Saturday, December 8, 2012

တိုက်ခိုက်ရေး ရဟတ်ယာဉ်များ နှင့် တပ်မတော် (လေ)

မြန်မာ့တပ်မတော် (လေ)၏ အခုနောက်ပိုင်း တိုးတက်ပြောင်းလဲလာမှုတွေကို တွေ့နေ၊ကြားနေရပါတယ်ခင်ဗျာ....။အဲဒီထဲက ကျွှန်တော်တို့ရဲ့ စိတ်ဝင်အစားဆုံးသော တိုက်ခိုက်ရေးရဟတ်ယာဉ်အကြောင်းကို အနည်းငယ်ပြန်ပြောရမယ်ဆိုရင်.....

တပ်မတော် (လေ)၏ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်

(အထက်ပါပုံတွင် ရဟတ်ယာဉ်၏ အင်ဂျင်များအား အပူလျှော့နည်းစေနိုင်သည့် ကိရိယာများ တပ်ဆင်ထားသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရနိုင်ပါသည်....။)

တပ်မတော် (လေ)ရှိ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ Mi-2 နှင့် Mi-35 ရဟတ်ယာဉ်များကို ရုရှားနိုင်ငံမှ ဝယ်ယူခဲ့ကြခြင်းဖြစ်သည်...။ ယခင်အချိန်က တပ်မတော် (လေ)တွင် အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်များသာ ရှိခဲ့ရာမှ ယခုအခါတွင်မှု ခေတ်မှီ တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-35 များကို ပိုင်ဆိုင်လာခဲ့ပြီဖြစ်ပါတယ်....။

တကယ်တော့ တိုက်ခိုက်ရေးရဟတ်ယာဉ်များသည် မြေပြင်ပစ်ကူပေးရေး၊ ချေမှုန်းရေးအတွက်သာ အဓိကအသုံးပြုလျက်ရှိရာ လက်ရှိပိုင်ဆိုင်ထားသော Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များသည် အဆိုပါ အင်္ဂရပ်များနှင့် အကိုက်ညီဆုံးဟူ၍ပင် သတ်မှတ်နိုင်ပါသည်.... တင့်ကားပျံများဟူ၍ပင် သတ်မှတ်ထားကြသည့် Mi-35 ရဟတ်ယာဉ်များသည် ဆိုဗီယက်တပ်မတော်မှ အာဖဂန်စစ်မြေပြင်တွင် အသုံးပြုခဲ့ရာ တာလီဘန်များကို အကူအညီပေးခဲ့သော အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၏ စိုးရိမ်မှုကို အများဆုံးပေးနိုင်ခဲ့သော တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြစ်ပါသည်....။

မြေပြင်ပစ်မှတ်များအား ချေမှုန်းနေစဉ်

ထို့ကြောင့်ပင် အမေရိကန်စစ်တပ်သည် တာလီဘန်သူပုန်များအား ပုခုံးထမ်းဒုံးများ အလောတကြီးတပ်ဆင်ပေးခဲ့ခြင်း ဖြစ်ပါသည်...။ ထို့ကြောင့်လည်း ဆိုဗီယက် လေတပ်၏ တိုက်ရဟတ်ယာဉ်များ အကျအဆုံးရှိခဲ့ပါသည်....။ ပုခုံးထမ်းဒုံးများသည် အပူလိုင်းရှာ၍ ပစ်ခတ်ရခြင်းဖြစ်သဖြင့် ရဟတ်ယာဉ်၏ အင်ဂျင်အပူအား ရှာဖွေပစ်ခတ်ရခြင်းဖြစ်သည်....။ ဆိုဗီယက်နှောင်းပိုင်းကာလ ရုရှားတပ်မတော်သည် အဆိုပါအားနည်းချက်များအား ရှာဖွေကာ ရဟတ်ယာဉ်၏ အင်ဂျင်အပူအား လျှော့နည်းစေနိုင်သည့် ကိရိယာများအား တပ်ဆင်ထားကြပြီးဖြစ်ပါသည်.....။ 

တပ်မတော် (လေ)ရှိ တိုက်ခိုက်ရေး ရဟတ်ယာဉ်များတွင်လည်း အဆိုပါ စနစ်များတပ်ဆင်ထားပြီး ဖြစ်ရာ ရန်သူ့ပုခုံးထမ်းဒုံးများ၏ တိုက်ခိုက်မှုမှ ကာကွယ်ထားနိုင်ပြီဖြစ်ပါသည်....။ ထို့ပြင် ရန်သူ့ဒုံးလက်နက်များအား လမ်းကြောင်းဖယ်ကွင်းသွားစေနိုင်သည့် (ပစ်မှတ်အတုများထုတ်ကာ) စနစ်များ (Jammer) စနစ်များလည်း တပ်ဆင်ပေးထားနိုင်ပြီဟု သိရပါသည်....။

မြန်မာ့တပ်မတော် (လေ)၏ ဂုဏ်ယူဖွယ် တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စင်း


