Monday, May 7, 2012

အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်များ

မြန်မာ့တပ်မတော် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များ


















လေကြောင်းချီစစ်ဆင်ရေး ရန်သူ့နယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ရေး စစ်ရေးလေ့ကျင့်စဉ် က မြန်မာ့တပ်မတော် အထူးချေမှုန်းရေတပ်ဖွဲ့ဝင်များ

















အပေါ်ကစစ်သည်ရဲ့ နောက်ကျောမှာဆွဲထားတဲ့ အိတ်က ဆက်သွယ်ရေးစစ်လားဗျ..
















 စစ်သည်များသယ်ဆောင်ရာတွင် အသုံးပြုသော ဘဲယ်စစ်သုံးရဟတ်ယာဉ်၏ ရှေ့ခန်း
















ပုံတွေကကြာနေပါပြီခင်ဗျာ... အခုပြန်တွေ့လို့တင်ပေးလိုက်တာပါ...။

17 comments:

  1. ကျွန်တော်တို့နားလည်ပေးနိုင်ပါတယ်ကို mm၊ ဒါပေမယ့် မတင်တာကြာရင်တော့ တောင်းမှာပဲ၊ စိတ်မညစ်ပါနဲ့။
    ပုံတွေကဟောင်းပေမဲ့ တန်းဖိုးရှိပါတယ်။ အရင်ကရုပ်မြင်သံကြားညနေပိုင်းအစီအစဉ်အစ စစ်ချီသီချင်းများလွှင့်ရာမှာ ဒီတပ်ဖွဲ့မျိုးကိုမြင်ဖူးတယ်။ တပ်မတော်ထုတ်အူဇီကိုင်တယ်။ ပေါင်မှာပစ္စတိုတစ်လက်၊ တစ်ခြားပေါင်တစ်ဖက်မှာ ကျည်ကပ်ပါတယ်။ ခေါင်းဆောင်းကလေထီးတပ်တွေသုံးတဲ့ခေါင်းဆောင်းမျိုးဆောင်းတယ်။ ကျည်ကာမပါဘူးလို့တော့မှတ်မိတယ်။ ရဟတ်ယာဉ်ပေါ်ကနေကြိုးတွေနဲ့ဆင်းတာလည်းပြတယ်။ ရဟတ်ယာဉ်ဘေးမှာထိုင်တာလည်း blackhauk down မှာseals တွေထိုင်ကြသလိုပဲ၊ အလွန်ကြည့်ကောင်းပါတယ်။ ညီအစ်ကိုတော်တော်များများလည်းကြည့်ဘူးသူရှိကြမှာပါ။ လေထီးတပ်သားတွေရဲ့ စစ်ဝတ်စုံနဲ့လည်းအတူတူပဲလို့ထင်ပါတယ်။ မှတ်မိသူများပြောကြပါဦးခင်ဗျာ

    ReplyDelete
  2. ဒီတပ်တွေကျွန်တော်တို့နိုင်ငံမှန်တွင်တွင်ကျယ်ကျယ် ချဲ့ထွင်သင့်တယ်လို့ထင်ပါတယ်
    Budget တော်တော်များများသုံးပြီး ပြန်ရွေးချယ်ဖွဲ့စည်းသင့်တယ်လို့ထင်တယ်ဗျာ
    အမေရိကန်တပ်မတော် မှာဆို ကြည်းရေလေ အတွက် အထူးတပ်ဖွဲ့တွေရှိပါတယ်
    ကြည်းတပ်မှာဆို Delta Forces
    ရေတပ်မှာဆို Navy Seals
    လေတပ်အတွက် Air Commando
    ဒါ့အပြင် အခြား အထူးတပ်တွေဖြစ်တဲ့ Special Forces, Marine စသဖြင့် တပ်တွေအများကြီးဖွဲ့စည်းထားတာတွေ့ရပါတယ်

