
ဘင်္ဂလားဒေ့်၏ အမျိုးအစား-၆၉ အမ်ကေ. ၂ဂျီ တင့်ကားဟာ အမျိုးအစား-၆၉ ၂ ကို ခေတ်မှီလက်နက်စနစ်များနှင့် တိုက်ပွဲဝင်စနစ်သစ်တွေကို တရုပ်ဆီမှ အကူအညီယူပြီး အဆင့်မြင့်တင်မှုပြုလုပ်ခဲ့ပါတယ်..။
ဘင်္ဂလားဒေ့်ရဲ့ လက်ရှိ အမျိုးအစား-၅၉၊၆၉၊၇၉ ပင်မတိုက်ပွဲဝင်တင့်ကားတွေကို ဂျီ အဆင့်ထိ ဘင်္ဂလားဒေ့် တပ်မတော် အကြီးစား စက်မှုလုပ်ငန်းတွေမှာ အဆင့်မြင့်တင်မှု ပြုလုပ်ခဲ့ပါတယ်..။သံချပ်ကာများ၊အမြောက်များ ပြုပြင်ထိန်းသိမ်မှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်...။
အမျိုးအစား-၆၉ အမ်ကေ. ၂ဂျီ တင့်ကား၏ စနစ်များ
ပင်မလက်နက်စနစ်...........၁၂၀မမ (နေတိုးစံ ကျည်များ)
၁၂.၇မမ လေယာဉ်ပစ် စက်သေနတ်
၇.၆၂မမ စက်သေနတ်
တင့်ကားဖျက်ဒုံးလက်နက်စနစ်
အင်ဂျင်.......မြင်းကောင်ရေ ၁၂၀၀အား
ဂျီပီအက်စ် လမ်းညွန်းစနစ်
စစ်ဆင်နိုင်မှု အကွာအဝေး....၄၅၀ ကီလိုမီတာ
အမြန်နှုန်း............တစ်နာရီ...၇၂ ကီလိုမီတာ (ဒါကတော့ မဖြစ်နိုင်ဘူးလို့ထင်ပါတယ် အမျိုးအစား-၉၉ တွေတောင်မှ ၈၀ နှုန်းနှင့် ဘဲပြေးနိုင်ပါသေးတယ်...။သာမန် ၆၉တွေကတော့ ၄၅-၅၀ ဘဲပြေးနိုင်ပါတယ်...။)
လွတ်လပ်ရေးနေ့ စစ်ရေးပြပွဲတွင် တွေ့ရသော အမျိုးအစား-၆၉ အမ်ကေ. ၂ဂျီ တင့်ကား


အရောင်ကတော့ အတော်မျက်စိနောက်ပါတယ်.. ဟီးဟီး...တောထဲမှာတော့ ကောင်းလောက်ပါတယ်...။
အမျိုးအစား-၆၉ အမ်ကေ. ၂ဂျီ ပင်မတိုက်ပွဲဝင်တင့်ကားကို ဘင်္ဂလားဒေ့်နိုင်ငံ ဒါကာမြို့ တွင် ကျင်းပသော လွတ်လပ်ရေးနေ့တွင် ပထမဆုံး ထုတ်ဖော်ပြသခဲ့ပါတယ်...။
မြို့ တွင်းတွင် တွေ့ရသော တင့်ကားများ

No comments:
Post a Comment