Wednesday, August 15, 2012

တပ်မတော် (ရေ)၏ တည်ဆောက်နေဆဲ ဖရီးဂိတ်စစ်ရေယာဉ်များ

မြန်မာ့တပ်မတော် (ရေ)သည် နိုင်ငံပိုင်ရေပိုင်နက်အားကာကွယ်ရင်း အိမ်နီးချင်းနိုင်ငံတစ်ခုနှင့် ထိပ်တိုက်တွေ့မှုတစ်ခုဖြစ်သည့် မြန်မာ-ဘင်္ဂလားရေပြင်ပိုင်နက်ပြဿနာဖြစ်ခဲ့အချိန်တွင် တပ်မတော် (ရေ)၏ စွမ်းပကာအား နိုင်ငံတကာသို့ပြသခွင့်ရခဲ့ပါသည်။ တပ်မတော် (ရေ)၏ ခေတ်မှီစစ်ရေယာဉ်အများအပြားနှင့် ဒုံးတပ်အမြန်တိုက်ခိုက်ရေးယာဉ်များ၏ ရန်ကိုကာကွယ်နိုင်စွမ်းမရှိသော ဘင်္ဂလားဒေ့်နိုင်ငံသည် နိုင်ငံတကာအားချက်ချင်းပင် အကူအညီတောင်းကာ ဖြစ်ပျက်နေသော အခြေအနေများအား ရပ်တန့်စေနိုင်ရန်ကြိုးပမ်းခဲ့ပါသည်။ သို့သော် ပြည်ပသတင်းဌါနများတွင်မူ လက်ရှိအဖြစ်အပျက်နှင့်ဆန့်ကျင်ကာ ရေးသားပြောဆိုမူများရှိခဲ့ပါသည်။

တပ်မတော် (ရေ)သည် ဖရီးဂိတ်စစ်ရေယာဉ်ကြီးများ၊ ကော်ဗတ်စစ်ရေယာဉ်ကြီးများ ၊ အမြန်တိုက်ခိုက်ရေးယာဉ်များသာမက အမြန်ယာဉ်ငယ်များကိုပင် ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်နိုင်စွမ်းရှိနေပြီဖြစ်ရာ ဒေသတွင်းနိုင်ငံများအကြားတွင် အားကောင်းသော ခေတ်မှီရေတပ်မတော်တစ်ရပ် မကြာခင်ဖြစ်လာတော့မည်မှာ ယုံမှားစရာမရှိတော့ပေ။

မြန်မာ့ရေတပ် သင်္ဘောကျင်းများမှ ထုတ်လုပ်သည့် စစ်ရေယာဉ်များအနက် အောင်ဇေယျဖရီးဂိတ်စစ်ရေယာဉ်သည် လက်ရှိအချိန်တွင် အကြီးကျယ်ဆုံးသော စစ်ရေယာဉ်တစ်စီးဖြစ်ပြီး ခေတ်မှီဝေဟင်၊ရေပြင်ပစ် ဒုံးလက်နက်စနစ်များ အပြည့်အဝတပ်ဆင်ထားသော စစ်ရေယာဉ်ကြီးဖြစ်သည်။ တပ်မတော် (ရေ)၏ နောက်ထပ်တည်ဆောက်ရေးဆိုင်ရာ ခြေလှမ်းတစ်ရပ်အဖြစ်သိရှိထားသော အချက်လက်များအရ F22 ကျန်စစ်သားဖရီးဂိတ်စစ်ရေယာဉ်အပါအဝင် တတိယမြောက်ဖရီးဂိတ်စစ်ရေယာဉ်အား တည်ဆောက်နေဆဲပင်ဖြစ်သည်ဟု သိရပါသည်။ အဆိုပါဖရီးဂိတ်စစ်ရေယာဉ်များသည်လည်း အောင်ဇေယျဖရီးဂိတ်စစ်ရေယာဉ်ကြီးကဲ့သို့ပင် ၁၀၈မီတာအရှည်ရှိမည်ဖြစ်ကာ ပိုမို၍ခေတ်မှီသော နည်းပညာများ ၊ လက်နက်စနစ်များတပ်ဆင်ထားမည်ဖြစ်သည်။ အဆိုပါဖရီးဂိတ်စစ်ရေယာဉ်များအတွက်မူ အိန္ဒိယနိုင်ငံ၏ အကူအညီများ နည်းပညာမြင့်စက်ပိုင်းဆိုင်ရာများပါဝင်လာမည်ဟုလည်း သိရပါသည်။