    အမေရိကန်တပ်မတော်ဟာ ကမ္ဘာပေါ်မှာ စစ်သုံးစရိတ်အများဆုံးနိုင်ငံဖြစ်ပါတယ်
    ကမ္ဘာ့စစ်အသုံးစရိတ်ရဲ့ တဝက်နီးပါးလောက်သုံးနေတာပါ
    ဒါ့ကြောင့်သူတို့တပ်တွေလို မြန်မာ့တပ်မတော်က အများကြီးမဖွဲ့နိုင်ပါဘူး

    သို့သော်အနဲဆုံးတော့ ခေတ်မှီပြီးစနစ်တကျလေ့ကျင့်ထားတဲ့ အထူးတပ်ဖွဲ့တခုရှိသင့်တယ်ထင်ပါတယ် ဒါမှရန်သူ့နယ်မြေကိုလျှပ်တပြက်ဝင်ရောက်စစ်ဆင်နိုင်မှာပါ
    ဒီတပ်တွေအတွက်အခြားခေတ်မှီလက်နက်တွေ၊ ထောက်လှမ်းရေးကိရိယာတွေ၊ ဆက်သွယ်ရေးစက်တွေ၊ သယ်ယူပို့ဆောင်ရေးယာဉ်တွေလိုအပ်တာတော့အထူးပြောစရာမလိုဘူးထင်ပါတယ်

    မြန်မာပြည်မှာ အကြမ်းဖက်တိုက်ဖျက်မှုလေ့ကျင့်ရေးတပ်တွေ ရှိသော်လည်း အာဆီယံ စံညွန်းတောင်မမှီသေးပါဘူး
    ဒီတပ်တွေကိုလည်းအထူးပုဂ္ဂိုလ်တွေရဲ့ လုံခြုံရေးအတွက်သာအသုံးပြုတာများပါတယ်

    စစ်ပွဲတွေမှာသုံးတယ်လို့မကြားရပါဘူး သမရိုးကျတပ်တွေနဲ့သာ အကျအရှုံးများစွာ တိုက်ခိုက်နေတာတွေ့ရပါတယ်
    ဒီတပ်တွေကိုစနစ်တကျဖွဲ့စည်းနိုင်ရင် ပြည်တွင်းစစ်ဆိုတာလည်းကွယ်ပျောက်သွားနိုင်ပါတယ်
    အစိုးရရဲ့အုပ်ချုပ်မှူအာဏာတက်လာနိုင်ပါတယ်
    ရည်ရွယ်ချက်သာမှန်ကန်ပါက ငြိမ်းချမ်းရေးအတွက်လည်း လမ်းပွင့်သွားနိုင်ပါတယ်

    တပ်မတော်ရဲ့အင်အားကိုလည်းလျှော့ချနိုင်ပါတယ်
    ကျွန်တော်ကတော့စစ်သုံးစရိတ်ကိုလူအင်အားလေးသိန်းအတွက် မလောက်မငသုံးနေမဲ့အစား အထူးတပ်တွေဖွဲ့ပြီး အင်အားနှစ်သိန်းကို စရိတ်နှဆသုံးစေချင်တယ်ဗျာ

    စစ်သားဆိုတာကနိုင်ငံတိုင်းရဲ့အရွယ်ကောင်းအမျိုးသားတွေပါ
    အလုပ်လုပ်နိုင်စွမ်းအများကြီးရှိပါတယ်
    ဒီလိုသာလျှော့ချနိုင်ရင်နိုင်ငံအတွက်အခြား အကျိုးရှိမဲ့အလုပ်တွေ လုပ်ဆောင်နိုင်မဲ့လူအင်အား နှစ်သိန်းလောက်ပိုထွက်လာမှာပါ

    ဒါတွေကကျွန်တော့ရဲ့အမြင်သက်သက်သာဖြစ်ပါတယ်
    အခြားPoint of View ကနေဆွေးနွေးပေးကြပါဦး
    ကျေးဇူးပါ :)

