Thursday, August 8, 2013

ဒုံးပျံတင်အမြန်သွား ရေယာဉ်ငယ်များ အပိုင်း-၂

 (ဒုံးပျံတင်အမြန်သွား ရေယာဉ်ငယ်များအကြောင်း ဖော်ပြခွင့်ပြုသည့်အတွက်   ဆောင်းပါးရှင် ကိုဆန်းသစ်အား  အထူးကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ)

ဒုံးပျံတင် အမြန်သွားတိုက်ရေယာဉ်ငယ် များအသုံးချပုံ


ရေကြောင်းတိုက်ပွဲ သမိုင်းများအရ ရေယာဉ်အရွယ်အစား ကြီးမားသည် နှင့် အမျှ ဖျက်ဆီးနိုင်စွမ်း ပိုမိုကြီးမားသည်သာဖြစ်သည်။ရေယာဉ်ကြီးများတွင် အကွာအဝေးပိုမိုပစ်ခတ်နိုင်သော ဖျက်စွမ်းအားပိုမို ကြီးမားသော အမြောက်လက်နက်ကြီးများ တပ်ဆင်ပစ်ခတ်နိုင်ခဲ့သဖြင့် စစ်ရေယာဉ်ငယ်များအနေဖြင့် ထိုစစ်ရေယာဉ်ကြီးများအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိခဲ့ချေ။ သို့သော် ဒုံးပျံနည်းပညာကို ရေယာဉ် ငယ်များတွင်ပါတပ်ဆင်အသုံးပြုလာနိုင်သောအခါ ရေယာဉ်ငယ်တစ်စီးသည် မည်သည့်စစ်ရေယာဉ်ကြီးကို မဆိုရင်ဆိုင် စိန်ခေါ်နိုင်စွမ်းရှိလာခဲ့ပြီဖြစ်သည်။အသွားနှုန်း လျှင်မြန်ခြင်း ရေဒါပစ်မှတ်သေးငယ်ခြင်း (အချို့ ရေဒါဖမ်းမရနိုင်သော နည်းစနစ်များဖြင့်တည်ဆောက်သည်)၊လျှင်မြန်စွာ လှုပ်ရှားစစ်ကစားနိုင်ခြင်း အီလက်ထရောနစ် စစ်ဆင်ရေးစနစ်များဖြင့် ပေါင်းစပ်လိုက်သောအခါရန်သူ၏ဒုံးပျံများကိုပင် 
 ကောင်းစွာရင်ဆိုင်နိုင်စွမ်း ရှိလာစေပါသည်။

ရေကြောင်းတိုက်ပွဲတစ်ခုတွင် စစ်ရေယာဉ်တစ်စီးရည်မှန်းချက်သည် ရန်သူရေယာဉ်များအား ဖျက်ဆီး နှစ်မြုတ်ပစ်ရန်ဖြစ်သည်။မိမိအား အန္တရယ်ဖြစ်စေနိုင်သော ရန်သူပစ်မှတ်များအား လက်ဦးမှုယူပြီးထိမှန် အောင်ပစ်ခတ်နိုင်မှသာ ရန်သူ၏ပစ်အားလျှော့နည်းသွားမည်ဖြစ်သည်။ရန်သူရေယာဉ်မှ ကျည်ထွက်လာပါက မိမိတွင် ထိုထွက်လာသောကျည်အား အကာအကွယ်ပြုလုပ်နိုင်ရန် ဖြစ်နိုင်ချေအလွန်နည်းပါးကြောင်းကို သိရှိရမည်ဖြစ်သည်။ဒုံးပျံခေတ်တွင် မူ ဒုံးပျံများ၏တိကျမှန်ကန်မှု ဖျက်စွမ်းအားပြင်းထန်မှုတို့ကြောင့် ရေကြောင်း တိုက်ပွဲများတွင် စစ်ရေယာဉ်တစ်စီး၏ ရည်မှန်းချက်သည် ရန်သူရေယာဉ်အား ဖျက်ဆီးနှစ်မြုတ်ပစ် ရန် အပြင် မိမိအား ရန်သူမှ ပစ်လွှတ်လိုက်သော ဒုံးပျံအားလည်း ဖျက်ဆီးပစ်ဖို့ လိုအပ်လာပေသည်။ ရေကြောင်း တိုက်ပွဲ၏အနိုင်အရှုံးသည် အထက်ပါ ရည်မှန်းချက် နှစ်ခုစလုံးအား ဖျက်ဆီးနိုင်စွမ်းပေါ် တည်မှီနေ ကြောင်းတွေ့ရှိရပါသည်။ 




