Saturday, June 25, 2011

မြန်မာ့ တပ်မတော်ထုတ် စက်လက်နက်များ

အမ်အေ စီးရီး စက်သေနတ် ဖြစ်သည်။

အမ်အေ စီးရီး စက်လက်လေး ဖြစ်သည်။

ဘီအေ-၁၅ စက်လက် သေနတ်ကြီး ဖြစ်သည်။

အမ်အေ စီးရီး စက်သေနတ်နှင့် ၄၀မမ ဗုံးပစ်လောင်ချာ သေနတ် ဖြစ်သည်။


၆၀မမ စိန်ပြောင်း ဖြစ်သည်။


မြန်မာ့တပ်မတော် ထုတ် စက်သေနတ်များ၏ အမည်များကို ဖော်ပြပေးကြပါရန် တောင်းဆိုချင်ပါသည် ခင်ဗျာ..။ကျွှန်တော့် အနေနှင့် အမည်နာမ များကို သေချာစွာ မသိပါခင်ဗျာ...။

11 comments:

  1. အပေါ်ဆုံးပုံက "MA - 3 ချေမှုန်းရေးရိုင်ဖယ်"ပါခင်ဗျာ..၊ ဒုတိယပုံကတော့ "MA - 2 စက်ကလေး"ပါ..၊ တတိယပုံကတော့ ကျွန်တော်တို့အခေါ် "ငါးကြင်းမြီး"လို့ ခေါ်တယ်ဗျ... နောက်ပြီး နာမည်အခေါ်ကိုလဲ "အမ်ဂျီ သရီး စက်လတ်"လို့ပဲ နှုတ်ကျိုးနေတယ်.. အမှန်ကတော့ ဒီမှာရေးထားသလို ဘီအေ-၁၅ ဖြစ်မယ်ထင်ပါတယ်.. ကျွန်တော်လဲ မေ့ချင်သလိုလိုဖြစ်နေပြီဗျ..၊ စတုတ္ထပုံနဲ့ပဉ္စမပုံကတော့ "MA - 4.. ၄ဝ မမ ဗုံးပစ်လောင်ချာတွဲလျက် ချေမှုန်းရေးရိုင်ဖယ်"ပါ။ နောက်ထပ် "MA - 1 ချေမှုန်းရေးရိုင်ဖယ်"ဆိုတာ ရှိပါသေးတယ်ခင်ဗျာ...။ MA 1,2,3,4 အားလုံး ၅.၅၆ မမ ကျည်တွေကို သုံးပါတယ်။ MA - 1 က ပုခုံးဒင်ပါ(အသေ)ဖြစ်ပြီး အပေါ်ဆုံးပုံမှာပါတဲ့ MA - 3 ကတော့ ပုခုံးဒင်ကို ခေါက်လို့ရတဲ့ အရှင် ဖြစ်ပါတယ်။

    ReplyDelete
  2. ပထမဆုံးပုံက ဒင်ခေါက်လို့ရတယ်။သူက MA-3။ ကိုင်ဆောင်တဲ့စစ်သည်တွေက အရာရှိ အရာခံ ဒုအရာခံဗိုလ် တပ်ကြပ်ကြီးတွေ ကိုင်ဆောင်တယ်။

    ဒုတိယပုံ စက်ကလေးက MA-2။ကိုင်ဆောင်တာက တပ်ကြပ် သို့မဟုတ် senior ရဲဘော် တစ်ယောက်ယောက် အဆင်ပြေသလို ကိုင်ဆောင်တယ်။

    လောင်ချာတွဲနဲ့ပုံက MA-4။သူလည်းပဲ ဒုတိယပုံ MA-2 ကိုင်ဆောင်သူလိုပဲ အဆင်ပြေတဲ့သူကိုင်တယ်။

    တပ်သားရဲဘော်လေးတွေကတော့ MA-1 သေနတ်ကိုင်တယ်။MA-1 ပုံစံက MA-2 လိုပါပဲ ဒေါက်ဖြုတ်လိုက်ရင် MA-1 ပုံစံပါပဲ။

