Friday, December 6, 2013

ရေတပ်သုံး Ka-27 ရဟတ်ယာဉ်များအကြောင်း


မြန်မာ့တပ်မတော်(ရေ)၏ လက်ရှိတည်ဆောက်နေဆဲဖြစ်သော ကျန်စစ်သားဖရီဂိတ်စစ်ရေယာဉ် (F12) အနေဖြင့် ရဟတ်ယာဉ်သယ်ဆောင်၍ ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများ ဆင်နွှဲနိုင်မည်ဖြစ်ရာ ယခုအချိန်ထိ မည်သည့်ရေတပ်သုံး ရဟတ်ယာဉ်အမျိုးအစားအား အသုံးပြုမည်ကို အတိကျမသိရသေးစေကာမူ ဖြစ်နိုင်ချေအများဆုံးဟု ခန့်မှန်းကြရသည့် ရုရှားတပ်မတော်သုံး Ka-27 ရဟတ်ယာဉ်များအကြောင်းအား ညီ၊အစ်ကိုတို့ လေ့လာစေနိုင်ရန် တင်ပြပေးလိုက်ရပါသည်...။ ပြန်လည်၍ ဖော်ပြခွင့်ပေးသည့်အတွက်
 ဆောင်းပါးရှင်အား ကျေးဇူးအထူးတင်ရှိကြောင်းပါခင်ဗျာ...။

Ka-27 Kamov ရဟတ်ယာဉ်ဟာ လူငယ်တွေကြားမှာ နေတိုးအခေါ် 'Helix' ဆိုတာနဲ့ လူသိများပါတယ်။ ပန်ကာဒလက်၂ခုထပ်နဲ့ ပုံတုံးတုံး ခပ်လုံးလုံး ပိတုန်းကြီးနဲ့တူတဲ့ သည်ရဟတ်ယာဉ်ဟာ ဆိုဗီယက်ခေတ် ရေတပ်သုံး ရဟတ်ယာဉ်ပါ။ ယခင်ပုံစံဟောင်းဖြစ်တဲ့ Ka25 ရဟတ်ယာဉ်တွေ နေရာမှာ အစားထိုးဖို့ ၁၉၇၃မှာ စတင်စမ်းသပ်ထုတ်လုပ်ခဲ့ပြီး ၁၉၈၁ခုနှစ်ကနေ ခုထက်ထိ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ယူကရိန်း၊ ဗီယက်နမ်၊ တောင်ကိုရီးယားနဲ့၊ အယ်ဂျီးရီးယားနိုင်ငံများက စစ်ဘက်သုံး ရဟတ်ယာဉ်အဖြစ်နဲ့ အသုံးပြုကြသလို ဂျပန်၊ဘရာဇီး၊ ဆွစ်ဇာလန်၊ ပေါ်တူကီ စတဲ့နိုင်ငံတွေက ကယ်ဆယ်ရေးနဲ့
မီးသတ်ရဟတ်ယာဉ်တွေအဖြစ် အသုံးပြုကြပါတယ်။

တောင်ကိုးရီးယားတပ်မတော်သုံး Ka28 ရဟတ်ယာဉ်
Ka27PL (သို့) Ka-28
Ka27PL ဟာ HelixA လို့ခေါ်ဆိုပြီး ရေငုပ်သင်္ဘော တိုက်ဖျက်ရေး အမျိုးအစားဖြစ်ပါတယ်။ ဆိုနာစနစ်တွေ၊ ရေဒါတွေနဲ့ တော်ပီတိုတစ်လုံး သယ်ဆောင်နိုင်ပါတယ်။ ပြည်ပတင်ပို့မှုကိုတော့ အနည်းငယ် အဆင့်နှိမ့်ထားတယ်လို့ ဆိုတဲ့ Ka28 လို့ခေါ်ဆိုပါတယ်။