    ReplyDelete
    Replies
    1. မှန်​ပါ​တယ်​ခင်ဗျာ။ ဒီ​လို​စစ်ဆင်​ရေး​တပ်ဖွဲ့​တွေ​ဟာ​မည်​သည့်​စစ်​တပ်​တွင်​မ​ဆိုလို​အပ်​တဲ့ element တ​ခု​ဖြစ်​ပါ​တယ်။ ဒီ​လို​တပ်ဖွဲ့​တွေ​ကြောင့်​ရ​ရှိ​ခဲ့​တဲ့​အောင်မြင်​မှု​တွေ​ကို​ကမ္ဘာ​နိုင်ငံ​အနှံ့အပြား​မှာ​အလွယ်​တ​ကူ​တွေ့​ရ​နိုင်​ပါ​တယ်။ ဒါ​ပေ​မယ့်​မြန်မာ​နိုင်ငံ​မှာ​တော့​ကျွန်တော်​တို့ ရဲဘော်​တွေ​ရဲ့​အသက်​ဟာ​စက်​သေ​နတ်​တ​လက်​လောက်​တောင်​တန်ဖိုး​ထား​ခြင်း​မ​ခံ​ရ​တာ​ကို​စိတ်​မ​ကောင်း​စွာ​နဲ့​တွေ့​ရှိ​ရ​ပါ​တယ်။ ဒါ​ကြောင့်​ရဲဘော်​တွေ​အကျ​အဆုံး​ဘယ်လောက်​များ⁠များ​အထက်က​သိတ်​ဂရု​မ​စိုက်​ကြ​ပါ​ဘူး။ ကျွန်တော်​တို့​ရဲ့​အချိန်​မှာ​အထူး​စစ်​တပ်​တွေ​ကို​စနစ်​တ​ကျ​အသုံးပြု​တာ​ကို​မြင်​သွား​ရ​ဖို့​အထူး​ကိုမျှော်​လင့်​ပါ​တယ်​ခင်ဗျာ။

      Delete
  3. အထူးတပ်ဖွဲ့အတွက် Glock G 17 (9×19 mm)(http://www.glock.com/english/pistols_models.htm) ပစ္စတိုကို ပုံစံတူထုတ်နေတယ်လို့ သိရပါတယ်။ ဦးထုတ်နဲ့ အင်္ကျီက ကျည်ကာပါ။ အမှန်တကယ်ကို ကာကွယ်ပေးနိုင်ပြီး ပိတ်လွှာတွေထပ်ပြီး ချုပ်တဲ့စနစ်သုံးထားတာပါ။ ပြည်တွင်းမှာပဲ ထုတ်တာပါ။ ပုံစံကတော့ အစ္စရေးပုံစံပါ။ ဒါပေမယ့် နည်းပညာကတော့ တရုတ်နဲ့ ရုရှားတစ်ခုခုဖြစ်မယ် ထင်ပါတယ်။

