S-125 ဒုံးစနစ်၏ မူလအစ ပုံစံ

၂၀၀၈ခုနှစ်အရောက်တွင်မူ S-၁၂၅ Pechora 2m ဟူ၍ထပ်မံ အဆင့်မြှင့်တင်ကာ ထုတ်လုပ်ခဲ့ပါသည်။
pechora2m နှင့် 1m တို့၏ခြားနားချက်များမှာမူ pechora2m တွင် ပစ်မှတ်ရှာသည့်အင်တနာ (ရေဒါ) နှင့် ဒုံးများကို နေရာရွှေ့ပြောင်းဖို့ လွယ်ကူစေရန်ရည်ရွှယ်၍ စစ်ယာဉ်ပေါ်တွင်တင်ထားခြင်း ၊ အင်တနာ (ရေဒါ) နှင့် ထိန်းချုပ်ရေးဌာနတို့အား ဆက်သွယ်သည့်မီးကြိုးတွေ
နေရာတွင် ရေဒီယိုသုံလိုက်လိုင်းအကူအညီဖြင့် သီတင်းပိုဆောင်မူ ပြုလုပ်လာနိုင်ခြင်းစသည်ဖြင့် ကွာခြားပါသည်။
Pechora 2M ခေတ်မှီဒုံးလက်နက်စနစ်

Pechora 1m လေကြောင်းရန်ကာကွယ်ရေးစနစ် ကို ယူဂိုဆလာဗီယာတွင်သုံးသည့်အခါ ပစ်မှတ်အား ဒုံးဖြင့်ပစ်ခတ်ပြီးချိန်တွင် ရန်သူမှ မိမိတည်နေရာအားသိရှိသွားသည့်အတွက် မိမိတို့၏ စနစ်တစ်ခုလုံးအား နေရာရွေသည့် အချိန်ကြာမြင့်မှုကြောင့် အမေရိကန်စစ်တပ်မှ တန်ပြန်၍ မိမိတို့ စနစ်တစ်ခုလုံးကို ဖျက်ဆီးလိုက်သည်ဟု သိရပါသည်။
ထို့အားနည်းချက်ကို နမူနာယူကာ ရုရှားတပ်မတော်သည် အချိန်နည်းနည်းဖြင့် စနစ်တစ်ခုလုံးအား ပြောင်းရွှေ့နိုင်စေရန် အတွက် ရည်ရွှယ်ကာ Pechora 2M အားတီထွင်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့တပ်မတော် လေကြောင်းရန်တပ်ဖွဲ့များတွင်လည်း Pechora 2M လေယာဉ်ပစ်ဒုံးလက်နက်စနစ်အား အသုံးပြုလျက်ရှိရာ အနည်းဆုံး Pechora 2M စနစ် (၄) စုံရှိသည်ဟု သိရပါသည်။ ဒုံးအနေဖြင့်မှု (၆၄)စင်းမျှ အနည်းဆုံးရှိပေလိမ့်မည်ဖြစ်သည်။
S-125 လေယာဉ်ပစ်ဒုံးလက်နက်များ၏ စနစ်တစ်ခုလုံးအား အပြည့်အစုံရှင်းပြရန်ဆိုသည်မှာ လွယ်ကူသော အချက်မဟုတ်ပေ။ အကျည်းချုပ်၍ ရှင်းပြရမည်ဆိုပါက S-125 လေယာဉ်ပစ်ဒုံး၏ ရေဒါစနစ်မှာ SNR ဟူခေါ်သည့် ပစ်မှတ်ရှာဖွေသည့် ရေဒါစနစ်ကြီးရှိသည်။ အဆိုပါရေဒါကိုပင် ထပ်မံ၍ အင်တာနာ (ရေဒါ) အငယ် (၃)ခုခွဲထားသေးသည်။
(၁) ပစ်မှတ်၏ အကွားဝေးကိုရှာဖွေသည့်အင်တနာ၊
(၂)အမြင့်နဲ့မြောက်ဝင်ရိုးစွန်နဲ့ပစ်မှတ်ကိုရှာဖွေပေးသည့်အင်တနာ၊
(၃)ဒုံးရဲ့တည်နေရာကို သိရှိစေရန် ဒုံးမှပြန်လှည် ထုတ်လွတ်သော ရေဒီယိုလိုင်းကို ဖမ်းယူသော အင်တနာ ဟူရ သုံးမျိုးရှိသေးသည်။
(S-125 ဒုံး၏ တောင်ပံတွင် အဆိုပါ ရေဒီယိုရေး (Rays) ထုတ်လွှင့်ပေးသည့် အင်တာနာ ပါရှိသည်။)
အထက်ပါ ရေဒါစနစ်များအပြင် ပစ်မှတ်အား ဗီဒီကိုမှာမြင်ရသကဲ့သို့ အမှန်အတိုင်းမြင်ရသည့် ကင်မရာရေဒါလဲ ပါသေးတယ်။
Pechora 2M ဒုံးတင်ယာဉ်