Ka27PS ရဟတ်ယာဉ်
Ka27PS ဟာ HelixD လို့ခေါ်ဆိုပြီး ပင်လယ်ပြင် ကင်းထောက်ရေးနဲ့၊ ရှာဖွေကယ်ဆယ်ရေး အမျိုးအစားဖြစ်ပါတယ်။ Ka32A အဖြစ်ပြည်ပကို တင်ပို့ရောင်းချပြီး၊ ဝယ်ယူသူစိတ်ကြိုက် အဆင့်မြင့်တင်မှုတွေ ပြုလုပ်ပေးရာမှာ Ka32A4၊ Ka32A11BC ၊Ka32A12 စတဲ့ အမျိုးစားတွေကွဲပါတယ်။

ka32K ရဟတ်ယာဉ်

Ka32Kဟာ ဝန်ချီသုံး၊ Ka32A1ဟာ မီးသတ်သုံးအမျိုးအစား၊ Ka32A2 ဟာရဲတပ်ဖွဲ့သုံး အမျိုးအစားဖြစ်ပြီး Ka32C ကတော့ အရပ်ဖက်အဖွဲ့စည်းသုံး အမျိုးအစားဖြစ်ပါတယ်။

 Ka27PV ရဟတ်ယာဉ်

 Ka27PV ကတော့ Mi17Sh လို လက်နှက်တပ်ဆင်နိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ Ka32A7 အနေနဲ့ တင်ပို့ရောင်းချပါတယ်။

Ka29TB ရဟတ်ယာဉ်

 Ka29TB ကတော့ HelixB အမျိုးအစား တိုက်ပွဲဝင် သယ်ယူပို့ဆောင်ရေးသုံးဖြစ်ပြီး စစ်သည် ၁၆ဦးကို သယ်ဆောင် တိုက်ပွဲဝင်နိုင်ပါတယ်။ ပြင်ပရောင်းချတဲ့ Ka32T ဟာလဲ အမျိုးစားတူဖြစ်ပါတယ်။
 
 Ka32S ရဟတ်ယာဉ်

 Ka32S ဟာ HelixC အမျိုးအစား အနေနဲ့ အဆင့်မြင့်ရေဒါ တပ်ဆင်ထားပြီး ရေတပ်သင်္ဘောတွေနဲ့ တွဲဖက်တာဝန် ထမ်းဆောင်တဲ့ သယ်ယူပို့ဆောင်ရေး၊ ရှာဖွေကယ်ဆယ်ရေး ရဟတ်ယာဉ်ဖြစ်ပါတယ်။ Ka32M အဖြစ် ASEA ရေဒါများတပ်ဆင်ခြင်း၊ အင်ဂျင်အမျိုးအစားများ အဆင့်မြင့်ခြင်းပြုလုပ်ထားပါတယ်။

Ka252RLD ရဟတ်ယာဉ်
Ka252RLD ဟာ ရေတပ်သုံး Early warning system တပ်ဆင်ထားတဲ့ အမိန့်ပေးကွပ်ကဲစနစ်
 ဖြစ်ပါတယ်။ Ka31 အနေနဲ့ လူသိများပါတယ်။

ရေတပ်သုံး ဘက်စုံအသုံးဝင်တဲ့ Ka27 အမျိုးစားတွေ အကြောင်းပါ။ ကျန်းမာချမ်းသာကြပါစေ။

1 comment:

  1. ကျန်စစ်သားဖရီးဂိတ်သင်္ဘောကြီး ပြီးစီးခါနီးလေ ပိုပြီးဝမ်းသာရလေပဲ ။ ယခုဖော်ပြတဲ့ka25RLD က နည်းနည်းခေတ်နောက်ကျနေသလားလို့ mi28 / wz10 တို့ကိုရေတပ်တိုတ်ခိုက်ရေးအုပ်ဖွဲ့အဖြစ် သုံးစေချင်တယ်။
    နောက်ပြီး ကျန်စစ်သားဖရီးဂိတ်မှာ S300 / S400 လေကြောင်းစနစ်ပါဝင်လာရင်အတိုင်းထက်အလွန်ပါပဲ ။ နောင်များမှာ ဒီထက်ကြီးပြီးပိုပြီးခေတ်မီစစ်သင်္ဘောတွေတည်ဆောက်နိုင်ပါစေ။

    ReplyDelete