Friday, June 6, 2014

ကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့ (ဒုံးစနစ်)

မြန်မာနိုင်ငံဟာ ကျယ်ပြောလှတဲ့ ကမ်းရိုးတန်းအားပိုင်ဆိုင်ထားပြီး မကြာခဏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံမှ ခိုးဝင်မှုများလည်း ကြုံတွေ့နေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ယခုအခါမှာတော့ ကမ်းရိုးတန်းလုံခြုံရေးအတွက် ဦးစားပေးလုပ်ကိုင်နေကြပြီဖြစ်ပြီး ကမ်းနီးရေတိမ်ပိုင်းအတွက် ရေတပ်မှ ရေယာဉ်ငယ်များနှင့် ကမ်းလွန်လုပ်ကွက်များအတွက် စွမ်းရည်မြှင့် ရေယာဉ်များဖြင့် လုံခြုံရေးဆောင်ရွှက်နေကြပြီဖြစ်ပါတယ်။ သို့သော် စစ်ရေယာဉ်များအတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွှက်ဖို့ ရေယာဉ်များအနေဖြင့် မိခင်ရေတပ်စခန်းများသို့ ပြန်ကာ ထိုမှတဆင့် လွန်းတင်ခြင်း၊ ရိက္ခာဖြည့်ရခြင်းစသည်ဖြင့် ဆောက်ရွှက်ကြရပါတယ်...။
ကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့များကို ၁၄ရာစုအစောပိုင်းကာလမှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပြီး ပထမဆုံးဖွဲ့စည်းခဲ့တာကတော့ တရုပ်နိုင်ငံမှာပဲဖြစ်ပါတယ်။ နိုင်ငံတကာနည်းတူ ဒေသတွင်းနိုင်ငံအချို့မှာတော့ ကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းထားကြပြီး ကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့ (အမြောက် နှင့် ဒုံး)များ တည်ဆောက်ထားကြပါတယ်။ မြန်မာပြည်ရဲ့ ကမ်းရိုးတန်းဒေသအချိ့မှာလည်း အမြောက်နဲ့ဒုံးလက်နက်တပ်ဆင်ထားသည့် တပ်ဖွဲ့များ ၂၀၀၀ခုနှစ်မတိုင်မှီများကတည်းက ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

ဒေသတွင်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကျွှန်တော်လေ့လာမိတဲ့ ဗီယက်နမ်နိုင်ငံမှာတော့ ကမ်ရိုးတန်းလုံခြုံရေး ဒုံးလက်နက်များအဖြစ် 4K51 Rubezh, 4K44B REDUT-M နှင့် K-300P Bastion-P စသည် သဘောင်္ဖျက်ဒုံးများကို အသုံးပြုပါတယ်။ အဆိုပါဒုံးလက်နက်စနစ်များအားလုံးကို ရုရှားနိုင်ငံမှ ဝယ်ယူထားတာဖြစ်ပြီး ဗျုဟာမြောက် ခရုစ်မစ်ဆိုင်းကြီးတွေပဲဖြစ်ပါတယ်။

ဗီယက်နမ်တပ်ဖွဲ့သုံး ဒုံးစနစ်အချို့
4k44B Redut-M

P-35 ဒုံးလက်နက်တပ်ဆင်ထားတဲ့ 4k44B Redut-M ကမ်းရိုးတန်းကာကွယ်ရေးဒုံးစနစ်ဟာ ရွှေ့ပြောင်းနိုင်တဲ့ယာဉ်တင်စနစ်ဖြစ်ပြီး ဒုံးရဲ့ထိရောက်မှုအကွာအဝေးကတော့ ကီလိုမီတာ၃၀၀အထိရှိပါတယ်။ အဆိုပါစနစ်ဖြင့် ပစ်မှတ်၎ခုကို ရှာဖွေပစ်ခတ်နိုင်ပြီး ကောင်းမွန်တဲ့ ဒုံးစနစ်တစ်ခုဖြစ်ပါတယ်...။

 4K51 Rubezh
4K51 Rubezh စနစ်ကတော့ ဆိုဗီယက်ခေတ်မှာ ကျော်ကြားခဲ့တဲ့ P-15 သင်္ဘောဖျက်ဒုံးဖြစ်ပြီး တရုပ်အပါအဝင် နိုင်ငံအချို့မှာ ထုတ်လုပ်သုံးစွဲခဲ့ကြပါတယ်။ အီရန်တပ်မတော်ကလည်း အခုထိအသုံးပြုတုန်းပါ။ 


