Friday, June 10, 2011

My blog page


ဆိုက်ကို အခုလို၃ပုံဆိုရင်ပိုကောင်းမလား..၊၂ပုံဘဲထားရမလား..အမြင်လေးပိုဆန်းမလားလို့ပါ ပြောပေးကျပါခင်ဗျာ..။

10 comments:

  1. ဓာတ်ပုံပဲတင်မှာဆိုရင်တော့ ကြည့်ကောင်းပါတယ်။ပို့စ်စာသားတွေ ဆောင်းပါးတွေ ဘာတွေရေးရင်တော့ စာမျက်နှာ page ရဲ့ width က ကျဉ်းမြောင်းသွားတဲ့အတွက် သိပ်အဆင်မပြေလှဘူး။အဓိက ဘလော့မှာ လေးလံစေတဲ့ အရာတွေ ထည့်မထားဖို့ပါပဲ။ဥပမာ marquee code တွေထည့်တာတို့ အဲဒါတွေက မျက်စိရှုပ်တယ်။ဘလော့လေးကို ဘာမှအထွေထူးထည့်မထားပဲ ရိုးရိုးရှင်းရှင်းလေးပဲ လုပ်တာ အကောင်းဆုံးလို့မြင်ပါတယ်။

    ReplyDelete
  2. နောက်တစ်ခုက ဓာတ်ပုံကြည့်ပဲမဟုတ်ပဲ မိမိအမြင်လေးတွေကို ဆွေးနွေးတင်ပြထားတဲ့ ပို့စ်မျိုးလေးတွေကိုလည်း အချိန်ရရင် အဆင်ပြေရင် ရေးစေချင်တယ်။ဒါမှ တပ်မတော်ရဲ့ အားနည်းချက် အားသာချက် အဆိုး အကောင်းလေးတွေကို အများက ၀ိုင်းပြီး အကြံဥာဏ်ပြုပြင်ပေးနိုင်မှာမဟုတ်လား။

    တပ်မတော်မှာ ကြည်း ရေ လေ သုံးမျိုးအနက်မှာ ကြည်းတပ်အောက်တွင်ပါဝင်တဲ့ လက်ရုံးတပ်တွေဖြစ်တဲ့ အမြောက် သံချပ်ကာ ဒုံးတပ်ရင်း ဆက်သွယ်ရေးတပ် စသဖြင့် အပိုင်းလိုက်တိုင်းက မိမိတို့သိရှိနားလည်ထားတဲ့ အပိုင်းလေးတွေကိုလည်းဆွေးနွေးပေးကြရင် ကောင်းမယ်။တပ်မတော်ကို မြှင့်တင်ဖို့ဆိုတာ တပ်မတော်ရဲ့ အားနည်းချက်တွေကို အရင်စမ်းစစ်ပြီး အားမနာတမ်းထောက်ပြကြမှ တပ်မတော်က တိုးတတ်မှုဘက်ကိုရောက်ရှိလာမှာဖြစ်ပါတယ်။ဒါကြောင့် မြေပြင်မှာရှိနေတဲ့ အခြေနေမှန်တွေကိုပဲ အမှန်တိုင်းဆွေးနွေးထောက်ပြကြဖို့ လိုအပ်ပါတယ်။