Pechora 2M ရေဒါတင်ယာဉ်

S-125 လေယာဉ်ပစ်ဒုံးများ တပ်ဆင်ထားသည့် လေကာ တပ်ရင်းများတွင်မူ S-125 ဒုံးစနစ်၏ ထုတ်လွတ်တဲ့ လိုင်းအလျားကိုလျှိုဝှက်ထားရသည်။ တပ်ရင်းတစ်ရင်းနှင့် တစ်ရင်းပင် တူညီမူမရှိစေရန် ပြုလုပ်ထားရသည်။ ထိုသို့မဟုတ်ပါက အဆိုပါ လိုင်းအလျားတူညီထားသော တပ်ရင်းများသည် တစ်ခုနှင့်တစ်ခု နှောက်ယှက်နေပြီး ပစ်မှတ်ကို သေချာစွာ မမြင်ရတော့ပေ။ထို့အပြင် မိမိတို့ အသုံးပြုနေသော လျိုဝှက်လိုင်းအလျားများအား ရန်သူမှသိရှိသွားပါက မိမိတို့ရေဒါစနစ်သည်လည်း မည်သို့မှအသုံးဝင်တော့မည်မဟုတ်ရာ ချက်ချင်းပင် လိုင်းအလျားနောက်တစ်ခုပြန်ရှာရပေသည်။
Pechora 2M ဒုံးစနစ်အား စမ်းသပ်ပစ်ခတ်နေစဉ်