    (ဒါက ပုံမှန်အတိုင်းကိုင်ဆောင်ရမယ့်ပုံစံကိုပါ။တပ်တွေမှာတော့ အဆင်ပြေသလို ကိုင်ဆောင်ကြတာပါပဲ။တစ်ခါတစ်လေ အရာရှိငယ်တွေဆိုရင် လောင်ချာတွနဲ့ MA-4 ကိုကိုင်ရတာ နှစ်သက်လို့ ကိုင်တဲ့သူလည်းရှိတယ်)

    ReplyDelete
  3. ဟုတ်ကဲ့ခင်ဗျာ.. ကျေးဇူးတင်ပါတယ် ခင်ဗျာ.. MA-4 ကတော့ ကျွှန်တော် သဘောကျတယ်ဗျ အတော်ပစ်လို့ကောင်းမယ် အာပီဂျီတွေကရော ဘယ်လိုခေါ် သလဲဗျ အာပီဂျီ-၂ အာပီဂျီ-၇ တွေကိုထုတ်တယ်လို့ကြားရလို့ပါ။

    ReplyDelete
  4. အာပီဂျီတော့ သုံးမျိုးလောက် တွေ့ဖူးတယ်ဗျ။ ဘီအေ-၁၀၃၊ အဲဒါက အရင်ခေတ်(BA Series ခေတ်က) သုံးတာပေါ့။ နောက် ကျောင်းတုန်းက သင်ခဲ့ဖူးတာက Type-69 (85mm warhead)(အခုလက်ရှိ သုံးနေတုန်းလားတော့ မသိဘူး)။ ရှေ့တန်းမှာ တကယ်သုံးနေတာ တွေ့ရတာကတော့ MA-10 ၊ ၄၀ မမ ပြောင်းနဲ့ warhead ကတော့ နှစ်မျိုးလောက် သုံးတယ်။ MA-10 က ကိုMM ပြောတဲ့ အာပီဂျီ-၇ ပါပဲ၊ ကပစ ထုတ်ပေါ့။

    regards,
    Comrade

    ReplyDelete
  5. အမ်အေ စီးရီးထဲက အမ်အေ ၁၃ ပုံလေး ရရင်တင်ပေးစေချင်ပါတယ်ဗျာ....ဒင်ချိုး လိုရပြီး ပြောင်းကိုလဲ အရှင်တပ်ထားတဲ့အတွက် ဖြုတ်ထားရနိုင်ပါတယ်...ဒင်ချိုးပြီး ပြောင်းဖြုတ်ထားရင် ခါးမှာတောင်အလွယ်တကူ ချိတ်ထားလို.ရနိုင်တဲ့ အမ်အေ ၁၃ သေနတ်ကို ကျနော် ကိုင်ခဲ့ဖူးပါတယ်..ထုတ်တဲ့နှစ်တော့မေ့နေပါပြီဗျာ....ပုံလေးရရင်တင်ပေးစေချင်ပါတယ်....အများဆုံးထုတ်ပေးထားတဲ့တပ်တွေကတော့ စစ်လက်ရုံးတပ်တွေလို. မှတ်သားခဲ့ဖူးပါတယ်.....လေးစားပါတယ်ဗျာ...

    ReplyDelete
  6. http://2.bp.blogspot.com/_9m_TrYIZhaU/SOsA9IRYXJI/AAAAAAAADFs/g3JGtS_ndhI/s320/bodyguard.jpg

    အမ်အေ ၁၃

    ReplyDelete
  7. http://3.bp.blogspot.com/-wYBBmxTSr7E/TcIL0Uf3SCI/AAAAAAAAALc/qZXxv2Ov-x4/s1600/180px-Mmuzi.jpg

    ReplyDelete
  8. The picture of MA 4 is the new version. Previous version has handle and trigger...now..is using Punk Action...

    ReplyDelete
  9. ဘာလို့ စနိုတ်ပါ မတပ်ကြတာလဲဗျာ

    ReplyDelete