ဒုံးပျံတင်အမြန်သွားတိုက်ရေယာဉ်ငယ်များ သည်ရေယာဉ်ကြီးများလောက် အရွယ်အစားကြီးမားခြင်း မရှိသည့်အပြင် တပ်ဆင်ထားသောအဓိက လက်နက်မှာလဲ မိမိရေယာဉ်အား လုံလောက်သော ကာကွယ်မှုကို ပြုလုပ်နိုင်ရန် ခဲယဉ်းပါသည်။FACs များကို နိုင်ငံများစွာက အသုံးပြုရာတွင် ရေကြောင်းတိုက်စစ်အတွက် ရည်ရယ်၍ လေကြောင်းမှ ကင်းထောက်လေယာဉ်များ ရေကြောင်းမှ ဖရီးဂိတ် ကဲ့သို့သော အီလက်ထရောနစ် စစ်ဆင်ရေး ဆင်နွဲနိုင်စွမ်းရှိသော ရေယာဉ်ကြီးများနှင့်တွဲဖက်၍ ကန့်သတ်ဧရိယာအတွင်းအသုံးပြုကြပါသည်။
ယေဘူယျ အားဖြင့် မိမိတစ်စီးတည်းအနေနှင့် ဒုံးပျံတင်အမြန်သွားတိုက်ရေယာဉ်များသည် ကမ်းခြေမှ မိုင်၂၀ မိုင်၃၀ အတွင်းသာ လှုပ်ရှား စစ်ကစားနိုင်ပါသည်။သို့ရာတွင်ရေကြောင်းစစ်ရေယာဉ်အစုအနေနှင့် လည်းကောင်း ပင်လယ်ပြင်ထောက်လှန်းရေးအထောက်အကူပြု လေယာဉ်များဖြင့် ပူးပေါင်းစစ်ဆင်ခြင်းဖြင့် လည်းကောင်း အသုံးပြုလျှင် ကန့်သတ်ထားသော ဧရိယာအတွင်း ပိုမိုကွာဝေးသော အကွာအဝေးထိ စစ်ဆင်နိုင်စွမ်းရှိပါသည်။ထို့ပြင်ရေပြင်လေပြင် ပေါင်းစပ်၍ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ဆင်ရေး ကိုလဲ ဆင်နွဲနိုင်ပါတယ်။

မြန်မာ့တပ်မတော်(ရေ)ထုတ် အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်များ

