Saturday, September 1, 2012

စွန့်လွှတ်ခြင်းဆိုတာဘာကိုခေါ်ပါသလဲ



ကျွန်တော် ဒီကပြန်ရင် ရွာကိုခွင့်ပြန်မယ် ကျွန်တော့်အမေက မမာဘူးဗိုလ်ကြီးရဲ့ ညီမလေးကလည်း ကျောင်းပညာတပိုင်းတစနဲ့ အိမ်ပြန်ပီးကျွန်တော်စုထားတဲ့ လစာလေးနဲ့ အမေနဲ့ညီမလေးကိုထောက်ပံ့ခြင်တယ်

အချိန်ကား ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ အတွင်း နေရာကား ရှမ်းပြည်နယ် အရှေ့ပိုင်း ယိုးဒယားနယ်စပ် အို-၇ မြန်မာ့တပ်မတော်၏ မဆုတ်တမ်းခံစစ်ကုန်း ခမရ( ) တပ်ခွဲ (၁) တပ်စု(၂) မှ ရဲဘော်လေး ဇေယျမောင်မှ တပ်စုမှုးဖြစ်သူ ဗိုလ် ဝေလင်းအား မှတ်မှတ်ရရပြောကြားမိသော စကားစုလေးပင်

ဇေယျမောင်တို့တပ်စု အို-ရ ကုန်းတွင်မဆုတ်တမ်းခံစစ်ယူ ခဲ့ တာ ၁နှစ်တိုင်ခဲ့ပီ စစ်သည် ၃၀ခန့်တွင် ဗိုလ်ဝေလင်း အပါအ၀င် လူပျို အရာရှိစစ်သည် ကား ၇ဦးသာရှိပီး ကျန်စစ်သည်များကား အိမ်ထောင်သည်များဖြစ်ကြသည်။

တပ်ရင်းအခြေစိုက်ရာဒေသကား မအေးချမ်းသော ဒေသဖြစ်သဖြင့် နောက်ပိုင်း မှမိသားစုများအတွက် နောက်ကြောင်းမအေး ကြရှာ။

အိမ်ထောင်သည်များက ထိုသို့နောက်ကြောင်း မအေးကြသလို လူပျိုများကလည်း တွယ်မိတွယ်ရာသံယောဇဉ်များအတွက် နောက်တန်းသို့ပြန်ဝင်ချင်ကြပီ

ဖေဖော်ဝါရီ လကုန်ပိုင်းတွင် နောက်တန်းပြန်ဝင်ရမည် ဆိုသောသတင်းများ သဲ့သဲ့ ကြားလာရ ပီ ရဲဘော်တွေကလည်း ကိုယ့်အတွေးတွေ ကိုယ့်မျှော်လင့်ချက်လေးတွေ ကိုယ်စီနဲ့ ပျော်နေကြပီပေါ့

ဒီအချိန်မှာ ရဲဘော်လေး ကသူ့ တပ်စုမှုးကို သူနောက်တန်းပြန်ရင် အမေနဲ့ ညီမလေးဆီ ပြန်ချင်တဲ့ အကြောင်းအထက်ပါအတိုင်း သတင်းပို့ လာရှာပါသည်

ဗိုလ်ဝေလင်းကိုယ်တိုင်ကလည်း အမေတစ်ခု သားတစ်ခုမို့ ကိုယ်ချင်းစာ နားလည်စွာနဲ့ ပဲ နောက်တန်း ပြန်ဝင်လျင်ခွင့် ရ အောင်ဆောင်ရွက် ပေးမည်ဟု ကတိပြု လိုက်ပါသည်။

ရဲဘော်လေးလည်း မျှော်လင့် ချက်အပြည့်နဲ့ ပျော်ရွှင်စွာနဲ့ပဲ တပ်စုမှုးအနားက အလေးပြုကာဖယ်ခွာသွားပါတော့သည်။

