Saturday, May 19, 2012

ရုရှားနိုင်ငံသုံး Lynx စစ်သုံးယာဉ်များ

















အရင်လကတည်းက ပို့ထားပင်မဲ့ ကျွှန်တော်ဘက်က အားနည်းချက်တွေကြောင့် အခုမှတင်ဖြစ်တာကို ခွင့်လွှတ်ပေးကြပါခင်ဗျာ...။)

(မနေ့က ရုရှားသတင်းတပုဒ်ကိုကြည့်တုန်း
ပါလာတာလေးပါ။ ရုရှားနိုင်ငံရဲ့ တပ်မတော်နေ့(မေ ၁၆) မှာ စစ်ရေးပြဖို့အတွက် ကျင့်နေတဲ့ယာဉ်တန်းမှာ ဒီခုပို့မယ့် သံချပ်ကာ ကားသေးတစ်စီး အသစ်ထုတ်တယ်လို့သိရတယ်ဗျ။ အဲကားကို ဒီနှစ် Parade အတွက်ထုတ်ထားတာလေးပါ။ 
 
ကားရဲ့စွမ်းပကားတွေကတော့ ကျည်မပေါက်ခြင်း ဆက်သွယ်မှုကိရိယာအစုံပါခြင်းနဲ့ အပေါ်မှာတော့ စက်လက်တစ်မျိုးပါတယ်ဗျာ။ အဲစက်လက်ရဲ့ အမျိုးအစားတော့မသိဘူးကျွန်တော်လဲ။ ယာဉ်အလေးချိန်က ၆တန်ခွဲရှိပြီး အမြန်နှုန်းကတော့ တစ်နာရီကို ကီလိုမီတာ ၃၀လို့ဆိုတယ်ဗျ။ အရာရှိတွေစီးဖို့အတွက်လဲသင့်တော်တယ်ဗျ။ အရမ်းကို Save ဖြစ်တယ်လို့ ရှင်းပြတယ်ဗျ။ 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
အလားတူကားမျိုးကို မိထ္တီလာ ကပစ မှာလဲ ထုတ်ဖူးတယ်လို့ ကျွန်တော်တို့နဲ့ကျောင်းတူတူတက်တဲ့ ကပစ၂ ကအကိုတစ်ဦးပြောဖူးတယ်ဗျ။ ဒါပေမယ့် ၇.၆၂ မီလီမီတာ ကျည်မပေါက်ပေမယ့် အရမ်းနှေးကွေးလွန်းလို့ ပြန်ပြီးပြင်ဆင်နေတယ်ပြောတယ်ဗျ။
 
 မြန်မာနိုင်ငံအနေနဲ့ကတော့ တပ်မတော်သုံး မာစတာဂျစ်များအစား အဲဒီကားများနဲ့အစားထိုးမယ်ပေါ့ဗျာ။ ဒါပေမယ့် အကောင်ထည်မဖော်နိုင်သေးပါဘူး။ ရုရှားထုတ် သံချပ်ကာကားသေးရဲ့ အမည်ကိုတော့ РЫСЬ (LYNX) ရီးစ် လို့အမည်ရတယ်ဗျ။ ဥရောပနဲ့ မြောက်အာရှပိုင်းတွေမှာတွေ့ရတဲ့ လင်းကြောင်မီးတိုရဲ့ နာမည်ပေါ့ဗျာ။)
 
 အီတလီထုတ် IVECO M56 Lynx သံချပ်ကာယာဉ်
 
 
 
 
 
 
 
 
 
 
 
 
 ဒါကရုရှားထုတ် GAZ-2975 သံချပ်ကာယာဉ်
 
 
 
 
 
 
 
 
 
 
 
 
 