    ReplyDelete
  3. -Blogရဲ့နောက်ခံအရောင်ကိုတခြားအရောင်ပြောင်ရင်ကောင်းမယ်နဲ့တူတယ်ဗျChina Defence.Blogရဲ့အရောင်နဲ့သွားတူနေတယ်ထင်ပါတယ်(ကျွန်တော့အမြင်ပါ)
    -တပ်မတော်ရဲ့တောဆောင်းကမိုးရာသီမှာအဆင်မပြေပေမဲ့နွေရာသီမှာရှာထိုးတွေထက်အပူဒဏ်ကိုပိုကာကွယ်နိုင်ပါတယ်၊နောက်ပြီးhelmetတွေဟာဆောင်းကျင့်မရှိရင်ခေါင်းနောက်လာပြီးလှုတ်ရှားသွားလာမှုမှာအခက်အခဲရှိလာစေပါတယ်၊ဦးခေါင်းမှချွေးအလွန်ထွက်ပြီးဦးခေါင်းလည်းလေးပါတယ်၊ခဏတဖြုတ်ဆောင်းရင်မသိသာလှပေမဲ့နေပူထဲအချိန်ကြာကြာဆောင်းရရင်မသက်သာပါဘူး
    -ကိုmyanmar defenceပြောသလိုမြောက်နဲ့တောင်ကိုရီးယားရေပြင်တိုက်ပွဲမှာတဖက်နဲ့တဖက်ရန်စောင်နေကြရာကသင်္ဘောနှစ်စီးနီးလာပြီးnaval aagunတွေနဲ့ပြစ်ကြတာပါ။ဒါပေမဲ့နိုင်ငံနဲ့ချီပြီးဖြစ်တဲ့totally warမှာရေတပ်စစ်ပွဲတွေဟာbeyong horizonအကွာအဝေးမှာဖြစ်တဲ့စစ်ပွဲတွေဘဲဖြစ်မှာပါ၊ရန်သူသင်္ဘောကိုမျက်စိနဲ့မမြင်နိုင်တဲ့အကွာအဝေးradarနဲ့သာdetectလုပ်နိုင်တဲ့အကွာအဝေးမှာdetect and identifyလုပ်ပြီးmissileတွေန၊ဲ့တိုက်ကြမှာပါ၊ခေတ်ကလည်းmissileခေတ်
    naval gunတွေနဲ့တိုက်တဲ့စစ်ဟာရေတပ်စစ်ပွဲတွေမှာဖြစ်ဖို့နည်းသွားပါပြီ၊့၅၅၉မှာတပ်ဆင်ထားတဲ့ ၃၀မမ၊၂၅မမနဲ့၁၄.၅မမ AA Gunတွေဟာသံပြား၁၅မမ-၁၈မမအထူရှိတဲ့ရေတပ်သင်္ဘောတွေရဲ့ကိုယ်တည်hullကိုမဖောက်နိုင်ပါ၊bridge compartmentလောက်ဘဲဖောက်နိုင်မှာပါ၊ဂန္တာဝန်မင်းသားကြီးbofors ၄၀မမတောင်အချက်ပေါင်းများစွာပြစ်မှာဖေါက်နိုင်မှာပါ၊၇၆မမနဲ့ဆိုယင်လည်းဒီလိုပါဘဲ။
    -ယိုးဒီးယားတွေရဲ့လေယာဉ်တင်သင်္ဘောဟာကျွန်တော့်အထင်သူတို့ရဲ့စစ်ရေယာဉ်စုတွေအတွက်လေကြောင်းရန်ကာကွယ်ရေးအတွက်သူံးဖို့ဖြစ်ဖို့များပါတယ်
    -တပ်မတော်ရေမှာfrigate ၆စီး၊destroyer ၂စီးဆောက်ဖို့planရှိခဲ့ပါတယ်အဲဒါကိုပြန်အသက်သွင်းနိုင်ရင်ကောင်းမယ်ဗျာ။
    -တပ်မတော်ရေရဲ့556FAC seriesဟာလက်နက်အပိုင်းမှာအရှေ့တောင်အာရှကFACတွေအားလုံးနဲ့ယှဉ်နိုင်ပါတယ်၊၅၅၆ကပိုကောင်းတယ်၊ပိုသာတယ်လို့တောင်ပြောလို့ရပါတယ်၊
    ၅၅၆မှာ- 352E square tie surface suarch radar ( suarch and for C-801A )
    - Type 341 fire-control radar
    - Type 344 fire-control radar
    - 4 C-801A ssm
    - 2 AK-230 AA gun ( CIWS )
    - 2 ZPU-4 ( auto type control by radar )
    ဒါကြောင့်5 series FAC အားလုံးကိုလည်း၅၅၆လိုတပ်ဆင်ခွင့်ရရင်ကောင်းမယ်ဗျာ။
    ၅၅၆ကိုအကုန်အကျအနည်းဆုံးနဲ့အဆင့်မြှင့်ချင်ရင် AK-230ကိုAK-360နဲ့အစားထိုးနိုင်သလိုair defence missileအတွက် Igla SA-18 or HN5 Aတွေကိုလေးလုံးတွဲစီbridge wind aftတဖတ်တချက်မှာထားပြီးfire control radarနဲ့ linkလုပ်ထားလို့ရပါတယ်။
    -AK-230 CIWSတွေဟာ super sonic fighterတွေနဲ့ in coming missilesတွေကို radar detect rangeအတွင်းမှာပြစ်ချနိုင်တယ်လို့ဆိုထားပါတယ်၊ဟုတ်မဟုတ်ဆိုတာတော့စစ်ဖြစ်မှတကယ်ပြစ်မှသိမှာပေါ့ဗျာ။
    -frigates နဲ့covetteအကြောင်းတွေဆွေးနွေးမဲ့လူရှိရင်နောက်အပတ်မှာကျွန်တော်သိသလောက်လေးဆွေးနွေးချင်ပါတယ်။