တပ်စုမှုးလည်းကိုယ့်ရဲဘော်များနောက်တန်းပြန်ရောက်ရင် ဘယ်လောက်များ ၀မ်းသာကြမှာပါလိမ့် ဆိုသောအတွေကို တွေးမိရင်းသူတို့အတွက်ရောကိုယ့်အတွက်ပါ ကြည်နူး ရပြန်သည် ကိုယ်ကိုယ်တိုင်လည်း နောက်တန်းပြန်ရင် ချစ်ရသူနဲ့ လက်ထပ်ပွဲဆင်နွှဲရမည်မဟုတ်ပါလား

ယိုးဒယားစစ်တပ်၏ ပင်မတိုက်ပွဲဝင်တင့်ကား M60

ထိုနေ့ကား ၂၀၀၁ခုနှစ်ဖေဖော်ဝါရီ ၂၄ ရက်....................................

ထိုနေ့ ည ၁၂၀၀နာရီတွင် တပ်စူမှုး ရုတ်တရက်လန့်နိုးလာသည် စိတ်ထဲ မသန့်ဖြစ်လာသဖြင့် ချပ်ဝတ်တန်ဆာဝတ် သေနတ်ဆွဲပီး ကင်းများကိုစစ်ဆေးရန်ထွက်လာခဲ့သည် ၁၂၀၀နာရီမှ ၀၂၀၀နာရီကင်းက တပ်သားဇေယျမောင် စစ်သည်မှာအတွေ့အကြုံနည်းသေးသည်။ ကျောင်းဆင်းသည်မှာ မကြာသေး.. ထို့ကြောင့် တပ်စုမှုးမှစိတ်မချစွာ မှာကြားရင်း ကင်းတဲမှအထွက် တဖက်ကမ်း တိုင်း တပါးတပ်စခန်းဆီမှ မီးမောင်း များ ၀င်းခနဲလင်းလာပီး ၇၅ မမနောက်ပွင့် ကျဉ်များ အဆက်မပြတ် ကျလာပါတော့သည်။

ရုတ်တရက်အငိုက်မိသွားသော တပ်မတော်ခံစစ်စခန်းသည် တပ်စုမှုး၏ စစ်မိန့် သံနှင့်အတူ ရုတ်ခြည်း တိုက်ပွဲဝင်အသင့်အနေအထားသို့ရောက်ရှိလာခဲ့ပါသည်------------။

လက်နက်ကြီး ကျည်များကြားထဲမှပင် ခံစစ်စခန်းသည် အသက်ဝင်လာခဲ့ပီ----------

စစ်သည်များ ခံစစ်ကျင်းအတွင်း အသင့်နေရာယူပီးပီ---------

တပ်စုမှုး ဆက်သွယ်ရေးစက်ဖြင့် ဆက်သွယ်သော်လည်း ရန်သူ့ကျည်ကြောင့် XDD 6 M1 ဆက်သွယ်ရေးစက်မှာပျက်စီးခဲ့ရပီ....။

မြန်မာ့တပ်မတော်ထုတ် ၆၀မမ ကိုယ်မန်ဒို စိန်ပြောင်း

မိမိတို့တပ်စု ပြင်ပ နှင့် အဆက်အသွယ် ပြတ်ခဲ့ရပီကို တပ်စုမှုး သုံးသပ်မိ ပီ ကိုယ့်အားကိုယ်သာကိုးမှရမည် စစ်သည်များစိတ်ဓာတ်မကျစေရ NEVER SURRENDER ကျောင်းတော်ကြီးရဲ့ ဆောင်ပုဒ် ကိုနှလုံးသွင်းလိုက်သည်။

ရန်သူ့လက်နက်ကြီးများက ၁၂၀၀ နာရီမှ ၀၄၀၀နာရီ ထိ ဆက်မပြတ် မိမိအားကြိုတင်ချေမှုန်းလျက်ရှိသည်။ မိမိ စစ်သည် ၄ဦး ကျဆုံးခဲ့ပီ ၆ဦး ဒဏ်ရာရနေပီ မိမိလက်နက်များကရန်သူကိုလက်မှမ်းမမီ တပ်စု အဆင့် လက်နက်များသာရှိသည် ရန်သူက နည်းဗျူဟာ အဆင့် လက်နက်ကြီးများဖြင့်အဆက်မပြတ်ချေမှုန်းနေသည်...။