K-300P Bastion-P ဒုံးစနစ်ဟာ ဗီယက်နမ်တပ်ဖွဲ့ရဲ့ ခေတ်အမှီဆုံး ကမ်းရိုးတန်းလုံခြုံရေးဒုံးစနစ်လို့ ဆိုရမှာပါ အသံထက် ၂.၅ဆ မြန်တဲ့ အလျှင်နဲ့ပစ်ခတ်လိုက်တဲ့ ဒုံးဟာ မည်သည့်ပစ်မှတ်ကိုမဆို ပစ်ခတ်ချေမှုန်းနိုင်တယ်လို့ ဆိုကြပါတယ်။ လက်ရှိမှာတော့ ရုရှား၊ဆီးရီးယားနှင့် ဗီယက်နမ်တပ်မတော်တို့သာ ပိုင်ဆိုင်ထားကြပါသေးတယ်။
ဆီရီးယားပိုင် ဒုံးစနစ်

မြန်မာနိုင်ငံလိုပဲ ကမ်းရိုးတန်းရှည်လျားတဲ့နိုင်ငံတွေရဲ့ ကာကွယ်ရေးစနစ်ကိုကြည့်ရင် Coastal Defense ပိုင်းကို သိသိသာသာမြှင့်တင်ထားတာ တွေ့ရမှာဖြစ်ပြီးတော့ အလျှင်မြန်ရွှေ့ပြောင်းနိုင်တဲ့စနစ်အပါအဝင် မြောက်ကိုရီးယားကဲ့သို့ ဂူဖေါက်ပြီး အမြောက်ထည့်သွင်း တည်ဆောက်ထားတဲ့ တပ်ဖွဲ့တွေကို ဖွဲ့စည်းထားကြပါတယ်။ မြောက်ကိုးရီးယားရဲ့ ကမ်းရိုးတန်းလုံခြုံရေးတပ်မှာဆိုရင် အမြောက်လက်နက်များအပါဝင် ၁၀၇မမအတွဲလိုက်ပစ်ဒုံး၊ ၁၂၂မမအတွဲလိုက်ပစ်ဒုံးစသည်ဖြင့် ဖွဲ့စည်းထားပါတယ်။

C-602 တာဝေးပစ် သင်္ဘောဖျက်ဒုံး

မြန်မာ့ကမ်းရိုးတန်းလုံခြုံရေးအတွက်ကိုတော့ ယခင်က C-801 သင်္ဘောဖျက်ဒုံးများ တပ်ဖြန့်ချထားခဲ့ပြီး အမြောက်လက်နက်များအပါအဝင် ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါများပါတပ်ဆင်ထားပါတယ်။ ယခုနောက်ပိုင်းကာလများမှတော့ ပိုမိုခေတ်မီတဲ့ တာဝေးပစ် သင်္ဘောဖျက်ဒုံးလက်နက်ကြီးတွေ တပ်ဆင်ထားပြီဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ နိုင်ငံတကာ ကာကွယ်ရေးသတင်းဌါနများမှာတော့ တရုပ်ရဲ့ ဗျုဟာမြောက် C-602 ဒုံးလက်နက်များ တပ်မတော်မှပိုင်ဆိုင်ထားပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ကြဘူးပါတယ်..။ ဟုတ်မဟုတ်ဆိုတာတော့ အတိကျပြောလို့မရသေးပါဘူး။ အမှန်တကယ်ပိုင်ဆိုင်ထားခဲ့မယ်ဆိုရင်လည်း ဒါဟာဝမ်းသာစရာသတင်းလို့ ဆိုရနိုင်ပါတယ်။ C-602 တာဝေးပစ် သင်္ဘောဖျက်ဒုံးစနစ်ဟာ တန်ချိန် ၁.၂၄တန်ရှိပြီး ၃၀၀ကီလိုဂရမ်အလေးချိန်ရှိတဲ့ ဒုံးထိပ်ဖူးကို သယ်ဆောင်နိုင်ပါတယ်။ ထိရောက်မှုအကွာအဝေးကို ၄၀၀ကီလိုမီတာလို့ ဖော်ပြထားပင်မယ့် ပြည်ပတင်ပို့တဲ့စနစ်တွေကိုတော့ ၂၈၀ကီလိုမီတာအထိ လျှော့ချထားတာတွေ့ရပါတယ်...။

