Saturday, December 1, 2012

တပ်မတော် (လေ)၏ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်များ

မြန်မာ့တပ်မတော် (လေ)၏ လက်ရှိအသုံးပြုနေသည့် တိုက်ခိုက်ရေးယာဉ်များ၊ သယ်ယူပို့ဆောင်ရေးယာဉ်များအနက် တင့်ကားဖျက်၊ဘန်ကာဖျက်၊ မြေပြင်ပစ်ကူပေးရေး စသည့်အချက်များကို ရည်ရွှယ်ကာ ဝယ်ယူထားသော တိုက်ခိုက်ရေး ရဟတ်ယာဉ်များသည် အထူးနာမည်ကြီးလျက်ရှိနေပါသည်....။

ဆိုဗီယက်တပ်မတော်တွင် အသုံးပြုရန်အတွက် ရည်ရွှယ်ကာထုတ်လုပ်ထားသော Mi-24 တိုက်ခိုက်ရေးရဟတ်ယာဉ်များသည် တင့်ဖျက်ယာဉ်များအဖြစ် လူသိများပြီး ဘက်စုံတိုက်ခိုက်ရေးအတွက်သာမက စစ်သည်များကိုလည်း သယ်ဆောင်နိုင်သောကြောင့် အခြားသော တိုက်ခိုက်ရေးရဟတ်ယာဉ်များထက် ပိုမို၍ လူကြိုက်များကြခြင်းလည်းဖြစ်ပါသည်....။ အဆိုပါ ဆိုဗီယက်ထုတ် Mi-24 တိုက်ခိုက်ရေးရဟတ်ယာဉ်များအား ပြည်ပသို့လည်း ရောင်းချခဲ့ရာ Mi-35 ဟူသော အမည်ဖြင့် ရောင်းချခြင်းဖြစ်ပါသည်....။ Mi-35 ရဟတ်ယာဉ်များထဲတွင်လည်း မျိုးကွဲများထပ်မံကွဲပြားပြန်ရာ တပ်မတော် (လေ)ရှိ Mi-35 တိုက်ခိုက်ရေးယာဉ်များသည် (P) အဆင့်တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြစ်ပါသည်....။

ကမ္ဘာစစ်ပွဲအတော်များများတွင်လည်း ပါဝင်ခဲ့ဘူးပြီးဖြစ်ကာ အားနည်းချက်များအား အဆင့်ဆင့်ပြုပြင်ခဲ့ပြီးနောက် ထွက်လာသော အဆိုပါ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်များသည် မြန်မာ့တပ်မတော် (လေ)တွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး ဒေသတွင်းနိုင်ငံများထဲတွင်မှု အိန္ဒိယလေတပ်၊အင်ဒိုနီးရှားလေတပ်၊ ဗီယက်နမ် နှင့်  သီရိလင်္ကာလေတပ်များတွင်လည်း အသုံးပြုလျက်ရှိပါသည်...။ သီရိလင်္ကာလေတပ်၏ အဆိုပါတိုက်ခိုက်ရေးရဟတ်ယာဉ်များအား တမီလ်းကျားသူပုန်များအား နှိမ်နင်းရာတွင် အသုံးပြုခဲ့ရာ အလွန်ထိရောက်မှုရှိကြောင်း သတင်းများအရသိ၇ပါသည်....။

မြန်မာ့တပ်မတော် (လေ)၏ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်

  အင်ဒိုနီးရှားလေတပ်၏ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်

သီရိလင်္ကာလေတပ်၏ Mi-35 (Mi-24V) တိုက်ခိုက်ရေးရဟတ်ယာဉ်

ဗီယက်နမ်လေတပ်၏ Mi-24A တိုက်ခိုက်ရေးရဟတ်ယာဉ်

 အိန္ဒိယလေတပ်၏ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်

 မြန်မာ့တပ်မတော် (လေ)၏ Mi-35 တင့်ဖျက်၊တိုက်ခိုက်ရေးရဟတ်ယာဉ်များ

သတင်းအချို့တွင် အစီးရေ (၅၀)ဟု ရေးတတ်ကြသော်လည်း ကျွှန်တော်အနေဖြင့် သီးခြားအတည်ပြုချက်မရသေးပါ.....။ လေ့လာမိသလောက်တွင်မှု အနည်းဆုံး (၁၀) စင်းပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း သိရပါသည်....။