မြန်မာ့တပ်မတော်ထုတ် MA-10 ပုခုံးထမ်းလောင်ချာ (ပဲ့ထိန်းမဲ့ တင့်ဖျက်လက်နက်)

အာရုံတက်တော့မည် ရန်သူ့လက်နက်ကြီးသံ ဆဲ သွားပီ ရန်သူ DAWN ATTACK လုပ်တော့မည် နံနက်ခင်း အလင်းရေင်နှင့်အတူ ကြည့်မိတော့ ရန်သူ၏့် အဆမတန်အင်အားကိုတွေ့ မိသည်။ အချို့ စစ်သည်များမျက်နှာတွင် အားငယ်သောအရိပ်အရောင်များ ကိုတပ်စုမှုး တွေ့ နေရပီ အလားအလာမကောင်း ၇န်သူတို့ ၏ M-60 တင့် ၄စီး နှင့် COMMANDO သံချပ်ကာယာဉ်များက အတွေ့ အကြုံနုနယ်သူစစ်သည်များအတွက်ချောက်ချားစရာ...။

တပ်စုမှုးကိုယ်တိုင်လည်း ရန်သူ့ သံချပ်ကာများကို တွေ့ရသဖြင့် ရုတ်တရက်တုန်လှုပ်မိသည်။ သို့သော် တွေဝေနေချိန်မရ စစ်သည်များ၏ စိတ်ဓာတ်ကို မြင့်တင်ရမည်စိတ်ဓာတ်သာ အားကိုးစရာရှိသည်။ ၆၀မမ စိန်ပြောင်း နဲ့ အမ်အေ-၁၀ တင့်ဖျက်ကို ကိုယ်တိုင်ကွပ်ကဲမှုယူကာ ၇န်သူ့ တင့်များကိုပစ်ခတ်စေသည်။ တပ်စုလက်နက်များကို စုပြုံပစ်ခတ်စေသည်။

ကိုယ်တိုင် တင့် ဖျက်ကို ပစ်ခတ်ရင်း ၇န်သူ့တင့် (၂)စီးကိုဖျက်ဆီးရင်း တပ်စုမှုး ကျည်သင့် ကျဆုံးခဲ့သည်။ ရန်သူ့တင့်(၂)စီးနှင့် သံချပ်ကာ(၁)စီးဖျက်ဆီးနိုင်ခဲ့သည်။

ယိုဒယားစစ်တပ်၏ ဗီ-၁၅၀ ကိုယ်မန်ဒို သံချပ်ကာယာဉ်

ပြင်းထန်စွာဖြစ်ပွားနေသောတိုက်ပွဲသည် ၂၅ ရက်နေ့ ၁၀၀၀နာရီတိုင်ခဲ့ပီ ရန်သူသည် (၂)ကြိမ်တက်လာပီး ကတည်းကဆက်မတက်ရဲ လက်နက်ကြီးများဖြင့်သာ အဆက်မပြတ်ပစ်ခတ်နေသည်

တပ်စုမှုးလည်းကျဆုံးခဲ့ပီ ကျည်လည်းကုန်လုပီ ထမင်းဆိုတာမစဉ်းစားနိုင်သေး ရန်သူသည် မိမိအားအဲပီးတိုင်ချေမှုန်းတော့မည် ရဲဘော်များစိတ်ဓာတ် ပြီုကွဲတော့မည် ရန်သူများနောက်ဆုံးအကြိမ်အ ပီးသတ် ချေမှုန်းရေးလုပ်တော့မည်

သို့သော်------------------------

တောင်အရပ်ဆီမှ ငှက်မည်း(၄)ကောင်အလား G-4 တိုက်လေယာဉ် (၄)စီးဆင်းသက်လာပီး ရန်သူ့ တင့်နှင့် ခြေလျင်ဆီသို့ တဟုန်ထိုး--------------------------------------------