    ReplyDelete
  4. ပါဝင်ဆွေးနွေးခွင့်ပြုပါခင်ဗျား။
    ရန်သူ့စခန်းကုန်းတစ်ခုကို တပ်မတော်တပ်ရင်း(၃)ရင်းပါဝင်တဲ့စစ်ဆင်ရေးတစ်ခုဆင်နွဲပြီး အပြီးတိုင်ချေမှုန်းစစ်ဆင်ပါမယ်။ တပ်ရင်းတွေရည်မှန်းချက်ကို ချီတက်ပါမယ်။ တပ်ရင်းနှစ်ရင်း-တစ်ရင်းကို စစ်ကြောင်း(၁)(၂)နှစ်ကြောင်းခွဲပြီးသွားပါမယ်။ တစ်ရင်းကနယ်မြေစိုးမိုးမှု၊ အရံ၊ ထောက်ပံ့ရေးလမ်းကြောင်း လုံခြုံရေးယူပါမယ်။ ကားလမ်း၊ ရထားလမ်း၊ တံတားနားကကို မခွာနိုင်တော့ပါ။ အမြှောက်တပ်က ကြိုတင်အကဲကြည့်မယ်။ ပစ်မှတ်မှတ်ပုံတင်မယ်၊ ကြိုတင်ပစ်ခတ်မယ်။ တစ်ရင်းကရှေ့သတ်ကွင်းကနေ ရောင်ပြတိုက်မယ်၊ တစ်ရင်းကအနောက်ကရန်သူမထင်တဲ့လမ်းရှည်ကနေပတ်တိုက်မယ်။ တစ်ရင်းနှစ်ကြောင်း၊ စစ်ကြောင်း(၁)မှာ ရင်းမှူးဦးစီး စစ်ကြောင်းရုံးနဲ့ နှစ်ခွဲ၊ စစ်ကြောင်း(၂)မှာ ဒုရင်းမှူးဦးစီးနှစ်ခွဲပါတယ်ပေါ့ဗျာ။ တက်တိုက်ရမယ့်နေရာကို စစ်ကြောင်းမှူးတွေကသတ်မှတ်ပြီ။ စစ်ကြောင်းမှူးနဲ့ ရုံးအဖွဲ့တစ်ခွဲချန်ခဲ့၊ နှစ်ခွဲ သို့မဟုတ် တစ်ခွဲ ဦးတည်စခန်းရဲ့ စစ်မျက်နှာတစ်ဖက်စီမှာပေါ့၊ ချေမှုန်းရေးတာဝန်ယူထားတဲ့တပ်ခွဲမှာလည်း ခွဲမှူးနဲ့တစ်စိတ်နောက်ရံ ကျန်နှစ်စုက အရာရှိတွေဦးစီးပြီးတက်တိုက်တော့---တိုက်ပွဲဖြစ်၊ လန်ကျ၊ ပြန်စုဖွဲ့၊ လက်နက်ကြီးနဲ့ပိုက်စိတ်တိုက်ပစ်(ဒါတောင်ကျည်သုံးနိုင်တဲ့ အဓိကတိုက်ပွဲစဉ်ကြီးများမှပါ)၊ ချေလျင်အကူလက်နက်ကြီးလောက်နဲ့ စခန်းသိမ်းရတာတွေအများကြီး။ ပြန်စုဖွဲ့၊ တက်တိုက်၊ အရာရှိငယ်တွေက သူတို့ကိုယ်တိုင်ဦးစီးပြီး ရဲဘော်တွေကိုတွန်းတင်၊ ထွေးလုံးရစ်ပတ်တိုက်ပွဲဖြစ်၊ စခန်းသိမ်းမိပြီ၊ အောင်ပြီ၊ အောင်မြင်သွားပြီ။ ပြန်သုံးသပ်ကြပါဦး။
    တပ်ရင်းသုံးရင်း၊ လေကြောင်းအကဲကြည့်မပါ၊ airborne command မပါ။ ထောက်ပံ့ပို့ဆောင်ရေးမကောင်း၊ communication က ခဏခဏကြားဖြတ်ခံရ၊ radio silence လုပ်ပြီးတက်တိုက်ရတယ်။ medical assist အားနည်း၊ ကုသမှုအားနည်းလို့ မကျသင့်ဘဲကျရတယ်။ သုံးရင်းမှာ တစ်ကယ်တမ်း contact with enemy ကတပ်စိတ် လေးစိတ်၊ တပ်ဖြန့်ဖို့ မြေပြင်အနေအထားမကောင်းရင် တစ်စိတ်ချင်းဘဲ ထိတွေ့မှုဖြစ်တာကိုတွေ့ရပါတယ်။
    ခေတ်မှီစစ်ပွဲအတွက် ကျွန်တော်တို့ ပြင်ဆင်လေ့ကျင့်သင့်ပါပြီ၊ ကျွန်တော်တို့တပ်မတော်ကြီးတိုးတက်လာတာမြင်ချင်လှပါပြီ။ ပြည်သူများကလည်း လေ့ကျင့်မှုတွေ၊ တည်ဆောက်မှုတွေကို နိုင်ငံကြီးသားများပီပီ နားလည်အားပေးကြဖို့သင့်ပါပြီ။ နိုင်ငံရဲ့တစ်ခုတည်းသော တပ်မတော်အဖြစ် ဒေသတွင်းနိုင်ငံများကပါ လေးစားရသော တပ်မတော်ဖြစ်လာပါစေကြောင်း ဆန္ဒပြုပါတယ်ခင်ဗျား။

