

S-300PMU-2

တရုပ် လေကြောင်းရန်ကာကွယ်ရေးစနစ် စမ်းသပ်မှု လွဲချော်ခဲ့တဲ့ မှတ်တမ်းတစ်ခုပါ။အက်စ်-၃၀၀ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို တရုပ်နိုင်ငံတွင် HQ-9 ဟုအမည်ဖြင့် လိုင်စင်ယူ ထုတ်လုပ်လျက်ရှိပါသည်။မြန်မာ့တပ်မတော်တွင် ရှိသောလေကြောင်းရန်ကာကွယ်ရေးစနစ်များတွင် အက်စ်-၃၀၀ ကို ဖြည့်တင်းသင့်ပေသည်။မြန်မာ့တပ်မတော် လေကြောင်းရန်ကာကွယ်ရေးစနစ်တွင် အက်စ်-၃၀၀ ၏ လေကြောင်းရန်ကာကွယ်ရေးရေဒါစနစ်အား ယူကရိန်းနိုင်ငံမှ ၂၀၀၃ ခုနှစ်တွင် ဝယ်ယူခဲ့သည်။
မြန်မာ့တပ်မတော်မှ ယူကရိန်းနိုင်ငံတွင် ဝယ်ယူခဲ့သော ST-68U လေကြောင်းကင်းထောက်ရေဒါစနစ် အမျိုးအစားဖြစ်ပါသည်။

