Thursday, January 5, 2012

တိုးတက်ဆန်းသစ်လာသော လက်ဖြောင့်ပစ်ရိုယ်ဖယ်များ -၂


ကျည်စုဆိုသည်မှာ

ကျည်စုဆိုသည်မှာ ပစ်မှတ်တစ်ခုအတွင်း အဝေးဆုံးထိချက်နှစ်ခုကို တိုင်းထွာရာတွင်ရရှိသည့် အကွာအဝေးဖြစ်သည်။ကျည်စုတိုင်းတာမှုကို ထေင့်(angle)ဖြင့်လည်းကောင်း၊မီလီမီတာ(mm)ဖြင့်လည်းကောင်း
ဖော်ပြတတ်ကြသည်။ မြန်မာ့တပ်မတော်တွင် လက်မဖြင့် ဖော်ပြတတ်ကြသည်။ဥပမာ- ၂" ကျည်စု၊၄"ကျည်စု၊ဂ"ကျည်စု စသည်ဖြင့်ဖော်ပြတတ်ကြသည်။ အမေရိကန်၊အင်္ဂလိပ်တို့ကမှု ထောင့်ဖြင့်ဖော်ပြတတ်ကြပြီး ၎င်းကိုပင်မိနစ်ဖြင့် ဖော်ပြသည်။
၁.၅ (minute of Angle)၁.၀ (MOA) စသည်တို့ဖြစ်သည်။
ယေဘုယျသတ်မှတ်ချက်မှာ လက်ဖြောင့်ပစ်စစ်သည်တစ်ဦး ပစ်လိုက်သည့် ရိုင်ဖယ်ကျည်သည် မီတာ၁၀၀ ၌ ကျည်စု၂၅မမ (၁") သို့မဟုတ် ထောင့်အားဖြင့် တစ်မိနစ်ထက် မကျော်လွန်ရပေ။ဆိုလိုသည်မှာ မီတာ၁၀၀အတွင်းရှိ ပစ်မှတ်တစ်ခုကို ကျည်ဆံ ၅တောင့်၏ အနီးဆုံးနှင့် အဝေးဆုံးထိချက်အကွာအဝေးမှာ ၂၅မမ (၁")အတွင်းရှိရမည်ဟု ဆိုလိုဖြင်းဖြစ်သည်။မီတာ ၁၀၀၀ နှင့် ၂၅၀မမကျည်စု ရရှိပါက လူတစ်ဦး၏ ရင်အုပ်ပိုင်းကို ပစ်ခတ်လျင် တစ်ချက်တည်းဖြင့် ထိမှန်နိုင်သည့် အကွာအဝေးဖြစ်သည်။ရာသီဥတုအပူအအေး၊ လေတိုက်မှုတို့အပေါ်မှုတည်ပြီး ထိချက်ပြောင်းလဲနိုင်သည်။ ယခုအမေရိကန်တို့ အသုံးပြုမည့် အမ်-၂၄ လက်ဖြောင့်ရိုင်ဖယ်သည် ကျည်အတောင့် ၁၀၀၀ပစ်လျင် ၅၂" (၁၃၂ စင်တီမီတာ)ကျည်စုဝင်ပြီး အလေးချိန် ဂကီလိုကရမ် (၁ဂပေါင်)လေးသည်။

