Tuesday, January 10, 2012

ဘင်္ဂလားဒေ့်လေတပ် အမ်အိုင်ဂျီ-၂၉ အသစ်လား..။

ဘင်္ဂလားဒေ့်လေတပ် အမ်အိုင်ဂျီ-၂၉

ယူကရိန်းနိုင်ငံက လေဆိပ်တစ်ခုမှာတွေ့ရတဲ့ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်ပါ...။ မြန်မာ့တပ်မတော်မှ အမ်အိုင်ဂျီ-၂၉ ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်များ အစီးရေ ၂၀ ဝယ်ယူသည့် သတင်းသည် အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့်အတွက် မည်မျှလောက် စိုးရိမ်စိတ်ဖြစ်ပေါ်စေနိုင်ခဲ့သည်ကို အနည်းငယ်လေ့လာရုံမျှဖြင့် သိရှိနိုင်မည်ဖြစ်ပါသည်။ လေကြောင်းရန်ကာကွယ်ရေးဒုံးလက်နက်များ မိမိတို့အနေဖြင့်ပိုင်ဆိုင်ထားကြောင်း ဖော်ပြလိုသည့်အနေဖြင့် Fm-90 တာတိုပစ်ဒုံးလက်နက်စနစ်များအား ထုတ်ဖော်ပြသလာရသည့် အထိဖြစ်ခဲ့ပါသည်။ လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့်လေတပ်တွင် အမ်အိုင်ဂျီ-၂၉ ၁၀စင်းရှိပြီး ယခုတွေ့ရသော တိုက်လေယာဉ်မှာ အဆင့်မြင့်တင်ထားခြင်းပေလော..၊ အသစ်ထပ်မံဝယ်ယူလိုက်ခြင်းပေလော.. ကျွှန်ုပ်အနေဖြင့် အတိအကျမသိရပါ...။

မြန်မာ့တပ်မတော်လေ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်အသစ်အား စမ်းသပ်မောင်းနှင်နေစဉ် (ပြည်ပတွင်)

မြန်မာ့တပ်မတော်အတွက် ဖြစ်သည်ဟုသိရသော အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်တစ်စင်းအား တွေ့ရစဉ်ဖြစ်ပါသည်။ မြန်မာ့တပ်မတော်လေရှိ တိုက်လေယာဉ်ပုံများ ဆက်လက်ဖော်ပြပေးပါဦးမည်ခင်ဗျာ...။

4 comments:

  1. များသောအားဖြင့် ၅စီးရီးတွေပဲ အတွေ့များရာက ခု၁၀၀ ဆိုတာအသစ်ဖြစ်မယ် ဖိန့်တာ မဟုတ်ဘူးဆိုရင် SE မော်ဒယ်ပဲ..http://www.defence.pk/forums/bangladesh-defence/126374-images-mig-29-mig-29-ub-fighters-bangladesh-air-force-7.html..
ီဝီကီကတော့ ဒီလိုရေးတယ် သူလဲ လိုက်ဝယ်နေပုံပဲ..BAF has an ongoing modernization program that includes plan to introduce 16 x F-7BG Air Guard aircraft for FOB at Cox's Bazar, one Squadron of MiG-29 and 2 state of the art Air Defence Radar within 2012

    ReplyDelete
  2. http://cavok.com.br/blog/?p=28373
    ဒီမှာတော့ မြန်မာအတွက်တဲ့

    ReplyDelete
  3. ကျေးဇူးပါဘဲ ကိုchaungရေ... ဒီကောင်တွေအတော် ပြင်ဆင်နေတယ်ဆိုတာ အသိသာကြီးပါဗျာ... ဒေသတွင်းနိုင်ငံတွေထဲမှာ ခေတ်မှီဆုံးရေတပ်တည်ထောင်မည်ဆိုတဲ့ စိတ်ကူးတွေကလည်း အခုထိကိုကိုင်ဆွဲထားတုန်းဘဲဗျ..။

    ReplyDelete
  4. Myanmar is also in the process of buying Su 30 from Russia. During his recent visit to Naypyitaw, Russian Defence Minister agreed to supply at least 24 Su 30s to Myanmar Air Force.[citation needed] Myanmar Parliament has already passed a defence budget that allow 1.4 bn $ for buying new weapons and armaments.

    I wish it is true.

    ReplyDelete