လက်ရှိအချိန်တွင် တည်ဆောက်နေဆဲ ၁၀၈မီတာ ဖရီးဂိတ်စစ်ရေယာဉ်ကြီး


လက်ရှိတပ်မတော် (ရေ)၏ အလံတင်သင်္ဘောဖြစ်သော အောင်ဖေယျဖရီးဂိတ်စစ်ရေယာဉ်ကြီးကဲ့သို့ပင် Kh-25E ရေပြင်မှရေပြင်ပစ် ပဲ့ထိန်းဒုံးများပင်တပ်ဆင်လာနိုင်သည်ဟု သိရသည်။ သို့မဟုတ်ထိုထက်ပင်ပိုမိုခေတ်မှီသော ဒုံးလက်နက်စနစ်များတပ်ဆင်လာနိုင်ပါသည်။

၁၀၈မီတာ ဖရီးဂိတ်စစ်ရေယာဉ် (တတိယအစီး) အားတွင်တွေ့ရစဉ်

အထက်ပါပုံတွင်ပါသော တပ်ဆင်ထားသည့် လက်နက်စနစ်များမှာ-
(၁)ရေငုပ်သင်္ဘောဖျက်ဗုံး (ဒုံး)
(၂)၇၆မီလီမီတာ အမြောက်
(၃) ရေပြင်မှဝေဟင်ပစ် ဒုံးလက်နက်စနစ် (၆×Igla )
(၄) အေကေ-၆၃၀ ၃၀မီလီမီတာအမြောက် (CIWS)
(၅) ၁၄.၅မီလီမီတာ× ၆ ပြောင်းပါ လက်နက်စနစ်
(၆)ရေပြင်မှရေပြင်ပစ်ဒုံး (Kh-35E ဖြစ်နိုင်သည်)
(၇)အေကေ-၆၃၀ ၃၀မီလီမီာအမြောက် (CIWS)
(၈)ရဟတ်ယာဉ်ထားရာအခန်း စသည်တို့ကို အကြမ်းအားဖြင့်တွေ့ရသည်။

CIWS-=Close-In Weapon System (ရန်သူ့စစ်ရေယာဉ် ၊ လေယာဉ်များမှ ပစ်ခတ်တိုက်ခိုက်လာသော ဒုံးပျံများ၊ စစ်လေယာဉ်များ ကို တားဆီးပစ်ခတ်ချေမှုန်းနိုင်စေရန် ရည်ရွှယ်၍ ထုတ်လုပ်ထားသည့် လက်နက်စနစ်)

အထက်ပါလက်နက်စရင်းများအနက်အတော်များများကို လေ့လာဘူးကြမည်ဖြစ်ရာ ထပ်မံ၍ မရှင်းပြတော့ပါ... သို့သော် မြန်မာ့တပ်မတော်သည် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာမှစစ်လက်နက်များ ဝယ်ယူခွင့်ကန့်သတ်ထားသည်ဖြစ်ရာ ခေတ်မှီနည်းပညာများအားရရှိနိုင်မှုအနည်းငယ် နောက်ကျခဲ့သည်။ ထို့သို့သော် အခြေအနေများဖြင့် တပ်မတော်အား အဆင့်မြှင့်တင်ခြင်းများမပြုလုပ်ဘဲရှိနေပါက အိမ်နီးချင်းနိုင်ငံများအား စော်ကားလာမူများအား (ဥပမာ-ဘင်္ဂလားရေတပ်မှ ကျူးကျော်လာမူ) ကြုံတွေ့ရမည်ဖြစ်ရာ လိုအပ်သည့်နည်းပညာအကူအညီများအား ရရှိရန်ကြိုးပမ်းခဲ့ကြရပါသည်။

(၅) ၁၄.၅မီလီမီတာ× ၆ ပြောင်းပါ လက်နက်စနစ်

၁၄.၅မီလီမီတာ စက်သေနတ် (သို့)စက်အမြှောက် (သို့) CIWS သည် မြောက်ကိုးရီးယားနိုင်ငံမှ လက်ခံရရှိထားဖြင်းဖြစ်ကာ ရေပြင်၊ဝေဟင်ရှိ ပစ်မှတ်များအား ပစ်ခတ်ချေမှုန်းရာတွင် အလွန်ပင်ထိရောက်မှုရှိသည်ကိုတွေ့ရပါသည်။ အမေရိကန်၏ Minigun ကဲ့သို့သောစနစ်ဖြစ်သည်။အမေရိကန်နှင့် ရုရှားတပ်မတော်များတွင် အသုံးပြုသောစနစ်မှာ ၇.၆၂မမကျည်သုံးစနစ်ဖြစ်ကာ တပ်မတော် (ရေ)၏ အောင်ဇေယျဖရီးဂိတ်ပေါ်တွင်တပ်ဆင်ထားသော စနစ်မှာ ၁၄.၅မမကျည်သုံးစနစ်ဖြစ်ပါသည်။

