
ဆီးနှင်းများထူထပ်နေသော နော်ဝေးတောင်တန်းများအပေါ်တွင် လေထီးတပ်သားတစ်ဦးသည် အမြင့်ပေ၁၀၀၀၀မှ လေထီးဖြင့် ခုန်ချရာတွင် ၄င်းနှင့်အတူခါးပတ်တွင်ပတ်ချည်ထားသော် ဘယ်လ်ဂျီယံသိုးကျောင်းခွေး တစ်ကောင်ပါလာသည်။ ထို့ကဲ့သို့သော
မြင်ကွင်းမျိုးကို ဟော်လီဝုဒ်ရုပ်ရှင်ကားများတွင်သာ တွေ့နိုင်သော မြင်ကွင်းမျိုးဖြစ်သည်။
အမေရိကန် စစ်တပ်နှင့်အတူတွေ့ရသည့် ခွေးတပ်သား


ခွေးများသည် စစ်တပ်အထူးတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နိုင်ရန် ရာပေါင်းများစွာသော ခွေးများကို စစ်တာဝန်ထမ်းဆောင်ရန် သင်တန်းပေးလျက်ရှိသည်။ဤလေထီးဖြင့် ခုန်ဆင်းသော ခြေလေးချောင်းသတ္တဝါသည် စစ်တပ်တွင် အထူးတာဝန်ထမ်းဆောင်နေသော သင်တန်းဆင်းခွေးက လူ့အသက်များကို ကယ်တင်ပေးခဲ့သည်။
လွန်ခဲ့သောလများက ဥရောပတွင် အကြီးမားဆုံးသော ခွေးသင်တန်းစခန်းတစ်ခုရှိသည်မှာ အလွန်အံသြဖွယ်ကောင်းသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ခွေးများကို ဗြိတိသျှတိုက်ခိုက်ရေးတပ်ဖွဲ့များနှင့် တန်းတူထားသည်။ လေထီးတပ်သား တစ်ယောက်သည် ကြီးမားသော ဘယ်လ်ဂျီယံခွေးကြီးနှင့်အတူ ပေ ၁၀၀၀၀ အမြင့်မှ ခုန်ချ၍ စစ်တပ်သင်တန်းလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်ကို တွေ့ရပေမည်။အဆိုပါခွေးသည် အခြားသောသင်တန်းဆင်း ခွေးများကဲ့သို့ပင် အေးဆေးတည်ငြိမ်စွာ ဆင်းသက်နိုင်ခဲ့သည်။ ခွေးများသည် လူသားများကဲ့သို့ အမြင့်ကို ကြောက်ဟန်မရှိပေ။အလေးထားဟန်မရှိပေ။
ရုရှားတပ်မတော်နှင့်အတူတွေ့ရသည့် ခွေးစစ်သား


ခွေးများနှင့်တိုက်ခိုက်သော စစ်ပွဲများသည် အပြောသာရှိခဲ့ဖူးသည်။ သို့သော်အမှန်တကယ်စစ်တိုက်သည့် ခွေးများကို ရှေးရာစုနှစ်ပေါင်းများစွာကပင် မွေးမြူခဲ့ကြပေသည်။ ပထမ အဲလီဇဘက်ဘုရင်မသည် သူပုန်များအား နှိမ်နှင်းရန် ၁၅၈၀ခုနှစ်တွင် အိမ်စောင့်ခွေးကြီးအား အိုင်ယာလန်သို့ စေလွှတ်ခဲ့ဖူးသည်။ သို့သော် ခေတ်သစ်စစ်ပွဲများ၏ ရှုပ်ထွေးမူက သင်တန်းဆင်းခွေးများ ပိုမိုလိုအပ်ခြင်းရှိသည်ကို တွေ့ရသည်။ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့တွင်မူ စစ်ရေးအလုပ်လုပ်မည့် ခွေးတပ်ရင်းများကို ဖွဲ့စည်းတော့မည်ဖြစ်သည်။ တပ်ရင်းများတွင် ခွေးတပ်သား ၂၈၄ ကောင်နှင့် အရာရှိများပါဝင်မည်ဖြစ်သည်။
အာဖဂန်တွင် တာဝန်ထမ်းဆောင်နေသော ခွေးတပ်သား