အချုပ်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံကဲ့သို့ ကမ်းရိုးတန်းရှည်းလျားလှတဲ့နိုင်ငံတစ်နိုင်ငံအဖို့ ပင်လယ်ပြင်ထွက်ပေါက်တစ်ခုတည်းသာရှိတဲ့ အိမ်နီးချင်းမပီသတဲ့ နိုင်ငံတစ်နိုင်ငံနဲ့ ကပ်လျှက်ရှိနေရခြင်းဟာလည်း ရေတပ်သာမက ကမ်းရိုးတန်းလုံခြုံရေးကို အထူးအလေးထား စေခဲ့တာဖြစ်ပါတယ်။ မိမိတို့ရေတပ်အားနည်းချိန်က ၎င်းတို့ရဲ့ အင်အားအကြီးဆုံးဖြစ်တဲ့ ရေတပ်ကို အသုံးပြုပြီး မိမိရေပိုင်နက်ကို ကျုးကျော်ရန်စခဲ့ခြင်း၊ မကြာခန ခိုးဝင်သူများ အများအပြားရှိခြင်းစတဲ့ အဆိုပါနိုင်ငံငယ် အပါအဝင် မည်သို့သော ကျူးကျော်ရန်စမှုမျိုးကို မဆိုရင်ဆိုင်ရန် အမြဲအသင့်ရှိနေရမှာ ဖြစ်ပြီး လေ့ကျင့်သားပြည့်ဝတဲ့ တပ်မတော်ကြီးတစ်ရပ်တည်ဆောက်ထားရမှပဲ ဖြစ်ပါတယ်...။
အားလုံးကို လေးစားလျှက်-
ကိုMM

17 comments:

  1. ပို့အသစ်များများတင်ပါ။ကိုmm အစဉ်အမြဲအားပေးနေပါတယ် အကို့ ကြောင့်ဗဟုသုတအများကြီးရပါတယ်။ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. Your said word " currently only Russia, Syria and Vietnam could possess the Bastion systems" is somewhat a little idiotic. Why Burma can't possess such system? If we pay money, Russia can sell and Burma can possess Bastion. It is a very clear logic. There would be no political factor that Russie cannot export such Bastion system to Myanmar. Burma always want to rely on Chinese products and it didn't buy, so Burma doesn't have such system.

    Bastion system is highly effecive land based version of Yahkhont missile. Currently, Russian deployed Bastion in Crimea to deter the Arleigh Burke class U.S naval destroyers which entering the black sea.

    ReplyDelete
  3. What use of Chinese sub sonic rubbish C-602?

    How do you think? Are there any reason why Burma didn't induct highly efficient 280km range 2.8 mach speed Brahmos or Yahkhont missile in favor of Chinese rubbish?

    I've read Bangladesh will fit 2 mach speed C-803 on their newly bought Type-056 corvettes.

    Do you have any idea whether MN has effective tactical means to counter the bengali thieves?

    ReplyDelete
  4. အင်္ဂလိပ်လို ကွန်မန့်ပေးလို့ ဘာကောင်လဲပေါ့....နောက်တော့လဲ အရူးတယောက်ပု

    ReplyDelete
    Replies
    1. Sonny,

      You should understand what your stepfather said. Think yourself who is insane. Narrow minded habits and one-sided vision are the way of suicidal in any survival.

      What do you think writing English is not suitable? Honestly say I am not expert in typing Myanmar font. Don't insult such a stupid way.

      Delete
  5. ဟုတ်တယ်ကို sal hein ပြောတာထောက်ခံတယ်

    ReplyDelete
  6. အင်္ဂလိပ်စာဟာကမ္ဘာသုံးစာပါ။ အင်္ဂလိပ်ကောင်းမွန်တဲ့ သူတွေဟာထိပ်တန်းနေရာရကြ ပညာတတ်ကြပါတယ်။ ကိုယ်မဖတ်တတ်တိုင်းနားမလည်တို်င်းဝေဖန်ရင် ကိုယ့်ဖာသာဘုန်းကြီးကျောင်းထွက်မှန်းဝန်ခံသလိုပါပဲ။ Eng လိုအထက်ကပုဂ္ဂိုလ်ပြောတာအလွန်မှန်ပါတယ်။ အရေးအသားရှင်းလင်းပါတယ်။ ဘင်ဂလီကုလားတွေထက်မြန်မာရေတပ်ကိုသာစေချင်လို့ နည်းပညာမြင့်တဲ့ ရုရှားလက်နက်မျိုးတပ်ဆင်ပေးစေချင်တာကိုရေးတာပါ။ ၆တန်းလောက်ပညာတတ်ရင်တော့ဝေဖန်ဖို့ဖတ်မနေပါနဲလေ။

    ReplyDelete
    Replies
    1. ဟုတ်ပါတယ်ဗျာ...ကျတော်က ၆ တန်းပဲ နေရတာလို့မှတ်လိုက်ပါ...ဘုန်းကြီးကျောင်းထွက်လည်း မှန်တယ်ဗျ...ခင်ဗျားတော်တယ်..အင်းဂိတ်လိုတော့ ကောင်းကောင်းမတတ်ဘူးဗျ..ဘဝအကြောင်းတော့နားလည်တယ်..ဒါမယ့် မြန်မာစာရိုက်တာတော့ ခင်ဗျားထက်စာလုံးပေါင်းမှန်တယ်ထင်တာပဲ

      Delete
    2. A person who understand English is a mad? The man who gave a comment in English is just because of his patriotic spirit. What is your spirit of insulting others?