    ReplyDelete
  4. ကိုMM ခင်ဗျား၊ ကိုkong ရဲ့ ရေတပ်နဲ့ ဆိုင်တဲ့ ဆွေးနွေးချက်ကို post တစ်ခုအနေနဲ့ တင်လိုက်စေချင်တယ်။ ကွန့်မန့်ထဲမှာဆိုတော့ လူတိုင်း ဝင်မဖတ်ဖြစ်မှာ စိုးလို့ပါ။ အားလုံးသိသင့်တယ်၊ များများဝင်ဆွေးနွေးကြရင် အတွေးအခေါ် ပိုကျယ်ပြန့်လာမယ် ထင်လို့ပါ။
    တလက်စာတည်း မေးချင်တာက ကပ္ပလီပင်လယ်ထဲက ပရီပေးရစ်ကျွန်း (Preparis island) မှာ ရေတပ်အခြေစိုက် စခန်း ဆောက်ဖို့ ဖြစ်နိုင် မဖြစ်နိုင် သိချင်ပါတယ်။ သိတဲ့ ညီအစ်ကို ဆွေးနွေးပေးပါဦး။ ကျွန်တော်ကတော့ ရနိုင်မယ် ထင်ပါတယ်၊ တရုတ်နဲ့ ဗီယက်နမ် အငြင်းပွားနေတဲ့ Spratly ကျွန်းတွေထက်တောင် ကြီးမားသေးတာပဲ။ လေယာဉ်ပြေးလမ်းပါ ချထားလို့ ရမယ်လို့ ထင်တယ်။ (မြေပြင်အနေအထားက အခြေအနေ ပေး၊ မပေး မသိပါ)။ အကယ်၍ ရနိုင်မယ်ဆိုရင်တော့ ကပ္ပလီပင်လယ်ပြင်ရဲ့ အရေးပါတဲ့ နေရာမှာရှိတဲ့ မနစ်မြုပ်နိုင်တဲ့ လေယာဉ်တင် သင်္ဘောကြီး တစ်စီး ရတာဖြစ်တဲ့ အတွက် အမြန် အကောင်အထည် ဖေါ်သင့်ပါတယ်။ ကိုကိုးကျွန်းလို မိသားစုတွေနဲ့ပါ အခြေစိုက်တာမျိုး မဟုတ်ဘဲ ရေတပ် ရှေ့တန်းစခန်း ပုံစံမျိုး အလှည့်ကြ တပ်မတော်သားတွေ ချည်း တာဝန်ထမ်းဆောင်ဖို့ ဖြစ်နိုင်မယ် ထင်တယ်။ Supply တော့ ကောင်းဖို့ လိုပါမယ်၊ ကိုကိုးကျွန်းလိုမျိုး ရေချိုနဲ့ အစားအစာ မရှိနိုင်ပါ။ ရေသိုလှောင်လို့ရမယ့် နေရာလည်း မရှိ၊ ရေလှောင်ကန်တွေနဲ့ အနည်းအကျဉ်းသာ သိုလှောင်လို့ရမယ် သဘောရှိတယ်။

    regards,
    Comrade

    ReplyDelete
  5. column ၃ ခုထားတာ ပို Attract ဖြစ်တယ်ဗျ... Blog ရဲ့ Width လေးကိုပါ နည်းနည်းလေး ထပ်ချဲ့လိုက်မယ်ဆိုရင် တော်တော်ကြည့်ကောင်းသွားမယ်လို့ထင်ပါတယ်။

    ReplyDelete
  6. အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ..ကိုkong ရဲ့ စာကို ကျွှန်တော်လည်းတင်ချင်ပါတယ် အလွန်ကောင်းတဲ့ ဆွေးနွေးမှုပါ နောက်ထပ်လည်း ကော်ဗတ်တွေ၊ဖရီးဂိတ်တွေအကြောင်းဆွေးနွေးဖို့ တောင်းဆိုပါရစေ ခင်ဗျာ..။