    ReplyDelete
  5. ko maungzaw2034 ရေးတာဖတ်ရတာ၊ ကျေးဇူးတင်လိုက်တာအကိုရာ၊ ၀မ်းသာအားတက်စရာပါပဲခင်ဗျ၊ ကို mm ရေ၊ မြန်မာ့တပ်မတော်မှာ တိုးတက်ပြောင်းလဲမှုတွေ၊ တွေ့နေရတာအမှန်ပါပဲ၊ JH-7 တွေရောက်မယ်၊ MBT-2000 သေချာပြီင်္၊ Mi-35E Hind ၊ပြီးတော့ကိုယ်တိုင် ဒုံးလက်နက်တွေထုတ်ဖို့ကြိုးစားနေတယ်၊ Frigate, Corvette တင်မကပဲ အခု Stealth Stage ကိုပါတက်လှမ်းလိုက်ပြန်ပါပြီ၊ အခုကို မောင်ဇော်2034 ရေးတဲ့အထူးတပ်ဖွဲ့များအတွက် လက်နက်၊ ချပ်ဝတ်များအကြောင်း တွေကိုကြည့်ရင် ပြုပြင်ပြောင်းလဲတိုးတက်လိုတဲ့ ခေါင်းဆောင်များအောက်မှာ မြန်မာ့တပ်မတော်ဟာ ပုံမှန်တိုးတက်လျှက်ရှိကြောင်းသိနိုင်ပါတယ်ခင်ဗျ။ ဒီသတင်းလေးသေချာချင်ပါတယ်၊ စိတ်ချလက်ချ ၀မ်းသာချင်လို့ပါ။ ကျွန်တော်နဲ့စိတ်တူအစ်ကိုများလည်း ၀မ်းသာချင်မှာပါ။ အားနည်းချက်အနည်းငယ်ရှိစမြဲပေမယ့် တိုးတက်နေတာအမှန်ပါ။

    ReplyDelete
    Replies
    1. ပြဿနာ​က ဒီ​လက်နက်​တွေ​မ​တပ်​ဆင်​နိုင်​တာ​မဟုတ်​ဘူး​လို့​ထင်​ပါ​တယ်။ မြန်မာ​နိုင်ငံ​က​နေရာ​တကာ​မှာ maintenance အလွန်​အားနည်း​ခြင်း​ကို​ကျွန်တော်​သတိပြု​မိ​ပါ​တယ်။ အထက်က"လုပ်​ကြ​ဟေ့" ဆို​ဟေး⁠ဟေး​နဲ့​လုပ်​လိုက်​ကြ​ပြီး​နောက်​တော့​ဒီ​အတိုင်း​ပစ်ထား​ခဲ့​တတ်​တာ​ခဏခဏ​ပါ​ပဲ။ နေပြည်တော် zoo ကို​ပဲ​ကြည့်​ပါ။ အဲ​တော့​ကျွန်တော့​အမြင်​အတိုင်း​ဆို​ရင်​တပ်​မတော်​ဟာ funding ဘယ်လောက်​ပဲ​သုံး⁠သုံး​ဒီ​လို​အခြေ​ခံ​ကျ​လှ​တဲ့ maintenance အပိုင်း​ကို​သေချာ​မ​ပြုပြင်​ဘူး​ဆို​ရင်နာ​မည်ကျော်​ကြား​လှ​တဲ့ Hind တိုက်ခိုက်​ရေး​ရဟတ်​ယာဉ်​မက​လို့​နောက်​ဆုံးပေါ် PAK FA Stealth Fighter ကို​ဝယ်​ယူ​နိုင်​တယ်​ဆို​လဲ​ကျွန်တော်​တို့​တပ်​မတော်​ရဲ့​အားနည်း​ချက်​ဟာ​အမြဲ​ကြီးမား​နေ​မှာ​သေချာ​သ​လောက်​ရှိ​ပါ​တယ်​ခင်ဗျာ။