မြန်မာ့တပ်မတော် (လေ)ရှိ ဂျီ-၄ တိုက်လေယာဉ်

စစ်သည်များစစ်ကြွေးသံနှင့် အတူ လင်းယုန်ငှက်များ၏ အောင်ပွဲသည်စစ်မြေပြင်ကိုလွှမ်းခြုံခဲ့ပီ------------------

တပ်စုမှုး၏ အင်ကျီဘယ်ဘက် အိတ်ကပ်မှ ချစ်သူ၏သွေးစွန်းနေသောဓာတ်ပုံနှင့် တပ်သားသစ်လေးဇေယျမောင်၏ လက်တွင်စည်းထားသော မိခင်အထက်ဆင်လေး သည် ခက်ထန်သောစစ်မြေတွင် အမှတ်တရမျာုးအဖြစ်သာကျန်ခဲ့လေပီ--------------

ဂျီ-၄ တိုက်လေယာဉ်ပေါ်မှ မြေပြင်ပစ်မှတ်အား ချေမှုန်းနေစဉ် (နမူနာပုံသာဖြစ်ပါသည်။)

၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမြန်မာ့တပ်မတော်နှင့် ယိုးဒယားတပ်မတော်တို့ကြားဖြစ်ပွားခဲ့သော အို-၇တောင်ကုန်းတိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ အရာရှိ(၁)ဦးအပါအ၀င် စစ်သည် (၁၅)ဦးကျဆုံးခဲ့ပီး ကျူးကျော်သူ ယိုဒယား တပ်မတော်မှ တင့်(၂)စီး သံချပ်ကာ (၁)စီးပျက်စီးခဲ့ပီး ဗိုလ်ကြီး အဆင့် ရှိသူ(၁)ဦး အပါအ၀င် (၆၀)ခန့် ကျဆုံးခဲ့သည်။

မေ့ပျောက်ခံ အို-၇ သူရဲကောင်း အမိမြေကို ကာကွယ်ရင်းကျဆုံးခဲ့သော အာဇာနည်များအားဂုဏ်ပြုလျက်-------

MYANMAR ARMOURED CORPS

(အထက်ပါ ဆောင်းပါးအား ဖော့ဘုတ် ပေါ်မှ ပြန်လည်ရယူထားခြင်းဖြစ်ပါသည်။ မြန်မာ့ပိုင်နက်အား ကျုးကျော်လာသည့် မည်သည့်ရန်သူမဆို တိုက်ထုတ်ချေမှုန်းရမည်မှာ တပ်မတော်၏ တာဝန်ပင်ဖြစ်ပါသည်။)

30 comments:

  1. ဒီလို မျိုးစာစုလေးတွေ များများတင်ပေးစေ ချင်တယ်ဗျာ..တကယ်ခွန်အားရပါတယ်.ဒါမှ လည်း ကျွန်တော် တို့ လို လူငယ်တွေ စိတ်ထဲမှာ တိုင်းပြည်ကို အသက်ပေး ကာကွယ်ချင်စိတ် ရှိလာမှာပါ....မြန်မာ့ လေတပ်က ဒီအတိုင်းဆို.. တော်တော် မြန်သဗျို့ 

    ReplyDelete
  2. အခုဆိုရင် MIG တွေလာမှာပေါ့။ တကယ်တော့ အဲဒီလိုနယ်စပ် နေရာတွေကို အခိုင်အမာချထားသင့်တယ်။ နယ်စပ်စည်းတ
    လှျှောက် 24 hours air guard မရင်တောင် ၆နာရီ တကြိမ်လောက် ရရင်မဆိုးပါဘူး air guard မရရင် Scout လောက်လုပ်ပေးနိုင်ရင်တောင် အဆင်ပြေမယ်လို့ထင်တယ်။ U.S ကနယ်စပ်မှာအခုလိုဖြစ်ရင် ၁၀မိနစ်အတွင်း F16 တွေရောက်လာနိုင်အောင် စီစဉ်ထားတယ်လို့ ဖတ်ဖူးတယ်

