Saturday, December 29, 2012

ရေတပ်သတင်း စုံစုံလင်လင်

မြန်မာ့တပ်မတော် (ရေ) နှင့် ပတ်သက်တဲ့ သတင်းတွေ၊ဓါတ်ပုံတွေကို အဓိကတင်ဖြစ်တဲ့ဆိုက်ဖြစ်တာမို့ အခုလည်း ရေတပ်ဆိုင်ရာ မိမိလေ့လာမိတာတွေကို အနည်းငယ်ပြန်လည်မျှဝေချင်ပါတယ်.....။

တပ်မတော် (ရေ)၏ စစ်ရေယာဉ်သစ်များ တပ်တော်ဝင်အခမ်းအနား

တပ်မတော် (ရေ) အနေဖြင့် ရေယာဉ် ကြီး၊ငယ် မျိုးစုံအား ပြည်တွင်းတွင်ပင် တပ်ဆင်ထုတ်လုပ်နိုင်နေပြီဆိုတာ အားလုံးလည်း သိကြမှာဖြစ်ပါတယ်.....။ စစ်ရေယာဉ်တွေ တည်ဆောက်မှု့ သမိုင်းများအရဆိုရင်တော့ အခုနောက်ဆုံး ရေချပြီး လက်နက်တပ်ဆင်မှုအပိုင်းကို ဆက်လက်လုပ်ဆောင်နေတဲ့ ကျန်စစ်သား ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်ကြီးဟာ ရေတပ်ရဲ့ သမိုင်းမှတ်တိုင်သစ်တစ်ခုလို့ ယူဆနိုင်ပါတယ်....။


ဘာကြောင့်လည်းဆိုတော့ အဆိုပါရေယာဉ်ကြီးဟာ သမာရိုးကျရေယာဉ်များထဲက ခွဲထွက်ပြီး ရေဒါပျောက်နည်းပညာသုံးထားသည့် ဖရီးဂိတ်ကြီးတစ်စင်း ဖြစ်နေလို့ပါဘဲ....။ မကြာသေးခင်ကမှ တပ်တော်ဝင် အခမ်းအနားကျင်းပခဲ့တဲ့  ၄၉ မီတာ အရှည်ရှိ ကိုယ်ပျောက်နည်းပညာသုံး တိုက်ခိုက်ရေးယာဉ်ဟာလည်း ရေဒါပျောက်နည်းပညာသုံး တိုက်ခိုက်ရေးယာဉ် တစ်စင်းဖြစ်ပြီး ယခုဖော်ပြမဲ့ ကျန်စစ်သားရေယာဉ်ဟာ တပ်မတော် (ရေ)၏ ဒုတိယမြောက် ရေဒါပျောက်နည်းပညာသုံး စစ်ရေယာဉ်ဖြစ်ပါတယ်.....။

၄၇မီတာအရှည်ရှိ ရေယာဉ်များနှင့် ပတ်သက်၍ အချက်လက်တချို့....

"....(၆၅)နှစ်မြောက် တပ်မတော်(ရေ)နေ့တွင် တပ်တော်ဝင်ခဲ့သည့် ၄၇ မီတာ စစ်ရေယာဉ် ၄ စီး သည် ယခင် 5 Series များကဲ့သို့ပင် မြန်နူန်းကောင်းသော ဒီဇိုင်းဖြစ်သော်လည်း အဆင့်အနည်းငယ် မြှင့်ထားသည့် 40 mm အမြောက်နှင့် 14.5 mm Gun များသာ တပ်ဆင်ထားကြောင်း တွေ့ရသည်။အချိန်ယူရသည့် Platform ကို ပထမအဆင့် ဦးစားပေး တည်ဆောက်၍ ဒုံပျံ၊ အခြားလက်နက်နှင့် လက်နက်စနစ်များကို အချိန်အတိုင်းအတာ တစ်ခုအတွင်း ထပ်မံ တပ်ဆင်သွားနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရသည်။သို့ရာတွင် လက်ရှိအနေအထားအရ Constabulary Role တွင် တာဝန်ပေးအပ်နိုင်သော အခြေအနေ ရှိပါသည်။....."