S-125 ဒုံးလက်နက်စနစ်အား ရေဒါများ ၊ ဒုံးကျည်များအကြောင်း သိရုံနှင့်လည်း အသုံးမဝင်သေးပေ။ အဓိကအကျဆုံးကတော့ ဒုံးပစ်ခတ်တဲ့နည်းပညာပင်ဖြစ်သည်။ ဒုံးပစ်ခတ်သည့် နည်းပညာအား အသေချာနားလည်မှ အဆိုပါဒုံးတွေကအသုံးဝင်မည်ဖြစ်ပါသည်...။
(မြန်မာ့တပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းများတွင်လည်း တပ်ဆင်အသုံးပြုနေသည့် Pechora 2M အကြောင်းအား သူငယ်ချင်းများဖြင့် ဆွေးနွေးမိသလောက် ၊ မှတ်သလောက် ပြန်လှည်ဝေမျှပေးခြင်းသာ ဖြစ်ပါသည်ခင်ဗျာ...။)
ဆွေးနွေးမိသလောက်၊ မှတ်မိသလောက် ဆိုတာတောင် ကျွန်တော်တို့လိုအရပ်သားတွေအတွက် တော်တော်လေးပြည့်စုံလှပါပြီ ကိုmm၊ ပုံနဲ့၊ စာနဲ့ပြည့်ပြည့်စုံစုံတင်ပေးတဲ့အတွက် ကျေးဇူးဗျ။ Pechora2M ရဲ့ Active Range နဲ့ စနစ်လေးခုဆိုရင် မြန်မာနိုင်ငံအတွက် ဘယ်အတိုင်းအတာအထိ ကာမိနိုင်သလဲဆိုတာ အစ်ကိုများဆွေးနွေးပေးနိုင်ရင် ကောင်းပါမယ်။ ဘယ်လောက်ပဲ Mobility ရှိရှိ ဒီစနစ်တွေက ဖြန့်ကျက်ရတာ ကြာတာပါပဲ၊ အမိန့်စီးဆင်းမှုလမ်းကြောင်းသာ မမြန်ရင်၊ တပ်ရင်းအလိုက် Activate လုပ်တာမမြန်ရင်၊ ရည်ရွယ်ချက်ရှိရှိ တစ်နေရာရာကို အတိုဆုံးလမ်းကြောင်းက၀င်လာတဲ့ Super Sonic များကိုမတားနိုင်ပါ။ အမြဲအသင့်ဖြစ်နိုင်အောင်လုပ်ထားသင့်ပါတယ်။ မိတ္ထီလာကတက်တဲ့ Super Sonic ဟာ ၁၂မိနစ်အကြာလောက်မှာ ရန်ကုန်ရောက်တယ်လို့ လေတပ်ကအစ်ကိုများပြောတာကြားဖူးပါတယ်။ မြန်မာ့ တိုက်လေယာဉ်များကတော့ နိုင်ငံကို တောင်မြောက်လွန်းထိုးပြီး ပျံသန်းကာကွယ်နိုင်တဲ့ အစွမ်းရှိပါတယ်။ လေထဲအသင့် အနည်းဆုံးနှစ်စီးလောက် နိုင်ငံရေး၊ စစ်ရေး Tension မြင့်မားချိန်မှာ လေထဲရှိနေနိုင်ရင် ကျွန်တော်တို့လုံခြုံနိုင်မယ်ထင်တယ်ခင်ဗျ။
ReplyDeleteKo MM အနေနဲ့တပ်မတော်နဲ့ပတ်သက်တဲ့ Knowledge တွေShareလုပ်ပေးတာသိပ်ကောင်းတာဘဲ
ReplyDeleteနိုင်ငံတော်အတွက်ဒီလိုအဓိပ္ပါယ်ရှိတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေသူအတိုင်းအတာအရ ရှိနေတာဟာ ဂုဏ်ယူစရာဘဲလို့ယူဆပါတယ်။ ဒါပေမဲ့တစ်ခုလောက်မေးချင်ပါတယ် ကန့်လန့်တိုက် တယ်လို့တော့မယူဆစေလိုပါ၊ Comment တစ်ခုထဲမှာ Kong ပြောထားသလို Pechora2M တပ်ရင်းတွေ ကလဲ စားဝတ်နေရေးအရဆီရောင်းစားနေမယ်ဆိုရင် ဒီခောတ်မှီ လေ/ကာ စနစ်ကြီး
တွေကရောနိုင်ငံတော်လေပိုင်နက်ကို ကောင်းကောင်းကာကွယ်နိုင်ပါမလားဗျာ။
ကြိုက်တယ်။ ရာဇဝင် ကောင်းတယ်။ F 117 ကို တောင် ပစ်ချ ဘူးတယ်။ F-16 တော့ အသာလေးပဲ။ ECM ကိုကျော်နိုင်ရင်ပေါ့။
ReplyDeleteF-117 ကိုပစ်ချတယ်ဆို ပေမယ့် ရေဒါနဲ့ ပစ်မှတ်ကို ဖမ်းမမိခဲ့ဘူး F117 မှာ လျှပ်စစ်သံလိုက် လှိုင်းတွေ ကို အလင်းတန်းမပြန်နိုင်အောင် သတ်တု ကြားခံနယ်၂ခု နဲ့ ဆောက်လုပ်ထားပီး မျက်နှာပြင်တွေ ကိုလည်း အလင်းတန်းတွေ ပြေသွားအောင် ... ပြုလုပ်ထားပါတယ် ...အလင်းတန်း မပြန်နိုင်မှတော့ ရေဒါနဲ့ ရှာမရတော့ဘူးပေါ့ဗျာ..... ဒါမယ့် ဘယ်လိုနည်းနဲ့ မှန်သွားလည်းတော့ ကျွန်တော် မပြောတတ်ပါဘူး .... နောက် F117 ကို ပစ်ချနိုင်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ် .... US က အဲ့လေယာဉ်တွေကို နားထားတယ်လို့ပြောပါတယ်..... ဒီကောင်တွေထုတ်ထားတာ အရမ်းအကုန်ကျများတယ်....အသုံးပြုတဲ့ အခါမှာရော ပဲ ..... (ကျွန်တော်လေ့လာမိသလောက် ဆွေးနေတာပါ.....အထူးလည်းစိတ်ဝင်စားပါတယ် လက်နက်အကြောင်းတွေကို ကျေးဇူးတင်ပါတယ် ဗျာ C125M2 အတွက် အဲ့တာက ကျွန်တော့်အထူးပြုမေဂျာပါ....နောက်လည်း လက်နက်အကြောင်းတွေ ဆွေးနွေးချင်ပါတယ်)
ReplyDeleteF-117 အနေနှင့် ဗုံးကြဲဖို့အတွက် လေယာဉ်ဝမ်းကိုအဖွင့်မှာ ရေဒါကလေယာဉ်ရဲ့ အတွင်းပိုင်းကိုထောက်လှမ်းမိရာကနေ ပစ်ချတာလို့တော့ အကြမ်းဖျင်းမှတ်သားထားတယ်ဗျ...။
ReplyDelete