Sunday, March 18, 2012

မြန်မာ့တပ်မတော် (ရေ)ရှိ စစ်ရေယာဉ်များ အပိုင်း-၃

ရန်လုံးအောင် စစ်ရေယာဉ်

စစ်ရေယာဉ် ရန်လုံးအောင်း ၁၉၆၇တွင် ဂျပန်မှဝယ်ခဲ့ သည်။ အလျား ၁၇၉ ပေ ၊၀န်ပြည့် တန်ချိန် ၅၃၆ တန်ရှိသည်။ တစ်နာရီ ရေမိုင် ၁၂ မိုင်နှုန်း သွားနိုင်သည်။ ၄၀မမ ဘိုဖာ ၁လက် ၊၁၂.၇မမ စက်သေနတ်၂လက် ပါရှိပြီး အရာရှိ စစ်သည် ၈၈ဦး တာဝန်ယူရသည်။ရေငုပ်နှင့်ဆယ်ယူရေး အထောက်အကူပြု ရေယာဉ်ဖြစ်သည်။

မိချောင်းရေယာဉ် (၀၀၁ မှ ၀၂၅)း ၁၉၆၅ တွင် ယူဂိုဆလားဗီးယား မှ ၂၅ စင်းဝယ်ခဲ့ သည်။

အလျား ၅၂ ပေ ၊၀န်ပြည့် တန်ချိန် ၃၇ တန်ရှိသည်။ တစ်နာရီ ရေမိုင် ၂၀ မိုင်နှုန်းသွားနိုင်သည်။လက်နက်ငယ်များသာပါရှိသည်။မြစ်တွင်းကင်းလှည့်ရန်နှင့် 

စစ်သည်နှင့်ရိက္ခာခဲယမ်းပို့  ဆောင်ရေးအတွက်အသုံးပြုသည်။

မြစ်တွင်းကင်းလှည့်ရေယာဉ် PBR MkIIး ၁၉၇၈ တွင် အမေရိကန်မှ ၆စင်းဝယ်ခဲ့ သည်။ ၂၁၁ မှ ၂၁၆ ဟုသတ်မှတ်ခဲ့သည်။အလျား ၃၂ပေ ၊၀န်ပြည့် တန်ချိန် ၉ တန်ရှိသည်။ တစ်နာရီ ရေမိုင် ၂၄ မိုင်နှုန်း သွားနိုင်သည်။၁၂.၇မမ စက်သေနတ် ၃လက် ပါရှိပြီး စစ်သည် ၆ဦး တာဝန်ယူရသည်။

မြစ်ရေယာဉ် ရတနာပုံး ၁၉၈၉-၉၀ ခုနှစ်တွင်တပ်တော်ဝင်ခဲ့သည်။ ပြည်တွင်းတွင် တည်ဆောက်ခဲ့ ပြီး VIP ရေယာဉ်အဖြစ် ဧရာဝတီမြစ်တွင်းနှင့် မြစ်ဝကျွန်းပေါ် ခရီးစဉ်များတွင် အသုံးပြုခဲ့ သည်။ အသေးစိတ်အချက်အလက်များရရှိရန် မလွယ်ကူပါ။

ကုန်းပတ်နှစ်ထပ် မြစ်ရေယာဉ်များး လွတ်လပ်ရေးရပြီးစတွင် ပြည်တွင်းဖြစ် နှစ်ထပ်သယ်/ပို့ ရေယာဉ်များအား လိုအပ်ချက်အရ မြစ်တွင်းတိုက်ရေယာဉ် များအဖြစ်ပြောင်းလဲအသုံးပြုခဲ့ သည်။ ယခုတိုင်ရေယာဉ်အချို့ကိုသုံးနေဆဲဖြစ်သည်။အကြမ်းဖျင်းအားဖြင့်  အလျား ၈၂ ပေ ၊၀န်ပြည့် တန်ချိန် ၉၉ တန်ရှိသည်။ တစ်နာရီ ရေမိုင် ၁၂ မိုင်နှုန်း သွားနိုင်သည်။ ၂၀မမ စက်အမြောက်များနှင့် စက်သေနတ်များ ပါရှိပြီး အရာရှိ စစ်သည် ၃၀ ဦး တာဝန်ယူရသည်။ ရေယာဉ်များမှာ စကု၊စိန္တာ၊စဗန်း၊ရွှေသီတာ၊ရွှေပုဇွန်၊ဆင်မင်း၊စကြာ၊စက်ရဟတ် တို့ ဖြစ်ကြသည်။

(အချက်လက်စုံလင်စွာ ပို့ပေးတဲ့ ကိုfulcrumအား အထူးကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ... ရေတပ်စစ်ေ၇ယာဉ်များ အပိုင်းတွေ ပြီးသွားပါပြီခင်ဗျာ....။)

4 comments:

  1. ၊ရွှေပုဇွန် was in the movie around early 90s or late 80s. Documentary movie about battles in Irrawaddy Delta.

    ReplyDelete
  2. မိချောင်းစစ်ရေယာဉ်ပုံကမှားနေသလားလို့ထင်မိတယ်။ဒါက hydrobus လို့ခေါ်တဲ့ခရီးသည်တင်ရေယာဉ်ပါပဲ။

    ReplyDelete
    Replies
    1. Mr thinker ဟုတ်တယ်ဗျ ကျွန်တော်လည်းအဲဒီလိုပဲထင်တယ် မိချောင်းရေယာဉ်ကသူ့ထက်သေးတယ် အခုပြထားတဲ့ ရေယာဉ်က Hydrobus ရေယာဉ် ၀၅၁ ပါ ပုဇွန်တောင်ညောင်တန်းဆိပ်ကမ်းကနေ ဆိပ်ကြီးရေတပ်လေ့ကျင့်ရေးတပ်ကို ကြိုပို့လုပ်တဲ့ ရေယာဉ်ပါ ၊ ပုံစံအနည်းငယ်ကွဲတဲ့ ၀၅၂ နာမည်နဲ့နောက်တစီးရှိပါသေးတယ်ဆိုတာ သိရတယ်ဗျ ...

      Delete
  3. ဟုတ်ကဲ့ဗျာ ကျွှန်တော်လည်း မသိတော့မှားရေးမိသွားတယ်ဗျာ...ပြန်ပြင်လိုက်ပါ့မယ်... ကျေးဇူးပါဘဲဗျာ....။

    ReplyDelete