    ReplyDelete
  3. အခုလို တင်ပေးတာ ကျေးဇူးပါဗျာ...ပြည်သူတစ်ယောက် အနေနဲ့ ဂုဏ်ယူပါတယ် ဂုဏ်ပြုပါတယ်...တိုက်ပွဲမှာ ကျဆုံးသွားသူများကို ဘယ်လိုဂုဏ်ပြုပေးခဲ့တယ်ဆိုတာလည်း သိချင်တယ်ဗျာ...သူရဲကောင်းဘွဲ့လိုမျိုးပေါ့

    ReplyDelete
  4. ဒုတိယဗိုလ်မှူးကြီးတင်လင်းက အဲဒီအချိန်က တပ်ရင်းမှူးလို့ဖတ်ဖူးပါတယ်။ သူတို့အကြောင်း ဘာဆက်ဖြစ်တယ်ဆိုတာသိပါရစေ။ စစ်တိုင်းမှူးက ဘယ်သူပါလဲ၊ ဗိုလ်ချုပ်ကြီးသိန်းစိန်များလားခင်ဗျာ။ ကြားဖူးတာက တစ်မျိုးဖြစ်သွားတယ်ကြားလို့ပါ။ တရားဝင်ထုတ်ပြန်တဲ့ သတင်းများမှာ လေကြောင်းပစ်ကူမပါခဲ့ပါ။ ဘယ်ဟာက အဖြစ်မှန်ပါလဲ။ ယခုလက်ရှိအချိန်မှာ 0-7 ဟာမြန်မာထိန်းချုပ်ထားလျှက်ရှိတယ်ဆိုတာတော့ ယုံကြည်ပါတယ်။ ဆုတ်ပေးခဲ့ရပြီးနောက်မှ အကျအဆုံးများစွာရင်းပြီး ပြန်တိုက်ခဲ့ရတယ်လို့ သိထားရပါတယ်။ အကိုများ ဖြေပေးကြပါဦးခင်ဗျ.

    ReplyDelete
  5. yes, i am also interested in this matter. pls kindly let us know more details . so that we understand how our army has sacraficed to protect our country.

    layzar hlet par.
    myanmar guard

    ReplyDelete
  6. ကျွန်တော်တစ်ခုသိချင်တာ O-7 တောင်ကုန်းတုံး လေယာဉ်မပါဘူးထင်ပါတယ် ပါခဲရင်ဘာလိုချန်ထာတာပဲ ထက်သိတာ တိုင်းရင်းသာလက်နက်ကိုင် (ရှမ်း) လာမသိဘူးယိုဒယားနဲ ပေါင်း
    ပြီချတယ်လို သိရပါတယ် ဒါပင်မယ်ယိုဒယားအဲဒီတိုက်ပွဲ ပြီးကတည်က မြန်မာကိုစစ်မစရဲတာဘူး
    အစိုရတပ်အနေနဲဘယ်လောက်တောင်ကချလိုက်လဲ (ကိုယ်ဘက်ကတောအကျအဆုံးများစွားနဲပေါ့) မသိဘူး တော်တော့ကိုလန်သွားပုံရတယ် တိုက်တယ် ဗိုလ်မူးလားမသိဘူးရထူးကတောင်ထုတ်လိုက်
    တယ်လိုသိရတယ် မှားသွားရင်တောင်ပန်ပါတယ် နောက်တစ်ခုမေးချင်တာ အဲဒီတုန်းက မြန်မာနိုင်ငံမှာ
    ဒုံးပျံတွေမရှိဘူးလားဟင်း တာဝေးပေါ့ နိုင်ငံဖြတ်ကျော်နိုင်နိုင်တယ်အဆင်မဟုတ်ဘူးပေါ့ သာမန်ပေါ့
    လေယာဉ်ပျံ့ တွေမပျံနိုင်ဘူးဆို၇င် အနည်ဆုံးကာကွယ်ပေးနိုင်တာပေါ့ ထင်တာပြောတာပါ ကို MM အနေ နဲထက်ပြီ အထောက်အထားပြည့်စုံစွာဖြင့် ထက်တင်ပေးစေချင်ပါတယ် အခုအချိန်မှသာ
    အဲလိုလာလုပ်လိုကတော့ ပါသွားတယ်တောင်ကုန်းကို နောက်မှပြန်သိမ်းမယ် ၀င်ပါတယ် နိုင်ငံကို
    (အဓိကမြိုတော်ကို) ဒုံးကျဉ်နဲ ဆော်ပလိုက်မယ် စိတ်ဆိုးလို ကိုယ်နိုင်ငံကိုထိတာ အသည်းနာလွန်လို
    စည်းကမ်းချက်နဲမညီရင်ခွင်လွတ်ပါ :)

