Friday, December 21, 2012

တပ်မတော် (ရေ)၏ (၆၅) နှစ်မြောက် အခမ်းအနားအား ကြိုဆိုလျက်..

ကျွှန်တော်တို့အနေနှင့် တပ်မတော် (လေ) အထိမ်းအမှတ်ပြီးတော့ ဆက်လက်ရင်ခုန်စရာကောင်းတာကတော့ တပ်မတော် (ရေ) ရဲ့ အထိမ်းအမှတ်နေ့ အခမ်းအနားဘဲဖြစ်ပါတယ်....။ အခုချိန်ထိတော့ ဘယ်လိုလာမလဲဆိုတာ အသေချာမသိရသေးပင်မဲ့ အရင်နှစ်တွေထက်တော့ ထူးမယ်လို့ မျှော်လင့်ရပါတယ်....။

"(၂၄-၁၂-၂၀၁၂)ရက်နေ့တွင် ကျရောက်မည့် (၆၅)နှစ်မြောက် တပ်မတော်(ရေ)နေ့တွင် မိမိတို့ ပြည်တွင်း၌တည်ဆောက်သော ၄၅/၄၇ မီတာ အမြန်သွားတိုက်ခိုက်ရေးရေယာဉ် ၄ စီး (၅၆၇၊၅၆၈၊၅၆၉၊၅၇၀) နှင့် ၄၉ မီတာ ကိုယ်ပျောက်နည်းပညာသုံး ရေယာဉ် ၁ စီး (၄၉၁) တို့အား တပ်တော်ဝင်အခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း နှင့် ယင်းအခမ်းအနားသို့ တပ်မတော်အကြီးအကဲများ
တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။ တပ်မတော်(ရေ)နေ့အား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုဖော်ပြအပ်ပါသည်။"


မြန်မာ့တပ်မတော် (ရေ)ရဲ့ Official စာမျက်နှာတစ်ခုမဟုတ်ပင့်မဲ တိကျမှန်ကန်တဲ့ သတင်းတွေ၊ဓါတ်ပုံတွေကို တင်ပေးတတ်တဲ့ Myanmar Navy ရဲ့ ဖေ့ဘုတ်မှာ တင်ပေးထားတဲ့ အချက်လက်တွေဖြစ်ပါတယ်....။ ဒီသတင်းကို ဖတ်ပြီး ပြောမပြနိုင်လောက်အောင်ကို ဂုဏ်ယူမိပါတယ်ခင်ဗျာ... ဘာကြောင့်ဆိုရင် အခုချိန်ဟာ ကျွှန်တော်တို့ အမြဲသတိပေးနေသလိုဘဲ ရန်သူဘင်္ဂလားရေတပ်က အင်အားအဆမတန်တိုးချဲ့နေချိန်မို့လို့လည်း ဖြစ်ပါတယ်....။

 တပ်တော်ဝင်တော့မည် စစ်ရေယာဉ် ၄၉၁ (လက်နက်မတပ်ဆင်မှီက)


အမြန်သွားတိုက်ခိုက်ရေးယာဉ် ၅၅၁ မှစတင်ကာ တပ်မတော် (ရေ)၏ လိုအပ်ချက်များနှင့်အညီ ဖြည့်တင်းတည်ဆောက်လျှက်ရှိသော စစ်ရေယာဉ်များကို ယခုအခါတွင် အစီးရေ (၂၀)ကျော်ကာ ၅၇၀ အထိပင် တပ်တော်ဝင်အခမ်းအနားကျင်းပနိုင်တော့မည် ဖြစ်ပါသည်....။ ထို့ပြင် မိမိတို့ ပြည်တွင်းထုတ်   ၄၉ မီတာ ကိုယ်ပျောက်နည်းပညာသုံး ရေယာဉ် (၄၉၁) သည်လည်း တပ်မတော် (ရေ)တွင် စတင်တာဝန်ထမ်းဆောင်တော့မည်ဖြစ်ရာ မြန်မာ့တပ်မတော် (ရေ)၏ ရေပြင်ပိုင်နက်ကာကွယ်မှုအား ပိုမိုထိရောက်လာစေတော့မည်ဖြစ်ပါသည်....။ 