    ReplyDelete
  7. (ကို556 ရဲ့ C-box ထဲက ဆွေးနွေးချက်တွေကို c-box ထဲမှာ ဆိုတော့ ကြာရင် ပျောက်သွားမှာ စိုးလို့ ဒီမှာ ကူးတင် ပေးထားလိုက်ပါတယ်။ )


    ပြီးခဲ့တဲ့အပါတ်က ကိုcomradeပြောတဲ့ preparis ကျွန်းမှာလေတပ်စခန်းဆောက်လို့ရမယ် မထင်ပါ။ ကျွန်းအရွယ်အစားသေးငယ်တဲ့အပြင် မိုးတွင်းကာလ(South West moonsoon) မုန်တိုင်းpathအတွင်း ကျရောက်နေပါတယ်၊ ကျွန်းမှာမြေပျံ့မဟုတ်ဘဲ ကုန်းမြင့်ဖြစ်နေပါတယ် ၊နောက်ထက်လည်း အက်ဒမန်ကျွန်းမှ Indiaရေတပ်စခန်းနှင့် လည်းရေမိုင်၁၀၀ကျော်သာဝေးပါတယ် ၊ဒီကျွန်းထက်မော်လမြိုင်အောက်ဘက်မှာ ရှိတဲ့ kalegauk Island ကလယ်ကုတ်ကျွန်း ဒါမှမဟုတ် ဗျူဟာရှိတဲ့ heinzae ဟိန်းဇဲချောင်းဝ နောက်ဆုံးထားဝယ် ဒီ၃နေရာ ဟာလေတပ်စခန်းဆောက်ရန်သင့်တော်ပါတယ်၊ အဲဒီထဲမှာက ကလယ်ကုတ်ကျွန်းဟာ အသင့်တော်ဆုံးလို့ထင်ပါတယ် ကျွန်တော်တို့နိင်ငံရဲ့အောက်ပိုင်းမှာ မြိတ်လေတပ်စခန်းတစ်ခုထဲ ရှိနေပါတယ် မြိတ်လေတပ်ဟာ မင်္ဂလာဒုံလေတပ်စခန်းနဲ့ မိုင်၃၀၀ ကျော် ကွာဝေးပါတယ်၊ ဒါကြောင့် ဒီလေတပ်စခန်းနှစ်ခု အကြားမှာလေတပ်စခန်းတစ်ခု ရှိသင့်တယ်လို့ထင်ပါတယ်၊ ကလယ်ကုတ်ကျွန်းဟာ မြိတ်လေတပ်နှင့်မိုင်၁၈၀၊ မင်္ဂလာဒုံလေတပ်စခန်းနှင့် မိုင်၁၂၀ လောက်ဝေးပါတယ် ဒိအပြင်မုတ္တမပင်လယ်ကွေ့ကို စိုးမိုးနိုင်တဲ့ အကွာအဝေးမှာရှိပါတယ်။ အဒက်မန်ကျွန်းနဲ့ ယိုးဒီးယားကို ချိန်းချောက်နိုင်တဲ့အကွာအဝေးမှာလည်း ရှိနေပြန်ပါတယ်။

