Tuesday, January 3, 2012

မြန်မာ့တပ်မတော်လေမှ တိုက်လေယာဉ်များ

တပ်မတော်လေ အမ်အိုင်ဂျီ-၂၉ ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်

တပ်မတော်လေ အေ-၅စီ မြေပြင်ပစ်ကူပေးတိုက်လေယာဉ်

တပ်မတော်လေ ဂျီ-၄ အပေါ့စားနှင့် အမောင်းသင်တိုက်လေယာဉ်

မြန်မာ့တပ်မတော်လေမှ လက်ရှိအသုံးပြူနေဆဲဖြစ်တဲ့ အေ-၅စီ တွေအစား JH-7 မြေပြင်ပစ်ကူပေးတိုက်လေယာဉ်တွေနှင့် အစားထိုးမယ်လို့ သိရပါတယ်... ဒီသတင်းသာအမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့ လေတပ်အတွက်သတင်းကောင်းလို့ပြောရမှာ ဖြစ်ပါတယ်... ဒါတွေမက ယခုလက်ရှိလေတပ်စစ်ဆင်ရေး အင်အားကိုတိုးချဲ့တဲ့အနေနှင့် ဆူခွိုင်းတိုက်လေယာဉ်ကြီးတွေကို ဝယ်ယူသင့်တယ်လို့ မြင်ပါတယ်... လေတပ်စွမ်းရည်ကို သိသိသာသာပြောင်းလဲစေနိုင်မှာဖြစ်ပါတယ်... မလေးရှားလေတပ်အနေနှင့် ပထမအသုတ် ၁၈စင်းအပြင် နောက်ထပ် အစင်းရေ ၁၈စင်းမှာယူထားပါပြီ လေတပ်အင်းအားကောင်းတဲ့ မလေးလိုနိုင်ငံမှာတောင်မှ ထပ်မံဝယ်ယူနေတာဟာ တကယ်ကိုလိုအပ်လို့လည်းဖြစ်ပါတယ်... ယိုးဒယားနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေကို စစ်ရေးအရခြိမ်းခြောက်တဲ့နိုင်ငံဖြစ်ပါတယ်... ယိုးဒယားလေတပ်ကို ယှဉ်နိုင်ဖို့ဆိုတာ လက်ရှိအချိန်မှာမလုံလောက်သေးပါဘူး မြေပြင်မှဝေဟင်ပစ် ဒုံးလက်နက်တွေကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဖြန့်ကျက်ထားနိုင်ခြင်းမရှိသေးပါ... အင်ဒိုနှီးရုားနိုင်ငံအနေနှင့်လည်း တိုက်လေယာဉ်သစ်တွေကို မှာယူနေပါတယ်... တောင်ကိုးရီးယားထုတ် တီ-၅၀ တွေကိုလည်းမှာယူထားပါတယ်.. တကယ်တော့ ဒေသတွင်းစစ်ရေးအားပြိုင်မှုဖြစ်စေတာကတော့ ယိုးဒယားနိုင်ငံပါ... စီးပွားရေးအားကောင်းလာတာနှင့်အမျှ စစ်တပ်အင်အားကို တိုးချဲ့ပြီး ခေတ်မှီအောင်လုပ်ဆောင်ရပါမယ်... ဝေဟင်ပိုင်နက်သာမက ရေပြင်ပိုင်နက်အတွင်း ကင်းလှည့်နိုင်တဲ့ ခေတ်မှီကင်းလှည့်လေယာဉ်ကြီးတွေတောင် ပိုင်ဆိုင်ထားသင့်ပါတယ်...။ မလေးရှားလေတပ်ဟာ အမ်အိုင်ဂျီ-၂၉အန်၊အက်ဖ်-၁၈၊ဆူခွိုင်း-၃၀ တိုက်လေယာဉ်ကြီးတွေ အဓိကသုံးပါတယ်.. တပ်မတော်လေရှိ အမ်အိုင်ဂျီ-၂၉တွေထဲမှာ တချို့ ဟာခေတ်မှီတယ်ဆိုနိုင်သော်လည်း အဆင့်မြင့်တင်မှုပြုလုပ်ရင် လက်ရှိအခြေအနေထက်များစွာ စွမ်းရည်မြင့်လာမဲ့ တိုက်လေယာဉ်တွေရှိပါသေးတယ်။ မလေးလေတပ်ဟာ ၂၀၀၉ ခုနှစ်ဝန်းကျင်မှာ အမ်အိုင်ဂျီ-၂၉အန်တွေကို အနားပေးဖို့တောင် စဉ်းစားခဲ့ကြဖူးပါတယ်.. တပ်မတော်လေအတွက် အမ်အိုင်ဂျီ-၂၉ အသစ်တွေ ရုရှားနိုင်ငံမှ မမှာယူခင်ကဖြစ်ပါတယ်... မလေးလေတပ် အမ်အိုင်ဂျီ-၂၉ တွေကို ဒေသတွင်းနိုင်ငံတွေကို ပြန်လည်ရောင်းချမယ်ဆိုတဲ့အသင်းကလည်း လေတပ်အတွက် အဲဒီအချိန်က စဉ်းစားစရာပါ ရုရှားနိုင်ငံကနေမှာယူလိုက်တာဟာ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ခဲ့ပါတယ်...။ မြန်မာ့ဝေဟင်ပိုင်နက်ကို အပြည့်အဝကာကွယ်ပေးနိုင်သော ခေတ်မှီလေတပ်မတော်ကြီး တည်ဆောက်နိုင်မှ ဒေသတွင်းနိုင်ငံတွေရဲ့ ကျုးကျော်ရန်စမှုတွေကို ပြန်လှည်တုံ့ပြန်ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ...။

