Thursday, January 12, 2012

ခေတ်မှီတပ်မတော်ကြီးဆီသို့....

အဆင့်မြင့်တင်မှု ပြုလုပ်မည့် အမျိုးအစား-၆၃ အပေါ့စားတိုက်ပွဲဝင်တင့်ကားတစ်စီး


တရုပ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံတွင် အမျိုးအစား-၆၃ အပေါ့စားတိုက်ပွဲဝင်တင့်ကား၊ ကမ်းတက်တင့်ကားများအား အဆင့်မြင့်တင်မှုပြုလုပ်ခဲ့စဉ်က ဖြစ်ပါသည်။ အမျိုးအစား-၆၃ တင့်ကားများတွင် ၈၅မမ ပင်မပြောင်းတပ်ဆင်ပြီး ကုန်း၊ရေ နှစ်သွယ်မောင်းနှင်နိုင်ပါသည်။
ရန်ငြိမ်းအောင် စစ်ရေယာဉ်

မြန်မာ့တပ်မတော်ရေ၏ ဟိုင်နန်းအမျိုးအစား ရန်ငြိမ်းအောင် (၄၄၃) ရေငုပ်သင်္ဘောဖျက်စစ်ရေယာဉ် တစ်စင်းအား ကျောက်ဖြူရေတပ်စခန်းအနီးတွင် တွေ့ရစဉ်ဖြစ်ပါသည်။ တရုပ်နိုင်ငံမှ ၁၉၉၃ ခုနှစ်ဝန်းကျင်တွင်
အစီးရေ ၁၀စင်းဝယ်ယူခဲ့ပါသည်။ ခေတ်မှီနိုင်ငံတော်ကြီးတစ်ခုတည်ဆောက်နေချိန်တွင် အမိမြန်မာပြည်အား အပြည့်အဝကာကွယ်ပေးနိုင်မည့် ခေတ်မှီတပ်မတော်ကြီးတစ်ခုမှာ လိုအပ်ပါသည်။ ရေတပ်မှစစ်ရေယာဉ်များအား အဆင့်မြင့်တင်ခြင်းမှစ၍ ပိုမိုခေတ်မှီသော
လက်နက်များတပ်ဆင်ခြင်းစသည့်ဖြင့် ပြုလုပ်သင့်ပါသည်။ စစ်သည်များ၏ စစ်ဝတ်စုံများမှအစ ပြောင်းလဲတပ်ဆင်ပေးခြင်းဖြင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ ပိုမိုအားရှိစေမည်ဖြစ်ပါသည်။ ဒေသတွင်းစစ်တပ်များရှိ စစ်သည်များ၏ စိတ်ဓါတ်နှင့်နှိုင်းယှဉ်လျှင်မှု မိမိတို့ဘက်မှ အသာစီးရနေသည်မှာ မှန်သော်လည်း မိမိတို့အနေဖြင့် ဒေသတွင်းရှိ စစ်သည်များနည်းတူ အဝတ်အစားမှစ၍ ရိက္ခာအလုံအလောက်ရရှိနိုင်မှု၊ခြေလျင်တပ်ရင်းများမှ ရဟတ်ယာဉ်များအသုံးပြုနိုင်မှုစသည်ဖြင့် အများနည်းတူရရှိပါက လက်ရှိအသုံးပြုနေသည့် ဗျူဟာများသည် ပိုမိုအသုံးဝင်လာမည်ဖြစ်သည်ဟု သိရပါသည်။


တပ်မတော်(လေ) အပေါ့စားတိုက်ခိုက်ရေးရဟတ်ယာဉ် အမ်အိုင်-၂များအား အဆင့်မြင့်တင်မှု ပြုလုပ်ခဲ့စဉ်က ဖြစ်ပါသည်။
အမ်အိုင်-၂ ရဟတ်ယာဉ်များ

တရုပ်နိုင်ငံတွင် အဆင့်မြင်တင်မှု ပြုလုပ်နေသည့် လေတပ် ဝိုင်-၈ဒီ သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီး

အခုတွေ့နေရတဲ့ အချက်တွေအရ မြန်မာ့တပ်မတော်ကြီးကို အဘက်ဘက်မှ ခေတ်မှီတပ်မတော်ကြီး ဖြစ်လာစေရန် အဆင့်မြင့်တင်မှုပြူလုပ်နေသည်ကို တွေ့ရပါသည်ခင်ဗျာ...။ စီးပွားရေတောင့်တင်းလာသည်နှင့်အမျှ မိမိတို့တပ်မတော်ကြီးကို လက်ရှိအခြေအနေထက် ဒေသတွင်းနိုင်ငံများလေးစားလောက်သည့် အဆင့်သို့တက်လှမ်းကြရမည် ဖြစ်ပါတယ်ခင်ဗျာ...။

4 comments:

  1. နဲ့ ဘာတွေ ကွာလဲ ဘယ်ဟာက ပိုကောင်းလဲ ရှင်း ပြ ပေး ပါ ခင်ဗျာ ။ မြန်မာ့ ရေတပ် မှာ တွေ သုံး နေလို့ပါ။

    ReplyDelete
  2. C 801 နဲ့ C 802 ဘာတွေ ကွာလဲ ဘယ်ဟာက ပိုကောင်းလဲ ရှင်း ပြ ပေး ပါ ခင်ဗျာ ။ မြန်မာ့ ရေတပ် မှာ C 801 တွေ သုံး နေလို့ပါ။

    ReplyDelete
  3. ကိုCloudရေ ကျွှန်တော်တို့ဆီက စီ-၈၀၁တွေသုံးတာက စစ်ရေယာဉ်တွေဝယ်ယူတဲ့အပိုင်းနှင့် ဆိုင်မယ်ထင်တယ်ဗျ... ဟောင်ဇင်တွေကို ၁၉၉၆ ခုနှစ်ဝန်းကျင်မှာဝယ်ယူခဲ့တာပါ.. ဝယ်ကတည်းက စီ-၈၀၁ တွေ တပ်ပေးလိုက်တာပါ... စီ-၈၀၂ကတော့ အခုနောက်ပိုင်းထုတ်တွေမှာ အတော်သုံးလာပါပြီ စီ-၈၀၁၊၈၀၂ ဒုံးတွေရဲ့ ထိရောက်မှု (တာဝေးပစ်ခတ်မှု)ကလည်း အတော်ကွာသွားပါပြီ.. စီ-၈၀၁ က ၄၀ကီလိုမီတာ အထက်၊ စီ-၈၀၂က ၁၂၀ ကီလိုမီတာအထက် ထိရောက်မှုရှိတယ်လို့ မှတ်သားရပါတယ်။ စီ-၈၀၁ ဒုံးတပ်ယာဉ်တွေက ကမ်းရိုးတန်းစောင့်စစ်ရေယာဉ်တွေမှာ အဓိကအသုံးပြုမယ်ထင်ပါတယ်... အောင်ဇေယျဖရီးဂိတ်ကြီးမှာ အရင်က စီ-၈၀၂လို့ ယူဆခဲ့ပင်မဲ့ ကျွှန်တော်အနေနှင့် စီ-၈၀၂ ထက်ပိုအစွမ်းထက်တဲ့ ဒုံးစနစ်လို့ ယူဆပါတယ်...။ အမှားရှိရင် ထောက်ပြပေးကြပါဦးခင်ဗျာ...။

    ReplyDelete
  4. I think we seriously need to update 85mm canon on PT-76 (type 63) thanks. It is no match for T59 or M60A3. However, in Vietnam war, North Vietnamese army managed to destroy US army M60 with PT-76 light tanks.

    ReplyDelete