
မြောက်ကိုးရီးယားနိုင်ငံဆီကနေ လေကြောင်းရန်ကာကွယ်ရေး ခေတ်မှီစနစ်တွေ ဝယ်ယူချင်နေကြတယ်လို့ အမြဲပြောနေကြပါတယ် ဒီလိုဆိုတော့ဗျာ နည်းနည်းလေ့လာကြည့်ရအောင် မြောက်ကိုးရီးယားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို...။ တကယ်တော့ မြောက်ကိုးရီးယားဟာ လျှိုဝှက်ချက်တွေ အလွန်များတဲ့ နိုင်ငံပါ..။တလောလေးက တောင်ကိုးရီးယားရှိ အမေရိကန်လေတပ် ကင်းထောက်လေယာဉ်တစ်စင်း ဂျမ်ဖြစ်လို့ အရေးပေါ်အခြေနေနှင့် တောင်ကိုးရီးယားလေဆိပ်တစ်ခုမှာ ဆင်းသက်ခဲ့ရပါတယ် နောက်တော့ထုတ်ဖော်မှုအရ မြောက်ကိုးရီးယားဘက်က ဂျမ်မာ များရဲ့တိုက်ခိုက်မှုကို ခံရလို့ဖြစ်ပါတယ်တဲ့ဗျာ...။
မြောက်ကိုးရီးယားလေကြောင်ရန်ကာကွယ်ရေးစနစ်မှာ အဓိကအသုံးပြုတာကတော့ လေယာဉ်ပစ် အမြောက်ကြီးတွေဘဲ ဖြစ်ပါတယ်...။ဥပမာ-ဇက်ပီယူ-၂,၄ အက်စ်-၆၀ ဇက်အက်စ်ယူ-၃၇-၂ စသည့် ၁၄.၅မမ၊၃၇မမ၊၅၇မမ၊၁၀၀မမ စသည့် အမြောက်တွေက အများဆုံးပါဘဲ။
မြောက်ကိုးရီးယား၏ ဇက်ပီယူ-၁ လေယာဉ်ပစ် စက်သေနတ်

ဇက်ပီယူ-၄ ၁၄.၅မမ လေယာဉ်ပစ် စက်သေနတ်


အမ်-၁၉၃၉ ၃၇မမ လေယာဉ်ပစ်အမြောက်

အက်စ်-၇၀ ၅၇မမ အမြောက်စနစ်

ကေအက်စ်-၁၉ ၁၀၀မမ အမြောက်စနစ်

အမြောက်များ၏ ထိရောက်မှု အကွာအဝေးပြပုံ

ဒီလိုသာမာန် စနစ်တွေအပြင် ယာဉ်တင်စနစ်အဖြစ်နှင့် အမ်-၁၉၈၃ နှင့် အမ်-၁၉၉၂ စနစ်တွေရှိပါသေးတယ်။
ဒီစနစ်ဟာ အမေရိကန်ရဲ့ အမ်-၄၂ လေယာဉ်ပစ်စနစ်(ဒုတိယကမ္ဘာစစ်) ပုံစံကိုယူပြီး ၅၇မမ လေယာဉ်ပစ်အမြောက် တပ်ဆင်ထားတာပါ။

အမ်-၁၉၉၂ လေယာဉ်ပစ် ယာဉ်တင်စနစ်
ရုရှား၏ ဇက်အက်စ်ယူ-၂၃-၂ ပုံစံယူထားခြင်းဖြစ်သည်။


မူရင်း ဇက်အက်စ်ယူ-၂၃-၂ လေယာဉ်ပစ် စက်သေနတ်

ပြီးတော့ ပုခုံးထမ်း လေယာဉ်ပစ်ဒုံးစနစ်တွေကိုလည်း အသုံးပြုကြပါတယ်။အမျိုးအစားကတော့ အက်စ်အေ-၁၆၊၁၈ နျင့် တရုပ်ထုတ် အက်က်အန်-၅ဘီ စနစ်များကို မိမိတို့နိုင်ငံမှာ ပြန်လှည်ထုတ်လုပ်အသုံးပြုကြပါတယ်..။ပြင်ပကိုလည်း ရောင်းချကြပါတယ်..။
ပုခုံးထမ်း လေယာဉ်ပစ်ဒုံးစနစ်

နောက်တစ်ပိုင်းကတော့ လေကြောင်းရန်ကာကွယ်ရေး ဒုံးစနစ်ပါ။လေကာဒုံးစနစ်တွေ အတွက် အက်စ်အေ-၂ တာဝေးပစ်၊အက်စ်အေ-၃ တာလတ်ပစ်၊အက်စ်အေ-၅ တာဝေးပစ် စသည့် ဒုံးတွေကို အဓိကအသုံးပြုကြပါတယ်။
အက်စ်အေ-၃ တာလတ်ပစ် လေကြောင်းရန်ကာကွယ်ရေး ဒုံလက်နက်စနစ်


အက်စ်အေ-၅ တာဝေးပစ် လေကြောင်းရန်ကာကွယ်ရေး ဒုံးစနစ်

နောက်ဆုံး ၂၀၁၀ စစ်ရေးပြပွဲမှာတော့ ရုရှား၏ နာမည်ကျော် အက်စ်-၃၀၀ ဟန်ရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်သစ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။


ရုရှား၏ အက်စ်-၃၀၀ စနစ်နှင့် ကွဲပြားစေတဲ့ အချက်ကတော့ မြောက်ကိုးရီးယားထုတ် လေကြောင်းရန်ကာကွယ်ရေး ဒုံးစနစ်အသစ်မှာ ဒုံးပျံ ၃စင်းစီသာ တပ်ဆင်ထားခြင်းဖြစ်ပါတယ် ခင်ဗျာ..။
No comments:
Post a Comment