ရန်သူ့တင့်များအား ချေမှုန်းရာတွင်လည်း နာမည်ကျော်လက်ရှိရာ ရန်သူ့ဘင်္ဂလားဒေ့်စစ်တပ်၏ တင့်များအားလည်း ချေမှုန်းရာတွင် အသုံးဝင်ပေလိမ့်မည်.... ရန်သူ့တပ်များ၏ လက်ရှိဝယ်ယူထားသည့် MBT-2000 တင့်များကိုလည်း ကောင်းကောင်းလက်စွမ်းပြချေမှုန်းသွားနိုင်တော့မည် ဖြစ်ပါသည်....။

Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များမှ ဒုံးများဖြင့် တိုက်ခိုက်နေစဉ်

နောက်ပိုင်းတွင်မည်သို့ဆက်လက် ဝယ်ယူဖြည့်တင်းမည်ကို မသိရသေးချိန်တွင် (Mi-28Nများနှင့် KA-50,52 ရဟတ်ယာဉ်များလည်း တပ်မတော် (လေ)မှ စိတ်ဝင်စားမှုရှိနေကြောင်း သိရပါသည်...။)  လေတပ်၏အကောင်းဆုံး တိုက်ခိုက်ရေးရဟတ်ယာဉ်များအဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်သည့် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များသည် မြန်မာ့တပ်မတော် (လေ)၏ စစ်ဆင်ရေး၊တိုက်စွမ်းရည်ကို မြှင့်တင်ပေးသော အဓိကတိုက်ခိုက်ရေးရဟတ်ယာဉ်များပင် ဖြစ်ပါတော့သည်ခင်ဗျာ....။

တပ်မတော် (လေ)မှ စိတ်ဝင်စားမှု့ရှိနေသည့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ

Mi-28 ရဟတ်ယာဉ်
 KA-50 တိုက်ခိုက်ရေး ရဟတ်ယာဉ်


 KA-52 တိုက်ခိုက်ရေး ရဟတ်ယာဉ်


(သတင်းကောင်းတစ်ခုပြောခဲ့မယ်နော်.... တလောက လေတပ်ကအရာရှိ တစ်ယောက်နှင့် စကားပြောဖြစ်တော့ လေတပ်က ရုရှားရဲ့ SU-35 တွေကို အတော်လေးသဘောကျနေတယ်တဲ့.... လေ့လာမှုတွေရှိနေတယ်တဲ့ဗျာ.... ကဲကဲ.... ၃-၄အုပ်လောက် ရောက်လာရင်တော့ မဆိုးဘူးနော်... :) တကယ်ဝယ်ဖြစ်ပါစေဗျာ....။)

16 comments:

  1. ကို MM ရေ... အားတက်စရာသတင်းအတွက် ကျေးဇူး.... ဒါပေမဲ့ ရန်သူမဟုတ်သေးတဲ့ အိမ်နီးချင်းနိုင်ငံကို ရန်သူလို့ သတ်မှတ်ရေးသားတာ မသင့်တော်သေးဘူးဗျ.... ဘ လောက်ဆိုရင် သိကြပါပြီ....

    ReplyDelete
  2. ကျွန်တော်တို့နိုင်ငံမှာ Military industry တွေကိုတည်ထောင်နိုင်ရင်ကောင်းမယ်။
    ကျွန်တော်က Software House တစ်ခုတည်ထောင်ထားတယ်။
    IT နှင့်ပတ်သတ်ရင် စစ်ဘက်ဆိုင်ရာတွေမှာကူညီချင်တယ်။

    ReplyDelete
  3. http://www.youtube.com/watch?v=aRjb_SnU-L8

    ReplyDelete
  4. http://youtu.be/6bW4NrUYK0g
    Mi-35 ရဲ့ပစ်အားတွေသရုပ်ပြထားတာပါ

    ReplyDelete
  5. Mi-2 နဲ့ ဆိုးလ်ကိုး နဲ့က ပိုလန်နိုင်ငံက၀ယ်ယူတာလို့ထင်ပါတယ်။ သူတို့နဲ့အတူ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သုံး STAR မီးသတ်ကားများကို အမှတ်ရမိမှာပါ။ နံဘေးမှာ အဖြူကွက်သုံးခုပါတဲ့ လေးထောင့်မီးသတ်ကားကြီးများဟာ တစ်ချိန်ကအမြင်ဆန်းခဲ့ပါတယ်။ အဲဒီမီးသတ်ကားများဟာလည်း ပိုလန်နိုင်ငံက၀ယ်ယူတာပါ။ ဆိုးလ်ကိုးတော့ သေချာပေမယ့် Mi-2 တော့ စိတ်ထဲသိပ်မသေချာဖြစ်နေပါတယ်။ ပြောပေးကြပါဦး၊ ကျွန်တော်ထင်တာ မှန်မမှန်။

