2 အင်ဂျင်နီယာသုံးယာဉ်

ဥရောပနိုင်ငံများတွင် ဆယ်တင်ရေးနှင့် တည်ဆောက်ရေး ယန္တရားများကို သည်းခြားဆီ တည်ဆောက်လေ့ရှိသော်လည်း ဆိုဗီယက်ခေတ် နှင့် အရှေ့အာရှ တည်ဆောက်ပုံများတွင် ဆောက်လုပ်ရေး ယန္တရားများကို ဆယ်တင်ရေး ယာဉ်များတွင်သာ တွဲဖက် တပ်ဆင်လေ့ရှိတာကို တွေ့ရပါတယ်။ အခြား ဆောက်လုပ်ရေး ယန္တရားများကိုတော့ သာမာန် အရပ်ဘက်သုံး ယန္တရားများကဲ့သို့သာ တည်ဆောက်လေ့ရှိပြီး အကာကွယ်နှင့် ရန်သူ့လက်လှမ်းမမှီရာတွင်သာ အသုံးပြုကြလေ့ရှိတယ်။ ကျန်းမာချမ်းသာကြပါစေခင်ဗျား။  

မြန်မာ့တပ်မတော်သုံး ဆယ်တင်ရေးတင့် ပုံစံငယ်များ

6 comments:

  1. ဒါတွေက မရှိမဖြစ်လို တဲ့ ဟာတွေပါ...။ အဖက်ဖက်က ပြည့် စုံ အောင် ဖြည့် ဆီး နိုင်ပါစေ..။

    ReplyDelete
    Replies
    1. မှန်ပါတယ်...။ သံချပ်ကာနဲ့တင့်တပ်ဖွဲ့တွေအတွက် တကယ်လိုအပ်တဲ့အရာတွေပါ..။

      Delete
  2. မြန်မာတပ်မတော်ကြီးအမြန်ဆုံးခေတ်မှီတပ်မတော်အဖြစ်ကူးပြောင်းနိုင်ပါစေ။
    ဒီယာဉ်တွေရဲ့mobilityကရောအခြားတင့်တွေနဲ့တူလား

    ReplyDelete
    Replies
    1. အတူတူနီးပါးရှိပါတယ်...။ တပ်ကတော့ အတော်လေးပြောင်းလဲနေပြီလို့ ပြောလို့ရပါတယ်...။ လိုအပ်တဲ့ ထောက်ပံ့ရေးယာဉ်တွေ ဖြည့်တင်းနေတာကအစပေါ့...။

      Delete
  3. This comment has been removed by the author.

    ReplyDelete
  4. It seems a step to transform Burma's war fighting capability from traditional infantry based position warfare, a purely static defensive posture from Ne Win Era to more mobile, more capable, offensive and defensive mixed oriented maneouver warfare.

    Possible Burma's new war doctrine will be very likely to the type of elastic defense.

    Technology and tactics are directly proportionate in any kind of war fighting technique in the world military history. If a country's military make some changes in its military technology, its war fighting tactics shall necessarily have to make changes relevant to the respective technology.

    Theoretically, when it upgrade technical enhancement to raise the potential war fighting capability, the measure necessarily needed to transform for a more modern operation is that efficient battle management relevant to its enhancement. It means Burma may need to create more efficient General Staff system relevant to maneuver operations. It may need to formulate more potent command and combat management system to handle the more complicated high intensity armour maneuver operations with the heavy support of artillery and air power.

    Its armour units should not be dispersed and should not be used as a minor supportive unit of infantry under traditional sense. Apart from the mountainous terrain and jungle warfare in suppressing the insurgent groups, armour and mechanized infantry combined units should be organized and the organic core fighting units of massive operations in terms of expeditionary warfare especially in deep thrust into enemy’s territory to quickly paralyze the whole enemy’s defensive structure.

    Burma’s longstanding purely static defensive doctrine (probably a type of position warfare or attrition warfare) based upon traditional People war’s strategy is no longer adaptable to hold a modern maneuverable massive offensive operation.

    ReplyDelete