      If you want to insult others with your inferiority complex, you too will be insulted. What is your understanding of life? You alone can understand life?

      Ngar loe Ma Thar bastard, see my English comment

      A B C D E F G H I J K L M N O P Q R S T U V W X Y Z

      Delete
  7. Sonny,

    You should understand what your stepfather said. Think yourself who is insane. Narrow minded behaviours and one sided vision are the way of suicidal in any kind of strife and "live and death survival".

    Burma is now facing the terrible strife in dealing with rohingyas and bangladesh. Many muslim nations seriously tried to pressure our nation diplomatically, if Burma cannot topple their pressure, next step they will threaten Burma with serious military pressure.

    In 1991, concerning with illegal immigrant rohingyas issue, Saudi's Chief of Staff paid a visit to Bangladesh and there he personally proposed and threaten to take a military action against Burma with international coalition forces led by muslim countries.

    How do you think why this Saudi sucker threatened Burma like that? Do you understand my words?

    Burma's President former general (Adjutant General)Thein Sein shamelessly declared in the world that he is impressed with Indonesia's development. His voice encouraged the Indonesian muslims to interfere in Burma's national security matter in dealing with rohingyas and Bangladesh.

    What is your dissatisfaction in my comment? What is your feeling of seeing a comment written in English?

    Who trained and taught you to get such a hideous mentality?

    Honestly say, I'm not familiar with typing Myanmar font.

    Don't insult such a hideous and stupid way.

    ReplyDelete
    Replies
    1. i m not fully understand ur english comment,but i got many knowledges and i m proud for my myanmar brother like u because many books that give us knowledges are written by eng.so i wanna say u to carry on.if u had read,share ur knowledge to ur friends with the language that they they can understand.this is my wish.lastly i wanna say u,make as u wish,everything have positive and negative person.

      Delete
  8. ဗဟုသုတရပါတယ်.. ကို အမ်( မ )အမ်.။ ရှိသမျှကို ဒီနေရာမှာ ချမပြဘူး ဆို တာ ကို သဘော ပေါက်လို့ ဘာ မှစော ဒက တက်စရာ မတွေ့ပါဘူး။ ဒီတလော မှာ ..... ဒီလိုစာမျက်နှာတွေ အထူး ဂရုစိုက်ခံရတယ်နော်..။ ၀မ်းသာစရာကောင်းပါတယ်..။ ပိုစ့် အသစ်များ ကို စောင့် နေပါတယ်..။ ကို အမ် (မ) အမ် တို့ ဆရာ မောင်ဟန်တို့ နေကောင်း ကြပါစေ ဗျာ...။ ဒါမှ အဆက်မပြတ်ဖတ်ရမှာ....။

    ReplyDelete
  9. ဒီလိုpageတွေမှာပုံမှန်ဝင်ကြည့်တယ့်လူအတော်နဲသေးတယ်ဗျာ။နီးစပ်ရာစိတ်ဝင်စားသူတွေကိုလည်းအသိပေး ပေးကြပါဦး ကိုmm ပင်ပန်းရကြိုးနပ်အောင်လို့ နောက်ပြီးပြည်သူ့စစ်မဟာဗျူဟာမှာပြည်သူတွေလက်နက်ကိရိယာတွေအကြောင်းအခြားသောတပ်မတော်တွေအကြောင်းသိဖို့အရမ်းအရေးကြီးတယ်

    ReplyDelete
  10. Eng လိုပဲ ရေးရေး မြန်မာ လိုပဲ ရေးရေး။ရေးချင်တာ ရေး။မြန်မာ စစ်တပ်နဲ့ဆိုင်တာ ဆို အကုန် စိတ် ဝက်စားတယ်။
    Burma မဟုတ်ပါဘူး။Myanmar ပါ။ ကိုယ်တိုင်က Eng ကို ဘုရား လိုကိုးကွယ်နေ ရင်တော့မသိဘူး။မြန်မာ လူမျိုး၊တိုင်း ရင်းသား မှန် ရင်တော့ Myanmar က မှန်မယ်ဟထင်တယ်။

    ReplyDelete
  11. Burma လို့​ခေါ်​ခေါ် Myamnar လို့ပဲ​ခေါ်​ခေါ် တိုင်းပြည်​ချစ်​စိတ်​နဲ့ ​စေတနာက အဓိကပါ

    မြန်​မာလို​ရေးတာ အင်္ဂလိပ်​လို​ရေးတာ ဘာပဲဖြစ်​ဖြစ်​ အ​ရေးမကြီးပါဘူး

    ReplyDelete
  12. C602 က​မြောက်​ကိုရီးယား.​ရေငုပ်​သ​ဘော်​​တွေ ကို ပစ်​ချနိုင်​လား

    ReplyDelete