    ကို mm ရထားတဲ့ဓါတ်ပုံတော့ ကောင်းတယ်ဗျာ။ အင်ဂျင်ကာကိစ္စ facebook မှာ အငြင်းပွားနေကြသူတွေလည်း ကျေနပ်သွားကြမှာပါ။ ပိုင်းလော့ Helmet ကနေချိန်တိုင်း စက်အမြောက်လိုက်ချိန်တဲ့ စနစ်တော့ မဟုတ်တာတစ်ခုပဲဆိုးတယ်ဗျာ။ ဘာပဲပြောပြော twin barrel cannon လည်း ကျေနပ်စရာပါ။ အဲဒီအပြင် Jammer System လည်းပါဆိုတော့ ပိုကောင်း။ အဲ Su-35 လေ့လာမှုတွေရှိတယ်ဆိုတော့ တော်ပြီဗျာ။ ဒီနေ့အဖို့တန်သွားပြီ။

    ReplyDelete
  6. At the time of soviet invasion into Afghanistan 1979-1989 there was no Taliban. The opposition guerilla movement to Soviet invasion was called Mujahideen and CIA armed them with Stinger to bring down the Mi-8 and Mi-24 piloted by Soviets.

    Another point is I agreed with U lay aung. You shouldn't be calling Bangladeshis the "enemy". The worst youcan termed them would be possible adversaries....

    ReplyDelete
  7. ကောင်းသတင်းတွေ.... ကြားရတာ နားဝင်ချိုလိုက်တာ ဘာတဲ့ MBT-2000, UAV, SU-35, Mi 35P, Mi28, Ka-50, Ka-52...... BTR-3U, T-72, Nora B-52,Tunguska-M1,Pechora-2M, F-11 အောင်ဇေယျ, F-12 ကျန်စစ်သား, F-21 မဟာဗနုလ, F-23 မဟာသီဟသူရ, 771 UMS အနော်ရထာ, 772 UMS ဘုရင့်နောင်....အကောင်းဆုံးတွေမဟုတ်တောင် အားကိုးရမဲ့ဟာတွေချည်းပဲ။။။ ကိုစနေသားပြောသလို တန်သွာပြီဗျို့ ။

    ReplyDelete
  8. အပေါ်က အစ်ကိုတို့ရေ... ကျွှန်တော်အနေနှင့် ဘင်္ဂလားကို ရန်သူလို့ရေးတာဟာ သူတို့ဆိုက်တိုင်းမှာလည်း ရေးသလိုပါဘဲဗျာ ထိုင်းကိုလည်း ယိုးဒယားလို့ဘဲရေးနေကြမို့ပါ....။

    ReplyDelete
  9. ကိုMM ဟာ Freelance Blogger တစ်ယောက်ဖြစ်တဲ့အတွက် မိမိသဘောအတိုင်း မိမိခံစားချက်အတိုင်း ဖေါ်ပြနိုင်/ဖေါ်ပြသင့် ပါတယ်၊ ဒါဟာ နိုင်ငံတော်အစိုးရကို ကိုယ်စားပြုတာ မဟုတ်တဲ့ အတွက် Diplomacy Effect လဲမဖြစ်ပါဘူး၊ ရန်သူဆိုတာ သူတို့ကအရင်စသတ်မှတ်တာပါ ၊ Officially တော့မဟုတ်ဘူးပေါ့လေ၊ ကျွန်တော် တို့လို တောင်မရောက် မြောက်မရောက် အဆင့်တွေအနေ နဲ့ပေါ့၊ Carry on KMM , I will support you but you know its not only me, all Myanmar Defence Weapons' funs.

    ReplyDelete
  10. ကျေးဇူးပါ အစ်ကိုရေ... :)

    ReplyDelete
  11. ကောင်းလိုက်တာဗျာ...အကို့ ဆိုဒ်ကို ကျွန်တော် အခုမှသိတယ်ဗျာ...နောက်ဆို ၀င်ဆွေးနွေးပါဦးမယ်.....

    ReplyDelete
  12. ဟုတ်ကဲ့ပါဗျာ ကြိုဆိုပါတယ်... ဘယ်သူမဆိုဝင်ရောက် ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ...။

    ReplyDelete
  13. S300 လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေရှိပါသလားခင် ဗျာ

    ReplyDelete
  14. ဘာပဲပြောပြော ရတာအကုန်ဝယ်။အ မေရိ ကန်ထုတ် ငရဲမီး ရော့ကဒ်ပါ တပ်ဆင်ပေးနိုင် ရင် ပိုကောင်းမယ်။

    ReplyDelete
  15. ကျွန်တော်ကတော့် ရဟတ်ယာဉ်တွေနဲ့ ပတ်သတ်ပြီးတော့တော်တော် အားရတယ် ဒီထက်လဲပိုပြီးတော့အဆင့်မြင့်စေချင်တယ် ကျေးဇူးဘဲကို MM ရေ ဒီနေ့ အဖို့ တော့တန်သွားပြီ

    ReplyDelete