      Delete
  6. Comments တွေမှာ အစ်ကိုတွေ၊ညီတွေ ဆွေးနွေးထားလိုက်ကြတာ အားရစရာပါဘဲ။ စစ်ဘက်ရေးရာ ကျွမ်းကျင်ပညာရှင်တွေမှန်း သိသာပါတယ်။ ဒါပေမဲ့ ဘယ်စစ်တပ်မှာမဆို Will to fight က အရေးကြီးဆုံးဘဲ၊ လက်ရှိတို့တပ်မတော် မှာ အဲဒါကြီးရှိသေးကြရဲ့လား။

    ReplyDelete
    Replies
    1. စိတ်​မ​ကောင်း​စွာ​နဲ့​ပြော​ပါ​ရ​စေ။ Will to Fight ဆို​တာ​ကျွန်တော်​တို့​တပ်​မတော်​ထဲ​မှာ​မ​ရှိ​တော့​တာ​ကြာ​ခဲ့​ပါ​ပြီ။ ရဲဘော်​တွေ​ဟာ​မိမိ​တို့​ဘာ​ကြောင့်​တိုက်​ပွဲဝင်​နေ​ရ​တာ​လဲ​ကို​သေချာ​ဂ​ဃ​န​ဏ​သိ​ခြင်း​ထက် အရာရှိ​က "ဒီ​ဟာ​ရန်သူ" လို့​ဆို​လိုက်​ရင်​သတ်​ပစ်​ရ​မယ်​ဆို​တာ​လို Brainwash အလုပ်​ခံထား​ရ​တာ​ပဲ​များ​ပါ​တယ်။ အဲ​တော့​ကျ​ဆုံး​သွား​ကျ​တဲ့​ရဲဘော်​တွေ​ရဲ့​အသက်​ဟာ​အလ​ဟ​သ​ဖြစ်​သွား​ကြ​တာ​ကို​ရင်နာ​စွာ​နဲ့​တွေ့​ရှိ​ရ​ပါ​တယ်။ ဒါ​ကို​ပြင်​ချင်​ရင်​တော့​ပထမ​ဉီး​စွာ​ရဲဘော်​တွေ​ကို objective and subjective thinking ကို​ချင့်​ချိန်​သုံးသပ်​နိုင်​ရန်​ပညာသင်​ကြား​ပေး​ရ​ပါ​မယ်။ ဒါ​ကျွန်တော့​စိတ်​ထင်​ကို​ပြော​တာ​ပါ​ခင်ဗျာ။ မှား​ရင်ပြင်​ပေး​ကြ​ပါ။ မြန်မာ​လို​ဘာသာ​မ​ပြန်​တတ်​တဲ့​စကားလုံး​တွေ​အတွက် English လို​ပဲ​ရေးထား​တာ​ကို​ခွင့်​လွှတ်​ပေး​ကြ​ပါ​ခင်ဗျာ။

      Delete
    2. ကျွန်တော်ထက်ပြီ ရေးပေးထာတာပါ ပိုနာလည်အောင်လိုပါ :P “စိတ်မကောင်းစွားနဲပြောပါ၇စေ။ Will to Fight်ဆိုတာကျွန်တော်တို့ တပ်မတော်ထဲမှာမ၇ှိတော့တာ ကြာခဲ့ပါပြီ။ ၇ဲဘော်တွေ ဟာမိမိတို့ ဘာောကာင့်တိုက်ပွဲ-၀င်နေရတာလဲကို သေချာ ဂဃ နဏ သိချင်ထက် အရာရှိက “ ဒီဟာရန်သူ လိုဆိုလိုက်ရင် သတ်ပစ်ရမယ်ဆိုတာလို Brainwash အလုပ်ခံတားရတာပဲများပါတယ်။ အဲတော့ ကျဆုံးသွားကျတဲ့ ရဲဘော်တွေ ရဲ့  အသက်ဟာ အလဟသ ဖြစ်သွားကြတာကို ရင်နာစွာနဲ တွေရှိရပါတယ်။ ဒါကိုပြင်ချင်ရင်တော ပထမဦးစွား၇ဲဘော်တွေကို Objective and subjective thinking ကိုချင်ချိန်သုံးသပ်နိုင်ရန် ပညသင်ကြားပေးရပါမယ်။ ဒါ ကျွန်တော်စိတ်ထင်ကိုပြောတာပါ ခင်ဗျာ.။ မှားရင်ပြင်ပေးကြပါ။ မြန်မာလိုဘာာမပြန်တက်တဲ့ စကားလုံးတွေအတွက် English လိုပဲ ရေးထာတာကို ခွင့်လွတ်ပေးကြပါ ခင်ဗျာ“