 လက်နက်တပ်ဆင်မှု အရ လောလောဆယ်တွင် ဒုံးပျံများအား တပ်ဆင်မထားသေ စေကာမှု ဒုံးတပ်ဆင်မှု အပိုင်းအား ဆက်လက်လုပ်ဆောင်မည်ဟု သိရပါသည်...။ ရေယာဉ်၏အမြောက်အဖြစ် ၄၀ မမ အမြောက်စနစ်အား တပ်ဆင်ထားပြီး  ၁၄.၅မမ ၂  လက်တပ်ဆင်ထားပါသည်....။ ဒုံးစနစ်အဖြစ် စီ-၈၀၁/၈၀၂ များအား တပ်ဆင်ထားပါမည်....။

၄၉ မီတာအရှည်ရှိသည့် ရေယာဉ်၏ အချက်လက်တချို့ .....


"...၄၉ မီတာ စစ်ရေယာဉ်သည် မြန်မာ့တပ်မတော်(ရေ)၏ ကိုယ်တိုင်တည်ဆောက်သော ပထမဆုံး ကိုယ်ပျောက်နည်းပညာသုံး အမြန်သွားတိုက်ခိုက်ရေးရေယာဉ်ဖြစ်ပြီး C-802 ဒုံးပျံ ၄ စင်း၊CIWS များ၊ EW စနစ်များ နှင့် Integrated Command and Control စနစ်များ တပ်ဆင်ထားရှိမည်ဟု ခန့်မှန်းရသည်။ရေဒါဖြင့် ဖမ်းယူရန်ခက်ခဲပြီး မြန်နူန်းမြင့် စွမ်းရည်ရှိသဖြင့် ရေပြင်စစ်ဆင်ရေးနှင့် ကြားဖြတ်တိုက်ခိုက်ရေးအတွက် အထူးသင့်တော်သည်ဟု ယူဆနိုင်သည်။...."

 ၄၉ မီတာ အမြန်တိုက်ခိုက်ရေး ရေယာဉ်မှာ တပ်ဆင်ထားတဲ့ လက်နက်စနစ်တွေကို ကြည့်လိုက်မယ်ဆိုရင် ဒေသတွင်းရေတပ်များတွင် အသုံးပြုထားသည့် လက်နက်စနစ်များအား ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာ သိသာပါတယ်....။ ရေယာဉ်ရဲ့ အဓိက ဒုံးလက်နက်ဖြစ်တဲ့ စီ-၈၀၂ ပဲ့ထိန်းဒုံးစနစ်ဟာ အကွာအဝေး ကီလိုမီတာ ၁၂၀ကျော်အထိ ပစ်ခတ်နိုင်စွမ်းရှိပြီး ရန်သူ့ရေယာဉ်ကို ကောင်းကောင်းချေမှုန်းနစ်မြုပ်ပစ်နိုင်တဲ့ ဒုံးစနစ်ဖြစ်ပါတယ်....။ စီ-၈၀၂ ဒုံးစနစ်ဟာ အပြင်မှ လက်တွေ့အသုံးပြုတိုက်ခိုက်ခဲ့ဘူးတဲ့ သာဓကတွေရှိပါတယ်.....။ တကယ်ထိရောက်တဲ့စနစ်ပါ....။

စီ-၈၀၂ × ၄  စင်းဟာ အမြန်တိုက်ခိုက်ရေး ရေယာဉ်တစ်စင်းအတွက် လုံလောက်တယ်လို့ ဆိုနိုင်ပါတယ်.....။ ၅ စီးရီးရေယာဉ်တွေဖြစ်တဲ့ ၅၆၁ နှင့်အထက် စစ်ရေယာဉ်များမှာလည်း စီ-၈၀၂ ဒုံးတွေတပ်ဆင်ထားပါတယ်.....။ မြန်နှုန်းမြင့်စက်အမြောက်စနစ်ဖြစ်တဲ့ CIWS စနစ်မှာလည်း အရင်ကအသုံးပြုခဲ့တဲ့ အေကေ-၂၃၀ တွေအစား ပိုမိုပစ်အားကောင်းတဲ့ အေကေ-၆၃၀ စနစ်ကို တပ်ဆင်ထားပါတယ်....။