    ReplyDelete
  7. အပေါ်က အစ်ကိုတို့ရေ အခုလိုဆွေးနွေးပေးကြတဲ့ အတွက်ကျေးဇူးပါခင်ဗျာ....။ စည်းကမ်းချက်ဆိုတဲ့နေရာမှ အပြန်အလှန်ပုတ်ခတ်စော်ကားပြီး မရေးဘူးဆိုရင် မိမိတို့အမြင်တွေကို လွတ်လွတ်လပ်လပ်ဖော်ပြခွင့်ရှိပါတယ်....။ ယိုးဒယားနှင့်က နယ်စပ်ပြဿနာတွေ ဆက်ရှိနေဦးမယ်ထင်ပါတယ်ခင်ဗျာ... တချို့နယ်စပ်မျည်းတွေမှာ အတိအကျသတ်မှတ်လို့မရသေးလို့ပါ....။

    ReplyDelete
  8. ကိုသိသလောက်ပြောမယ် နော် ... ၀-၇ မဟုတ်ပါဘူး...မြေပုံညွန်း E -7 ပါ .. ရန်သူအနည်းငယ် ကို တက်ရှင်း ပြီး အောင်မြေချဲ့ နေတုန်း ယိုးဒယား ဘက်ကနေစပစ် ပြီး ပြသနာ စတာပါ .. သူတို့ ဘက်က အပိုင် သာလွန်အင်အား နဲ့ ခတ်မှိလက်နက်တွေတပ်ဆင် ထားပြီး ..ထိုင်း အမှတ် (၃) စစ်ဒေသမူး ဗိုလ်ချုပ် စီးလာတဲ့  M1-A1 Abrams US Army Tank တင့် ကါး . ရိတ်ခါ စုပုံ စခန်း . ယာရီ စစ်ဆေး ရုံ စတာ တွေ ကို အံ့သြစရာ ကောင်း လောက်အောင် Direct Fire ထိသွားလို့  မြန်မာ့  တပ်မတော် ကို ဖြုံပြီး ပြန်ဆုတ်သွားတာ ပါ .. သူတို့ သတင်းတွေထဲမှာ တောင် သူတို့ အထိနာသွားပုံ ကို မကြေမနပ် ဖော်ထုတ်ခဲ့ ဖူးပါတယ်... အဲ ဒီတုန်း က အမြောက်တပ် ပစ်ကူပေး တပ် က ဗိုလ်ကြီး ကျော်ဆွေမိုး ပစ်သွားတာ ပါ .. ဒု ကါချုပ် က စက်နဲ့ တိုက်ရိုက်အမိန့် ပေးတယ်လို့ သိရပါတယ်

    ReplyDelete
  9. M1A1 တော့ မဟုတ်ဘူးထင်တယ်ဗျ သူတို့ရဲ့ ပင်မတိုက်ပွဲဝင်တင့်ကားက MA60A3 လားဘဲ...။

