Sunday, December 2, 2012

မြန်မာ့တပ်မတော်၏ MT-LB သံချပ်ကာယာဉ်

မြန်မာ့တပ်မတော်ရှိ သံချပ်ကာယာဉ် MT-LB များအကြောင်းကို လေ့လာမိသလောက်ရေးခဲ့ဘူးပါတယ်... ဒီနေ့တော့ ထပ်တွေ့တာလေးရေးချင်ပါသေးတယ်ခင်ဗျာ....။

Shkval စနစ်တပ်ထားသည့် BMP-1 သံချပ်ကာယာဉ်


တပ်မတော်ရှိ MT-LB သံချပ်ကာယာဉ်များကို ယူကရိန်းနိုင်ငံမှ လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သံချပ်ကာတပ်ရင်းများသို့ ခွဲဝေပေးထားသည်ဟု သိရပါသည်....။ အဆိုပါသံချပ်ကာယာဉ်များသည် ဆိုဗီယက်ခေတ်ကာလများက ပုံစံထုတ်ခဲ့ခြင်းဖြစ်ပြီး ထိုမှတဆင့် အကြီးစားအဆင့်မြှင့်တင်မှုကို ယူကရိန်းနိုင်ငံသည် ၂၀၀၀ခုနှစ်နှောင်းပိုင်းကာလများတွင် ပြုလုပ်ခဲ့သည်ဟု သတင်းများအရသိရပါသည်....။

MT-LB သံချပ်ကာယာဉ်များသည် အကောင်ပင်သေးသော်လည်း အဆိပ်ပြင်းသည့်မြွေကဲ့သို့ပင် အစွမ်းထက်လှပါသည်....။ တပ်ဆင်ထားသော လက်နက်ကိရိယာများသည် ယခင်ထုတ်လုပ်ခဲ့သည့် သံချပ်ကာယာဉ်များနှင့် နှိုင်းယှဉ်လျှင် အင်မတန်မှခေတ်မှီနေသည်ကို တွေ့ရမည်ဖြစ်ပါသည်.....။ တိုက်ယာဉ်၏ အခြားသော အစိတ်အပိုင်းများအား ဖော်ပြခဲ့ဘူးပြီးဖြစ်ရာ ယခုအခါတွင် တိုက်ယာဉ်၏ စက်သေနတ်ကြီးအကြောင်း ရေးပြချင်ပါသည်....။

မြန်မာ့တပ်မတော်၏ MT-LB သံချပ်ကာယာဉ်ကို MT-LBMSh ဟု အကြမ်းအားဖြင့် သိရပြီး (လွဲချော်မှုရှိနိုင်) သံချပ်ကာယာဉ်၏ အမြောက်စနစ်အား ယူကရိန်းနိုင်ငံထုတ် Shkval အမြောက် (ဆုံလည်) စနစ်အား အသုံးပြုထားပြီး ၃၀မမ အော်တို စနစ်ဖြစ်ကာ ၇.၆၂မမ စစ်သေနတ်၊ ၃၀မမ ဗုံးလောင်ချာ နှင့် တင့်ဖျက်ဒုံးပစ်စင်များ ပါဝင်ပါသည်...။ ၃၀မမ စက်အမြောက်အတွက် ကျည် ၂၂၅၊ ၇.၆၂မမ စက်သေနတ်အတွက် ၂၅၀၀ ကျည် နှင့် ၃၀မမ ဗုံးပစ်လောင်ချာအတွက် ၂၉ကျည် ပါဝင်ထည့်သွင်းထားသည်...။

Shkval သံချပ်ကာ ဆုံလည်အမြောက်စနစ်



တပ်ဆင်ထားသည့် လက်နက်စနစ်များ

၃၀မမ အော်တိုစက်အမြောက်........ZTM-1
တင့်ဖျက်ဒုံးစနစ်........................... Konkurs, Fagot or Barrier
၃၀မမ ဗုံးပစ်လောင်ချာစနစ်........... AG-17
၇.၆၂မမ စစ်သေနတ်....................KT-7.62 (PKT)
၈၁မမ မီးခိုးဗုံးပစ်လောင်ချာ...........902V စနစ်စသည်ဖြင့် နောက်ဆုံးပေါ်နည်းပညာများ  ပေါင်းစပ်ထားသည်...။



 မြန်မာ့တပ်မတော်သုံး MT-LB သံချပ်ကာယာဉ်များအား အားရဖွယ်တွေ့ရစဉ်
 Shkval စနစ်တပ်ထားသည့် BMP-1 သံချပ်ကာယာဉ်

လိုင်းမကောင်းဘူးဗျို့.... နောက်မှဆက်ရေးပါ့မယ်... :)

9 comments:

