
နိုင်ငံတကာတွင် စစ်ပွဲများအတွင်းတွင် အသုံးပြုနိုင်စေရန် ရည်ရွှယ်ကာ စစ်သုံးခွေးများအား သင်တန်းပေးခြင်းများရှိပါသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ဆိုဗီယက်နိုင်ငံသည် လေ့ကျင့်ပေးထားသည့် ခွေးများအား တင့်များနှင့် သံချပ်ကာယာဉ်များ ဖောက်ခွဲနိုင်ရန် လေ့ကျင့်ပေးထားခဲ့ပါသည်။
မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့သော အသုံးပြုမူများမဟုတ်စေကာမူ ဖောက်ခွဲပစ္စည်းများ ၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးနှိမ်နင်းရာတွင် လေ့ကျင့်ထားသော စစ်သုံးခွေးများအသုံးပြုလျက်ရှိပါသည်။


မြန်မာပြည်တွင်းတွင် လေ့ကျင့်ပေးနေသော စစ်သုံးခွေးများ
(အဆိုပါခွေးများအား လေ့ကျင့်သင်တန်းပေးမည့်သူများအား အိန္ဒိယနိုင်ငံတွင် သင်တန်းတက်ရောက်စေခဲ့ကြောင်း သိရပါသည်။)


လေ့ကျင့်သင်တန်းပေးထားသည့် ခွေးများဖြင့် ဖောက်ခွဲရေးပစ္စည်းများအား ရှင်းလင်းနေစဉ်



စစ်ခွေးအကြောင်း ကြားဖူးတာတွေက သဘောကျစရာကောင်းပါတယ်။ ဟိုတစ်လောက စစ်ထရပ်ကားတစ်စီးပေါ်မှာ (၄)ကောင်တွေ့လိုက်တယ်။ ကျွန်တော်ပြောချင်တာက သူတို့ထိုင်နေပုံခင်ဗျ။ သူတို့သခင်လေးဦးကတော့ သက်သက်သာသာပဲ၊ အဆင်ပြေသလိုထိုင်ကြတယ်။ သူတို့(၄)ကောင်ကတော့ တစ်ညီတစ်ညာတည်း ကားရဲ့ ညာခြမ်းကိုလှည့်ပြီး ညီညီညာညာထိုင်ကြတယ်။ ခပ်တည်တည်ကြီးတွေ၊ ပျင်းနေတဲ့ ပုံစံကြီးတွေဗျ။ သူတို့ ကားစီးလာပုံကြည့်ပြီး ကျွန်တော်သဘောကျလို့ပါ။
ReplyDeleteလိုချင်စရာကြီးတွေ
ReplyDelete