မြန်မာနိုင်ငံသို့ မပေးပို့မှီ် ရုရှားနိုင်ငံအတွင်းတွင် စမ်းသပ်ပျံသန်းနေစဉ်
လက်နက်တပ်ဆင်မှုအပိုင်းတွင်မှု ၃၀မမ စက်သေနတ်ကြီးများတပ်ဆင်ထားမှုအားကြည့်မည်ဆိုပါက တင့် (သို့) ဘန်ကာဖျက်ရာတွင် အထူးအသုံးဝင်မည်ဖြစ်ကြောင်း သိရပါသည်....။

14 comments:

  1. It has nick name as "Flying tank"

    ReplyDelete
  2. ဒီနှစ်လယ်ကချင်မှာနယ်ခြားစောင့်တပ်ကို KIA overrun လုပ်ခံရနီးမှာ MI35 ပစ်ကူဝင်ပေးခဲ့ဖူးပါတယ်။ ထိမှန်မှုရှိခဲ့ပေမဲ့ပျက်တော့မကျသွားပါဘူး။ KIA လဲအတော်အထိနာသွားခဲ့တယ်လို့သိရပါတယ်။

    ReplyDelete
  3. ဒီကောင်တွေက မျိုးဆက်တခုလောက် နောက်ကျနေပြီ မဟုတ်လားဗျ။ Mi-28 ကမှ အမေရိကန်ရဲ့ အပါချီ AH-64D တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ လယ်ဗယ် ပါဝါရှိတာမဟုတ်ဘူးလား။ လေတပ်က ဖြစ်နိုင်ရင် ဒီ Mi-24 တွေ ထပ်မ၀ယ်ဘဲ Mi-28 တွေ ၀ယ်ရင်ကောင်းမယ်။ လေတပ်လိုဟာမျိုးကို နိုင်ငံချင်းဖြစ်မယ့်စစ်မျိုးအတွက် စဉ်းစားပြီး လက်နက်တပ်ဆင်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ ကရင် ကချင်သူပုန်တွေနဲ့ဖြစ်တဲ့ ပြည်တွင်းစစ်လောက်အတွက်ဘဲ အသုံးဝင်ရုံလောက်ဆိုရင် မတန်ဘူးလို့ထင်တယ်။ စစ်သားတယောက် မဟုတ်တဲ့အတွက် ကျွန်တော်တွေးတာလဲ မှားနိုင်ပါတယ်။

    တလက်စတည်း မြန်မာ့တပ်မတော်က ထုတ်နေတဲ့ လက်နက်ငယ်တွေရဲ့ ကုန်ကျစရိတ်လည်း သိခွင့်ရှိရင် သိလိုပါတယ်။ AK 47 တလက်အပြည့်အစုံကို ၇၅ ဒေါ်လာနဲ့ဝယ်လို့ရတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ အမ်အေစီးရီးတွေက တလက်ကို ထုတ်လုပ်မှုကုန်ကျစရိတ် ဘယ်လောက်ရှိလဲ သိချင်မိပါတယ်။

