Friday, May 24, 2013

သံချပ်ကာယာဉ်များနှင့် စစ်ဘက်သုံးယာဉ်များ

ဒီနေ့တော့ သတင်းတွေလိုက်ဖတ်ရင်း တွေ့ခဲ့တဲ့ အရာလေးတွေကို စုပြီးဖော်ပြပေးပါ့မယ်ခင်ဗျာ... အသေးစိတ်မရေးတော့ဘဲ ပုံတွေနှင့်အမည်တွေသာ ဖော်ပြပေးသွားပါ့မယ်....။ ထပ်ပြီးလေ့လာချင်သူတွေအတွက် လွယ်သွားတာပေါ့...

ပထမဆုံးသွားဖတ်ဖြစ်တာကတော့ မလေးရှားဆိုက်တစ်ခုမှာဖြစ်ပါတယ်....။

မလေးရှားတပ်မတော်သုံး URO Vamtac စစ်သုံးယာဉ်ဟာဆိုရင် စပိန်နိုင်ငံမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီးတော့ အမျိုးကွဲများစွာရှိပါတယ်....။

စစ်ရေးလေ့ကျင့်ခန်း တစ်ခုအတွင်းတွေ့ရစဉ်
 မလေးရှားအထူးတပ်ဖွဲ့နှင့်အတူ
အင်ဒိုနှီးရှားတပ်မတော်၏ စစ်သုံးယာဉ်များ

Pinhard P စီးရီးဆိုပြီးတော့မှ ထုတ်လုပ်လာခဲ့တာဆိုရင် အခု တွေ့ရတဲ့ ပီ-၃ ကိုမိုဒို KOMODO စစ်သုံးယာဉ်အထိဘဲဖြစ်ပါတယ်....။ ယာဉ်အမျိုးအစားတွေထဲမှာလည်း လိုအပ်ချက်အရ မျိုးကွဲများထပ်ခွဲထားပါသေးတယ်...။

စစ်သုံးယာဉ်အတော်များများရှိပင်မဲ့ ကျွှန်တော်သဘောကျတဲ့ဟာလေးတွေကိုသာ ဖော်ပြပေးသွားပါ့မယ်...

ဒီစစ်ယာဉ်ကတော့ P2 komodo အပေါ့စားကင်းထောက်ယာဉ် အမျိုးအစားဖြစ်ပါတယ်...။ ပြည်တွင်းထုတ် ဆိုပင်မဲ့လို့ ပုံစံကတော့ Cobra စစ်သုံးယာဉ်နှင့် တထေရာတည်းဖြစ်နေပါတယ်...။ဒီယာဉ်တွေကတော့ သံချပ်ကာယာဉ်အမျိုးအစားတွေအဖြစ် ထည့်သွင်းလို့ရမယ်ထင်ပါတယ်....။

 
 နောက်ပြီး သဘောကျတာလေးကတော့ ဒီယာဉ်ပါ သူ့ကတော့ ဘက်စုံသုံးတိုက်ယာဉ်အဖြစ် အသုံးပြုနိုင်ပါတယ်...။


 ရဲတပ်ဖွဲ့သုံး ကိုမိုဒို စစ်သုံးယာဉ်များ
 
 မျိုးကွဲများဖြစ်ပါတယ်


 ဒါကတော့ ယိုးဒယားတပ်မတော်ထုတ် Assawin လို့ခေါ်တဲ့ စစ်သုံး သံချပ်ကာယာဉ်အမျိုးအစားဖြစ်ပါတယ်...။ .၅ စစ်ကြီးကို အလိုအလျောက်ချိန်ရွှယ်ပစ်ခတ်တဲ့ စနစ်တပ်ဆင်ထားတာတွေ့ရပါတယ်...။
မြန်မာ့တပ်မတော် အနေဖြင့်လည်း ပြည်တွင်းထုတ် နောင်ရိုးဂျစ် စစ်သုံးယာဉ်များကို တပ်ဆင်အသုံးပြုလျက်ရှိပြီး ယခုထက်အစီးရေများများ တပ်ဆင်ထုတ်လုပ်သင့်ပါတယ်...။ ပြည်ပအကူအညီများရယူခြင်းနှင့် နည်းပညာများရယူကာ ပိုမိုကောင်းမွန်သည့် စစ်သုံးယာဉ်များ တပ်ဆင်ထားသင့်ပါကြောင်း ဖတ်ဖြစ်တဲ့ သတင်းတွေအရ စိတ်ကူးကြည့်မိပါတော့တယ်ခင်ဗျာ....။
ထပ်ပြီးလေ့လာလိုသူများအတွက် http://indonesianmilitaryvehicle.blogspot.com/2013/04/p2-komando.html

1 comment:

  1. နေ့တိုင်းစောင့်ကြည့်ဖြစ်တယ်။ဒီနေ့တော့အသစ်တွေ့ပြီများများလေးတင်ပေးပါ။ကျေးဇူးတင် ပါတယ်

    ReplyDelete