Monday, July 16, 2012

တပ်မတော် (ရေ)ရှိ စစ်ရေယာဉ်အသစ်များ

မြန်မာ့တပ်မတော် (ရေ) အကြောင်းနှင့် စစ်လက်နက်များ ဆိုင်ရာလေ့လာလိုသူများအတွက်
စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ရေတပ် သင်္ဘောကျင်းထုတ် ၅ စီးရီး အမြန်တိုက်ခိုက်ရေးယာဉ်များဘဲ ဖြစ်ပါတယ်....။ ၅စီးရီး အမြန်တိုက်ခိုက်ရေးယာဉ်များကို ၅၅၁ မှစတင်ကာတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခင်သိရှိထားသည့်သတင်းများအရ ၅၇၀ အထိအစီးရေ (၂၀)အား တပ်မတော် (ရေ)မှ ပိုင်ဆိုင်ထားပြီးဖြစ်ပါသည်။

ယခုနောက်ဆုံးသိရသော သတင်းများနှင့် အချက်လက်များ ဓါတ်ပုံများအရဆိုပါက တပ်မတော် (ရေ)သည့် မြန်မာ့ရေပြင်ပိုင်နက်အား ကျုးကျော်လာသည့် မည်သည့်ရန်သူမျိုးကိုမဆို တုန့်ပြန်တိုက်ခိုက်ချေမှုန်းနိုင်စေရန် ရည်ရွယ်၍ ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်ကြီးများ ၊ ကော်ဗတ်စစ်ရေယာဉ်များအပြင် ၅စီးရီး အမြန်တိုက်ခိုက်ရေးယာဉ်သစ်များအား ရေတပ် သင်္ဘောကျင်းများအပြင် ဆင်မလိုက်သင်္ဘောကျင်းတွင်လည်း တည်ဆောက်နေဆဲဖြစ်သည်ဟု သိရပါသည်။

ဖရီးဂိတ် စစ်ရေယာဉ်များ

မြန်မာ့တပ်မတော် (ရေ) တွင် ပြည်တွင်းထုတ် (F21) အောင်ဇေယျ စစ်ရေယာဉ်အပြင် တရုပ်ဆီမှဝယ်ယူ၍ အဆင့်မြှင့်တင်မှု ပြုလုပ်ထားသော F-21 နှင့် F-23 ဖရီးဂိတ်စစ်ရေယာဉ်များဖြင့် လက်ရှိအချိန်တွင် (၃)စင်းရှိပြီး
နောက်ထပ်လည်း ရေပြင်ပိုင်နက်အားအပြည့်အဝကာကွယ်နိုင်စေရန်ရည်ရွှယ်၍ ဖရီးဂိတ်စစ်ရေယာဉ်သစ်များတည်ဆောက်လျက်ရှိပါသည်။

ကျန်စစ်သား ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်သစ်ကြီး

အသစ်တည်ဆောက်သော ဖရီးဂိတ်စစ်ရေယာဉ်သည်လည်း အောင်ဇေယျ ဖရီးဂိတ်ကြီးကဲ့သို့ပင် ၁၀၈မီတာအရှည်ရှိမည်ဖြစ်ကာ ထူးခြားချက်အနေဖြင့် ရဟတ်ယာဉ်များထားရှိရန် Hanger ပါဝင်လာမည်ဖြစ်ပါသည်။ ထို့ပြင် အသစ်တည်ဆောက်လျက်ရှိသော ဖရီးဂိတ်ကို ကျန်စစ်သား (F22) ဟု အမည်ပေးဖွယ်ရှိပြီး လက်နက်ပိုင်းဆိုင်ရာများတွင်လည်း ခေတ်မှီနည်းပညာများပါဝင်သည်ဟု သိရပါသည်။