 
အထက်ပါအချက်လက်တွေကို ကြည့်ချင်းအားဖြင့် ရုရှားတပ်မတော်ဟာ မိမိတို့ထုတ်တဲ့ လက်နက်စနစ်တွေအပြင် တခြားနိုင်ငံတွေကနေတဆင့် ဝယ်ယူပြီးနည်းပညာပိုင်းကို တိုးတက်အောင် ဆောင်ရွှက်နေတယ်ဆိုတာ တွေ့ရပါတယ်.... ယခုဝယ်ယူတဲ့ စစ်သုံးယာဉ်တွေဟာ အီတလီနိုင်ငံထုတ်တွေဖြစ်ပြီး... အနောက်နိုင်ငံကစစ်တပ်တွေကလည်း စိတ်ဝင်စားနေကြတဲ့ ယာဉ်အမျိုးအစားဖြစ်ပါတယ်....  
 
ဒီစစ်သုံးယာဉ်က ရုရှားထုတ်ပါ GAZ-2975 အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်...။ ရုတ်တရက်ကြည့်လိုက်ပါက အတော်လေးကို တူညီနေတာတွေ တွေ့ရမှာဖြစ်ပါတယ်...။

 
 
 
 
 
 
 
 
 
 
 
 
 
 
 (အခုလိုသတင်းတွေကို ပို့ပေးကြတဲ့ အတွက်ကျေးဇူးတင်ပါတယ်... နောက်လည်း ပို့ပေးကြဖို့ မျှော်လင့်ပါတယ်ခင်ဗျာ...။)

2 comments:

  1. ကျေးဇူးပါခင်ဗျာ အခုမှတွေ့လို့သေချာလိုက်ဖတ်နေပါတယ်
    မြန်မာ့တပ်မတော်နေ့အခမ်းအနားတွေမှာ စစ်အင်အား လက်နက်အင်အားကို
    ပိုပြီးချပြသင့်တယ်ဆိုတဲ့ အယူအဆကို လုံးဝလက်ခံပါတယ်
    မြန်မာနိုင်ငံသားတော်တော်များများက မြန်မာ့တပ်မတော်ကို အထင်သေးကြပါတယ်
    စစ်ရေးအခမ်းအနားတွေမှာ ပူးတွဲပြီး ဖော်ပြခြင်းအားဖြင့် စိတ်ဓာတ်မြှင့်တင်ပေးရာလည်းရောက်ပါတယ်
    ကျနော် ဖိုရမ်တကာလှည့်သွားလာနေပြီးတဲ့နောက် စစ်သားမဟုတ်ပဲ စစ်ရေးကိစ္စစိတ်ဝင်စားသူ လူငယ်ပညာရှင်တွေ အမြားအပြားရှိနေတယ်ဆိုတာ သိလိုက်ရတယ်
    အားပေးပါတယ်ဗျာ ပိုစ့်တွေနဲ့အတူ စစ်ရေးအမြင်လေးတွေပ် ဖြည့်စွက်ပေးပါ

    ယိမ်းနွဲ့ပါးဓားသမား ...။ ။

    ReplyDelete
  2. အခု တပ်ချုပ်လက်ထက်မှာ မ်ြန်မာ့တပ်မတော်စစ်ရေးစွမ်းအားကို အရင်ကထက် ပိုမိုပွင့်လင်းလာသလို ခံစားရပါတယ်၊ ဟိုတလောကပဲ တပ်မတော်လေ ရဲ့ လေကြောင်းစွမ်းရည်ပြပွဲ လုပ်တဲ့အကြောင်း MRTV မှာသတင်းတွေ့လိုက်တယ်၊ ဒီထက်မကလဲ ထုတ်ဖ်ာပြသဖို့လိုတယ်လို့လည်း ထင်မိပါတယ်၊ အပေါ်က comment လိုပါပဲ တပ်မတော်နေ့လို အခမ်းအနားတွေမှာ လက်ရှိတပ်မတော်ရဲ့ စစ်လက်နက်ဆိုင်ရာ စွမ်းပကားတွေ ပါထည်သွင်းပြသစေချင်ပါတယ်။

    ReplyDelete