    ReplyDelete
  10. ကိုဇော်မင်း သိတာလေးတွေ ထပ်ပြောပေးပါဦး

    ReplyDelete
  11. o7 က တာချီလိတ်နားမှာပါ၊ မပည E7 က BP1 တစ်ဝိုက်မှာပါ၊ ထိုင်း ဒုဗိုလ်ချုပ်ကြီး ပါတဲ့ Tank က M1A1 ပါ။ သူတို့ရဲ့ Damping Station နားမှာထိတာအမှန်ပါဘဲ။ Thailand ရဲ့ Main Battle Tank က M60 ဟုတ်ပေမဲ့ 2000 BP1 skirmish မှာ No (3) Military Command က ဒုဗိုလ်ချုပ်ကြီးစီးလာတဲ့ တင့် က Abram ပါ။ အမြှောက်ပစ်ကူ က ဗိုလ်မှုး ခိုင်မောင်ဇော် ရဲ့ Battery ပါ။ ဗိုလ်ကြီး ကျော်ဆွေမိုး က OP ဖြစ်လိမ့်မယ်ထင်ပါတယ်။ အဲ့ဒီပွဲမှာ UWSA က ဘော်ဒါ ၈၀၀ ကျော်လောက်လဲ ၀င်တိုက်ပါတယ်။ သေလိုက်တာလဲ သောက်သောက်လဲပဲ။ ဒါပေမဲ့ ဗမာ နိုင်ပါတယ်။ ထိုင်းတွေ ဖင်လှန်ပြေးရတာပါ။

    ReplyDelete
  12. အပေါ်က အစ်ကိုရေ အဲဒါ Stingray တင့်ဖြစ်မယ်ဗျ... ကျွှန်တော်ရှာကြည့်တာ လုံးဝမတွေ့လို့ပါ...။ အမေရိကန်က ပေးထားတာလားတော့ မသိဘူးပေါ့ဗျာ... Stingray က ကမ္ဘာမှာသူတို့ဘဲသုံးတာတဲ့ဗျ...။

    ReplyDelete
  13. KMM ရေ stingray က M1A1 နဲ့တူရင်တော့ဟုတ်မှာပါ။ ဒီသတင်းတွေက Confirmed gazetted reports တွေမဟုတ်ပါဘူး မျက်မြင်အတွေ့အကြုံတွေကို ပြောကြတာမျိုးဖြစ်တဲ့ အတွက်မှားနိုင်ပါတယ်။ ဒါပေမဲ့ Cobra Gold တွေလုပ်ရင်းနဲ့ပါလာခဲ့ရင်၊ ထိုင်းcommender
    တွေစီးဖို့ပေးထားခဲ့တာမျိုးကော မဖြစ်နိုင်ဘူးလား။

    ReplyDelete
  14. Cobra Gold မှာက အဓိကကမ်းတက်စစ်ဆင်ရေးကို လုပ်တယ်ထင်တယ်ဗျ... M1A1 ကမဖြစ်နိုင်သလောက်လို့မြင်ပါတယ်... အတွင်းကျကျကျွှန်တော်တို့လည်းမသိတာ ဖြစ်နိုင်ပါတယ်လေ..။

    ReplyDelete
  15. သိရသလောက် E7(o) တောင်ကုန်းတိုက်ပွဲမှာ စခန်းထိန်းအနေနဲ့တပ်စုတစ်စုပဲထားတယ်၊ တောင်ကုန်းကို down attack နဲ့ယိုးဒယားကစပြီးလာတိုက်တာပါ၊ တပ်စုမှူးက OTS (102)က ဗိုလ်နေမျိုးပါ၊ တိုက်ပွဲမှာ ဒဏ်ရာတွေရနေလျှက်နဲ့ နောက်တနေ့စစ်ကူလာတဲ့အထိ တောင့်ခံထားနိုင်လို့ သူရဘွဲ့ရသွားပါတယ်၊
    တပ်ကြပ်တယောက်လဲ သူရဘွဲ့ရတယ်၊ ဒါပေမယ့် ၂၀၀၁ မှာရတဲ့ သူရဘွဲ့ကို ဆယ်နှစ်ကြာပြီး ၂၀၁၂ လွတ်လပ်ရေးနေ့ကျမှအခမ်းအနားနဲ့ရတယ်၊ ရင်နာစရာကောင်းတာကတော့ ရုပ်ရှင်အကယ်ဒမီရုပ်တုမှာ ရွှေအစစ်ထည့်ပေးပြီး အသက်နဲ့ရင်းပြီးရလာတဲ့ သူရဘွဲ့မှာရွှေကအတုဖြစ်နေတယ်၊ ဘုရားသွားလှူတော့လဲရွှေမဟုတ် ကြေးမဟုတ်မလို့ လက်မခံဘူးလို့ဂေါပက ကပြောတယ်၊ တခါတလေကြတော့လဲစဉ်းစားမိတာ အသက်တွေရင်းခဲ့ရတာတွေက ရုပ်ရှင်မင်းသမီးလောက်တောင်မှ ချီးမြှင့်မြှောက်စားခြင်းမခံရပါလားလို့။