      Delete
    3. ကျေးဇူးတင်​ရှိ​ပါ​တယ်​ခင်ဗျာ။

      Delete
  7. ကျွန်တော်​နား​မ​လည်​တဲ့​အချက်​လေး​တ​ချက်​ကို​တင်ပြ​ပါ​ရ​စေ။ UZI ဟာ Sub-machine gun class ဖြစ်​ပြီး 9mm ကျည်​ကို​အသုံးပြု​ပါ​တယ်။ မြန်​မာ့​စစ်မြေပြင်​တွေ​ရဲ့​ထုံးစံ​အတိုင်း​တိုက်​ပွဲ​အများ​စု​ဟာ​တော​တောင်​တွေ​ထဲ​မှာ​တိုက်​ရ​တာ​များ​ပါ​တယ်။ UZI ရဲ့ Effective Range ဟာ 200 မီ​တာ​ပဲ​ရှိ​ပြီး 9mm ပဲ​ရှိ​တဲ့​အတွက် Stopping power ဟာ​လည်း​မြန်​မာ့​ရေ​မြေ​အရ အလွန်​ကို​နည်း​လွန်း​ပါ​တယ်။ အနည်း​ဆုံး​တော့ AK74u လောက်​တော့​သုံး​သင့်​တယ်​ထင်​ပါ​တယ်။ သူ့​ရဲ့​ဖ​ခင် AK47 လို​ပဲ​အလွန်​ကို​အကြမ်း​ခံ​တဲ့​အတွက်​မိုး​နဲ့​စိုစွတ်​မှု​များ​တဲ့​ရိုးမ​တောကြီး​တွေ​နဲ့​ကိုက်​လိမ့်​မယ်​လို့​ယုံကြည်​ပါ​တယ်။ 1960-70 တုန်း​က ကရင်ပြည်နယ်​မှာ​အမေ​ရိ​ကန်​တပ်​တွေ​နဲ့​လှုပ်ရှား​ခဲ့​တဲ့ Australia က​အငြိမ်းစား​ကွန်​မင်​ဒို​တ​ဉီး​နဲ့​ကျွန်တော်​စကားပြော​ခဲ့​တဲ့​အခါ​မှာ​သူ​က​ဆို​ပါ​တယ်။ သူ​ကိုင်​ခဲ့​ရ​တဲ့ M4 Carbine ရိုင်​ဖယ်​ထက်​စာ​ရင် AK47 ကို​ပို​သုံး​ချင်​ပါ​တယ်​တဲ့။ ဘာ​ကြောင့်​လဲဆို​တော့​နုနယ်​လှ​တဲ့​အမေ​ရိ​ကန်​လုပ် M Series ရိုင်​ဖယ်​တွေ​ဟာ​မြန်​မာ့​ရာသီ​ဉ​တု​ရဲ့​ဒုက္ခ​ပေး​မှု​ကို​အကြီး​အကျယ်​ခံ​ရ​လို့​ပါ​တဲ့။ AK47 ဟာ​ဘယ်​အချိန်​ပဲ​ပစ်⁠ပစ်​ဘယ်လောက်​ပဲ neglect လုပ်​ထား​ပါ​စေ​ကျည်​အမြဲ​ထွက်​ပါ​တယ်​တဲ့။