7 comments:

  1. We should bought Sukhoi Su-30 instead of buying more MIG-29s. Su-30 can out performed most fighters like F-16 or even F/A-18 in the Regioni. MIG-29 is not so outdated yet, however, it performed poorly in Iraq war in early 90s, Israel-Syrian, Kosovo War and also Ethiopia-Eritrea War in late 90s. Su-30 price is almost 2 times than MIG-29 but I believe it will be smart buy for Myanmar Air force.

    ReplyDelete
  2. I agree with Ko Phone that MAF should accquire SU 30 or MIG 35 as air superiority fighter, plus significant trainngs and provisions for the pilots.

    ReplyDelete
  3. Instead of buying JH7 from china to replace our outdated A5 ground attack air craft we should get multirole plane like SU30. Even the price for SU30 is much more expesive than china made planes, the quality and power of SU30 will be much more higher. Furthermore, nowadays our neighbour countries eg. Thailand already obtained some 4.5 generation fighter planes like JAS Gripen then we should also get some 4.5 generation planes to balance the regional air power. I believe that our Migs still can compete F15s and F16s from our neighbour but to compete the plane like JAS Gripen we should get the some SU30s.

    ReplyDelete
  4. ယိုးဒယားရဲ့ လေတပ်ကိုတန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ကတော့ SU-30တွေတကယ်ကို လိုအပ်နေပါတယ်...။ F-16 ကိုယှဉ်နိုင်ဖို့ဆုံးဖြတ်ခဲ့ရာကနေ ရောက်လာတယ် MiG-29တွေ အစွမ်းတောင်မပြရသေးဘူး ယိုးဒယားက JAS Gripenတွေ ဝယ်လိုက်ပြန်ရောလေ...။ အထက်ကဆွေးနွေးပေးကြတဲ့ ညီအစ်ကိုတွေအားလုံး ကျေးဇူးတင်ပါတယ်ခင်ဗျာ...။

    ReplyDelete
  5. J-10 တွေသာဝယ်လိုက်လို့ ကတော့.........

    ReplyDelete
  6. J-10 တွေသာဝယ်လိုက်လို့ ကတော့.........

    ReplyDelete
  7. ယိုးဒယားမှာလေတပ်အင်အားကောင်းပင်ငြားလည်း..
    မြန်မာကိုမယှဉ်နိုင်သေးဘူးလို့ထင်ပါတယ်။

    ReplyDelete