    ကျွန်တော်တို့နိုင်ငံရဲ့ ကော်ဗက်တွေဟာ British peacock class covette တွေကိုအခြေခံပြီး တည်ဆောက်ထားတာပါ ဒါပေမဲ့လက်နက်အပိုင်းမှာ အားအလွန်နဲပါတယ် C-801A 4ssm, 76mm 1aagun, Type58( ZPU-2)14.5mm 2aagun( only manual type ), RBU-1200 2 launchers သာတပ်ထားပါတယ်၊ အထူးသဖြင့် လေကြောင်းရန်ကာကွယ်ရေးမှာ အလွန်အားနဲပါတယ်၊ သင်္ဘောကြီးတစ်စီးလုံးဆောက်ပြီးမှဗျာ အရေးအကြီးဆုံးလေကြောင်းရန် ကာကွယ်ရေးစနစ်ကျတော့ တပ်ဆင်ခွင့် မပေးတာလည်းစဉ်းစားလို့ မရဘူးဗျာ၊ အဆင့်မမြှင့်ခင်ကတောင် နောက်မှာ၇၆မမနဲ့ AK-230 နှစ်လက်ကို ဖိုခနောက်စိုင် တပ်ထားသေးတယ်ဗျာ၊ အခုအနဲဆုံး AK-630 (CIWS) system လေးလောက်တော့ ရှိသင့်တာပေါ့ဗျာ။ အစက ကျွန်တော်တို့နိုင်ငံကို တရုတ်ကကုန်းတွင်းကဘဲ ကျုးကျော်လို့ရတယ်၊ အခုတော့ကုန်းတွင်းကရော ရေပြင်ကပါ ဂဏန်းလက်မညှက်သလို ညှက်လာပြီ၊ မဝေးတော့တဲ့တချိန်မှာ most possible enemy ဖြစ်မဲ့ တရုတ်ကိုခံစစ်ပြင်ခုခံဖို့ပြင်ဆင်သင့်ပါပြီ။ နောက်အပါတ်မှဘဲဆက်ဆွေးနွေးကြတာပေါ့ဗျာ-

    (556)

    ReplyDelete
  8. ကို556 အခုကို ဆွေးနွေးပေးတာ ကျေးဇူးတင်တယ်ဗျာ။ ကျွန်တော်လည်း ကလယ်ဂုတ်ကျွန်းကို လေတပ်စခန်း ထားဖို့ သဘောကျတယ်။ မြေပြင်အနေအထားကလည်း အိုကေပဲ၊ လေယာဉ် ပြေးလမ်း ပေ ၈၀၀၀ကျော် လောက်အထိတောင် ရနိုင်တယ်။ နောက်ပြီး ကျွန်းနဲ့ မျက်နှာချင်းဆိုင် ကမ်းရိုးတန်းပေါ်မှာ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း ရှိမယ်လို့ ကြားထားပါတယ်။ အဲဒီ့ ရေနက်ဆိပ်ကမ်းဟာ တောင်တရုတ်ပင်လယ်မှာရှိတဲ့ ဗီယက်နမ် ဒါနန်းဆိပ်ကမ်းနဲ့ ရထားလမ်း ကားလမ်း ဆက်သွယ်ထားမှာလို့ သိရတယ်။ တောင်တရုတ်ပင်လယ်နဲ့ ကပ္ပလီပင်လယ်ကို ထိုင်းပင်လယ်ကွေ့ကို မဖြတ်ရဘဲ ကုန်းတွင်းကနေ ဆက်သွယ်ထားမယ့် သဘောပေါ့။ (ဒုတိယ ကမ္ဘာစစ်တွင်းက မော်လမြိုင်-ဒါနန်း ရထားလမ်း စီမံကိန်းရဲ့ သဘောပါပဲ၊ အဲဒီ့တုန်းကတော့ စစ်ရေး ရည်ရွယ်ချက်ပေါ့၊ အခုကတော့ စီးပွားရေး ရည်ရွယ်ချက်)။ ပြောရရင် အဲဒီ့ ကလယ်ကုတ် ဒေသရဲ့ ပထဝီ အနေအထား ပိုပြီး အရေးပါလာမှုကို ဆိုလိုချင်တာပါ။

    regards,
    Comrade

    ReplyDelete
  9. ကျွှန်တော်တို့ရဲ့ ဆွေးနွေးမှုတွေကို တချိန်ချိန်မှာ ကာကွယ်ရေးပိုင်ဆိုင်ရာ သက်ဆိုင်သူတွေက ဖတ်မိပြီး ဆင်ခြင်မိရင် အရမ်းကောင်းမယ်ဗျာ ကျွှန်တော်တို့ အားလုံးက တပ်မတော်ကြီး တိုးတက်စေချင်ကြတယဘဲမဟုတ်လားဗျ...။အပေါ်ကဆွေးနွေးမှုတွေ အားလုံးကိုကြိုဆိုပါတယ်ဗျာ...။

    ReplyDelete
  10. သူတို့သိနေသလား၊ မသိရင်သိအောင်ဘယ်လိုလုပ်မလဲ၊ ကျွန်တော်တို့ကကောင်းစေချင်တာကို သူတို့ကအပြစ်မြင်နေရင်ကော မခက်ပါလား။

    ReplyDelete