Thursday, June 7, 2012

မြန်မာ့တပ်မတော်ရှိ T-72S တင့်ကားကြီးများ


မြန်မာ့တပ်မတော်၏ ခေတ်မှီတင့်ကားကြီးများ

တီ-၇၂ ပင်မတိုက်ပွဲဝင်တင့်ကားများအား မျိုးကွဲပေါင်းများစွာ ထုတ်လုပ်ခဲ့ရာ ဆိုဗီယက်တပ်မတော်၏ တီ-၇၂ဘီ ပင်မတိုက်ပွဲဝင်တင့်အမျိုးစားအား ပြည်ပသို့ရောင်းချခဲ့သည်....။ အဆိုပါတင့်များအား အမျိုးစား တီ-၇၂အက်စ်ဟု သတ်မှတ်ထားပြီး အဆင့်မြှင့်တင်မှုများပြုလုပ်ထားသည်။

သံချပ်ကာနှင့်ယန္တာယားတပ်ဖွဲ့များရှိ ခေတ်မှီတင့်ကားကြီးများ


တီ-၇၂ ပင်မတိုက်ပွဲဝင်တင့်များ၏ အားနည်းချက်၊အားသားချက်များအား ကမ္ဘာတစ်ဝှမ်းရှိစစ်ပွဲများတွင် တွေ့ရမည်ဖြစ်ပြီး အီရတ်စစ်ပွဲများတွင် အကျဆုံးများရှိသကဲ့သို့ ရုရှားစစ်တပ်၏ ဂျော်ဂျီယာနိုင်ငံနှင့် ဖြစ်ပွှားခဲ့သော တိုက်ပွဲများတွင် တီ-၇၂ ပင်မတိုက်ပွဲများ၏ စွမ်းဆောင်ရည်အား တွေ့၇မည်ဖြစ်ပါသည်။

မြန်မာ့တပ်မတော်၏ ပင်မတိုက်ပွဲဝင်တင့်ကားကြီးများအနက် ယခုတွေ့ရသော တီ-၇၂အက်စ် တင်ကားများသည် ယူကရိန်းနိုင်ငံမှ ဝယ်ယူထားခြင်းဖြစ်ပြီး မလေးရှားနိုင်ငံ၏ ပီတီ-၉၁အမ် (ပိုလန်ထုတ်) တင့်များနှင့် အမျိုးစားတူညီရာ အိမ်နီးချင်း အာဆီယံတပ်မတော်များတွင် မြန်မာတပ်မတော်ပြီးလျှင် မလေးရှားနိုင်ငံသည် ခေတ်မှီ တီ-၇၂ မျိုးကွဲ တင့်များအသုံးပြုသော နိုင်ငံဖြစ်လာသည်။ ယိုးဒယားစစ်တပ်မှ ဝယ်ယူမည့် တီ-၈၄ တင့်များသည်လည်း တီ-၇၂ တင့်များအပေါ်တွင် အဓိကအခြေခံ၍ ထုတ်လုပ်ထားခြင်းဖြစ်ပြီး လက်ရှိအသုံးပြုနေသော အမ်-၆၀အေ၁ တင့်များသည် ယိုးဒယားစစ်တပ်၏ အကောင်းဆုံးတင့်များဖြစ်နေသည်။ ထို့ပြင် ဘင်္ဂလားစစ်တပ်၏ သံချပ်ကာတပ်များအား ယှဉ်ကြည့်မည်ဆိုပါက ဘင်္ဂလားစစ်တပ်တွင် တရုပ်ထုတ် ပုံစံ-၆၉ ကို အဆင့်မြှင့်တင်ထားသော ပုံစံ-၆၉ အမ်ကေ တင့်များသည်သာလျှင် ခေတ်မှီဆုံးတင့်များ ဖြစ်သည်။

မလေးရှားတပ်မတော်၏ ခေတ်မှီ ပင်မတိုက်ပွဲဝင်တင့်ကား ပီတီ-၉၁အမ်

ဘင်္ဂလားတပ်မတော်၏ ခေတ်မှီဆုံး ပင်မတိုက်ပွဲဝင်တင့်ကား

မြန်မာ့တပ်မတော်ရှိ ခေတ်မှီတင့်ကားများအနက် ပုံစံ-၅၉ဒီ ပင်တိုက်ပွဲဝင်တင့်ကားများ

ဘင်္ဂလားဒေ့်တပ်မတော်ရှိ တင့်ကားများတွင် တရုပ်ထုတ် တင့်ကားများသာ တပ်ဆင်ထားရာ မကြာမှီကပင် အမ်ဘီတီ-၂၀၀၀ ပင်မတိုက်ပွဲဝင်တင့်ကားများအား မှာယူထားသည်ဟု သိရပါသည် အဆိုပါ အမ်ဘီတီ-၂၀၀၀ တင့်များအား မြန်မာ့တပ်မတော်မှ ၂၀၀၉ခုနှစ်အတွင်းတွင် တရုပ်နိုင်ငံမှ လက်ခံရရှိခဲ့ပြီးဖြစ်သည်ဟု သိရပါသည်။

5 comments:

  1. မြန်မာ့တပ်မတော် သံချပ်ကာတပ်ဖွဲ့  မှာရှိတဲ့ Main Battle Tank တွေက MBT-2000, T-72S နဲ့  Type-59D တွေပဲလား။ Type-69II တွေကို Medium Tank လို့ ပဲသတ်မှတ်တယ် ထင်ပါတယ်။
    ဆက်ပြီးသုံးနေတုန်းလားသိချင်ပါတယ်။ Type-63 Amphibious Light Tank တွေကိုအဆင့်မြှင့်နေတယ် ဆိုတာဟုတ်ပါသလား။

    ReplyDelete
  2. MA's T-72s & MBT-2000 can easily defeat M-60A1. What about T-55s received from India, are they getting upgraded too.

