Monday, May 21, 2012

တပ်မတော် (လေ)ရှိ ဂျီ-၄ အပေါ့စားတိုက်လေယာဉ်များ
















မြန်မာ့တပ်မတော် (လေ)ရှိ အမောင်းသင်တိုက်လေယာဉ်၊ အပေါ့စားတိုက်လေယာဉ်များအနက် ယခင် ယူဂိုဆလပ်ဗီးယားနိုင်ငံထုတ် ဂျီ-၄ တိုက်လေယာဉ်များသည် ယခုအချိန်ထိ တပ်မတော် (လေ)တွင် တာဝန်ထမ်းဆောင်နေဆဲပင် ဖြစ်ပြီး မကြာမှီကပင် အဆင့်မြှင့်တင်မှု ပြုလုပ်ခဲ့သေးသည်ဟု သိရပါသည်။ တပ်မတော် (လေ)တွင် အနည်းဆုံး ၆စင်း လက်ရှိတာဝန်ထမ်းဆောင်နေသည်ဟု ယူဆရပါသည်။

မြန်မာ့ဝေဟင်တွင် လေ့ကျင့်ပျံသန်းနေသော ဂျီ-၄ တိုက်လေယာဉ်မှ မြင်ကွင်း














အမောင်းသင် ဂျက်တိုက်လေယာဉ်များ


















ဂျီ-၄ တိုက်လေယာဉ်တစ်စင်း အမောင်းသင်လေ့ကျင့်နေစဉ်














နိုင်ငံခြားမှ ပညာရှင်များနှင့်အတူ



















တိုက်ပွဲဝင် လေ့ကျင့်ခန်း ဆောင်ရွှက်နေစဉ်













အပေါ့စားတိုက်လေယာဉ်၏ သယ်ဆောင်နိုင်သော လက်နက်စနက်များ


























အစပိုင်းတွင် တိုက်လေယာဉ်မှယူမှုမှာ အစီးရေ ၂၀ အထိဟု သိရသော်လည်း အကြောင်းအမျိုးမျိုးကြောင့် (ဆားဗီယားပြည်တွင်းစစ်) ယူဂိုဆလပ်ဗီးယားအနေဖြင့် ၆စင်းသာ တင်ပို့နိုင်ခဲ့သည်ဟု သိရပါသည်...။ ထို့ပြင် လေယာဉ်ထုတ်လုပ်ရေး စက်ရုံသည်လည်း စစ်ကြောင့် ရပ်ဆိုင်းခဲ့ရသည်ဟု သိရပါသည်။ ထိုအချိန်မတိုင်မှီ ၁၉၉၀ခုနှစ်နှောင်းပိုင်းတွင် တပ်မတော် (လေ)မှ လေသူရဲများသည် နာမည်ကျော် ဆာယာဂျီဗို အနီးရှိ Rajlovac တွင် တိုက်လေယာဉ်အမောင်းသင်တန်း နာရီ (၅၀) သင်တန်းတက်ခဲ့ရသည်ဟု ဆိုပါသည်။

(ကျေးဇူးပြုပြီး အခုချိန်မှစ၍ C-Box တွင် ရိုင်းဆိုင်းစွာပြောဆို၊ဆဲဆိုခြင်းများ မပြုကြပါရန် တောင်းဆိုရပါသည်... ဆက်လက်ပြောဆိုသူရှိပါက မည်သူ့စာပိုဒ်ကို မဆိုပြန်ဖျက်မည်ဖြစ်ပါသည်.... မည်သူမဆိုလွှတ်လပ်စွာ ဝင်ရောက် ဆွေးနွှေးနိုင်စေရန် ရည်ရွှယ်၍ ဖွင့်ထားသည့် နည်းတူ အမြင်များ၊အတွေးအခေါ်များအား တံတိုင်းမခတ်ထားချင်လို့ပါ ခင်ဗျာ.... အားလုံးကို အထူးကျေးဇူးတင်ပါတယ်....။)

ပုံတချို့အား-(http://www.mycity-military.com) မှကူးယူထားပါသည်။

14 comments:

  1. ကိုmm ရေ(၁)ခုတော့ထောက်ပြပါရစေ ယူဂိုဆလားဗီးယားက ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံယောင်းမဟုတ်ပါဘူး အရှေ့ ၀ါဆောစစ်အုပ်စုထဲတောင်မ၀င်ခဲ့တဲ့ ဘက်မလိုက်နိုင်ငံပါ မှားတာရှိရင်တောင်းပန်ပါတယ် လေးစားလျက်

    ReplyDelete
    Replies
    1. ဟုတ်ပါတယ်အစ်ကို..။ အစ်ကိုပြောတာမှန်ပါတယ်..။ ဆိုဗီယက်နိုင်ငံတွေက
      Armenia, Azerbaijan, Belarus, Estonia, Georgia, Kazakhstan, Kyrgyzstan, Latvia, Lithuania, Moldova, Russia, Tajikistan, Turkmenistan, Ukraine, နဲ့ Uzbekistan
      တို့ပဲဖြစ်ပါတယ်အစ်ကို..။

      Delete
  2. ပျံသန်းရင်း ပဲခူးရိုးမ မိုးတိမ်တောင်ထဲ တအုပ်လုံး(၆ စင်းဖြစ်မယ်ထင်တယ်) ပျက်ကျတာ ဒီလေယာဉ်တွေလားဗျာ... တကယ်သုံးလို့ ကောင်းတယ် လို့  ပြောသံကြားဖူးတယ်... နှမြောစရာကြီးဗျာ....

    ReplyDelete
  3. KO Taunghttun..I think the planes you talking about are T-33 shooting star (US made). I think MAF received about 22 of them, they can be armed to teeth but the main problem was short runways in Myanmar. Plane had to carry external fuel tank to stay over the target.