ဒုံးပျံတင်အမြန်ရေယာဉ်ငယ်များကို တာဝန်ပေးအပ်နိုင်သောစစ်ဆင်ရေးအမျိုးအစားများမှာ-
၁။သတင်းထောက်လှမ်းရေး
ဒုံးပျံတင်အမြန်သွားရေယာဉ်ငယ်များ၏ လျှင်မြန်မှု ရေဒါတွင်မြင်ကွင်းသေးငယ်မှု များသည် ရန်သူရေယာဉ်သို့မဟုတ် ရေယာဉ်စု၏ ရေဒါဖမ်းမိနိုင်စွမ်းကိုအထိုက်အလျှောက်လျှော့ချပေးနိုင်ပြီး မိမိမှ လက်ဦးမှုယူ ထောက်လှမ်းသိရှိနိုင်ပါသည်။ထို့ကြောင့် ဒုံပျံတင်ရေယာဉ်ငယ်များကို မိမိစစ်ရေယာဉ်စု၏ ရှေ့ဆုံးမှထား၍ ထောက်လှမ်းသိရှိသော ရန်သူသတင်းအချက်အလက်များအား နောက်သို့လက်ဆင့်ကမ်းပေး ပို့ခြင်းဖြင့် ရန်သူရေယာဉ်သို့မဟုတ် ရေယာဉ်စုအား မိမိရေယာဉ်များ အနေဖြင့် လက်ဦးမှု့ယူစစ်ဆင်နိုင်စွမ်း
ရရှိစေပါသည်။
၂။ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေ
ဒုံးပျံတင်အမြန်သွားတိုက်ရေယာဉ်ငယ်တစ်စီး၏ လျှင်မြန်မှု သည် သတ်မှတ်ရေပိုင်နက် ပင်လယ်ပြင်အတွင်း တွင်အရေးပေါ်အခြေအနေကြုံတွေ့နေရသော သို့မဟုတ် ကြုံတွေ့ခဲ့ပြီးသော အခြေအနေတစ်နေရာ ထံသိုလျှင်မြန်စွာ သွားရောက်နိုင်ပြီး ရှေးဦးရှာဖွေကယ်ဆယ်ရေးများကို ပြုလုပ်နိုင်ပါသည်။ထို့ပြင်မိမိ ရေငုပ်ဖောက်ခွဲဖျက်စီးရေးသမားများအား ပြန်လည်ဆယ်တင်ခြင်း များကိုလဲ ပြုလုပ်ပေးနိုင်ပါသည်။
၃။ကြားဖြတ်တိုက်ခိုက်ရေး
ရန်သူ၏အရွယ်အစား၊အင်အား၊ဦးတည်အရပ်နှင့်မိုင်နှုန်းတို့အားကြိုတင်၍သတင်းတိကျစွာရရှိပါက ဒုံးပျံတင် အမြန်သွားတိုက်ရေယာဉ်ငယ်များအားစေလွတ်၍လျှင်မြန်စွာ ကြားဖြတ်တိုက်ခိုက်ခြင်းကို ဆောင်ရွက်နိုင်ပါသည်။
၎။အလစ်အငိုက်တိုက်ခိုက်ခြင်
ဒုံးပျံတင်အမြန်သွားတိုက်ရေယာဉ်ငယ်များသည် ရေတိမ်ပိုင်းတွင်ပါသွားလာလှုပ်ရှားစစ်ကစားနိုင်သည်ဖြစ်ပြီး ညအမှောင်ထုကို အကာကွယ်ယူ၍တစ်စီးချင်းစစ်ကစားနိုင်သောရေယာဉ်များဖြစ်ပါသည်။ ရေယာဉ်အရွယ်အစား သေးငယ်မှုကြောင့် ကျဉ်းမြောင်းသော ရေလက်ကြားနေရာများ ကျွန်းစုများအကြား ပုန်းအောင်းနေရာမှ ညအချိန် ထွက်ခွာပြီး ရန်သူအားအလစ်အငိုက်လျှင်မြန်စာ တိုက်ခိုက်ပြီး ပြန်လည် ပုန်းအောင်းနိုင်ခြင်းများရရှိစေပါသည်။
၅။တိုက်ကင်းလှည့်ခြင်းအစောင့်လိုက်ပေးခြင်း
သာမန်အခြေအနေတစ်ခုတွင် မိမိရေပိုင်နက်အတွင်း ခိုးဝင်သော မြန်နှုန်းမြင့်ရေယာဉ်များကို ဖမ်းဆီးစစ်ဆေးခြင်း ကင်းလှည့်ဆောင်ရွက်ခြင်း ရန်သူသတင်းထောက်လှမ်းခြင်း မိမိရေပိုင်နက်အတွင်း ကုန်သွယ်ရေကြောင်းရေယာဉ်များကို အစောင့်လိုက်ပေးခြင်းများကို ရေယာဉ်တစ်စီးချင်းအနေဖြင့် ဆောင်ရွက်နိုင်ပါသည်။
၆။တရားဥပဒေစိုးမိုးရေး
ရေယာဉ်၏ရေစူးတိမ်သောကြောင့် မြစ်ဝကျွန်းပေါ်ဒေသများ နှင့်မြစ်ချောင်းများအတွင်းထိ ၀င်ရောက်စစ်ဆင်နိုင် စွမ်းရှိသောကြောင့် မြေပြင်တပ်ဖွဲ့များနှင့်ပေါင်းစပ်၍ မတည်ငြိမ်သောဒေသများတွင် ရေတပ်၏အကူအညီလိုအပ်လာပါက လျှင်မြန်စွာ သွားရောက်၍ ရေတပ်မတော်အနေဖြင့် တရားဥပဒေစိုးမိုးရေး သောင်းကျန်းမှုဆန့်ကျင်ရေး စစ်ဆင်ရေးများကို ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိပါသည်။

အထက်ပါအချက်များမှာ ဒုံပျံတင်အမြန်သွားရေယာဉ်ငယ်များအား ပေးအပ်နိုင်သော တာဝန်များဖြစ်ပါသည်။
(ဆက်လက်၍ရေးသားပါဦးမည်)
ဆန်းသစ်

ကိုးကား
စစ်ပညာဂျာနယ်
ဂိုဂဲလ်

8 comments:

  1. 491 လို ရေယာဉ်တွေကို၅စီးရီးတွေလိုမျိုးများများတည်ဆောက်
    ထားသင့်တယ်ရေယာဉ်ပုံစံဒီဇိုင်းဆန်းသစ်ပြောင်းလဲလာတဲ့
    ၄၉၁ တွေကိုများများတည်ဆောက်ပါလို့ ၅စီးရီးအရေအတွက်
    လောက်တည်ဆောက်ပိုင်ဆိုင်နိုင်ရင် ဒုံးနဲ့ တာဝေးပစ်အမြှောက်
    တွေရေငုတ်သင်္ဘောဖျက်လက်နက်တွေနဲ့ အာရုံခံကိရိယာတွေစုံ
    အောင်တတ်ဆင်နိုင်ရင် တော့ ဘင်္ဂလားတောင် အမှီးကုတ်ပြီး
    ပြေးသွားမှာပါ ။ ကိုmm ကိုကျေးဇူးပါခင်ဗျာ

