Monday, September 15, 2014

ရေတပ်သုံး Z9 ရဟတ်ယာဉ်များ




တရုတ်တပ်မတော်သုံး Z-9 ရဟတ်ယာဉ်များဟာ တရုတ်တပ်မတော် ခေတ်မီတပ်မတော်ဖြစ်ရေးရဲ့ အဆင့်တစ်ခုထဲက အရေးပါတဲ့ အဆင့်တစ်ခုဖြစ်ပြီး ၁၉၈၀ကတည်းက ဘက်စုံသုံး အပေါ့စား ရဟတ်ယာဉ်ကို အကြိမ်ကြိမ်ကြိုးစားခဲ့ရာမှာ တိုးတက်လာတဲ့ နည်းပညာတွေနောက် မလိုက်နိုင်ပဲ အမြဲခေတ်နောက်ကျခဲ့ရပါတယ်။ ဒါ့ကြောင့် ၁၉၉၀ (၁၉၈၀ ကျော်ကတည်းက ဝယ်ယူသုံးဆွဲ) ခဲ့တဲ့ ယူရိုကော်ပတာ ရဟတ်ယာဉ်များကို အရပ်ဖက် သုံးနဲ့ အရေးကြီးပုဂ္ဂိုလ် အသုံးပြုဖို့ စက်ရုံတည်ပြီး ထုတ်လုပ်နိုင်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ပိတ်ဆို့မှု အမျိုးမျိုးနဲ့ ကန့်သတ်မှုတွေကြောင့် နှောင့်နှေးခဲ့ကြပေမယ့် ၂၀၀၀ပြည့်လွန် နှစ်များမှာတော့ စစ်ဘက်သုံး ယူရိုကော်ပတာနဲ့ ဆင်တူ Z-9 ရဟတ်ယာဉ်တွေကို ထုတ်လုပ်နိုင်ခဲ့ကြပါတယ်။ ယူရိုကော်ပတာ ကုမ္မနီကနေ နည်းပညာပူးပေါင်း ဒါမှမဟုတ် ဝယ်ယူခဲ့ပြီး အပေါ့စား တိုက်ခိုက်ရေးနဲ့ ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး Z-9 ရဟတ်ယာဉ်တွေကို အမြောက်အများ ထုတ်လုပ်ခဲ့ကြပါတယ်။ ၂၀၀၅ခုနှစ်မှာတော့ ကြည်းတပ်သုံး တင့်ဖျက် အမျိုးအစား၊ ဘက်စုံသုံးအမျိုးအစား အပါအဝင် ရေတပ်သုံး ရေငုပ်သင်္ဘော တိုက်ဖျက်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေး Z-9 ရဟတ်ယာဉ်တွေကို နိုင်ငံတကာ လက်နှက်ပြပွဲမှာ ပြသခဲ့ပြီး နိုင်ငံတကာကို တင်ပို့ရောင်းချခဲ့ကြပါတော့တယ်။

Z-9C ရဟတ်ယာဉ်များ
Z-9C ရဟတ်ယာဉ်တွေဟာ Eurocopter AS565 Panther ကို ဝယ်ယူ တည်ဆောက်ထားတာလို့ ဆိုကြပါတယ်။ ဒါပေမယ့် ယူရိုကော်ပတာ ကုမ္မနီဟာ AS365 Dauphin နည်းပညာကိုပဲ တရုတ်ကို ပေးခဲ့တာဖြစ်ပြီး Z9C တွေဟာ တရုတ်ရဲ့ ကိုယ်ပိုင်ဟန်နဲ့ အဆင့်မြင့်ထားတဲ့ ရေတပ်သုံး စနစ်တစ်ခုဖြစ်ပါတယ်။ AS365 Dauphin တွေဟာ ရှာဖွေကယ်ဆယ်ရေးနဲ့ ကင်းလှည့်ရေး တာဝန်တွေကိုသာ ထမ်းဆောင်နိုင်တာ ဖြစ်ပေမယ့် Z-9C တွေဟာ ရေတပ် ဘက်စုံသုံးအဖြစ် တာဝန်ထမ်းဆောင်နိုင်ပါတယ်။ ကွန်မင်ဒိုတွေ သယ်ပို့ပေးတာ၊ အပေါ့စား လက်နှက်ငယ်တပ်ဆင်လို့ ကမ်းတက်တပ်တွေကို ပစ်ကူပေးတာ၊ ရှာဖွေကယ်ဆယ်တာ၊ လေကြာင်းတင် ရေဒါနဲ့ ကင်းထောက်တာ၊ စောင့်ကြည့်သတိပေးတာ အပါအဝင် ရေငုပ်သင်္ဘော စစ်ဆင်ရေးအတွက် လိုအပ်ရင် ဆိုနာတွေ တော်ပီတိုတွေကို တပ်ဆင် ပေးနိုင်ပါတယ်။ သင်္ဘောပစ်ဒုံးကိုတောင် သယ်ဆောင်ပစ်ခတ်ပေးနိုင်ပေမယ့် ပင်မ သင်္ဘောရဲ့ လမ်းညွှန်စနစ်မပါပဲ မပစ်ခတ်နိုင်ပါဘူး။ သို့သော်လည်း အများကတော့ Z-9C တွေဟာ သင်္ဘောဖျက် ဒုံး မပစ်ခတ်နိုင်ဘူးလို့လဲ ဆိုကြပါတယ်။ 
AS565 Panther with Ash missiles As15TT