တပ်မတော် (ရေ)၏ ဖရီးဂိတ်များအကြောင်းဖော်ပြရာတွင် အမှားယွင်းရှိပါက မည်သူမဆို ထောက်ပြဝေဖန်နိုင်ပါသည်ခင်ဗျာ...။ အားလုံးကိုလေးစားလျှက်....။

11 comments:

  1. Ko mm, I Think that the Kyansitthar is a second (108m)frigate, and the third frigate which shown in your latest post's photo may be another. I think it's has no call-sign at this time. As your post, We can know even the third frigate is under construction. So, Kyansitthar may be serve for navy very soon. I'm very happy-happy-happy.

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်ကိုMMရေ ကျွန်တော်ကတော့နေ့တိုင်းလောက်နီးပါလာကြည့်ဖြစ်ပါတယ်အခုလိုရေတပ်မတော်နဲ့လေတပ်တွေကိုအဆင့်မြှင့်တင်မှု့တွေကိုသိရမြင်ရတော့နိုင်ငံတော်ကာကွယ်ရေးအတွက်အားရမိပါတယ် နောင်ဒီထက်လည်းကြည်းရေလေ ကိုအဆင့်မြှင့်နည်းပညာတွေတပ်ဆင်မှု့တွေကိုတင်ပြနိုင်ပါစေလို့

    ReplyDelete
    Replies
    1. မြန်မာပြည်က ဆောက်တဲ့ ဖရီဂတ်တွေမှာ ရေသန့်ချက်စက် မရှိသေးပါ. ကိုးရီးယား စတိုင် ချွေးထုတ်ခန်း များ တော့ အများအပြား ထည့်သွင်းတည်ဆောက်ထားပါတယ်.

      Delete
  3. KMM show them how strong our navy is. Show Bangladeshi how strong we are. Show Thailand how strong we are. Naval development is an important mater on military power. Every body know that if a country has development in naval sector, there are good development in its military might.Isn't it?
    ကိုMM ရေ Adman island ပေါ်ကို ထိုင်းရေတပ်က အမြှောက်ဆန်ကျခဲ့တဲ့ဖြစ်စဉ်လေး သိခြင်ပါတယ်။ ဖြစ်နိုင်ရင်တင်ပေးပါလား။ အခုကောဒီကောင်တွေလုပ်ရဲသေးလားလို့။

    ReplyDelete
  4. http://mmmilitary.blogspot.com/2011/07/blog-post_26.html

    ဒီမှာတင်ပေးထားပါတယ် ကိုTun Tun Koရေ... အခုလိုအားပေးကြတဲ့အတွက် ကျေးဇူးပါခင်ဗျာ...။

    ReplyDelete
  5. ကျနော်လည်း ကိုစနေသားပြောသလို ထင်မိတယ် သေချာရင်တော့ ကို mm ကကျနော်တို့ ကို တကွက်ချန်ထားတာပေါ့ နော့်

    ReplyDelete
  6. မြန်မာ့ရေတပ်မှာ ရေငုတ်သင်္ဘော တွေရှိတယ်လို့ကြားမိပါတယ် တစ်ကယ်ရှိမရှိသိချင်ပါတယ်

    ReplyDelete
  7. Thanks Ko MM, ရန်နိုင် ၅၀၁ မို့လို့ဒီကောင်တွေလုပ်ရဲတာကိုး အခု အနော်ရထာ လိုကောင်ကြီးဆိုရင်တော့ တွေ့တာနဲ့ပြေးမယ်ထင်တယ်နော။ ကျေးဇူးပါဗျာ။

    ReplyDelete
  8. ကော့သောင်း နဲ့ ရနောင်းနယ်စပ်တွေမှာ ထိုင်းဘက်စစ်သင်္ဘောတွေကကြီးတယ် သင်္ဘောတွေဖြတ်သွားရင်မြင်နေရတယ် ကော့သောင်းမှာလည်းသင်္ဘောကြီးတွေချထားတာတခါမှမတွေ့မိဘူး။....ကင်းလှည့် 115 တို့ 116 တို့လောက်ပဲရှိတာ

    ReplyDelete
  9. Re: Military Dogs
    When I'm in services till 1988, there is a military dogs training school in Maymyo.The units around the country have to choose them-self the dogs and masters then send them to school for training,after finishing the course, the dogs received the serial numbers and ration. Then they have to go for action in front lines, may be the same now.

    ReplyDelete