    ReplyDelete
  3. Myanmar Armour Corps Facebook မှာ commentရှင် ကိုဇင်မင်းထက်၏ကော့မန့်ကို အများဖတ်မိစေရန် ပြန်တင်ပေးပါသည်။

    T72 က protection အနေနဲ့ Composite armor + ERA + slat armor ပါမယ်။ အဲဒါကို ၁၀၅မမ HEAT နဲ့ ဖျက်ဆီးဖို့က မလွယ်ပါ။ M60 က rolled homogenous steel armor ပဲပါတယ် ။ အဲဒါကို ၁၂၅မမ Refleks ATGM ဒါမှမဟုတ် tungsten APFSDS နဲ့ ကတော့ အလွယ်တကူပဲ ဖျက်လို့ရမယ် ထင်ပါတယ်။
    နဲနဲ လေရှည်ကြည့်မယ်နော်။ မြန်မာသံချပ်ကာတပ်တွေက ကင်းထောက် IFV အနေနဲ့ ၃၀မမ စက်အမြှောက်နဲ့ AT4 တင့်ဖျက်ဒုံးတပ် MTLB တွေသုံးတယ်။ ထိုင်း M113 မှာ ၁၂.၇ စက်ကြီးပဲပါတယ်။ MTLB ကို ၁၂.၇က ဘာမှလုပ်မရဘူး M113 ကို ၃၀မမ နဲ့ဖျက်လို့ရတယ်။ စစ်သည်တင်သံချပ်ကာယာဉ် APC မှာ မြန်မာက ၃၀မမ + AT4 ပါတဲ့ BTR3U အစီး ၁၀၀၀ + ၂၅မမ တပ် Type 92 + Type 87 ၁၀၅မမ တင့်ဖျက်ယာဉ် တွေပါမယ်။ ထိုင်းက BTR3E ၉၆ စီး + ၁၂-၇မမ တပ် Cardilac Cage Commando တွေပါမယ်။ စဉ်းစားကြည့်။
    အနီးကပ် လေကြောင်းပစ်ကူတွေ ခေါ်ကြပီ ဆိုပါဆို့။ မြန်မာတွေက 9K114 Shturm ATGM တင့်ဖျက်ဒုံး + S8 ၈၀မမ ဒုံးတွေ + ၃၀မမ GSh30K တပ်ထားတဲ့ Mi24P Hind F အစင်း ၆၀ ရှိတယ်။ ထိုင်းမှာက ၇၀မမ Hydra ဒုံး + ၁၂.၇ Mnigun တပ် AH1G Huey Cobra ၇ စင်းတိတိရှိတယ်။ TOW အကြောင်းလာမပြောနဲ့ AH1G မှာ တပ်လို့မရဘူး။ အစင်းတွေအများကြီးရှိတဲ့ UH1Huey တွေမှာ M60 ဒါမှမဟုတ် M240 ၇.၆၂ စက်လတ်တွေပဲပါတယ်။ ခြေလျင်တွေကို Cobra တွေ Huey တွေနဲ့ အတိုက်ခံရရင်တော့ ကျွန်တော်တို့ခံရမှာပေါ့။ ဒါပေမယ့် သံချပ်ကာတွေကတော့ ၇.၆၂ နဲ့ ကတော့ အပစ်ခံရမှန်းတောင် သိမှာမဟုတ်ပါ။
    ဒီလိုပြောလို့ ထိုင်းကို အထင်သေးတာ မဟုတ်ပါ။ ထိုင်းမှာ ကျွန်တော်တို့ထက်သာတဲ့ ကဏ္စတွေရှိပါတယ်။ ဥပမာ ရေတပ်မှာ ကျွန်တော်တို့ထက်အများကြီးသာပါတယ်။
    ဒါ့အပြင် လက်နက်တွေက သူ့ကို သုံးတဲ့သူလောက်ပဲ ကောင်းတာပါ။ လေ့ကျင့်မှုကောင်းတဲ့ဖက်က စစ်နိုင်မှာပါ။ အမေရိကန်တွေကို T72 ပေးပြီး အီရတ်တွေကို M1A1 ပေးလည်း အမေရိကန်တွေပဲ နိုင်မှာပါ။ ဒီနေရာမှာလည်း ထိုင်းတွေက ကျွန်တော်တို့ထက် လေ့ကျင့်မှုကောင်းနိုင်ပါတယ်။ ဓါတ်ဆီဖိုး၊ အမြှောက်ဆံဖိုး ပိုတတ်နိုင်တာကိုး။ ဒါပေမယ့် လက်နက်ချင်းယှဉ်ရင်တော့ ကျွန်တော်တို့တွေ မညံပါဘူးဗျာ။

    ReplyDelete