ကျန်စစ်သား ဖရီးဂိတ်စစ်ရေယာဉ်

ကျန်စစ်သားဖရီးဂိတ်စစ်ရေယာဉ်ကို အရမ်းစိတ်ဝင်စားမိပင်မဲ့ ရရှိထားတဲ့ အချက်လက်တွေက အနည်းငယ်ဘဲရရှိထားပါတယ်....။ အချက်လက်တွေအပေါ်မှာ အခြေခံပြီးရေးရမယ်ဆိုရင်တော့...။ ကျန်စစ်သားရေယာဉ်ကို တပ်မတော် (ရေ) ရေတပ်သင်္ဘောကျင်းမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလထဲမှာဘဲ ရေချနိုင်ခဲ့ပြီးဖြစ်ပါတယ်....။ ကိုယ်ပျောက်နည်းပညာအသုံးပြုထားကာ လက်နက်စနစ်များအရတော့ အရင် အောင်ဇေယျ F11 ကဲ့သို့ပင် ရုရှားရေတပ်၏ ခေတ်မှီနည်းပညာသုံး ပဲ့ထိန်းဒုံးစနစ် Kh-35E ဒုံးအမျိုးအစားကိုပင် တပ်ဆင်မည်ဟု ယူဆရနိုင်ပါတယ်....။ 
 ကျန်စစ်သားစစ်ရေယာဉ်၏ တည်ဆောက်မှု မှတ်တမ်း


CIWS စနစ်အဖြစ် အေကေ-၆၃၀ စနစ်များအား တပ်ဆင်ကာ ရေပေါ်ရေအောက် စစ်ဆင်နိုင်မည့် လက်နက်စနစ်များပါရှိမည်ဖြစ်ပါသည်....။ အောင်ဇေယျ စစ်ရေယာဉ်ပြီးနောက် ဒုတိယမြောက် တည်ဆောက်ခဲ့သော် ဖရီးဂိတ်စစ်ရေယာဉ်ဖြစ်ပြီး လက်ရှိ တပ်မတော် (ရေ)တွင် ဖရီးဂိတ် (၃)စင်းမှ တာဝန်ထမ်းဆောင်နေပါသည်....။

အောင်ဇေယျ ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်

အောင်ဇေယျ စစ်ရေယာဉ်အနေဖြင့် အရင်က ရေပြင်မှရေပြင်ပစ် ဒုံးပျံများအား ၄ စင်းသာ တပ်ဆင်ထားသည်ကို တွေ့ရပြီး ယခုနောက်ဆုံး (တပ်တော်ဝင်အခမ်းအနား) တွင်မူ Kh-35E ဒုံးပျံ ၈ စင်း တပ်ဆင်ထားကြောင်းတွေ့ရပါသည်....။

နောက်ဆုံးအချက်လက်တွေဖော်ပြပေးပါ့မယ်....

၄၉မီတာ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်

ဧရာခင်းအခမ်းအနား .............၂၁၊ မတ်လ ၂၀၁၀

ရေချအခမ်းအနား ..................၁၄၊ ဖေဖော်ဝါရီလ ၂၀၁၂

ပထမအကြိမ်စမ်းသပ်မောင်းနှင်ခြင်း............... ၂၄၊ စက်တင်ဘာလ ၂၀၁၂ (ရန်ကုန်မြစ်အတွင်းတွင် ခရီးတို စက်စမ်းသပ်မောင်းနှင်ခြင်း)

ဒုတိယအကြိမ်စမ်းသပ်မောင်းနှင်ခြင်း.............. ၂၀၊ အောက်တိုဘာလ ၂၀၁၂ ( ပင်လယ်ပြင် ခရီးရှည် စက်စမ်းသပ်မောင်းနှင်ခြင်း)

ရေယာဉ်တွင် စက်မကြီး ၄ လုံးတပ်ဆင်ထားသည်။

ရေယာဉ်သွားနှုန်း............. ၁ နာရီတွင် ရေမိုင် ၃၀နှင့်အထက်

စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရာတွင် ၁နာရီတွင် ရေမိုင် ၂၂ မိုင်နှုန်း မောင်းနှင်၍ ရေမိုင် ခရီး ၁၀၀၀ ကို ဆီ၊ရေ ထပ်မံဖြည့်တင်းစရာမလိုဘဲ အဆက်မပြတ်မောင်းနှင်နိုင်သည်။ ဒုံးပျံစနစ်များ၊လေကြောင်းရန် ကာကွယ်ရေးစနစ်များ ၊ အာရုံခံကိရိယာရေဒါစနစ်များ တပ်ဆင်ထားသဖြင့် လှိုင်းလေကြားတွင် အီလက်ထရွှန်နစ်စစ်ဆင်ရေးများအား ထိရောက်စွာတိုက်ပွဲဝင်နိုင်ပါသည်....။