အက်စ်-၃၀၀ /၄၀၀ ကြီးတွေက မဟာဗျူဟာလက်နက်ကြီးတွေဆိုတော့ ထုတ်လုပ်တဲ့နိုင်ငံကလည်း ရောင်းဖို့ဝန်လေးကြမှာဖြစ်သလို ပိုက်ဆံရှိတိုင်းလည်း ၀ယ်မရဘူးထင်ပါတယ်။အီရန်က ဒီင်္လက်နက်ကြီးကို ၀ယ်ဖို့ ရုရှားနဲ့စာချုပ်ချုပ်ထားတာ ပြတ်ပျက်သွားတယ်လို့ကြားတယ်။ရောင်းဖြစ်လားတော့မသိဘူး။အမေရိကန်က စိုးရိမ်တာလည်းပါတာပေါ့။
ReplyDeleteမြန်မာနိုင်ငံအတွက် ဒီမဟာဗျူဟာလက်နက်ကြီးတွေ ၀ယ်လို့ရရင်တော့ အကောင်းဆုံးပေါ့ဗျာ။တွေ့ရသလောက် အိမ်နီးချင်း တရုတ်က ဒီလိုမျိုး မဟာဗျူဟာလက်နက်ကြီးတွေကိုကြတော့ ရောင်းချပေးတာ မတွေ့ရသလိုပဲ။ပေါချောင်ကောင်းဟာလောက်ပဲရောင်းပေးတာပဲတွေ့တယ်။ ၀ လက်နက်ကိုင်အဖွဲ့ကိုလည်း လက်နက်ရောင်းချပေးနေတာတွေဟာ မြန်မာပြည်ကအစိုးရရဲ့ရှေ့မှာတစ်မျိုး နောက်မှာတစ်မျိုးလုပ်နေတာတွေလည်းရှိနေတာတွေ့ရမယ်။
ဘာပဲဖြစ်ဖြစ် ဒီလိုမဟာဗျူဟာလက်နက်ကြီးတွေအတွက် မြန်မာပြည်အနေနဲ့လည်း ရှိထားသင့်တာ အမှန်ပါပဲ။
အက်စ်-၃၀၀ ကို အရှေ့တောင်အာရှမှာ ဗီယက်နမ်မှာလည်း ပိုင်ဆိုင်ထားတယ်ဆိုတော့ မြန်မာပြည်အနေနဲ့လည်း ပိုင်ဆိုင်သင့်တယ်။နိုင်ငံကြီးတွေကြားမှာရော နောက်ပြီး ထိုင်း ဘင်ကုလား တို့ရန်တွေကလည်းရှိသေး ပတ်ချာလည်အားလုံး အမြဲတမ်းမိတ်ဆွေမဖြစ်နိုင်တဲ့ ရန်သူတွေရှိနေတာကြောင့် မြန်မာ့တပ်မတော်အနေနဲ့ ခေတ်မှီတဲ့မဟာဗျူဟာလက်နက်ကြီးတွေရှိသင့်တယ်။ခေတ်မမှီတဲ့အရာတွေ များများစားစားဝယ်နေတာထက် ခေတ်မှီတဲ့မဟာဗျူဟာလက်နက်ကြီးတစ်ခုကိုဝယ်လိုက်တာ ပိုပြီးအကျိုးရှိပါတယ်။
ReplyDeleteဟုတ်တယ် ကိုmgရေ ဗီယက်နမ်က ဒီစနစ်ရှိလို့ အတော်အားကောင်းနေတယ်လို့ပြောရမယ်ဗျ လေကြောင်းရန်ကာကွယ်ရေး အတွက်ပေါ့လေ.. တရုပ်ကလည်း ဗီယက်နမ်ကို စစ်ရေး အရအမြဲ ခြိမ်းခြောက်နေတဲ့နိုင်ငံပါ ဒါကြောင့် ဗီယက်နမ်အနေနှင့် အတော်အားကောင်းနေရမယ်ဗျ...မြန်မာ့တပ်မတော်
ReplyDeleteလေကြောင်းရန်ကာကွယ်ရေး တပ်အတွက်ကတော့ အက်စ်-၃၀၀ ကို ဝယ်ကိုဝယ်ယူသင့်ပါတယ် ယိုးဒယားလေတပ်ကို တန်ပြန်ဖို့ဆိုရာမှာ လေတပ်ချင်း Dogfight တိုက်မလား ဒါမှမဟုတ် အလစ်ဝင်တိုက်လာရင် ဘယ်လိုကာကွယ်မလဲဆိုတဲ့ နေရာမှာ လေတပ် တစ်ခုထဲနှင့် မရတော့ပါဘူး ခေတ်မှီ လေကြောင်းရန်ကာကွယ်ရေးစနစ် တစ်ခုရှိထားမှသာ လုံလောက်မှာ ဖြစ်ပါတယ်..အဓိက လေကြောင်းကျုးကျော်စစ် ဆင်နိုင်တာကလည်း လတ်တလော်မှာဆိုရင် ယိုးဒယားနိုင်ငံသာ ဖြစ်ပါတယ်။ဒီလို လေကြောင်းကျုးကျော်စစ်ဆင်လာပြီ ဆိုရင် မိမိတို့ လေတပ်က ဘယ်လိုပင် တက်တိုက်မယ်ဆိုပင်မဲ့ အဓိက ကတော့ လေကြောင်းရန်ကာကွယ်ရေးတပ်များရဲ့ စနစ်ကို အရင်ကျော်ဖြတ် ရမှာဖြစ်ပါတယ်..ဒါကြောင့်လည်း ယိုးဒယားနယ်စပ်မှာ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေ ချထားရတာဖြစ်ပါတယ်..။ဘင်္ဂလားအနေနှင့်ကတော့ လေကြောင်းမှ ကျုးကျော်စစ် ဆင်လာဖို့အတော် ခက်ခဲပါမယ်...။မိမိတို့ရဲ့ လေကြောင်းတိုက်ပွဲကြီးတွေ မဆိုထားနှင့်ဗျာ..ဟိုတလော်က မြန်မာ့တပ်မတော်လေ တိုက်လေယာဉ် တစ်စီးက ဘင်္ဂလားဒေ့်လေတပ် စခန်းပေါ်ကို ဖြတ်ပျံပြတော့ သူတို့ ခမျာ ကြောက်လန့်သွားကြပါတယ်...။တကယ်တော့ ကိုယ့်ကိုကိုယ် အထင်ကြီးနေတာက ဘင်္ဂလားဒေ့်ပါ...။