    ReplyDelete
  4. ကျွန်တော်တို့သုံးတဲ့ Mi-35P က ခေတ်မှီ updated version ဖြစ်ပါတယ်။ Mi-35P (Mi-24) တွေအတွက် နှိုင်းယှဉ်စရာ ပြိုင်ဖက် မရှိပါ။ ဘာဖြစ်လို့လဲဆိုတော့ Role နှစ်ခု (စစ်သည်/ လူနာ သယ်ယူပို့ဆောင်ရေး နှင့် မြေပြင်ပစ်ကူ/တိုက်ခိုက်ရေး) တစ်ပြိုင်နက် တာဝန် ထမ်းဆောင်နိုင်တာ Mi-35P (Mi-24)တစ်မျိုးဘဲရှိပါတယ်။ အပါချီ AH-64D ကမြေပြင်ပစ်ကူ/တိုက်ခိုက်ရေး တစ်မျိုး တည်းသာ တာဝန် ထမ်းဆောင်နိုင် ပါတယ်။ Bell, Huey 205 ကဲ့သို့ ရဟတ်ယာဉ် များက စစ်သည်တင် နှင့် လူနာကောက် တာဝန်သာထမ်းဆောင်နိုင်ပြီး M-60 ကဲ့သို့ စက်လတ် အများဆုံးဘယ်/ညာ နှစ်လက် နှင့်သေနတ်ပစ်စစ်သည်နှစ်ဦး ပါတင်ဆောင်ထားလျင် စစ်သည်တင် နှင့် လူနာကောက် တာဝန်ကို စွမ်းရည်ပြည့် မထမ်းဆောင်နိုင်တော့ပါ။ တိုက်ခိုက်ရေး တာဝန်ပေးမည်ဆိုပါကလဲ စက်သေနတ်၊ ရော့ကက် များတတ်ဆင်ပြီးပါက စစ်သည်တင် နှင့် လူနာကောက် တာဝန် လုံးဝမထမ်းဆောင်နိုင်တော့ပါ။ အကယ်လို့ မရ အက ယှဉ်ထိုးကြည့်ပါက MH-60L Direct Action Penetrator (DAP)နှင့်သာ နှိုင်းယှဉ် သင့်ပါသည်။ ပစ်အားတွင် ယှဉ်နှိုင်လာသော်လည်း Mi-35 ၏ ကျည်ကာ နှင့်အမြန်နှုန်း ကို လုံးဝမယှဉ်နိုင်ပါ။ AH-64D ကိုတန်ပြန်နိုင်ရန် Ka-50, Ka- 52 & Mi-28 တို့ ကိုလဲဝယ်ထားသင့်ပါသည် ဟုထင်မြင်ယူဆမိပါသည်။

    ReplyDelete
  5. ၂၈ နဲ့ ၃၅ က တည်ဆောက်ထားတဲ့ရည်ရွယ်ချက်ကိုက မတူပါဘူးဗျာ။ ၃၅ က ground attack ကိုဦးစားပေးတာပါ။ နောက်တခု က comment တော်တော်များများမှာ ခေတ်မမှီတော့ပါဘူးဆိုတာမျိုး တွေ့ရတယ်။ စစ်လက်နက်မှာ ကျွန်တော့အမြင်ကတော့ လူသတ်လို့ရနေသရွေ့ အသုံးဝင်တာပဲဗျ။ mig29 နဲ့ f16 ဆိုတာမျိုးပေါ့ဗျာ။ Varient တွေ version တွေမှမတူကြတာ။ ခုလက်ရှိ tank တွေ fighter jet တွေတကယ်သာသုံးမရ ရင် ယိုးဒယားက gripen fighter တွေ oplot tank တွေငွေကုန်ခံဘယ်ဝယ်မလဲ။ f16 ရှိပြီးသားပဲ

