Sunday, March 18, 2012

မြန်မာ့တပ်မတော် (ရေ)ရှိ စစ်ရေယာဉ်များ အပိုင်း-၂

စစ်ရေယာဉ် ရန်ကြီးအောင်(၄၂)း အမေရိကန်ပြည်ထောင်စုမှ ၁၉၆၇ ခုနှစ်တွင်ဝယ်ယူခဲ့ သည်။ ဒုတိယကမ္ဘာစစ်အပြီး US Navy တွင် မိုင်းရှင်းရေယာဉ် USS Creddok(AM-356) အဖြစ်အသုံးပြုခဲ့ ပြီးကင်းလှည့် ကော်ဗက်ရေယာဉ်အဖြစ် မြန်မာ့ရေတပ်သို့ တပ်တော်ဝင်ခဲ့ သည်။ အလျား ၁၈၅ ပေ၊ ၀န်ပြည့်အလေးချိန် ၉၀၅ တန်ရှိပြီး တစ်နာရီ ရေမိုင် ၁၄ မိုင်နှုန်း သွားနိုင်သည်။ ၇၆မမ အမြောက် ၁လက်၊ ၄၀မမ ဘိုဖာ၂ လက်တွဲ ၂လက် ၊ ၂၀မမ အော်လီဂန်း ၂လက်တွဲ ၄လက် Hedgehog ရေငုပ်သင်းဘောဖျက် မော်တာ၊ မိုင်းချ စင်များ ပါရှိပြီး အရာရှိ စစ်သည် ၁၀၀ဦး တာဝန်ယူရသည်။ ၂၀၁၂ ခုနှစ်အထိ အသုံးပြုဆဲဟုသိရသည်။

စစ်ရေယာဉ် ရန်တိုင်းအောင်(၄၁)း အမေရိကန်ပြည်ထောင်စုမှ ၁၉၆၅ ခုနှစ်တွင်ဝယ်ယူခဲ့ သည်။ ဒုတိယကမ္ဘာစစ်အပြီး US Navy တွင် ကင်းလှည့်အစောင့်လိုက်ရေယာဉ် USS Farminton PCE-894 အဖြစ်အသုံးပြုခဲ့ ပြီးကင်းလှည့် ကော်ဗက်ရေယာဉ်အဖြစ် မြန်မာ့ရေတပ်သို့ တပ်တော်ဝင်ခဲ့ သည်။ အလျား ၁၈၅ ပေ၊ ၀န်ပြည့်အလေးချိန် ၈၅၀ တန်ရှိပြီး တစ်နာရီ ရေမိုင် ၁၆မိုင်နှုန်း သွားနိုင်သည်။ ၇၆မမ အမြောက် ၁လက်၊ ၄၀မမ ဘိုဖာ၂ လက်တွဲ ၂လက် ၊ ၂၀မမ အော်လီဂန်း ၂လက်တွဲ ၄လက် Hedgehog ရေငုပ်သင်းဘောဖျက် မော်တာ၊ မိုင်းချ စင်များ ပါရှိပြီး အရာရှိ စစ်သည် ၁၀၀ဦး တာဝန်ယူရသည်။

စစ်ရေယာဉ် ရန်မျိုးအောင်း ဗြိတိန်မှ ၁၉၅၈ ခုနှစ်တွင်ဝယ်ယူခဲ့ သည်။ ဒုတိယကမ္ဘာစစ်အတွင်း Royal Navy တွင် မိုင်းရှင်းအစောင့်လိုက်ရေယာဉ် HMS-Mariner အဖြစ်အသုံးပြုခဲ့ပြီးမြန်မာ့ရေတပ်သို့  တပ်တော်ဝင်ခဲ့သည်။ အလျား ၂၂၅ ပေ၊ ၀န်ပြည့်အလေးချိန် ၁၀၄၀ တန်ရှိပြီး တစ်နာရီ ရေမိုင် ၁၆.၅မိုင်နှုန်း သွားနိုင်သည်။ ၁၀၀ မမ အမြောက် ၁လက်၊ ၂၀မမ အော်လီဂန်း ၂လက်တွဲ ၄လက် Hedgehog ရေငုပ်သင်းဘောဖျက် မော်တာ၊မိုင်းရှင်းကိရိယာ၊ မိုင်းချ စင်များ ပါရှိပြီး အရာရှိ စစ်သည် ၈၅ဦး တာဝန်ယူရသည်။ ၁၉၈၂ ခုနှစ်တွင် အနားပေးခဲ့သည်။

