Saturday, September 15, 2012

ASEAN Armies Rifle Meet



ASEAN Armies Rifle Meet

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြင့် ပေါင်းစပ်တည်ထောင်ထားသော အဖွဲ့ကြီးဖြစ်သည့် အာဆီယံ အသင်းကြီး၏ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည်။ ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေး ၊ စီးပွားရေးဆိုင်ရာများကို နှစ်စဉ် အစည်းအဝေးများကျင်းပပြုလုပ်လျက်ရှိသည်။ ထို့အတူအာဆီယံနိုင်ငံများရှိ တပ်မတော်များအနေဖြင့် ပူးပေါင်းစစ်ရေးစွမ်းရည်ပြပွဲများကိုလည်း ပြုလုပ်ကျင်းပလျက်ရှိရာ ၂၀၁၂ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင်မူ ၂၀၁၃ခုနှစ် အာဆီယံစစ်ရေးစွမ်းရည်ပြပွဲကို ဂုဏ်ယူဖွယ် ကျင်းပခွင့်ရခဲ့ပြီဖြစ်ပါတယ်...။ သတင်းများနှင့်ဂျာနယ်များမှာ မကြာမကြာမြင်တွေ့လာရတာကတော့ အာဆီယံစစ်ပစ်ကွင်းများ ဖေါက်လုပ်တည်ဆောက်နေမှုဘဲဖြစ်ပါတယ်...။ အရင်ခုနှစ်များကလည်း အာဆီယံစစ်စွမ်းရည်ပြပွဲ ၊ ပြိုင်ပွဲများရဲ့ ဓါတ်ပုံတွေကို တတ်နိုင်သလောက်တင်ပေးခဲ့ဘူးပါတယ်...။ အခုလည်း စုဆောင်းမိထားတဲ့ ပုံတွေနှင့် အချက်လက်တချို့ကို တင်ပေးပါဦးမယ်....။

၂၀၀၇ခုနှစ် အာဆီယံ သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ (ယိုးဒယား)

၂၀၀၈ခုနှစ် အာဆီယံ သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ (ဖိလစ်ပိုင်)


၂၀၀၉ခုနှစ် အာဆီယံ သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ (စင်ကာပူ)



၂၀၁၀ခုနှစ် အာဆီယံ သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ (မလေးရှား)
ဓါတ်ပုံကောင်းကောင်းမတွေ့မိပါဘူး..။

၂၀၁၁ခုနှစ် အာဆီယံ သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ (အင်ဒိုနီးရှား)

အမ်အေ-၂ စက်ကလေးအား ဒင်ပုံစံသစ်ဖြင့် စတင်တွေ့မြင်ရစဉ်

၂၀၁၂ခုနှစ် အာဆီယံ သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ (မြန်မာနိုင်ငံ)

မြန်မာနိုင်ငံတွင်ကျင်းပမည့် အာဆီယံ သေနတ်ပစ်ပြိုင်ပွဲအတွက် အောက်ပါသေနတ်ပစ်ကွင်းများ ဖောက်လုပ်ထားသည်ဟု သတင်းများအရသိရပါသည်။

၁.မီတာ ၁၀၀ ပစ္စတိုစက်ပစ်ကွင်း
၂.မီတာ ၂၀၀ ကာဘိုင်စစ်ပစ်ကွင်း
၃.မီတာ ၆၀၀ ရိုင်ဖယ်စစ်ပစ်ကွင်း စသည်တို့ဖြစ်ပါသည်။

မြန်မာ့တပ်မတော်မှ စစ်သည်များကိုင်ဆောင်ခဲ့ကြသည့် MA စီးရီး ချေမှုန်းရေးရိုင်ဖယ်သေနတ်များ

အမ်အေ-၁ ချေမှုန်းရေးရိုင်ဖယ် (MA-1 Assault Rifle)

အမ်အေ-၂ စက်ကလေးသေနတ် (MA-2 Light Machine Gun)


၂၀၁၂ခုနှစ်အတွင်းတွင် တွေ့နေရသည့် သတင်းဓါတ်ပုံများအနက် စိတ်ဝင်စားဖွယ်ရာ သေနတ်များအနက် အမ်အေ-၂ စက်ကလေးအား မွမ်းမံထားသော ဒီဇိုင်းသစ် နှင့် ယခင် အာဆီယံသေနတ်ပစ်ပြိုင်ပွဲဝင် စစ်သည်များသာ ကိုင်ဆောင်ခဲ့သော အမ်အေ-၁ ဒီဇိုင်းသစ် (သေနတ်ဒင်)အား ရခိုင်ပြည်နယ်တွင် အသုံးပြုလာခဲ့ခြင်းဖြစ်ပါသည်။ေ

အမ်အေ-၂ စက်ကလေး (MA-2 Light Machine Gun)