    ReplyDelete
  6. ကိုအောင်အောင် နားလည်မှုလွဲနေပြီ။ ကျွန်တော်က အခုမြန်မာ့တပ်မတော်က ၀ယ်ထားတဲ့လက်နက်တွေကို သုံးမရဘူးလို့ လာလှောင်နေတာ မဟုတ်ဘူးခင်ဗျ။ ကျွန်တော်ကိုယ်တိုင်က စစ်သားတယောက်မဟုတ်ပေမယ့် စစ်တပ်မိသားစုကပါဘဲ။ မြန်မာ့တပ်မတော်ကို ခေတ်မီအင်အားတောင့်တင်းတဲ့ တပ်မတော်ဖြစ်စေချင်တဲ့အထဲမှာ ထိပ်ဆုံးကပါပါတယ်။ တရုတ်၊အိနိယ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတွေကို အိမ်နီးချင်းလုပ်နေရတဲ့ ကျွန်တော်တို့နိုင်ငံမှာ အင်အားတောင့်တင်းတဲ့ စစ်တပ်မရှိရင် အချိန်မရွေးကျူးကျော်ခံရနိုင်တယ်ဆိုတာကို လက်ခံထားတဲ့သူပါ။

    ခေတ်အဆက်ဆက် စစ်ပွဲတွေမှာ လက်နက်က အရေးပါတာပေါ့ဗျာ။ ကျွန်တော်တို့ အင်္ဂလိပ်-မြန်မာစစ်ပွဲမှာရှုံးတာ လက်နက်ကြောင့်လေဗျာ။ လူသတ်လို့ရတာတော့ လေးနဲ့မြားနဲ့ပစ်လည်း သတ်လို့ရတာပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေ လူအများကြီးရှိတဲ့နိုင်ငံတွေဗျ။ ဖြစ်ပြီဆိုရင် Israel လိုမျိုး ကိုယ်ဘက်တယောက်ကို သူတို့ဘက်ကအယောက်နှစ်ဆယ်လောက် သေအောင်သတ်နိုင်မှခင်ဗျ။

    တနှစ်ကို မြန်မာ့တပ်မတော်က ဒေါ်လာ ၂ဘီလျံနဲ့ ၇ဘီလျံယံကြား သုံးစွဲတယ်လို့ ခန့်မှန်းကြပါတယ်။ အတိအကျတော့ ဘယ်သူမှ မသိဘူးပေါ့ဗျာ။ ကျွန်တော်အခုဝင်ဝေဖန်တာက အဲဒီလောက်ပိုက်ဆံတွေသုံးရင် သုံးတာနဲ့ တန်အောင် ရစေချင်လို့ပါ။ ကျွန်တော်မြင်ရသလောက်က ဘယ်သူမှန်းမသိတဲ့ ကြားပွဲစားအိတ်ထဲရောက်တာ အရမ်းများပြီး မြန်မာ့တပ်မတော်က အရမ်းနစ်နာတယ်ထင်လို့ပါ။ ( တေဇလိုခရိုနီအိတ်ကပ်ထဲလည်း ဖြစ်ချင်ဖြစ်မယ်။ စစ်လက်နက်ပစ်စည်းဝယ်ယူရေးညွှန်ကြားရေးမှုးရုံးက လူတွေအိတ်ထဲလည်း ဖြစ်ချင်ဖြစ်မယ်။)