မြန်မာ့တပ်မတော် (ရေ)၏ အားထားဖွယ်ရာ ပဲ့ထိန်းဒုံးတပ် စစ်ရေယာဉ်အမျိုးအစား

 မြန်မာ့တပ်မတော် (ရေ)၏ ရေပြင်ပိုင်နက်အား ကာကွယ်ပေးမှုများအနက် သမိုင်းဝင်မှတ်တမ်း ဓါတ်ပုံတချို့ဖြစ်ပါတယ်....။ မြန်မာ့ရေပြင်အား လာရောက်ကျုးကျော်နေသော ဘင်္ဂလားရေတပ်အား မောင်းထုတ်ပေးခဲ့သည့် တပ်မတော် (ရေ)မှ စစ်ရေယာဉ်များနှင့် ရန်သူ့ရေယာဉ်များ ထိတွေ့မှု.....

ရေတပ် စစ်ရေယာဉ် (၅၇) အင်ယားနှင့် ထိတွေ့မှု
 အမြန်သွား တိုက်ခိုက်ရေးယာဉ် စစ်ရေယာဉ် ၅၅၄ နှင့် ထိတွေ့မှု
ရေနံရှာဖွေရေးလုပ်ငန်းများအား ကာကွယ်ပေးထားသည့် စစ်ရေယာဉ်များ

တပ်မတော် (ရေ)ရဲ့ ကိုယ်ပျောက် နည်းပညာသုံး စစ်ရေယာဉ် F12 ကျန်စစ်သား ဖရီးဂိတ်ကြီးဟာလည်း မကြာမှီ လက်နက်တပ်ဆင်မှုအပိုင်းပြီးစီးတော့မှာ ဖြစ်လို့ ရှည်လျားသော ကမ်းရိုးတန်းပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်နှင့်အညီ အင်အားတောင့်တင်းသော တပ်မတော် (ရေ) တစ်ခုအဖြစ် မြင်တွေ့ခွင့်ရလာကြတော့မည် ဖြစ်ပါတယ်....။ အဆိုပါ ကျန်စစ်သားစစ်ရေယာဉ်ပေါ်တွင်မှု လက်ရှိတာဝန်ထမ်းဆောင်နေသော အောင်ဇေယျ ဖရီးဂိတ်ကြီးထက်ပင် အဆင့်မြှင့်သော လက်နက်စနစ်များပါဝင်လာမည်ဟု သိရပါသည်.....။ 

ယခုအချိန်တွင် မြန်မာ့တပ်မတော် (ရေ)သည် ခေတ်မှီ ပဲ့ထိန်းဒုံးတပ် စစ်ရေယာဉ်အများပြားပိုင်ဆိုင်ထားသော အင်အားတောင့်တင်းသည့် တပ်မတော် (ရေ)ကြီး အဖြစ် မြန်မာ့ရေပြင်အား ကာကွယ်ပေးထားနိုင်ပြီးဖြစ်ပါတော့သည်ခင်ဗျာ......။


 ယခုပိုစ့်နှင့် ဆက်စပ်သည့် သတင်း၊ဓါတ်ပုံများရလာပါက ထပ်မံပေါင်းစပ် တင်ပြပေးပါဦးမည်ခင်ဗျာ......။

မြန်မာ့တပ်မတော် (ရေ) ၆၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တင်ပြပေးလိုက်ရပါသည်.....။

9 comments:

  1. တပ်မတော်(ရေ)ကို ဒီထက်ပိုပြီး တိုးတက်ခေတ်မှီ စေချင်ပါတယ် ... ဖြစ်နိုင်ရင် ရေပြာတပ်မတော် အဆင့်ထိပေါ့ ... ရေငုပ်သင်္ဘောတွေ လေယာဉ်တင်သင်္ဘောတွေ ဖျက်သင်္ဘောတွေနဲ့ အားပါတရ မြင်ချင်စမ်းပါဘိတော့ ... .. .

    ReplyDelete
  2. စစ်သင်္ဘောအရွယ်အစားတွေကကွာလှချီလား?မြန်မာစစ်သင်္ဘောတွေကအရွယ်အစားသေးနေသလိုဘဲ
    ယှဉ်နိုင် ပါ့မလား?