ဖရီးဂိတ်စစ်ရေယာဉ် မေယု ဒုတိယကမ္ဘာစစ်အတွင်း Royal Navy တွင် River Class ဖရီးဂိတ်ရေယာဉ် HMS-Fal အဖြစ်အသုံးပြုခြဲ့ပီး မြန်မာ့ရေတပ်သို့ ၁၉၄၇ ခုနှစ်တွင်ပေးအပ်ခဲ့သည်။ မြန်မာ့ ရေတပ်မတော်ဧ။် ပထမဆုံး အလံတင် စစ်ရေယာဉ်ဖြစ်ပြီး အင်းစိန်တိုက်ပွဲ အပါအ၀င် စစ်ဆင်ရေးများတွင်ထိရောက်စွာ အသုံးပြုခဲ့သည်။ အလျား ၂၈၃ ပေ ၊ တန်ချိန် ၂၂၀၅တန်ရှိသည်။ တစ်နာရီ ရေမိုင် ၂၀ မိုင်နှုန်း သွားနိုင်သည်။ ၄ လက်မ အမြောက် ၂လက်၊၄၀မမ ဘိုဖာ ၄လက် Hedgehog ရေငုပ်သင်းဘောဖျက် မော်တာ၊ မိုင်းချ စင်များ ပါရှိပြီး အရာရှိ စစ်သည် ၁၇၇ဦး တာဝန်ယူရသည်။ ၁၉၇၉ ခုနှစ်တွင် အနားပေးခဲ့သည်။ရေတပ် အမှတ်(၁) လေ့ကျင့် ရေးကျောင်းတွင် ပြတိုက်အဖြစ်ထားရှိသည်။

စစ်ရေယာဉ် န၀ရတ်(၅၀၁) နှင့် နဂါးကြေး(၅၀၂)း ၁၉၆၅ ခုနှစ် ဒေါပုံ သင်းဘောကျင်းတွင် ယူဂိုဆလဗ် အကူအညီဖြင့် တည်ဆောက်ခဲ့သည်။ကော်ဗက်ရေယာဉ်အဖြစ်သတ်မှတ်ခဲ့ သည်။ အလျား ၁၆၄ ပေ ၊ တန်ချိန် ၄၁၀တန်ရှိသည်။ ၂၅ ပေါင်ဒါ အမြောက် ၂လက်၊ ၄၀မမ ဘိုဖာ၂လက် ၊ ၂၀မမ အော်လီဂန်း ၂လက်ပါရှိသည်။မြစ်ဝကျွန်းပေါ်စစ်ဆင်ရေးများတွင်အသုံးများခဲ့သည်။အနားပေးခဲ့ ပြီဟု သိရသည်။

ကမ်းတက် အမြောက်တင်စစ်ရေယာဉ် [Landing Craft Medium (Gun)] : ဒုတိယကမ္ဘာစစ် အတွင်း နော်မန်ဒီ ကမ်းတက်တိုက်ပွဲ အပါအ၀င် စစ်ဆင်ရေးကြီးများတွင် ဗြိတိန်ရေတပ်မှ အသုံးပြုခဲ့ ပြီး မြန်မာ့ ရေတပ်သို့ လွတ်လပ်ရေးရပြီးစတွင် ၄စင်းပေးအပ်ခဲ့သည်။အင်းမ၊အင်းယား၊အင်းတော်နှင့် အင်းလေး ဟုတပ်တော်ဝင်ခဲ့ သည်။ ၂၅ ပေါင်ဒါ အမြောက်၂လက်၊ ၂ပေါင်ဒါ (၄၀မမ) အမြောက် ၂လက် နှင့် စက်သေနတ်များပါရှိသည်။ အလျား ၄၇မီတာ၊ ၀န်ပြည့်အလေးချိန် ၂၇၀တန်ရှိပြီး တစ်နာရီ ရေမိုင် ၁၃.၅မိုင်နှုန်း သွားနိုင်သည်။ အရာရှိ စစ်သည် ၂၇ ဦး တာဝန်ယူရသည်။သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေးများတွင်အသုံးများခဲ့သည်။ ၁၉၇၀ပြည့် လွန်နှစ်များက အနားပေးခဲ့ သည်။

တော်ပီဒိုရေယာဉ်း ၁၉၅၈တွင် ဗြိတိန်မှ၅စင်းဝယ်ခဲ့ သည်။ Saunder-Roe Dark Class များဖြစ်ကြသည်။၂၀၁၊၂၀၂၊၂၀၄၊၂၀၅၊၂၀၆ ဟုတပ်တော်ဝင်ခဲ့ သည်။အလျား ၇၂ ပေ ၊ တန်ချိန် ၅၀တန်ရှိသည်။ တစ်နာရီ ရေမိုင် ၄၀ မိုင်နှုန်း သွားနိုင်သည်။ ၄၀မမ ဘိုဖာ ၁လက် ၊၂၁ လက်မ တော်ပီဒို ၄စင်း ပါရှိပြီး အရာရှိ စစ်သည် ၁၅ဦး တာဝန်ယူရသည်။ အမြောက်တင်ရေယာဉ်အဖြစ်သုံးလျင် ၄.၅ လက်မ အမြောက် ၁လက်၊၄၀မမ ဘိုဖာ ၁လက် တပ်ဆင်နိုင်သည်။၁၉၇၀ ပြည့်လွန်နှစ်များတွင် အနားပေးခဲ့သည်။