    ကျွန်တော့်အမြင်ကတော့ ဒူးလေးဆယ်စင်းဝယ်ထားတာထက် စက်သေနတ်တလက်ဝယ်တာက ပိုအသုံးကျမယ်လို့ ထင်ပါတယ်။ အခုက ဆိုဗီယက်ယူနီယံခေတ်လက်ကျန် သူတို့ရုရှတပ်မတော်ဂိုဒေါင်ထဲက စုပုံထားတဲ့ဟာတွေကို ကျွန်တော်တို့က ဈေးကြီးပေးဝယ်နေရတယ်လို့ ထင်တယ်ဗျာ။ ဥပမာတခုပေးမယ်ဗျာ။ အခုဝယ်ထားတဲ့ MIG-29s တွေဗျာ။ ကျွန်တော်ဖတ်ရသလောက်တော့ ရုရှလေတပ်ကိုယ်တိုင်က သူတို့လေတပ်မှာရှိတဲ့ MiG-29 အများစုဟာ combat duties အတွက်မသင့်တော်တော့ပါဘူးလို့ ၀န်ခံထားတယ်ခင်ဗျ။ ရှိသမျှ MIG-29s တွေရဲ့ ၇၀% ဟာ ပျံသန်းချိန် သတ်မှတ်နာရီကျော်လွန်ပြီးတော့ စိတ်မချရတော့ပါဘူးလို့ပြောထားပါတယ်။ ၂၀၀၈ မှာ ရုရှ MIG 29s တစင်း ဆားဘီးယားမှာ ပျက်ကျလို့ MIG 29s အားလုံးကို ပျံသန်းမှု ရပ်ဆိုင်းလိုက်တယ်။ ၂၀၀၉ မှာ ကျွန်တော်တို့ မြန်မာလေတပ်က MiG 29 တွေကို ၀ယ်ဖို့လှမ်းမှာတယ်။ ရုရှက အဲဒီရပ်လိုက်တဲ့ MiG-29s တွေကို MiG-29SMT အဖြစ်အဆင့်မြှင့်လိုက်ပါပြီးဆိုပြီး ရောင်းတယ်။ တကယ်က အဆင့်မြှင့်တာမဟုတ်ဘူး။ သက်တမ်းကုန်နေတာကို လက်ပူတိုက်ပြီး ကျွန်တော်တို့ဆီက ကားပွဲစားတွေ ပတ်တီးစီး၊ မိတ်ကပ်ဖို့လုပ်သလို ရောင်းလိုက်တာဗျ။

    ကျွန်တော်ဝေဖန်တာတွေက အကိုတို့ စစ်သားတွေ မခံချင်ဖြစ်ချင်လည်းဖြစ်မယ်။ ဒါပေမယ့် တကယ်တမ်းဖြစ်ရင် ရှေ့ဆုံးက သေရမှာက အကိုတို့ဗျ။ ဂျင်းထည့်သွားတဲ့ ပွဲစားက မျက်ရည်တချက်ကျမှာ မဟုတ်ဘူး။ ကိုယ့်မှာရှိတာကို အရှိအတိုင်းသိထားမှ ဖြစ်မယ်လေ။ အရှိအတိုင်းလက်ခံမှ တိုးတက်အောင် ပြင်လို့ရမှာပေါ့။

    စစ်လက်နက်ဝယ်ရင် ဘယ်လောက်သုံးတယ်ဆိုတာထက် ဘယ်လိုသုံးတယ်ဆိုတာက ပိုအရေးကြီးမယ်ထင်တယ်။ လက်ရှိအကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ m1a2 Abram, Challenger 2, တင့်တွေ အသစ်စက်စက်မှ ဒေါ်လာ ၆သန်းနဲ့ ၈သန်းကြား ရောင်းနေတဲ့အချိန်မှာ ကျွန်တော်တို့က ဆိုဗီယက်လက်ကျန် ဂိုထောင်ထဲကဟာတွေကို ဘယ်လောက်တောင်ပေးဝယ်နေရလဲ။ ဂိုထောင်ရှင်းတဲ့အဟောင်းအမြင်းတွေကို ကြားပွဲစားဖိုးနင့်နေအောင်ပေးပြီး ၀ယ်ထားတော့ တကယ်တမ်းမှာ ဘင်္ဂလားလိုကောင်ကိုတောင် လေသံမမာရဲတာ အကိုတို့ အမြင်ဘဲလေ။