တပ်မတော်မှ စစ်လက်နက်ကျွှမ်းကျင်သူများ၏ ပြောစကားအရ-

(မြန်မာ့တပ်မတော်ထုတ် အမ်အေ ၂ ချေမှုန်းရေးစက်သေနတ်ကလေးအား ကျည်အိမ် ပုံအသစ် ဒင်ပုံစံအသစ် ပြောင်းပုံစံအသစ်.ဖြင့် တွေ့ရစဉ်. AR 3-9x40mm scope ပါတွဲဆင်လိုက်လျှင် မီတာ ၅၀၀-၆၀၀ ကောင်းကောင်းထိန်းလို့ရတဲ့ စနိုက်ပါရိုင်ဖယ်အနေနဲ့ သုံးလို့ရလိမ့်မယ်...။)လို့ဆိုထားပါတယ်...။

အာဆီယံစစ်ပစ်ကွင်းအား တပ်မတော်ခေါင်းဆောင်ကြီးများမှ ကြည့်ရှုစစ်ဆေးနေကြစဉ်



မြန်မာနိုင်ငံ၏ စစ်ကျောင်းကြီးများရှိရာ ပြင်ဦးလွင်မြို့တွင် ကျင်းပမည့် အာဆီယံသေနတ်ပစ်ပြိုင်ပွဲအတွက် ပြင်ဆင်နေမှုများ ၊ တည်ဆောက်ပြီးဆီးမှုများအား လေ့လာမိသလောက်ထပ်ပြီး တင်ပေးပါဦးမယ်ခင်ဗျာ...။ လိုင်းမကောင်းသေးလို့ လောလောဆယ်ဒီလောက်ပါဘဲခင်ဗျာ... :)

7 comments:

  1. Very nice MA-1 Assault Rifle. ဒေါက်ကပုံစံအသစ်လား တော်တော်ကြည့်လို့ကောင်းသွားတယ်။ (M60 Bipod style)နဲ့ တူတယ်။
    (MA-2 Light Machine Gun)က Dragunov Tiger ဒင် ပုံစံတတ်ထားတာ ထင်တယ်။ scope မျိုးစုံ တတ်ဆင်လို့ရအောင် tactical rail တွေပါ ဆင်ပေးလိုက် ပိုကောင်းသွားမယ်ထင်တယ်။ အဲဒါဆို detachable or folding iron sight တတ် လို့ ရသွားမယ်. scope တွေတတ်ရင်အဆင်ပြေအောင်လို့ပါ။ ဒါပေမဲ့ အခုတိုင်းတောင်ကြည့်လို့ကောင်းနေပြီ။

    ReplyDelete
  2. MA - 1 & MA-2 စက်သေနတ်တွေက တော်တော်လေးမိုက်တယ်နော် မြန်မာတပ်မတော်စစ်သားတွေမှာ ဒီသေနတ်တွေတပ်ဆင်ထားပြီးလားခင်ဗျာ။မြန်မာတပ်မတော်စစ်သားအားလုံးကို ဒီသေနတ်တွေနဲ့ဒီယူနီဖောင်းတွေ ကို တပ်ဆင်ပေးလိုက်ရင် အရမ်းကောင်းမှာပဲ။

    ReplyDelete
  3. Myanmar Army Rifle Team should train a lot header than now to get some prizes. When I look at the previous years' competitions, the standing of myanmar army rifle team was very poor. If I am not wrong, Myanmar army rifle team didn't get any prizes at this year Indonesia competition. I don't want our army to be looked down by other countries. We should train like Indonesia and Thailand armies who always win most of the tropies. You can check the results here --> http://www.mindef.gov.sg/imindef/mindef_websites/topics/aarms09/match_results/actual.html
    http://www.mindef.gov.sg/content/imindef/mindef_websites/topics/aarms09/match_results/actual/_jcr_content/imindefPars/0007/file.res/Overall%20Medal%20Tally.pdf
    Try your best Myanmar Army Rifle Team.. We will always support you no matter what.

    ReplyDelete
  4. အရပ်သားတွေကော လာကြည့်လို့ရမလား သိချင်ပါတယ်၊

    ReplyDelete
  5. ဒို့လည်းကြည့်ချင်တယ် လေ့လာချင်တယ် ရမလားမဥိဘူးသိတဲ့သူရှိယင်ပြောပေးကြပါအုံး

    ReplyDelete
  6. ကျုပ် အမြင် အရ trophy ရမရထက် MA series များ အ နေနဲ့ လက်တွေ့ combat များမှာ reliable ဖြစ်ဖို့ အ ရေးကြီးပါတယ်။
    တိုင်းရင်းသား လက်နက်ကိုင် များနဲ့ ဖြစ်စေ အခြားတိုင်းတပါး ကျုးကျော် ရန်စမှု များကို တပ် မ တော်သား များလက်တွေ့ ရင် ဆိုင် တဲ့ နေရာ မှာ အဆင်ပြေ ချောမွေ့ ဖို့ ပို အ ရေးကြီးပါတယ်။

    ReplyDelete
  7. stockမှာshotbarတပ်လိုက်ရင်ပစ်တဲ့လူသက်သာတာပေါ့

    ReplyDelete