    ReplyDelete
  2. ၈.၈.၂၀၁၃ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ် အချပ်ပိုမှာ မြန်မာရေတပ်က ရေမိုင် ၂၅၀ အထိ ပစ်နိုင်တဲ့ C 602 ဒုံးကျည်တွေ တပ်ထားပြီလားလို့ မေးထားတာကို့ ငြင်းမထားဘူးဗျ။

    ReplyDelete
  3. မြန်မာ့ရေတပ်မှာ တကယ်ဘဲ C 602တွေသုံးနေပြီလား။သိတဲ့သူများ ပြောကြပါဦး။အောင်ဇေယျကြီးမှာသုံးထားတယ်လို့ကြားတယ်။

    ReplyDelete
  4. ကိုmm ရေ ဗြိတိန်ကလဲမြန်မာကိုစစ်ပစ္စ္စ္စ္စည်းတွေနဲ့ ဒုံးတွေ အတွက်လိုင်စင်ချပေးလိုက်တယ်လို့ ဖတ်လိုက်ရ
    တယ်...ကိုmm သိရင်ပြောပြပေးပါအုံးနော်
    မြန်မာနိုင်ငံသို့ ပေးအပ်သည်လက်နက်တင်သွင်းခွင့်လိုင်စင်ရှစ်ခုရှိပြီး စစ်ဘက်သုံးတိုက်ခိုက်ရေးလေယာဉ်
    ထိန်းချုပ်သည့်ဆော့ဝဲများ၊ ချပ်ဝတ်တန်ဆာများ၊လျှိုဝှက်သင်္ကေတများရှာဖွေသည့်ဆော့ဝဲများ၊ ဖောက်ခွဲ
    ရေးသုံးပစ္စည်းများ၊ ရေတပ်နှင့်လေတပ်လမ်းညွှန်သုံးစနစ်များနှင့်ဒုံးကျည်များ ပါဝင်ကြောင်းဖော်ပြထားပါတယ်
    ဇူလိုင်လ ၁၇ ရက်နေကချပေးလိုက်တာပါ.... လို့ ဖတ်လိုက်ရပါတယ်.... ကို mm သိရင်ပြောပြပါနော်

    ကျေးဇူပါနော်

    ReplyDelete
  5. စစ်ရေယာဉ် အောင်ဇေယျမှာ သင်္ဘောပစ်ဒုံး ဘယ်အမျိုးအစားတပ်ဆင်ထား သလဲဆိုတာ စိတ်ဝင်စားစရာအလွန်ကောင်းပါတယ်။ Kh-35E လို့ပြောကြပေမယ့် ဓါတ်ပုံတွေအရဆိုရင် ပိုပြီးအလျားရှည်နေတယ်ဗျ။
    Kh-35Eက 3.75 m ရှည်ပြီး C-602က 6.1 m ရှည်ပါတယ်။ ကျွန်တော့် စိတ်ထင်တော့ C-602 ဖြစ်ဖို့ ပိုများပါတယ်။

    ReplyDelete
  6. သူများနိုင ငံက ရေယဉ်ရေဒါကအလုံးမျိုးဘာလို့မြန်မာ့ရေတပ်ရေယဉ်မှာမရှိတာလဲအဲဒီအလုံးကြီးကအဖုံးလားရေဒါတမျိုးလား

    ReplyDelete
  7. ကိုmm ရေအသစ်တင်ပေးပါဦး ဗျို့ ........

    ReplyDelete
  8. မြန်မာ့တပ်မတော်ထုတ် MAV-2 (Myanmar Armoured Vehicle) သံချပ်ကာယာဉ်ကဒီကထုတ်တာလို့ 
    ကိုMM က F B မှာပြောတယ်နော် ၀မ်းသာပါတယ် အဲ့ဒီကားရဲ့  အသေးစိတ်အချက်လက်လေးတွေပြောပြ
    ပေးပါနော် ဒီဇိုင်းကလဲလန်းတယ် နိုင်ငံခြားအကူအညီပါလားသိချင်ပါတယ် အစီးရေဘယ်နှစ်စီးအထိထုတ်
    ပြီးသွားပြီးလဲဘယ်မှာသုံးနေလဲသိချင်လို့ ပါ အပြင်မှာသိပ်မတွေလို့ ပါ ..ပို့ အသစ်တင်ပေးပါအုံးနော်
    ကျေဇူးပါ ကိုMM

    ReplyDelete