    ReplyDelete
    Replies
    1. ကျွန်တော်ထက်ပြီ ရေးပေးထာတာပါ ပိုနာလည်အောင်လိုပါ :P “ကျွန်တော်နာမလည်တဲ့အချက်လေးတစ်ချက်ကိုတင်ပြပါရစေ။ UZI ဟာ Sub-machine gun class ဖြစ်ပြီး 9 mm ကျည်ကိုအသုံးပြူပါတယ်။ မြန်မာ့စစ်မြေပြင်တွေရဲ့  ထုံးစံအတိုင်းတိုက်ပွဲအများစုဟာ တောင်တွေထဲမှာတိုက်ရတာများပါတယ်။ UZI ရဲ့ Effective range ဟာ 200 မီးတာပဲရှိပြီး 9mm ပဲရှိတဲ့ အတွက် Stopping power ဟာလဲ မြန်မာရေမြေအရ အလွန်ကို နည်းလွန်းပါတယ်။ အနည်းဆုံးတော့ AK74u လော်ကတော့သုံးသင်တယ်ထင်ပါတယ်။ သူရဲ့ ဖခင် AK 47 လိုပဲ အလွန်ကိုအကြမ်းခံတဲ့ အတွက် မိုးနဲစိုစွတ်မူများတယ်ရိုးမ တောကြီးတွေနဲကိုက်ကလိမ့်မယ်လို ယုံကြည်ပါတယ်။ 1960-70 တုန်းက ကရင်ပြည်နယ်မှ အမေရိကန်တပ်တွေနဲ လှုပ်ရှားခဲတဲ့ Australia က အငြိမ်စားကွန်မန်ဒို တဦးနဲ့ ကျွန်တော်စကားပြောခဲတယ်အခါမှာ သူကဆိုပါတယ်။ သူကိုင်ခဲတယ် M4 Carbine ရိုင်ဖယ်ထက်စာရင် AK 47 ကိုပိုသုံးချင်ပါတယ်တဲ့။ ဘာကြောင့်လဲဆိုတောနုနယ်လှတဲ့ အမေရိကန်လုပ် M Series ၇ိုင်ဖယ်တွေဟာ မြန်မာရသီဥတုရဲ ဒုက္ခပေးမူကို အကြီးအကျယ်ခံရလိုပါတဲ့။ AK 47 ဟာ ဘယ်အချိန်ပဲပစ်ပစ် ဘယ်လောက်ပဲ neglect လုပ်ထားပါ စေကျဉ်အမြဲထွက်ပါတယ်။ “

      Delete
  8. ကို mm , ဒီပို့စ်မှာ whispering shadow ဆွေးနွေးထားတာတွေကို ကျွန်တော်မမြင်ရဘူးဗျ။ Font တွေပျောက်နေတယ်။ ဘာFont သုံးသလဲဗျာ။ ကူညီပါဦး။

    ReplyDelete
    Replies
    1. Hi, I'm using default Myanmar fonts that come with Macbook. If you cannot see, I can type everything again in English. It's even better because it is sooooo hard for me to type in Burmese and takes me a long time. Have to use English to Myanmar dictionary too.

      Delete
  9. What I said in the last post was "Please allow me to present a point that I don't fully understand. UZI is Sub-machine gun class and uses 9mm rounds. As in typical Myanmar terrain, most of the skirmishes occur in jungles. Because UZI's effective range is merely 200m, stopping power is very little in Myanmar terrain. At least the AK74u should be used. Like its father the AK47, it is very durable so it will be suitable for the Yoma jungles which have high levels of rain and moisture. When I spoke to an retired Australian Commando who operated in Karen state with the Americans during 1960-70 told me. 'I prefer the AK47 than the M4 Carbine rifle. Because fragile M Series rifles suffer from Myanmar weather. No matter when you shoot, no matter how much it has been neglected, the AK47 WILL always fire.' "

    ReplyDelete
  10. ကို sanaytharေ၇း whispering shadow ရေးတာ Myanmar 3 font ပါ အဲဒီဖောင့်လေးကိုတော computer မှာ install လုပ်ထားသင်ပါတယ် font လေတစ်ခုတည်ပါ ဘာမှမခက်ပါဘူး လိုအပ်ရင် zawgyi မသုံပဲ အဲဒီဖောင့်လေပြောင်းနှိပ်လိုက်ရင် စာတွေဖတ်လိုရပါတယ် microsoft window office မှာလဲ
    သုံးလိုရပါတယ် အဆင်ပြေပါစေ :P

    ReplyDelete