အောင်ဇေယျ ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်ပေါ်တွင်


တရုပ်ရေတပ်မှ လက်ခံရရှိထားသည့် ဖရီးဂိတ်စစ်ရေယာဉ်များအား မြန်မာ့တပ်မတော် (ရေ)တွင်ပင် အဆင့်မြှင့်တင်မှုပြုလုပ်ပြီး တပ်တော်ဝင်အခမ်းအနားပြုလုပ်ခဲ့ပါသည်။

F21 (မဟာဗန္ဓုလ ဖရီးဂိတ်စစ်ရေယာဉ်)

၈ × စီ-၈၀၂ ဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်များ


ကော်ဗတ် စစ်ရေယာဉ်များ

မြန်မာ့တပ်မတော် (ရေ)တွင် ၇၇မီတာအရှည်ရှိ ကော်ဗတ်စစ်ရေယာဉ်များအား ပြည်တွင်းတွင်ပင် တည်ဆောက်ခဲ့ပြီး လက်ရှိအချိန်တွင် ၇၇၁ နှင့် ၇၇၂ ဟူ၍ စစ်ရေယာဉ် (၂)စီး တာဝန်ထမ်းဆောင်နေပါသည်။ အဆိုပါ ကော်ဗတ်စစ်ရေယာဉ်များအပေါ်တွင်လည်း စီ-၈၀၁ ပဲ့ထိန်းဒုံးများတပ်ဆင်ထားရာ လေကြောင်းရန်အတွက်လည်း ခေတ်မှီ ဒုံးလက်နက်စနစ်များထပ်မံပေါင်းစပ်ထားသည်ဟု သိရပါသည်။ လက်ရှိအချိန်တွင်လည်း ၇၇၃ စစ်ရေယာဉ်အား တည်ဆောက်နေဆဲ (သို့) တည်ဆောက်ရန် စီမံကိန်းရှိနေသည်ဟု သိရပါသည်။

ပဲ့ထိန်းဒုံးတပ် အမြန်တိုက်ခိုက်ရေးယာဉ်များ

၅စီးရီး အမြန်တိုက်ခိုက်ရေးယာဉ်များကို တပ်မတော် (ရေ)ရှိ ရေတပ်သင်္ဘောကျင်းများအပြင် ဆင်မလိုက်သင်္ဘောကျင်းမှလည်း ထုတ်လုပ်လျက်ရှိပြီး လက်ရှိအချိန်တွင် ၅၅၁-၅၇၀ အထိ အစီးရေ (၂၀) ပိုင်ဆိုင်ထားရာ နောက်ထပ်လည်း အစီးရေ အနည်းဆုံး (၅)စင်းထပ်မံတည်ဆောက်နေဆဲဖြစ်သည်ဟု သိရပါသည်။ တည်ဆောက်နေဆဲ ၅စီးရီး စစ်ရေယာဉ်များအား ဆင်မလိုက်သင်္ဘောကျင်းတွင် တွေ့ရစဉ်ဖြစ်ပါသည်။

တပ်မတော် (ရေ)၏ ဂုဏ်ယူဖွယ် ၅စီးရီး ပဲ့ထိန်းဒုံးတပ် စစ်ရေယာဉ်များ


ရေယာဉ်များတွင် ၅၇၀ နှင့် အထက် အမှတ်စဉ်ရေးထိုးထားသည်ကို တွေ့ရမည်ဖြစ်ပါသည်... ထို့ကြောင့် ၅စီးရီးစစ်ရေယာဉ်များအနေဖြင့် လက်ရှိအခြေနေထက် သိသိသာသာ တိုးပွှားလာမည်ဖြစ်ပြီး မြန်မာ့ရေပြင်အားကာကွယ်ရန်အတွက်လည်း ပိုမို၍အားရှိလာမည်ဖြစ်ပါသည်။ ၄၅မီတာရှိ ၅စီးရီးများအပြင်လည်း ကိုယ်ပျောက်တိုက်ရေယာဉ်သစ်များ တည်ဆောက်နေဆဲပင်ဖြစ်ရာ တပ်မတော် (ရေ)သည် ဒေသတွင်းနိုင်ငံများကြားတွင် စစ်ရေယာဉ်တည်ဆောက်နိုင်မှုနှုန်းမြှင့်မှားသော နိုင်ငံတစ်ခုဖြစ်လာပြီးဖြစ်သည်။