တစ်တောင့်ထိုးနှင့် အော်တိုမက်တစ်
တစ်တောင့်ထိုးသေနတ် (တစ်ချက်ချင်းမောင်းတင်ပစ်ရသည့် သေနတ်အမျိုးအစား) Bolt Action နှင့် ဆီမီးအော်တို (Semi Auto) ခေါ် မောင်းကုန်သည်အထိ နောက်ထပ်မောင်းတင်စရာမလိုဘဲ ပစ်ခတ်နိုင်သော တစ်တောင့်ချင်း (တစ်ချက်ချင်း) ပစ်ခတ်နိုင်သော သေနတ်အမျိုးအစားနှစ်မျိုး ရှိသည်။ အော်တိုသေနတ်များသည် တစ်တောင့်ထိုးသေနတ်များထက် တည်ငြိမ်မှုနည်း(ပြောင်းခါမှုများ)သည်ဟု သုတေသနပြုချက်များက ဖော်ပြသည်။ထိုအားနည်းချက်ကို ပြုပြင်ရန်အတွက် Knight Armaments Companyသည် အမေရိကန်တပ်မတော်အတွက် အမ်-၁၁၀ ၇.၆၂ x ၅၁ မမ ဆီမီးအော်တိုမက်တစ် လက်ဖြောင့်ပစ်သေနတ်တစ်မျိုးကို ၂၀၀၈ခုနှစ်မှ စတင်စမ်းသပ်ထုတ်လုပ်ခဲ့သည်။အဆိုပါသေနတ်သည် ဗြိတိသျှတပ်ဖွဲ့ဝင်များ အာဖဂန်စစ်မြေပြင်၌ ရန်သူတာလီဘန်များကို ဟဲလ်မန်းတောင်တန်းဒေသများတွင် ရင်ဆိုင်ရာ၌ လက်ရှိ ၅.၅၆မမကျည်အသုံးပြုနေသော L85A2 ချေမှုန်းရေးရိုယ်ဖယ်များထက် ပိုမိုထိရောက်သည် ဟုဆိုသည်။ ၅.၅၆မမကျည်များမှာ သေးငယ်ပေါ့ပါးပြီး ထိရောက်မှုအကွာအဝေးမှာလည်း မီတာ၅၀၀ အတွင်းပစ်ခတ်နိုင်သည်။

L85A2 ချေမှုန်းရေးရိုင်ဖယ်

ဗြိတိန်အစိုးရသည် မီတာ ၈၀၀အထိ ထိရောက်မှုရှိသော LM-7လက်ဖြောင့်သေနတ်များ ဝယ်ယူရန် အမေရိကန်ဒေါ်လာ ၂.၅သန်းတန်ဖိုးရှိ စာချုပ်တစ်ရပ် လက်မှတ်ထိုးထားသည်။ အဆိုပါသေနတ်တွင် ၃၀၅မမ၊၄၀၆မမ၊၅၀၈မမ နှင့် ၅၄၀မမအရှည်ရှိ နေ့၊ညကြည့်ကိရိယာပါသော သေနတ်တွင် အလွယ်တကူတပ်ဆင်နိုင်သည့် ချိန်ခွင်များလည်း ပါဝင်မည်ဖြစ်သည်။

လက်ဖြောင့်ပစ်ရိုင်ဖယ် SVD ၏ ချိန်ခွက်

လက်ဖြောင့်သေနတ်သမားတစ်ဦးအတွက် ပစ်မှတ်ကိုထိထိရောက်ရောက် သဲသဲကွဲကွဲမြင်နိုင်စွမ်းရှိသည့် ချိန်ခွက်မှာလည်း အထူးအရေးပါသည့် အချက်ဖြစ်သည်။ လက်ဖြောင့်ရိုင်ဖယ်တစ်လက်တွင် တပ်ဆင်ရမည့် ပြောင်းချိန်ခွက်သည်..
(၁)အကြမ်းပတမ်းခံနိုင်ခြင်း
(၂)ရေလုံခြင်း၊အပူရှိန်နှင့် စိုထိုင်းဆပြောင်းလဲမှု ခံနိုင်ခြင်း
(၃) ပေါ့ပါးပြီး လွယ်ကူစွာတပ်ဆင်နိုင်ခြင်း ရှိရမည်ဖြစ်သည်။
အလင်းရောင်ချဲ့အား ၅ဆမှ ၆ဆအထိသာ လိုအပ်သည့် မီတာ ၆၀၀ အတွင်းပစ်ခတ်မည့် လက်ဖြောင့်ပစ်သေနတ်သမားတစ်ဦးအတွက် ၄ x ၂၄ မှန်ပြောင်း(ချဲ့ အား ၄ဆနှင့် မြင်ကွင်း ၂၄ ဒီဂရီ)မှာ အသင့်လျော်ဆုံးဖြစ်သည်ဟု စစ်ရေးသုတေသီများက သတ်မှတ်ကြသည်။