    ReplyDelete
  4. ဟုတ်ကဲ့ဗျာ ကျွှန်တော်အမှတ်မှားလို့ ဖြစ်ပါလိမ့်မယ်... ကျေးဇူးပါဘဲဗျာ... ပြန်ပြုင်လိုက်ပါ့မယ်

    ReplyDelete
  5. ကို တောက်ထွန်း၊ ရိုးမမှာ အုပ်ဖွဲ့လိုက် တောင်ခပန်းနဲ့တိုက်မိပျက်ကျတာဒီလေယာဉ်မဟုတ်ပါဘူး၊ T-33 (T-Bird)ပါ။ တောင်ခပန်းမှာ စွပ်ကြောင်းကြီးငါးခုနဲ့ စွပ်ကြောင်းကြီးတွေရဲ့ထိပ်မှာ မီးခိုးတန်းကြီးငါးခုကို နောက်တစ်နေ့မှ ရောက်နိုင်ခဲ့တဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကတွေ့ရပါတယ်။ မိုးသက်မုန်တိုင်းကြားမှာ မြေပြင်နဲ့တစ်ကွ တစ်စီးနဲ့တစ်စီးတောင် မြင်တွေ့နိုင်ဖို့ခက်ခဲလှတယ်လို့ဆိုပါတယ်။ ဒါတောင်မှ တွေ့ရတဲ့ စွပ်ကြောင်းများဟာ အကွာအဝေးညီညာလှတာကို တွေ့ရတယ်တဲ့။ လေသူရဲများရဲ့ ပျံသန်းမှုစွမ်းရည်နဲ့ သေအတူရှင်မကွာ အုပ်ဖွဲ့ခေါင်းဆာင်နောက်မှာ တစ်သားတည်းလိုက်ပါ ပျံသန်းခဲ့ကြတယ်ဆိုတာ ဂုဏ်ယူစရာကောင်းလှပါတယ်။ တွက်ချက်မှု အနည်းငယ် ပေမြင့်တက်ခဲ့ရင်တောင်လွတ်မြောက်နိုင်မှာပါ၊ ကျွန်တော်အမှတ်မမှားဘူးဆိုရင် ပန်းတင်တောင်ကြောမှာပါခင်ဗျား။

    ReplyDelete
  6. အရွယ်အစားနဲ. ဒီဇိုင်းတွေက k-8 တွေနဲ.ဆင်သလိုပဲနော်

    ReplyDelete
  7. Super Galap G-4 သိပ်ကောင်းတဲ့ COIN (counter insurgency warfare) အတွက်အလွန်သင့်တော်တဲ့ အပြင် အသံထက်မြန်တိုက်လေယာဉ်ပြောင်းလဲမှု သင်တန်းတွေမှာလည်း လေ့ကျင့်ရေးအသုံးပြုနိုင်တယ်လို့ကြားဖူးပါတယ်

    ReplyDelete
  8. ကျေးဇူးပါဗျာ... ပြောပြကြတဲ့ အတွက်.... စကားမစပ် ရေတပ်သဘောင်္ံကျင်းက ဘာလို့  ကုန်တင် သဘောင်္ံတွေ မထုတ်လဲ ဗျ... သေချာ ပုံစံ ထုတ်ထားရင် အရေးကြုံရင် mi 35 ၁စီး ၂စီး တင်လို့ ရရင် မဆိုးဘူးနော်.... ဒါဆို ဘင်္ဂလားလို နိုင်ငံ လှဲ့ ကြည့်စရာမလို တော့ဘူး...

    ReplyDelete
  9. Yes, Ko Sanaythar. It was in 1974 when these T birds (T-33) were lost and BAF at time lost some of it's most experienced pilots.
    If we look at G-4s, they are one of the most reliable COIN aircrafts I ever seen. During former Yugoslavia civil war a serbian G-4 attacking Croatian targets was struck by a shoulder fired anti-aircraft missile and managed reach back to home airbase (ref http://wn.com/Golubovci_Airbase). This little beast will have no chance of surviving if it wasn't for it's robust design and Rools Royce Viper engines.
    We can say that K-8 is a substitute for G-4s however they carry lower payloads and has less reliable engines than G-4s. The advantage it has over G-4 is K-8 has digital cockpit where the earlier is analog.

    ReplyDelete
  10. Thanks for knowledge-full message, ko Zeus.

    ReplyDelete
  11. မြန်မာတွေကိုယ်တိုင်လုပ်တဲ့စစ်လက်နက်တွေကို ယခုထက်ပိုမိုဖော်ပြပေးစေလိုပါတယ် ကျနော်ကြားဘူးသလောက်တော့မြန်မာနိင်ငံဟာ ကမ္ဘာမှာဘယ်နိင်ငံမှမမှီတဲ့ စစ်လက်နက်ရှိပါတယ်တဲ့ မှန်ရင်ဖော်ပြပေးစေလိုပါတယ်

    ReplyDelete
  12. G-4တွေကယခု၎စင်းသာပျံသန်းနိုင်ပြီးပုသိမ်လေတပ်စခန်းမှာမှာဗုံးကျဲလေယာဉ်အုပ်အဖြစ်ထား၇ှိတပ်စွဲထားပါတယ်။ကျန်နှစ်စင်းမှာလုံးဝပျံသန်းမရတော့သည့်အနေအထားကြောင့်အနားပေးပြီးဖြစ်ပါတယ်။

    ReplyDelete
  13. What I like best of this aircraft is its agility and the Rolls-Royce Viper engine.
    I think the Chinese K8 looks similar and its engine is also good (Garrett TFE731-2A-2A turbofan or Chinese WS-11)

    ReplyDelete