ပြင်သစ်နိုင်ငံထုတ် ORB-32 (ရေမိုင်၆၀)၊ ဒါမှမဟုတ် တရုတ်ထုတ် KLC-1 (ရေမိုင်၈၀) အပေါ့စား ရှာဖွေရေး ရေဒါတပ်ဆင်ထားပါတယ်။ ပြင်သစ်ထုတ် Thomson Sintra HS-12 ဒါမှမဟုတ် တရုတ်လုပ်ပုံစံ ၆၀၅ ချိတ်ဆွဲ ဆိုနာ တပ်ဆင်ထားပြီး ပြင်သစ်လုပ် AN44S ဒါမှမဟုတ် တရုတ်လုပ် YU-7K အပေါ့စား တော်ပီတို ၂လုံးသယ်ဆောင် ပစ်ခတ်နိုင်ပါတယ်။ ဒါပေမယ့် ရေငုပ်သင်္ဘော စစ်ဆင်ရေးမှာတော့ ပိုမိုကြီးမားတဲ့ Ka-28 တွေလို စွမ်းဆောင်ရည် အပြည့်မရှိပဲ လိုအပ်နေဆဲဖြစ်ပါတယ်။ Sonobuoys ကဲ့သို့ အဆင့်မြင့် စောင့်ကြည့်ရေး ဆိုနာ စနစ်တွေ၊ မိုင်းခင်းစစ်ဆင်ရေးတွေ မပြုလုပ်နိုင်သေးပဲ ပင်မသင်္ဘောနဲ့ တွဲဖက်ပြီးတော့သာ တိုက်ခိုက်ရေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ကင်းထောက်နဲ့ ကယ်ဆယ်ရေး၊ ပင်မသင်္ဘောက သတ်မှတ်ပေးလိုက်တဲ့ ပစ်မှတ်ဆီကို လက်နှက် သယ်ဆောင် ပစ်ခတ်နိုင်ရေးသာ လုပ်ဆောင်နိုင်ပါတယ်။
with dropping sonar
Z9 ရဟတ်ယာဉ်တွေကို သင်္ဘောဖျက်ဒုံးတွေ သယ်ဆောင်ပစ်ခတ်နိုင်စေဖို့ ကြိုးစားခဲ့ရာမှာ ၂၀၀၇ခုနှစ်နောက်ပိုင်းမှာ အောင်မြင်ခဲ့ကြပါတယ်။ ဒါ့ကြောင့် တရုတ်ရေတပ်ရဲ့ Z-9C တွေအားလုံးကို အဆင့်မြင့်တင်ပေးခဲ့ပြီး အသစ်ထုတ်လုပ်တဲ့ ရဟတ်ယာဉ်တွေကိုတော့ Z-9D အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ မူလ Z-9C ပါရေဒါစနစ်နဲ့ ကိုက်ညီတဲ့ ဒုံးလက်နှက်နဲ့ စမ်းသပ်ခဲ့စဉ်ကတော့ အပေါ့စား သင်္ဘောငယ်လေးတွေကို ဖျက်နိုင်ဖို့ ၁၅ကီလိုမီတာထိသာ ပစ်ခတ်နိုင်တဲ့ YJ-9 ဒါမှမဟုတ် TL-10B ဒုံး လေးစင်း သယ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် Z9C တွေကို ဒုံးသယ်ဆောင်ပစ်ခတ် နိုင်ဖို့ အဆင့်မြင့်တင်ခဲ့ပါတယ်။ သို့သော်လည်း ၂၀၀၈ခုနှစ် နောက်ပိုင်းမှာ ကီလိုမီတာ ၁၂၀ကနေ ၂၀၀ကျော်ထိ ပစ်ခတ်နိုင်တဲ့ YJ-83 (C-801/2/3) တွေ သယ်ဆောင်နိုင်ဖို့ ပြင်ဆင်ခဲ့ရာမှာ တပ်ဆင်ရေဒါကိုပါ ပိုမိုကြီးမားလေးလံတဲ့ ရေဒါစနစ်တစ်ခုကို တပ်ဆင်ခဲ့တာကြောင့် Z-9C တွေထက် ပိုကြီးတဲ့ နုတ်သီးရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခြားစနစ်တွေ တပ်ဆင်ဖို့ မဖြစ်နိုင်တော့တာကြောင့် သင်္ဘောဖျက်စစ်ဆင်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေးသာ ဆောင်ရွက်နိုင်ပါတော့တယ်။ တရုတ်တပ်မတော်ဟာ ၁၂စင်းခန့် ထုတ်လုပ်ထားပြီး လေယာဉ်တင်သင်္ဘောအတွက် အနည်းငယ်နဲ့ ဖျက်သင်္ဘောတွေမှာ အခြားရဟတ်ယာဉ်တွေနဲ့ တွဲသုံးဖို့ ကမ်းခြေစောင့်တပ်တွေမှာ အဓိကထား သုံးဖို့ စီစဉ်ခဲ့ကြပါတယ်။
ZD9 with Ash missile