၅စီးရီး အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်အသစ်များ


အချက်လက်မှားများရှိပါက ပါဝင်ဆွေးနွေးထောက်ပြနိုင်ပါသည်။ဆက်လက်ဖော်ပြပေးပါဦးမည်.... :)

5 comments:

  1. Thank for new post ko mm. ဆင်မလိုက်သင်္ဘောကျင်းမှာ ၅စီးရီးတွေထုတ်ပါတယ်။ Hull ပိုင်း၊ Body ပိုင်းတွေပါပဲ၊ လက်နက်တပ်ဆင်မှုအပိုင်းကိုတော့ ရေတပ်သင်္ဘောကျင်းမှာသာ အပြီးသတ်တပ်ဆင်တယ်လို့ ပြောတယ်ခင်ဗျ။

    ReplyDelete
  2. အသစ်ဆောက်လုပ်သောကျန်စစ်သားက ကျွန်တော်တို့အတွက် ရေတပ်ခေတ်သစ်ပဲလို့ပြောရမလားပဲ။ သာမာန်ရဟတ်ယာဉ်အတက်အဆင်းကတော့ ယခင်ရေယာဉ်များမှာ(အင်းတော်၊ အင်းယာ၊ ၇၇၁၊ ၇၇၂၊ F-11 မှာလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ အခုတော့ Hanger ပါ ပါဝင်လာတယ်ဆိုတော့ စစ်ရေယာဉ်နှင့်အတူ တစ်ပါတည်းလိုက်ပါတာဝန်ထမ်းရတော့မယ့် သဘောပါ။ ပင်လယ်ပြင်ကင်းထောက်မယ်။ ရှာဖွေကယ်ဆယ်မယ်။ လေကြောင်းပစ်ကူချေမှုန်းမယ်။ မိခင်ယာဉ်ကို ကာကွယ်မယ်ဆိုတဲ့ တာဝန်တွေအပြင် လေယာဉ်ကိုတောင်ပစ်ချနိုင်မယ့်၊ ရေငုပ်သင်္ဘော ရှာဖွေထောက်လှမ်းပေးနိုင်မယ့် ရဟတ်ယာဉ်မျိုးဖြစ်နိုင်ရင် ကောင်းမှာပဲ။ Sea King တို့လို မိုးထဲလေထဲ၊ မုန်းတိုင်းထဲ ပျံသန်းနိုင်တဲ့ အင်ဂျင်ပါဝါကောင်းသော ရဟတ်ယာဉ်မျိုး တစ်အုပ်စာလောက်ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အခုရေယာဉ်ပေါ်မှာတော့ တစ်စီးစာ Hanger ပဲဖြစ်မှာပါ။ ရေယာဉ်ပေါ်မှာ လှိုင်းထဲလေထဲအတူလိုက်ပါနိုင်ဖို့ဆိုတာ နည်းပညာအားဖြင့် မြင့်မားမယ်လို့ခန့်မှန်းပါတယ်။ ရေတပ်အင်ဂျင်နီယာများကိုလည်း လေးစားမိပါတယ်။ Hanger ထဲမှာ အခြေအနေမျိုးစုံအတွက် Stability ရနိုင်ဖို့ ရပ်ထားနိုင်ဖို့ နည်းပညာလိုအပ်ပါတယ်။ Hanger ရှိရင် Flight Control/ Flight Desk လည်းပါဝင်လာနိုင်/လာသင့်ပါတယ်။ Hanger ထဲမှာ ခဲယမ်းများနဲ့ စက်ပြင် Workshop ပါတွဲပါရပါမယ်။ တွဲဖက်ထားမယ့် ရဟတ်ယာဉ်အတွက် Crew လုံလောက်စွာပါဝင်နိုင်ဖို့လည်းလိုပါတယ်။ ထိခိုက်ပျက်စီးလာရင် တစ်ခါတည်းပြင်နိုင်ရမယ်။ စစ်ဆင်ရေးလိုအပ်ချက်အတိုင်း လက်နက်ကိုသင်္ဘောပေါ်မှာတင် ပြောင်းလဲတပ်ဆင်ပေးနိုင်ရမယ်။ မဟုတ်ရင် သူ ပင်လယ်ကို ဖြတ်ပြီး လေတပ်စခန်းကို သွားနေရမှာပေါ့ဗျာ။ ဖြစ်နိုင်ရင်ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးပြီးတိုက်ပွဲဝင်နိုင်မယ့် Navy Seals အဖွဲ့ငယ်တစ်ဖွဲ့ကို လက်နက်ကိရိယာအဆင့်မြင့်မားစွာနဲ့ ဒီသင်္ဘောပေါ်မှာစတင်ဖွဲ့စည်းထားဖို့ သင့်ပါပြီ။ ကျယ်ပြန့်တဲ့ရေပြင်၊ ရှုပ်ထွေးတဲ့ ရေယာဉ်သွားလာမှုနေရာတွေ၊ ကမ်းလွန်ရေနံစင်ပေါင်းများစွာ၊ လုပ်ကွက်ပေါင်းများစွာ၊ ခြိမ်းချောက်မှု အားကောင်းလာတဲ့ ပင်လယ်ဓါးပြရန်ကနေ အပြည်ပြည်ဆိုင်ရာရေယာဉ်များစွာကိုပါ နိုင်ငံ့ရေပြင်ပိုက်နက်အတွင်းမှာ လုံခြုံစိတ်ချစွာကာကွယ်နိုင်ဖို့ အရင်နှစ်များနဲ့မတူပဲ တိုးတက်မှုများစွာဖြစ်ထွန်းနေတဲ့ တပ်မတော်ရေအတွက် သားကြီးတစ်ယောက်လိုအားကိုးအားထားရမယ့် စစ်ရေယာဉ်တစ်စီးပေါ်ထွက်လာမှာကို ၀မ်းသာနေပါတယ်ခင်ဗျား။