ရုရှား၏ နာမည်ကျော် SVD လက်ဖြောင့်ပစ်ရိုင်ဖယ်


မြန်မာ့တပ်မတော်အသုံးပြုသော လက်ဖြောင့်ပစ်ရိုင်ဖယ်များအနက် ရုရှားထုတ် SVDစီးရီးရိုင်ဖယ်များသည် မီတာ၈၀၀ အထိထိရောက်မှုရှိပြီး ပြည်တွင်းထုတ် အမ်အေစီးရီးသေနတ်များလည်း လက်ဖြောင့်ပစ်ရိုယ်ဖယ်အတွက် ထုတ်လုပ်ထားခြင်းရှိသည်။

အမ်အေ စီးရီး လက်ဖြောင့်ပစ်ရိုင်ဖယ်


SVD လက်ဖြောင့်ပစ်ရိုင်ဖယ်အား ဆက်လက်လေ့လာလိုပါက-
http://www.dragunov.net/

3 comments:

  1. ကို MM ခင်ဗျား။

    မြန်မာ့တပ်မတော်ထုတ် MA series လက်နက်ငယ်များ၏ အရည်အသွေးနှင့်
    မည်သည့်နိုင်ငံ၏အကူအညီဖြင့် ( ယခင် G 3 / G 4 များကို ဂျာမဏီနိုင်ငံနည်းပညာဖြင့် ထုတ်လုပ်ခဲ့သည်နည်းတူ )ထုတ်လုပ်ထားသည်များကို ဖော်ပြပေးစေလိုပါသည်ခင်ဗျား။

    ReplyDelete
  2. MA Series တွေကတော့ တောင်ကိုးရီးယားနိုင်ငံ Daewoo Company ရဲ့ နည်းပညာတွေလို့ သိရပါတယ်...။Daewooက သူတို့နိုင်ငံမှာလည်း စစ်တပ်အတွက် လက်နက်တွေအများကြီးထုတ်ပေးတယ်လေ...။

    ReplyDelete
  3. ရခိုင်ပြည်နယ်ဘက်က က.ပ.စ စက်ရုံတစ်ခုမှာ စနိုက်ပါရိုင်ဖယ်ကို တစ်ဖြည်းဖြည်းချင်းလေ့လာ သုတေသနပြုထုတ်လုပ်ခဲ့တာ ၅နှစ်ပတ်ဝန်းကျင်ခန့်မအောင်မြင်ခဲ့လို့ကြားရပါတယ်။ ပြသနာကစနိုက်ပါလက်နက်များရဲ့ စံနှုန်းကျည်စုအတွင်းမ၀င်ချင်းလို့သိရပါတယ်။ နောက်ပိုင်းမှာ ကျည်ဆန်ရဲ့ပုံသဏ္ဍာန်ပိုင်းအပြစ်ကိုတွေ့ရှိပြုပြင်နိုင်ခဲ့ကြောင်းနဲ့ ယခုထုတ်လုပ်နေပြီးဖြစ်ကြောင်းသိရပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင် MA Series များနဲ့တစ်ပုံစံတည်း၊ Sniper Sight ပါတာလေးပဲထူးတယ်လို့ထင်လို့ သိပ်ဘ၀င်မကျမိပါ။ စနိုက်ပါရိုင်ဖယ်စစ်စစ်များ၊ သီးသန့်ရွေးချယ်လေ့ကျင့်ပေးထားသော ပစ်ခတ်သူနှင့် အကဲကြည့်နှစ်ဦးပေါင်းအဖွဲ့ငယ်များဖြင့် နည်းဗျူဟာကျကျတိုက်ပွဲအပေါ် စိတ်ဓာတ်ရေးရာ အသာစီးရယူနိုင်တာမျိုး မြန်မာ့တပ်မတော်အပေါ်ဖြစ်စေချင်ပါတယ်။

    ReplyDelete