AS365 Dauphin တွေကတော့ ရေတပ်သုံး ရှာဖွေကယ်ဆယ်ရေး ရဟတ်ယာဉ်တွေ ဖြစ်ပြီး ကမ်းခြေစောင့်နဲ့ ရေတပ်အမြောက် အများမှာ လက်ရှိအသုံးပြုကြပါတယ်။ ပြုပြင်ထိမ်းသိမ်းရတာ၊ ထိမ်းချုပ်မောင်းနှင်ရတာ၊ ပေါ့ပါးလွယ်ကူပြီး ပင်လယ်ပြင်နဲ့ကိုက်ညီလွန်းတာကြောင့် စစ်ဘက် အရပ်ဘက် အကြိုက်တွေ့တဲ့ ရဟတ်ယာဉ် တစ်မျိုးဖြစ်ပါတယ်။ လက်နှက်ငယ်တွေကို တပ်ဆင်နိုင်ပြီး ရေကြောင်းရဲတပ်ဖွဲ့နဲ့ ပင်လယ်ဓါးပြရန် ကာကွယ်ရေးအတွက် သုံးကြပါတယ်။
AS565 Panther ကတော့ လက်နှက်တပ်ဆင် တိုက်ခိုက်ရေးနဲ့ ရေဒါတင် စစ်ဆင်ရေးသုံး အမျိုးအစားဖြစ်ပြီး ကမ်းတက်တပ်ဖွဲ့တွေ အတွက် တင့်ဖျက် ဒုံးတွေ၊ ရဟတ်ယာဉ်ချင်း စစ်ပွဲအတွက် လေယာဉ်ပစ်ဒုံးတွေ အပါအဝင် တော်ပီတိုတွေ၊ သတိပေးရေဒါတွေ သင်္ဘောဖျက် ဒုံးတွေ အမျိုးမျိုးကို အမျိုးအစားအလိုက် တပ်ဆင်နိုင်ပါတယ်။ 
YJ-9
Z-9C ရဟတ်ယာဉ်တွေရဲ့ ပြင်သစ်အင်ဂျင်၊ ပြင်သစ်ရေဒါ၊ ဆိုနာ နည်းပညာသုံး ရဟတ်ယာဉ်တွေကို တရုတ်က Z9EC အနေနဲ့ ၂၀၀၅ခုနှစ်မှာ ထုတ်ရောင်းခဲ့ပါတယ်။ ဘက်စုံသုံးလို့လဲ ရနိုင်၊ ရေယာဉ်ပေါ်မှာ ဝန်ကျဉ်းကျဉ်းနဲ့ သယ်ဆောင်သွားနိုင်ပြီး ရေငုပ်သင်္ဘော စစ်ဆင်ရေးနဲ့ ကင်းထောက်လုပ်ငန်းကိုပါ တစ်ပိုင်းတစ်စ ထမ်းဆောင်နိုင်တာမို့ အရောင်းသွက် အမျိုးအစားဖြစ်ပါတယ်။ Z9C ကဲ့သို့ ရေယာဉ်ဖျက်ဒုံးတွေ သယ်ဆောင်နိုင်တဲ့ တရုတ်အဆင့်မြင့် စနစ်တွေကိုတော့ ဝယ်သူစိတ်ကြိုက် မှာယူတပ်ဆင်နိုင်ပါတယ်။ ချိတ်ဆွဲဆိုနာ၊ ရှာဖွေရေး ရေဒါနဲ့ တော်ပီတို ၂လုံးကို သယ်ဆောင်နိုင်ပါတယ်။ နေ့ည ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ပါတယ်။ AS365 Dauphin တစ်စင်းဟာ ဒေါ်လာ၉သန်းကျော် ၁၀သန်းနီးပါး၊ AS565 Panther ကတော့ လက်နှက်မပါ ဒေါ်လာ၁၈သန်းကျော် ရှိနေချိန်မှာ၊ Z-9 ရှာဖွေကယ်ဆယ်ရေး ရဟတ်ယာဉ်ဟာ ဒေါ်လာ ၄သန်း၊ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးဟာ ဒေါ်လာ ၆သန်းနဲ့ စိတ်ကြိုက်တပ်ဆင် ဝယ်ယူပါက အလွန်ဆုံး ဒေါ်လာ ၁၀သန်းမကျော်တာကြောင့် နိုင်ငံငယ် များက မှာယူအသုံးပြုကြပါတယ်။ Z-9EC အမျိုးအစားကတော့ ပါကစ္စတန် ရေတပ်အတွက် ထုတ်လုပ်ပေးခဲ့တာဖြစ်ပြီး နည်းပညာခြင်း ဖလှယ်တဲ့ အစီအစဉ်အရ စက်ရုံ ဒါမှမဟုတ် ပြင်ဆင်ရေး အလုပ်ရုံကိုပါ လွဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်တပ်မတော်ရဲ့ အခြားအဆင့်မြင့် ရေတပ်သုံး ရဟတ်ယာဉ်တွေ ခြေလှမ်း စတင်ခဲ့ပြီ ဖြစ်လို့ Z-9C ရဟတ်ယာဉ်များရဲ့ ထက်ဝက်ခန့်ကို ရှာဖွေကယ်ဆယ်ရေး အဆင့်ထိ ပြောင်းလဲခဲ့ပြီး အချို့ကိုတော့ ရောင်းချနိုင်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ။   