AMGB တိုက်ရေယာဉ်း အမေရိကန်မှ ၁၉၅၀ပြည့် နှစ်တွင် ၁၀စင်း ပေးခဲ့သည်။ တိုက်ရေယာဉ် ၁၀၁ မှ ၁၁၀အထိ သတ်မှတ် တပ်တော်ဝင်ခဲ့ သည်။ စာရေးဆရာ မောင်သော်ကဧ။် တိုက်ရေယာဉ် ၁၀၃ ၀တ္ထုမှာ အထက်ပါရေယာဉ်များထဲမှ တစ်စင်းအကြောင်းဖြစ်သည်။အလျား ၈၃ ပေ ၊၀န်ပြည့်  တန်ချိန် ၆၆တန်ရှိသည်။ တစ်နာရီ ရေမိုင် ၁၁ မိုင်နှုန်း သွားနိုင်သည်။ ၄၀မမ ဘိုဖာ ၂လက် ပါရှိပြီး အရာရှိ စစ်သည် ၁၈ ဦး တာဝန်ယူရသည်။ကာလအတန်ကြာကပင် အနားပေးခဲ့ သည်။

စစ်ရေယာဉ် သုတေသီ( ၈၀၁)း ၁၉၆၅တွင် ယူဂိုဆလားဗီးယားမှဝယ်ခဲ့ သည်။ အလျား ၂၀၄ ပေ ၊၀န်ပြည့် တန်ချိန် ၁၂၇၁ တန်ရှိသည်။ တစ်နာရီ ရေမိုင် ၁၅ မိုင်နှုန်း သွားနိုင်သည်။ ၄၀မမ ဘိုဖာ ၂လက် ၊၂၀မမ စက်အမြောက်၂လက် ပါရှိပြီး အရာရှိ စစ်သည် ၉၉ဦး တာဝန်ယူရသည်။ရေယာဉ်ပေါ်တွင် တိုင်းတာရေး မော်တော်ဘုတ်ငယ် ၂စင်းတင်ဆောင်ထားသည်။ရေယာဉ်အလယ်ပိုင်းရှိ ၄၀မမ အမြောက်ကိုဖြုတ်ပြီး ရဟတ်ယာဉ် ဆင်းကွင်းအဖြစ်သုံးနိုင်သည်။ ပင်လယ်ပြင်တိုင်းတာရေးကိစ္စ များတွင်အသုံးပြုသည်။

တိုင်းတာရေးရေယာဉ် ( ၈၀၂)း ၁၉၇၄ တွင် ဖမ်းဆီးမိခဲ့ သော စင်ကာပူနိုင်ငံမှ ငါးဖမ်း သုတေသန ရေယာဉ်ကို ၁၉၈၀ ပြည့်လွန်နှစ်များတွင် တပ်တော်ဝင်ခဲ့သည်။ အလျား ၁၅၄ ပေ ၊၀န်ပြည့် တန်ချိန် ၉၀၀ တန်ရှိသည်။ တစ်နာရီ ရေမိုင် ၁၃ မိုင်နှုန်း သွားနိုင်သည်။ ၂၀မမ စက်အမြောက်၂လက် ပါရှိပြီး အရာရှိ စစ်သည် ၃၅ ဦး တာဝန်ယူရသည်။ ကမ်းရိုးတန်းတိုင်းတာရေးကိစ္စ များတွင်အသုံးပြုသည်။

အပိုင်း-၃ ကို ဆက်တင်ပေးပါ့မယ်... အလုပ်များနေလို့ ပုံတွေပြန်မစုဖြစ်ဘူးဗျို့... ခွင့်လွှတ်ပေးကြပါရန်...

2 comments:

  1. မေးချင်တာလေး တစ်ခုရှိလို့ပါ ... ၁၉၅၈ ကျော်လောက်က သင်္ဘောတွေက အခုခေတ်သင်္ဘောတွေကို ယှဉ်နိုင်ပါ့မလား ... အဆင့်မြင့် စစ်သင်္ဘောကြီးတွေ ထုတ်လုပ်သင့်ပါပြီ .. လေယဉ်တင်သင်္ဘောတွေပါ ပါနိုင်ရင်ကောင်းတာပေါ့ဗျာ ... ဒါမှာ ပင်လယ်ပြင်ကို ကာကွယ်နိုင်မှာ ....

    ReplyDelete
  2. လေယာဉ်တင်သင်္ဘောဆိုရင်တော့တော်တော်စောင့်ရပါဦးမယ်။
    ဘာကြောင့်လဲဆိုတော့ ဖရီးဂိတ် ၁ စီးကို ၄နှစ်တည်ဆောက်ရလို့ ပါ။

    ReplyDelete