    အပေါ်က ရဟတ်ယာဉ်ပိုစ့်နဲ့ ဆက်စပ်အောင်ပြန်ပြောရရင် တိုက်ခိုက်ရေးရဟတ်ယာဉ် ဆိုတာကတော့ မြေပြင်ချေမှုန်းရေးအတွက်ကြီးပါဘဲဗျာ။ ဘယ်သူမှ လေယာဉ်နဲ့စီးချင်းထိုးဖို့ ထုတ်ထားတာ မဟုတ်ပါဘူး။ ၃၅ က လူသယ်လို့ရတယ့် ဖန်ရှင်ပါတယ်။ ၂၈ က လူသယ်လို့မရဘူး။ ဒါပေမယ့် ပေါ့ပါးမှု၊ လက်နက်ပစ်အား၊ ကျည်ကာ စတာတွေက အများကြီး သာပါတယ်။ ၂၈ က ၂၄ ၊ ၃၅ တွေရဲ့ အားနည်းချက်တွေကို ပြုပြင်ပြီး ထုတ်ထားတဲ့ မျိုးဆက်သစ်ဘဲ။ ဈေးကလည်း တော်တော့်ကို ချိုတယ်။ ဒါကြောင့်ဝယ်မယ်ဆိုရင် ၂၈တွေ ၀ယ်တာက ပိုကောင်းမယ်လို့ ပြောတာပါ။ ဘယ်အားနည်းချက်တွေကို ဘယ်လိုပြုပြင်ထားတယ်ဆိုတာ ၀ီကီမှာ အသေးစိတ်ဖတ်လို့ ရပါတယ်။

    မြန်မာ့တပ်မတော် လက်နက်ဝယ်ယူတာက ကွန်ပြူတာ P4 တွေ ဈေးအသင့်အတင့်နဲ့ ရနိုင်ပါလျက်နဲ့ P3 အဟောင်းတွေကို ဈေးကြီးပေးလိုက်ဝယ်သလို ဖြစ်နေသလားလို့။ စိတ်ဆိုးလည်း မတတ်နိုင်ဘူးဗျာ။ နောင်လည်း ၀င်ရေးရမှာဘဲ။




    ReplyDelete
    Replies
    1. ဒီလို ဝေဖန်ရေးမျိုးကို ကြိုဆိုပါတယ်။ အားလုံးဆက်ဆွေးနွေးကြတာပေါ့။

      Delete
  7. ဒေါ်လာ ၆၅သန်းတန် su35 ကို ၁၀ စီး ၀ယ်လိုက်ရင် လောလောဆယ် တော်တော်ကောင်းသွားမယ်ဗျ..

    ReplyDelete
  8. ကို Zack Mocky ပြောသွားတာကောင်းလိုက်တာ မှန်တယ်ဗျာ လူသတ်နိုင်တိုင်းလက်နက်အဖြစ် အသုံးဝင်တယ်ဆိုရင် ပြည်တွင်းမှာထုတ်လို့ရတဲ့ ဒူးလေးတို့ မြှားတို့ပဲ တပ်မတော်ကိုတပ်ဆင်ပေး လိုက်တော့ပေါ့ ဘာလို့ Migတွေ Mi35တွေ ဒေါ်လာနဲ့ ဝယ်နေကြတာလဲ? အရည်အချင်းတို့ အရည်အသွေးတို့ ဆိုတာတွေရဲ့အရေးကြီးပုံကို မမြင်နိုင်ကြသေးတာ ရင်လေးစရာကောင်းလိုက်တာ။ ကိုယ်ရှိနေတာလေးကိုပဲအဟုတ်မှတ်နေရင် ခံသွားရမှာပေါ့ နွားခြေရာခွက်ထဲကဖားသူငယ်လို မဖြစ်စေချင်ဘူးဗျာ။ ကျွန်တော့်စကားကခါးရင်တောင် အမှန်တရားကိုပြောတာမို့ သည်းခံပေးကြပါဗျာ...