5 comments:

  1. မြန်မာမှာ Z9 တစ်စီး အောင်ဇေယျပေါ် အဆင်းအတက် လုပ်နေတဲ့ပုံ ကို တော့ တွေ့ဖူး ပြီးသား ပါ..။ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ဆို တာ.... ရဟတ်ယာဉ် ပေါ်က နေတွဲ လောင်း ချ ပြီး ကြိမ်နှုန်း တွေ ထုတ်တဲ့ဟာ ကို ပြောတာ ပါလား ဗျ..။ သူက တွေ့တယ်ဆို ရင်.. သင်္ဘောနဲ့ ချိတ်ဆက်သတင်းပို့ပြီး တိုက်ပွဲ ၀င်ရတာပါလား....။ သင်္ဘော ပေါ်က နေ sub တွေကို တိုက်ခိုက်နှိုင်တာ... ဘယ်လို လက်နက်တွေနဲ့ တိုက်ခိုက်ရတာပါလဲဗျ.။ ကျွန်တော့် အတွေး ပိန်း ပိန်းနဲ့... ဘယ်လို စဉ်းစား စဉ်းစား ... sub ကို surface ပေါ် က ဟာတွေဘယ်လို အနိုင်ယူ နိုင်တယ်ဆို တာ.. မတွေးမိဘူး။ ဒါမှမဟုတ် sub sub အချင်း ချင်း ပေး တွေ့လိုက်တာ လား... ဗျ.....။ လုံ ခြုံ ရေး အရ လွတ်ကင်း ပြီး ရှင်း ပြလို့ရရင် ရှင်း ပြစေ ချင်ပါတယ် ဆရာ မောင်ဟန်...

