
မြန်မာ့တပ်မတော် ရေတပ်ဖွဲ့ပိုင်းဆိုင်ရာများစွာ တိုးချဲ့ နေတည့် အထဲတွင် စစ်ရေယာဉ်သစ်များ ထုတ်လုပ်ခြင်း၊ဝယ်ယူခြင်းများ ပြုလုပ်လျက်ရှိရာ ယခုအခါတွင် မြန်မာ့တပ်မတော်ရေတပ်ဖွဲ့များ အတွက် စစ်ရေယာဉ် အသစ်များကို တည်ဆောက်လျက်ရှိပါသည်။၂၀၀၀ ခုနှစ်နှောင်းပိုင်းနှစ်များတွင် စတင်ထုတ်လုပ်ခဲ့သော ၅၅ စီးရီး များကို လေကြောင်းရန်ကာကွယ်ရေး အမြန်ယာဉ်များ၊သင်္ဘောဖျက် ခရူးဇာဒုံးပျံတပ် တိုက်ခိုက်ရေး အမြန်ယာဉ်များ အပြင် စစ်ရေ ယာဉ်မျိုးစုံ တပ်ဆင်ထုတ်လုပ်ခဲ့သည်။မြန်မာ့တပ်မတော် ရေတပ်ဖွဲ့များတွင် ယခုအခါ ပြည်တွင်းထုတ် ဖရီးဂိတ် စစ်သင်္ဘောကြီး အောင်ဇေယျ၊ပြည်တွင်းထုတ် ကော်ဗတ် အမျိုးအစား စစ်သင်္ဘောကြီးများ၊စစ်ရေ ယာဉ်မျိုးစုံ တာဝန်ထမ်းဆောင်လျက်ရှိရာ မကြာတော့သော ကာလများတွင် စွမ်းရည်ထက်မြက်သော ဖျက်သင်္ဘောကြီးများကို ပင် တပ်ဆင် လာမည်ဟု ယူဆနိုင်ပါသည်။ယခုအခါတွင်မှု မြန်မာ့တပ်မတော်ရေ အတွက် အလွန် ဂုဏ်ယူဖွယ်ကောင်းသော သတင်းမှာ ၅၅စီးရီးများ အပြင် နောက်ထပ်၍ ၅၆စီးရီး ၅စီး ထပ်မံ တပ်ဆင် စမ်းသပ်နေပြီ ဖြစ်ကြောင်းတွေ့ရခြင်းပင် ဖြစ်ပါသည်။

မြန်မာ့တပ်မတော်ရေ အတွက် စစ်ဆင်နိုင်မှု ပမာဏ ကျယ်ပြန့်လာမည် ဖြစ်သည့် အပြင် မြန်မာ့ရေပြင် ပိုင်နက်ကို ပိုမို ကာကွယ်ပေးနိုင်လာမည် ဖြစ်ပါသည်။ပိုမို၍ စိတ်ဝင်စားစရာ ကောင်းသော အချက်မှာ ယခုတပ်ဆင် စမ်းသပ်နေသော တိုက်ခိုက်ရေး အမြန်ယာဉ်သစ်များတွင် မည့်သည့် လက်နက်စနစ်များ တပ်ဆင်လာမည် ဆိုသည့် အချက်ပင်ဖြစ်ပါသည်။စီ-၈၀၂ ရေပြင်မှရေပြင်ပစ် ဒုံးပျံများတပ်ဆင် လာခဲ့ပါက ဒေသတွင်းနိုင်ငံများ၏ ရေတပ်ဖွဲ့များကို ကောင်းကောင်း ယှဉ်ပြိုင်တိုက်ခိုက်လာနိုင်မည် ဖြစ်ပါသည်။