  1. ကောင်းတယ်ဗျို့ ။ လိုင်းကောင်းရင် ဆက်ရေးပါဦး အကို။

    ReplyDelete
    Replies
    1. မြန်မာနိုင်ငံမှာ ရှိတယ်ဆိုတော့ ဘယ်နှစ်စီးလည်းမသိဘူး ခန့် မှန်းချေလေးရေးပေးပါဦး နောက်ပြီးတော့ ကချင်စစ်မျက်နှာမှာ သံချပ်ကာယဉ်တွေကိုပါသုံးသလားခင်ဗျ

      Delete
    2. ကချင်မှာမသုံးပါ

      Delete
  2. ကချင်စစ်ပွဲမှာ သံချပ်ကာသုံးလို့ သိပ်အဆင်မပြေဘူးလို့ ကျွန်တော်တော့ထင်တာဘဲ။ တကယ်သုံးတယ် မသုံးဘူးတော့ စစ်တပ်က နောင်တော်တွေဘဲ သေချာသိလိမ့်မယ်။

    ကျွန်တော် ခုဘဲ ဟိုရှာဒီရှာလုပ်ပြီး ဖတ်လာတာ အင်ဒိုက BMP-3 စီးရီးကို အစီး ၅၀ ကျော် ၂၀၁၀ ကစပြီး ၀ယ်ထားတယ်ဗျ။ BMP-1 , BMP-2 စီးရီးတွေက ဒီဇိုင်းပိုင်းမှာ လိုအပ်ချက်တွေ ရှိတယ်လို့ ဖတ်ရတယ်ဗျ။ ဥပမာ ယာဉ်ထဲမှာ ကျည်ဆံသိုမှီးတဲ့နေရာက တင့်ဖျက်ဒုံးတို့၊ ရော့ကတ်တို့နဲ့ ပစ်ခတ်ဖို့ လွယ်ပြီးတော့ ထိမှန်ရင် ယာဉ်တစင်းလုံး ပျက်စီးပြီး ပါလာတဲ့စစ်သည်အကုန်ကျဆုံးစေတယ်လို့ ပြောပါတယ်။ ချေချင်းညာ စစ်ပွဲနဲ့ ဆိုဗီယက်-အာဖဂန်စစ်ပွဲတွေမှာ BMP-1 ရဲ့သံချပ်ကာကို RPG နဲ့ အမြဲတမ်းလိုလို ဖျက်စီးနိုင်ခဲ့တယ်လို့ ရေးထားတာလဲ ဖတ်ရပါတယ်။ BMP 1, BMP-2 ရဲ့အားနည်းချက်တွေကို တတ်နိုင်သမျှ ပြင်ဆင်အဆင့်မြှင့်ထားတဲ့ BMP-3 စီးရီးတွေကို မြန်မာ့တပ်မတော်မှာ ထုတ်လုပ်သုံးစွဲနိုင်ရင် ပိုကောင်းမယ်လို့ ထင်မြင်မိပါကြောင်း။

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. Shkval သံချပ်ကာကား နှင့် မြန်မာ့ စစ်သည်များ
    Shkval သံချပ်ကာကား photo နှင့် မြန်မာ စစ်သည်များ

    ReplyDelete
  5. ကျွန်တော်ကတော့ ဒေသတွင်းနိုင်ငံတွေထက် ကို့ နိင်ငံသံချပ်ကာတပ် ကိုပိုပြီးအထင်ကြီးတယ် ဒီထက်လဲပိုတဲ့ အဆင်မြင့်တဲ့ သံချပ်ကာကားတွေ ထုတ်လုပ်နိင်ပါစေ လို့ လဲဆုတောင်းပါတယ်

    ReplyDelete
  6. ပြည်တွင်းစစ်မှာက သုံးလို့ မရဘူးဗျ။ ဒါပေမဲ အရမ်းကြီးဖြစ်လာရင်တာ့ အကန်အသတ်မရှိလို.ပြောထားတယ်ဗျ ။တပ်ထဲနေတော့နည်းနည်းပါးပါးသိထားတာပါ။တင့်တွေကတော့ခေတ်မှီတယ်ဗျ တစ်ခါ တပ်ထဲလာနားတော့ တွေလိုက်တာ ။Mi-17ကတော.၂၀၀၃-၂၀၀၄လောက်ကတည်းက၀ယ်တာဖြစ်နိုင်တယ်
    အမြဲတွေရတယ်ဗျတပ်ပေါ်ကပျံတာ စစ်တပ်ကတော့ မပြောဘူးအရင်ကတည်းကမသိအောင်လုပ်တာတွေထွင်တာတွေရှိမယ်ဗျ
    စစ်တပ်ကို တော့ အကြွင်းမဲ့ကိုယုံတယ် ။

    ReplyDelete
  7. tungaska M-1 လို လေကြောင်းရန်ကာကွယ်ရေး စနစ်တွေနဲ့ တူတယ်

    ReplyDelete