    ReplyDelete
    Replies
    1. Actually MDW provided the readers some understandings about the nation’s military capability. Though I don’t want to say many things, MDW is unofficial and presumably a private blog and the bloggers openly invited anyone to participate and discuss about military technologies of Myanmar.

      Tactics of anti-sub warfare are nothing to do with the nation’s “security concern”, it is just a purely worldwide used common military technology which is very far from the security red line of a particular nation. Common military technologies and military thinking are not the projected official war plan of a nation.

      And technologically, it is not a new one which is recently found and kept secret by a particular nation. Most (not all) tactics in anti-sub warfare originated in WW I and WW II, concurrently developed with the very fierce German U Boat operations in the Atlantic Ocean.

      You just need to google about “Naval Surface and Sub Surface Warfare”, there you will see the multi dimensions of the nature of maritime battles, multiple concepts of naval warfare doctrine, conceptualized strategies of different particular world naval powers throughout the history up to date, naval tactics, and maritime technology and weapon systems.

      Everyone who is learned and has a sound intellectual level can easily, openly and freely search and study any kind of military technologies, strategies and tactics of wars throughout the world military history and from the current military conflicts around the world; and the analytical surveys of possible future war and battlefield scenarios in air, land and sea around the world’s most problematic regions presented by the intellectuals or think tanks or strategic theorists on internet.

      You will see terribly numerous researches, terms papers, theory, critiques, analysis, reports, surveys, news, estimation and guesstimation, strategic calculations, revisions on previous military operations, evaluations on historical lessons presented by the world’s numerous international military and strategic researchers, analysts, theorists, strategists, specialists, experts, military historians, surveyors, reporters, trainers, trainees, professionals, amateurs, military personnel, civilians, from the world famous Universities, prominent military academies such as Fort Leavenworth General Staff college and even from the former Soviet’s elite Mikhail Frunze higher military academy, and Non-profit organizations and institutes such as world famous strategic study institutes, industrial sources, influential military journals and magazines, and variety of many numerous open web sources.

      These are for all the people who want to study the military technologies and military thinking professionally or amateurishly, in depth or superficially. There is no restriction that civilians must not study about the War and its constituents.

      In connection with the word “security” of a nation generally, I understand like that, a nation seriously demands that every citizen must have utter devotion to the nation.

      Burma’s real “security concern” is several decades’ long uncontrollable infiltration and illegal immigration of Bangladeshis in Rakhine state.

      Complete elimination of that security threat once and for all by all available means (diplomatic negotiation for repatriation and if it fails, using military strength as the last resort) is the serious demand of Burma’s national security.

