Sunday, June 5, 2011

မြန်မာ့တပ်မတော် လေ (သတင်းထူး)

ဒီနေ့ သတင်းထူးတစ်ခုကို သိရပါတယ် အဖြစ်အပျက်ကို သေချာမသိရသေးပါ။မြန်မာ့တပ်မတော်လေ တိုက်ခိုက်ရေးလေယာဉ်တစ်စင်းဟာ ဘင်္ဂလားဒေ့်နိုင်ငံ ကော့ဘဇာ လေဆိပ်မှာ ဆင်းသက်ပြခဲ့ပါတယ် ဒါဟာ မတော်တဆလား၊မြန်မာ့တပ်မတော်လေက တိုက်ခိုက်ရေးစွမ်းရည်ပြသခဲ့တာလားဆိုတာ မသိရသေးပါဘူး။ဘာဘဲဖြစ်ဖြစ်ဒီသတင်းဟာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် ဟိုးအရင်က ရန်ကုန်လေဆိပ်ကို သူတို့လေတပ် အပ်ဖ်-၇ လာရောက်ဆင်းသက်ခဲ့တာ မသိလိုက်ဘူးလို့ဆိုတာကရော...အခုဟာရော စဉ်းစားစရာကောင်းပါတယ်..။မိမိနိုင်ငံနားမှာ လေတပ်စခန်းတည်ဆောက်ပြီး ဝေဟင်ပိုင်နက်ကာကွယ်ဖို့ ကြိုးပမ်းနေတဲ့သူတို့လေတပ် ရေဒါတွေက မဖမ်းမိတာလား၊ဒါမှမဟုတ် လစ်ဗျားအရေးအခင်းအစပိုင်းက နေတိုးတပ်ဖွဲ့တွေ လေကြောင်းကဝင်တိုက်တော့ လစ်ဗျားလေကြောင်းရန်ကာကွယ်ရေးစနစ်တွေက အလုပ်မလုပ်နိုင်ခဲ့သလိုဘဲလားဆိုတာမသိရပါဘူး..နှစ်နိုင်ငံလေတပ်ချင်း ပူးပေါင်းမှုလားဆိုတာလည်းစဉ်းစားစရာပါ..ကျွှန်တော့်အနေနှင့်ကတော့ ဘာဘဲဖြစ်ဖြစ် ဘင်္ဂလားဒေ့နိုင်ငံအနေနှင့် လေတပ်စခန်းအသစ်တေါတည်ဆောက်နေ၊လေကြောင်းရန်ကာကွယ်ရေးတပ်တွေ တိုးချဲ့နေပင်မဲ့ အားကိုးလို့မရဘူးဆိုတာ တွေ့ရပါတယ်..။အကြောင်းကို သိတဲ့သူများရှိရင်ပြောပြပေးကြပါဦးခင်ဗျာ..။ဘယ်လေယာဉ် အမျိုးအစားလည်းဆိုတာမသိရသေးပါဘူး..။

6 comments:

  1. woo ...
    Interesting! please update the news when u get additional information. will come back to see the updates.

    ReplyDelete
  2. စိတ်ဝင်စားစရာကောင်းတယ်ဗျာ..တခါတည်း လက်နက်တွေအပြည့်နှင့် လေတပ်အုပ် ၄-၅ အုပ်လောက်နှင့် ဝင်သိမ်းပစ်လိုက်ရင်ကောင်းမယ်...။

    ReplyDelete
  3. it just try to land twice. never landed. why did he try to land? and it flew about 30 minutes over their air space? why can't they shoot down the aircraft? why why why. interesting............

    ReplyDelete
  4. ၀င်တော့ မသိမ်းပါနဲ့  အကို တို့ ရယ်... သူတို့  က စားစရာ မလောက်တဲ့နိုင်ငံ... ကိုယ်က တင်ကျွေးနေရအုံးမယ်.. :D

    ReplyDelete
  5. ဟုတ်တော့လည်း ဟုတ်တာဘဲဗျ ဟီးဟီး နှစ်တိုင်း ရေကြီး..။ မှန်တိုင်း ၁လုံး ၂လုံးဝင်နေကြဆိုတော့....

    ReplyDelete