    ReplyDelete
  3. ၄၉၁ ပုံစံ ကြည့်ရတာတော့ တော်တော် stealth ဖြစ်မယ့် ပုံလေး ပဲ structure က la fayette class ထက်တောင် ရှင်း သလားလို့

    ReplyDelete
  4. ရေငုပ်သဘောင်္တွေဝယ်ဖို့ အစီစဉ်မရှိဘူးလား

    ထိုင်းနိုင်ငံကတောင်ဝယ်ထားပြီးပြီး

    ReplyDelete
  5. ရှိတယ်လို့တော့ ကြားဖူးတယ်ဗျ ... နောင် အလျဉ်းသင့်ရင် မြင်ရမယ်ထင်ပါတယ် ... .. .

    ReplyDelete
  6. ရေငုပ်သင်္ဘောတွေဝယ်သင့်တယ်

    ReplyDelete
  7. စစ်သင်္ဘောတွေ စောက်ရမ်းဆောက်နေတာ စစ်သည်ကမရှိဘူး ရဲကိုလည်းပေးချင်သေးတယ် သုံးမရတဲ့အရာရှိတွေက အများကြီးပဲ အခွင့်အရေးယူဖို့တော့ ထိပ်ဆုံးက၊ သင်္ဘော တစ်စီး ထွက်မယ်ဆိုရင် ဆီ ကလုံလောက်အောင် မပေးနိုင် တဲ့အပြင် ဆီ ကျလာရင် အထက်က ဖြတ်ယူသေးတယ်၊ ရေတပ်အထက်က လူကြီးတွေက ကြည်းတပ် အကြိုက် လုပ်ချင် တာတွေပဲ လျှောက်လုပ်နေတာ အောက်ခြေမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကြည့်တာမဟုတ်ဘူး၊ ကြည်းတပ် ကိုလည်း ကြောက်လိုက်တာ စောက်ရမ်း၊ အောက်မှာ က ခေါင်းတစ်လုံးနဲ့အိုး ဆယ်လုံးရွက်နေသလိုဖြစ်နေပြီ၊ ကိုယ့် အောက် တပ်တွေကျတော့ နှိပ်ကွပ်နေတယ်၊ နိုင်ငံတကာရေတပ်တွေ နဲ့ လည်းယှဉ်ချင်သေးတယ်၊ အိမ်နီးချင်း နိုင်ငံတွေကိုပဲ ယှဉ်နိုင်ဖို့ ကြိုးစားပါဦး၊ အရာရှိ စစ်သည် တွေ မှာ တော်တဲ့ လူတွေ ရှိပါတယ်၊ အထက်ကမကောင်းတော့ အောက်ခြေက လူတွေပါ အခုဆိုရင် အရည်အသွေးတွေ ကျဆင်းပြီး လူညံ့တွေဖြစ်ကုန်ပြီ၊ ဒီမှတ်ချက်ပေးရတာကတော့ ပြုပြင်စေချင်လို့ပါပဲ၊ ၀ိုင်းဝန်းလေ့လာ ပြုပြင်ပေးစေချင်ပါတယ်

    ReplyDelete
  8. stealth င်္သဘောတွေများများဆောက် နိုင် ရင် အ ကောင်းဆုံးပေါ့ဗျာ

    ReplyDelete
  9.ေ၇တပ်မှာစစ်သင်္ဘောတွေပဲ၇ှိပြီး၇ဲဘော်တွေမ၇ှိပါ ၁၀ တန်းအောင်ပြီးကလေးတွေ ၅ နှစ်တာဝန်ထမ်းဆောင်စေပြီးဆက်မလုပ်ချင်၇င် ဆီးဆားဗစ်စာ၇ွက်စတန်းထုတ်ပေးပြီးနိုင်ငံခြားသင်္ဘောလိုင်းတက်လို့ ၇အောင်စီစဉ်ပေးလိုက်ပါေ၇တပ်တွင်လူတော်များပေါများလာပါလိမ့် မည် လက်၇ှိ၇ဲဘော်များနှင့် လုံးဝအဆင်မပြေနိုင်ပါ ခင်ဗျား ။

    ReplyDelete