Tuesday, March 20, 2012

လေကြောင်းကင်းထောက် ST-68U ရေဒါစနစ်


ST-68U ရေဒါစနစ်ဟာ အနိမ့်မှာပျံတဲ့ပစ်မှတ်တွေ အတွက်အဓိကသုံးတာဖြစ်ပင်မဲ့ ဂျက်နဲ့တိုက်လေယဉ်တွေများကို ထောက်လှမ်းနိုင်ပြီး ခရုဇာဒုံးတွေကိုလဲ ဖမ်းလို့ရတယ်သည်။ အဓိကအာဖြင့်MIG-21 တွေအတွက်ဆိုဖမ်မိဖို၅၀%သေချာသည်။

နောက်ပြီးတော့ထူခြားချက်က အမြင့်၁၀၀မီတာနဲ့ အကွာအဝေး၃၅ကီလိုမီတာမှာရှိတဲ့

လေယာဉ်ကိုတီဗီမှာ ပေါ်သလိုတိုက်ရိုက်မြင်နိုင်ခြင်းဖြစ်ပါသည်။

လေယဉ်ရဲ့တည်နေရာကို သိဖို့ဆိုရင် ရေဒါဌာနနဲ့ပစ်မှတ်ကြားအကွာအဝေး

၊မြောက်ဝင်းရိုးစွန်းနဲ့ပစ်မှတ်ကြားထောင့်နှင့်မြေပြင်မှရေဒါဌာနနဲ့ပစ်မှတ်ကြားထောင့်

(တစ်နည်းအားဖြင့်အမြင့်) တို့ကိုသိရှိရန်လို့အပ်တယ်။

အဲဒါတွေအားလုံးကိုST-68Uက ရှာဖွေပေးနိုင်ပါသည်။

မြန်မာ့လေကာတပ်မှ ရေဒါထိန်းချုပ်ရေးစနစ်

ယူကရိန်းနိုင်ငံသုံး ရေဒါစနစ်

ST-68Uရေဒါစနစ်၏ အားသာချက်မှာ channel တွေအများကြီးပါခြင်းဖြစ်သည်။ တစ်မိနစ်တွင်ပစ်မှတ် ၂၀အားရှာဖွေနိုင်တယ်။ ကျွန်တော်တို့လေယဉ်ကို ရေဒါအကူအညီနဲ့ ရှာဖွေတဲ့နေရာမှာပြန်လာသော ရေဒီယိုရေး(Ray)ဟာ လေယဉ်တစ်ခုထဲကလာတာမဟုတ်ပဲ တအားမြင့်တဲ့တောင်တွေ၊တိမ်တွေ၊အဆောက်အဦးတွေ ဆီကိုရိုက်ခတ်ပြီ ကျွန်တော်တို့ရေဒါကိုရောက်လာပါတယ်....

အဲဒီလိုလေယဉ်ကမဟုတ်တဲ့ လိုင်းတွေက ကျွန်တော်တိုလေယဉ်ရှာဖို့အတွက်အနှောက်အယှက်ပေးပါတယ်....

လေကာတပ်များတွင် အသုံးပြုသည့် ရေဒါစနစ်

နမူနာပြ ရေဒါစနစ် (ယူကရိန်း)

နောက်ရန်သူ့လေယဉ်မှုးတွေဟာလဲ သူတို့ကိုမမြင်ရအောင် ကျွန်တော်တို့လွတ်လိုက်တဲ့လိုင်းအလျှားအတိုင်း အနှောက်အယှက်လိုင်းတွေ ပြန်လွတ်တတ်ကြပါတယ်..... အဲဒီအခါကြရင်လေယာည်ကို မမြင်ရပဲ ပစ်မှတ်အစစ်မဟုတ်တဲ့ဟာတွေ ပစ်မှတ်အစစ်ရှိတဲ့နေရာမှာ မမြင်သာတာတွေဖြစ်ပေါ်တတ်ပါတယ်....

အဲဒီလိုဖြစ်စဉ်ကိုကာကွယ်ဖို့ ST-68U ကိုသုံးခြင်းဖြစ်တယ်.... ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့channel တစ်ခုမှာသူတို့က အနောက်အယှက်ထည့်လိုက်ရင် နောက်channel ကိုသုံးနိုင်တယ် နောက်ပြီးကျွန်တော်တို့မှာ လျှိဝှက်လိုင်းအလျားတွေအများကြီးရှိတယ် အဲဒါကို လေယဉ်မှုးတွေသိဖို့မလွယ်ကူပါဘူး။

အတိုချုပ်ပြောရရင်တော့ ST-68Uက နှောက်အယှက်လိုင်းတွေကို ကောင်းကောင်းကာကွယ်ပေးတာပါ... ကျန်တာတော့တစ်ခြား အင်တနာတွေနဲ့ အတူတူပါပဲ။ အကွာအဝေး၁၅၀ ကီလိုမီတာအထိ ရေဒီယိုရေးထုတ်လုပ်နိုင်တယ် ST-68Uက ဒုံးစနစ်နဲ့မဆိုင်ပါဘူ ကင်းအတွက်ပဲလိုထင်တယ်.... P-19၊p-18 တို့လိုပါဘဲ.... ဒါပေမဲ့အမြင့်ပျံတဲ့ပစ်မှတ် ကို အဓိကရည်ရွယ်ခြင်း မဟုတ်ပါဘူး သိရပါတယ်...။

(လေကြောင်းရန်ကာကွယ်ရေးတပ်များတွင် အသုံးပြုသည့် ST-68Uရေဒါစနစ်အား လေ့လာမိသလောက်ပြန်လည် ဝေမျှပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ....)

No comments:

Post a Comment