      Delete
  2. ကိုမောင်ဟန်ကို မေးတာ တွေ့လို့ ကျနော်မှတ်မိသိသလောက်လေး ၀င်ပြောခွင့်ပြုပါဦးခင်ဗျ။ ရေငုတ်သင်္ဘော ထောက်လှမ်းရှာဖွေရေးမှာက ကျနော်သိသလောက် Radio Interception နဲ့ရှာနည်း၊ Radar နဲ့ ရှာနည်း၊ Sonar အသံလှိုင်း သုံးပြီးရှာနည်း နဲ့ Magnetic Anomaly Detector (MAD) ခေါ်တဲ့ ကြီးမားတဲ့ သံထည်ပစ္စည်းများကို ထောက်လှမ်းရှာဖွေနည်းဆိုပြီး ရှိပါတယ်ဗျ။ Sonar မှာ ကို Falcon ပြောတဲ့ ရဟတ်ယာဉ်က တွဲလောင်းဆွဲသွားတဲ့ Sonar မျိုးကTowed Array Sonar ကြိုးနဲ့ ဆွဲသွားရတာမျိုးဖြစ်ပါတယ်။ နောက်ပြီး တိုက်ယာဉ်သင်္ဘောကိုယ်ထည်မှာ တည်ဆောက်စဉ်ကတည်းက ထည့်သွင်းမြုပ်နှံတည်ဆောက်ထားတဲ့ Hull Mounted Sonar မျိုးလည်း ရှိပါတယ်ခင်ဗျ။ ကျနော်တို့ကျန်စစ်သားကတော့ ဗိုက်မှာ ကပ်နေတဲ့ ဒုတိယ အမျိုးပါ။ ကြိုးဆွဲ အမျိုးကိုတော့ သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေမှာပါ သုံးနိုင်ပြီး တစ်ခါတစ်ရံ ရေထဲမှာချထားခဲ့တာမျိုးလည်း ရှိမယ်ထင်ပါတယ်။ တွေ့ပြီဆိုရင်တော့ ချိတ်ဆက်ပြီး တိုက်စွမ်းရည်ရှိတဲ့ ဘယ်လို သင်္ဘော-ရဟတ်ယာဉ်ကနေဖြစ်ဖြစ် တိုက်နိုင်ပါတယ်။ ရေမြုတ်မှိုင်းကာ ကြိုချနိုင်ပါတယ်။ သင်္ဘောတွေပေါ်ကနေ ရေအနက်အပိုင်းအခြားအလိုက် ကွဲနိုင်တဲ့ Depth Charges တွေ ချပြီး ခွဲနိုင်ပါတယ်။ RDC ခေါ်တဲ့ Rocket Depth Charges တွေ အတွဲလိုက် အစုလိုက် ပစ်ထုတ်ပြီး ရေအနက်အလိုက် သင်္ဘောတွေ စုပေါင်းပြီး တိုက်နိုင်ပါတယ်။ ကျနော်တို့ 44 စီးရီးတွေရဲ့ ရှေ့ဖက်ဦးမှာ တပ်ထားတဲ့ အတွဲလိုက်ပစ်ဒုံးတွေလိုမျိုးပါ။ Anti Submarine Motor နဲ့ Torpedo များကိုလည်း သုံးနိုင်ပါတယ်ခင်ဗျ။ ရေငုတ်သင်္ဘောကကော၊ သင်္ဘောပေါ်ကရော၊ လေယာဉ်နဲ့ ရဟတ်ယာဉ်တွေပေါ်ကပါ ပစ်နိုင်ပါတယ်။ သင်္ဘောနဲ့ ရေငုတ်တွေပေါ်ကနေ တော်ပီဒိုကို ပဲ့ထိန်းစေမယ့် ကြိုးတန်းလန်း wire-guidance အနေနဲ့လည်း ပစ်နိုင်သလို ခေတ်မီ
ီလာတော့ active/passive sonar homing အနေနဲ့ သူ့ဖာသူ ရှာထိတာ(သို့) ကြားက ၀င်လမ်းညွှန်ပေးတာမျိုးနဲ့လည်း ပစ်နိုင်ပါတယ်ခင်ဗျ။ ကျနော်ပြောတာ လိုတာတွေ ရှိပါလိမ့်မယ်။ ကျနော်လည်း ထပ်သိချင်ပါတယ်ခင်ဗျ။ ကျေးဇူးပါ။

    ReplyDelete
    Replies
    1. အခု လို ၀င်ရောက် ရှင်း ပြပေး တာ ကို အများကြီး ကျေး ဇူး တင်ပါတယ်... ကို စနေသား ။ တစ်ခု လေး စိတ်ထဲမှာ ဘ၀င်မကျဖြစ်နေတာ က လေ... sub တွေ ဟာ.. များ သော အား ဖြင့် ရေပေါ် က သင်္ဘော တွေကို အရင် တွေ့ နိုင် ထောက်လှမ်း နိုင်တာ မျိုး မဟုတ်ဘူး လား ဗျ....။ RDC တွေရဲ့ အကွာ အဝေး က ဘယ်လောက် ဝေးဝေး ထိရောက်နိုင်ပါသလဲ...ဗျ..။ ထင်နေမိတာက.... sub တွေသာ..စောစော တွေ့ပြီးတော်ပီဒို ပစ် ပြေး သွား ရင်... ဘယ်လို မှ မကာ ကွယ်နိုင်လောက်ဘူး ဆို ပြီး တော့ပေါ့လေ....။ စစ်သဘောင်္ တွေမှာ ... ကိုယ့် ဆီလာ နေတဲ့ တော်ပီဒို တွေကို ဟန့်တား ဖျက်ဆီး နိုင်တဲ့ လက်နက်ရှိလား ဗျ.......။ အဆင်ပြေရင် ပြောပြပေးပါဗျာ.... ဒီအပိုင်း တွေမှာ ကျွန်တော် တကယ်ကို ဗဟုသုတ နဲ လို့ပါ...

      Delete