    ReplyDelete
  9. ကျွန်တော်တို့ တိုင်းပြည်အခြေအနေအရ ... အနောက်ဘက်က လက်နက်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး ... အရှေ့ရဲ့လက်နက်ကိုပဲ အားကိုးနေရဦးမှာပါ ... အထူးသဖြင့်တော့ နည်းပညာပေါ့လေ ... အားနည်းချက်တွေ ရှိတယ်ဆိုတာကတော့ မငြင်းနိုင်တဲ့အချက်ပါ ... ဒါပေမယ့် အခုနောက်ပိုင်း ပြောင်းလဲမှုတွေကို တော်တော်လေးတွေ့လာရပါတယ် ... အကောင်းဆုံးကတော့ ကိုယ့်ပြည်တွင်းကနေ ထုတ်လုပ်နိုင်ဖို့ကို ဦးစားပေးရမယ်လို့ မြင်မိပါတယ် ... မဖြစ်နိုင်သေးခင်မှာတော့ ရှိတဲ့လက်နက်ကိုပဲ အကောင်းဆုံးကိုင်နိုင်ဖို့လုပ်ရမှာပါ ... အနာဂတ်မှာ ပိုကောင်းတဲ့ အပြောင်းအလဲတွေ တွေ့ရဖို့မျှော်လင့်မိပါတယ် ...

    ReplyDelete
  10. စိတ်ဝင်စားတယ်ဗျာ
    ခုဆိုယင်
    တခြားနိုင်ငံတွေကိုထားဦး
    တိုင်းရင်းသားလက်နက်ကိုင်တွေထဲက
    ၀ တပ်မတော်တို့  ရှမ်းတပ်မတော်တို့ ကိုတောင်
    လွယ်လွယ်ယှဉ်နိုင်ပါ့ မလား။

    ReplyDelete
  11. စိတ်ဝင်စားတယ်ဗျာ
    ခုဆိုယင်
    တခြားနိုင်ငံတွေကိုထားဦး
    တိုင်းရင်းသားလက်နက်ကိုင်တွေထဲက
    ၀ တပ်မတော်တို့  ရှမ်းတပ်မတော်တို့ ကိုတောင်
    လွယ်လွယ်ယှဉ်နိုင်ပါ့ မလား။

    ReplyDelete
  12. ကို အိမ်လွမ်းသူလေး ခင်ဗျာ ............... စစ်ပွဲဆိုတာ ငြိမ်းချမ်းရေးအမြင်အရ ဘယ်လိုမှ ကောင်းကျိုးမရှိပါဘူး ... ဒါပေမယ့် ကိုယ့်ရေ ကိုယ့်မြေ ကိုယ့်နိုင်ငံတော်အတွက် ငြိမ်းချမ်းဖို့ ပြည်ထောင်စု အဓွန့်ရှည်တည်တံ့ဖို့ အချုပ်အခြာအာဏာခိုင်မြဲဖို့ စတာတွေအတွက် တိုက်ခိုက်ရတဲ့အခါတွေ ရှိခဲ့ပါတယ် .. နောက်လည်းရှိနေဦးမှာပါ ... ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းရေးတေးသံတွေ ခြုံလွှမ်းပြီး စစ်ပွဲတွေပြီးဆုံးသွားတဲ့နေ့လည်း ရှိနိုင်ပါတယ် ... ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်တော်တို့ မရှိလောက်တော့ပါဘူး ...... ကိုအိမ်လွမ်းသူ မေးတာကို ဖြေပါ့မယ် ........... မြန်မာ့တပ်မတော်သည် ဒေသတွင်းနိုင်ငံတွေကို ယှဉ်ပြိုင်နိုင်စွမ်း အပြည့်ရှိပါတယ် ............. ပြည်တွင်းက ညီအစ်ကိုလက်နက်ကိုင်များ အေးအတူပူအမျှ ပြည်ထောင်စုကို ၀ိုင်းဝန်းကာကွယ်နေသ၍ သူတို့ဟာ ညီအစ်ကိုတပ်ဖွဲ့ပါ ........ အဲ ပြည်ထောင်စုပြိုကွဲအောင် တစ်စုံတစ်ခုသော ဦးတည်ချက်နဲ့ ဆောင်ရွက်လာမယ်ဆိုရင်တော့ ......... မည်သည့်အဖွဲ့အစည်းကိုမဆို လွယ်ကူစွာပဲ ချေမှုန်းနိုင်ပါတယ် ခင်ဗျား .......

    ReplyDelete