မီတာ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်


ဧရာခင်းအခမ်းအနား .............ဇန်နဝါရီ နှင့် မတ်လ ၂၀၀၉

ရေချအခမ်းအနား ..................၂၁၊ မတ်လ ၂၀၁၁

ပထမအကြိမ်စမ်းသပ်မောင်းနှင်ခြင်း...............  စက်တင်ဘာလ ၂၀၁၁ မှ ဇန်နဝါရီ ၂၀၁၂ အတွင်း  (ရန်ကုန်မြစ်အတွင်းတွင် ခရီးတို စက်စမ်းသပ်မောင်းနှင်ခြင်း)

ဒုတိယအကြိမ်စမ်းသပ်မောင်းနှင်ခြင်း..............  အောက်တိုဘာလ မှ ဒီဇင်ဘာလအတွင်း ၂၀၁၁ ( ပင်လယ်ပြင် ခရီးရှည် စက်စမ်းသပ်မောင်းနှင်ခြင်း) စသည်ဖြင့် လေ့လာမှတ်သားရပါသည်....။


ရေတပ်အကြောင်းလေးတွေကတော့ ဒီနေ့အတွက် ဒီလောက်ပါဘဲခင်ဗျာ... ရေးလက်စ ပိုစ့်တွေအနေနှင့် ထပ်ပြီးလေ့လာစရာလေးတွေ ရှိနေလို့ပါ....။ အဆင်ပြေရင်တင်ပေးပါဦးမယ်ခင်ဗျာ...( အားလုံးကိုကျေးဇူး အထူးပါ.....။)

ကိုးကား- မြန်မာ့ရေတပ်
           - မြဝတီသတင်းဌါန သတင်းများ
           - ညီ၊အစ်ကို နှင့် မိတ်ဆွေများ

9 comments:

  1. Good to know about our navy< Thank Ko mm> Stealth design is great> I think < not enough only one. Should build more. We have only 3 frigate?

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်ခင်ဗျား

    ReplyDelete
  3. ထပ်ရေးပါအုံး

    ReplyDelete
  4. According to this link "http://mmmilitary.blogspot.com/2012/03" F11 armed with four C602 antiship missile. How come Kh-35E now? Probably F11 has eight C-602?

    ReplyDelete
  5. အသစ်လေးတွေတင်ပေးပါအုံး

    ReplyDelete
  6. ရခိုင်ကမ်းလွန်မှာ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေ အများကြီးရှိနေသမျှ ... ပင်လယ်ပြင်လုံခြုံရေးဟာ သိပ်ကိုအရေးပါလာပါတယ် ... တပ်မတော်ရေ ဆက်လက်တိုးတက် အောင်ပွဲဆင်နိုင်ပါစေဗျာ .........

    ReplyDelete
  7. တပ်မတော်ကြီးဆက်လက်တိုးတက်ပါစေ

    ReplyDelete
  8. မြန်မာရေတပ်မတော် ကိုတော့အားရပါတယ် နောက်တစ်ခုက မြန်မာရေတပ်မတော်မှာ ရေငုတ်သင်ဘောတွေကောရှိလားဆိုတာ သီချင်ပါတယ် မြန်မာရေတပ်မတော်ဒီထက်ပိုပြီး အောင်မြင်နိုင်ပါစေ တိုးတက်ပါစေ

    ReplyDelete
  9. မြန်မာ့ရေတပ်မတော်ကိုလည်းအိမ်နီးချင်ူနိုင်ငံများနည်းတူရေငုပ်သင်္ဘောများဝယယူဖြည်တင်းရန်လိုအပ်နေပြီဖြစ်သည်။ဒါမှသာမြန်မာကိုအိမ်နီးချင်းများကလေးစားကြောက်ရွံ့ လာမှာပါ

    ReplyDelete