တပ်ရင်းတစ်ရင်းတွင် အနည်းဆုံးခွေးတပ်သား (၂၀၀)ပါဝင်မည်ဖြစ်သည်။ အဓိကပါဝင်မည့် တပ်သားများမှာ အယ်ဇေးရှင်းနှင့် လာဘရေးဒါး တို့ဖြစ်သည်။ သူတို့၏ တာဝန်များသည် အဓိကစစ်ရုံးများ စောင့်ရှောက်ရန်နှင့် ဗုံးများရှာဖွေထောက်လှမ်းသည့် လုပ်ငန်းများဖြစ်သည်။ အများအားဖြင့် ခွေးများကို မူးယစ်ဆေးဝါးနှင့် ဗုံးများရှာဖွေရာတွင် အသုံးပြုခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းကပင် ခွေးများကို စစ်တပ်များတွင် အသုံးပြုခဲ့ကြသည်။ ယခုခေတ်တွင် အမေရိကန်တို့သည် အီရတ်စစ်နှင့်အာဖဂန်စစ်များတွင် စစ်ခွေးများကိုလည်း ဗုံးရှာဖွေရေးလုပ်ငန်းနှင့်ပုန်းအောင်းနေသော ရန်သူများကို ရှာဖွေသည့် လုပ်ငန်းများတွင် အသုံးပြုခဲ့သည်ကို တွေ့ရပေသည်။
အစ္စရေးတပ်မတော်နှင့်အတူတွေ့ရသည့် ခွေးတပ်သား


ခွေးသင်တန်းကျောင်းမှ သင်တန်းသား ကြယ်တစ်ပွင့်ဖြစ်သော ခန် အမည်ရှိခွေး၏ စွမ်းဆောင်မှုသည် အလွန်အံသြဖွယ်ကောင်းသည်။ ၁၉၄၄ခုနှစ် နိုဝင်ဘာလတွင် ခန် နှင့် သူ့ကိုကိုင်တွယ်သူ တပ်ကြပ် ဂျင်မီမုဒွန်းသည် တိုက်ခိုက်ရေးရေယာဉ်ဖြင့် ဒတ်ခ်ျကျွှန်းစုသို့ သွားခဲ့သည်။ မဟာမိတ်တို့ချီတက်ရာတွင် ဂျာမန်တို့က အနှောက်ယှက်ပေးမည့်ကျွှန်းဖြစ်သည်။ လမ်းခုလပ်တွင် ဂျာမန်တို့၏ တိုက်ခိုက်မှုကြောင့် ရေယာဉ်နစ်သွားခဲ့သည်။ တပ်ကြပ်ကရေမကူးတတ်ဘဲ ဖြစ်နေရာ ခန်က သူ့ဆရာ၏ အင်္ကျီစကို ပါးစပ်နှင့်ကိုက်ဆွဲ၍ ဘေးကင်းသည့်နေရာအရောက် ကယ်တင်ခဲ့သည်ကို တွေ့ရသည်။ ယခုအချိန်တွင်လည်း ဗြိတိန်နှင့် ဂျာမနီတို့သည် ခွေးတပ်ရင်းသစ်များဖွဲ့စည်း၍ စစ်တိုက်ခိုက်ရာတွင် လက်တွေ့ အသုံးပြုသွားကြတော့မည် ဖြစ်သည်။
မြန်မာနိုင်ငံမှာအသုံးပြုပုံတွေကို စုမိတဲ့ပုံတွေနှင့်တကွ ပိုစ့်သပ်သပ်တင်ပေးပါဦးမည်..။