    ReplyDelete
  3. ကျန်စစ်သား ဖရီးဂတိတ် ရဲ့အရှည်က ၁၅၀ မီတာဝန်းကျင်ရှိနိုင်တယ်လို့ ခန့်မှန်းမိပါတယ်.. သေချာသိတဲ့သူရှိရင် ပြောပြပေးနိုင်မလား...

    ReplyDelete
  4. I have read the following news from one source.

    "UMS Aung Zeya and other warships.
    Burma's first frigate Aung Zeya has been launched ceremoniously by Vice-Senior General Maung Aye but was soon found out that its design was highly flawed and risky in high seas, prompting the regime to hastily order three frigates from China. Aung Zeya was built jointly by Burma and North Korea. North Korea has armed the frigates with its missiles, and the naval exercise was to test the efficacy of North Korean missiles and to prepare for war with Thailand. Col. Moe Aung is currently the Tactical Fleet Commander of those frigates."

    Could someone please let me know that the design flaw was true or false. Thanks.

    ReplyDelete
    Replies
    1. THE design flaw was false. it was exaggerate by the opposition media. you can tell that by using the words like "regime" and other words like " to prepare for war with "Thailand". those are the usual words that an opposition media used for a long time. And the Myanmar generals are not that stupid to test a DPRK missile on their own sea. And you asked only about the design , but not about the missile and the cooperation of DPRK. That mean u believe what u choose to believe . U write a comment/ question in english , and this is a blog that use burmese language primarily, so if a foreigner see ur comment/question ,what will he think? Because he can't understand the other words and he'll see only ur comment .So for ur information , don't trust everything u see on the internet like u just asked.This is a disgrace for our beloved navy and our country.( sorry KO MM , but i can't take that kind of stuff anymore)

      Delete