    ReplyDelete
    Replies
    1. စိတ်​မ​ကောင်း​စရာ​ကောင်း​လိုက်​တာ​ဗျာ။

      Delete
  16. "Our unit is excited about participating in Cobra Gold," Cpl. Delmer Campbell, USMC, with First Marine Air Wing, Okinawa, Japan, helps guide an M1A1 Abrams tank off MV 1st Lt. Jack Lummus, the Military Sealift Command flagship for Maritime Prepositioning Ship Squadron Three.
    ကိုMM ရေ Cobra Gold Thailand တွေကို ၁၉၈၂ ခုနှစ်ကတည်းက အဓိက မြန်မာ့ ရန်ကိုကြောက်လို သူအဖေ USA နဲ့ ဒီ"ယ" တွေစလုပ်ခဲ့ကြတာပါ။ M1A1ကို ၁၉၉၄ Cobra Gold 94 မှာစသုံးပါတယ် အဲဒီတုန်းက old version နဲ့ပေါ့။။ အပေါ်က စာစုလေးက Cobra Gold 2000 အတွက် M1A1 ကိုသဘောင်္ပေါ်ကချနေတဲ့အကြောင်းပါ။ အဲ့ဒါ ၂၀၀၀ ခုနှစ်မေလ ၁၄ ရက်ပါ။ E7 တိုက်ပွဲက 2001 Feb လေ။ နောက်ပြီးတော့ ကို MM က Cobra gold ဟာ ကမ်းတက် တိုက်ပွဲတွေပဲလေ့ကျင့်တယ်လို့ထင်နေတာကိုး မဟုတ်ပါဘူး

    ReplyDelete
    Replies
    1. ကျေးဇူးအစ်ကိုရေ ကျွှန်တော်တကယ်ကိုမသိတာဗျ... :) ဗဟုသုတတွေအများကြီးရလိုက်ပါတယ်ဗျာ... နောက်လည်းဝင်ရေးပေးပါဦးဗျ...

      Delete
  17. USA ရဲ့ အဓိက ပြည်သိမ်းတပ်တွေက Army မဟုတ်ဘူး Marine လေ၊ ဒါ့ကြောင့် သူတို့ က ပြည်ပတိုက်ခိုက်ရေး၊ပြည်ပလေ့ကျင့်ရေးတွေဆိုရင် Marine တွေကိုဘဲသုံးတာပေါ့။ သူတို့စလေ့ကျင့်ခဲ့တုန်းက တောတွင်းတိုက်ပွဲ၊ တောင်ပေါ်တိုက်ပွဲတွေနဲ့စခဲ့တာပါ။ အခုဆို နှစ် ၃၀
    တောင်ရှိပြီ။ ဒါပေမဲ့ ၂၆ ကြိမ်မြောက်လို့ပြောကြတယ်။ ကြားထဲမှာ မလုပ်ဖြစ်တဲ့ နှစ်တွေရှိမှာပေါ့။
    Cobra Gold 2006 တုန်းကဆိုရင် အမေရိကန်စစ်သား ၁၄၀၀၀ ကျော် ထိုင်း ၇၀၀၀ ကျော်နဲ့ ဘန်ကောက် အရှေ့မြောက် ကီလိုမီတာ ၂၅၀ လောက်က Nakorn Ratchasima ၊ မြောက်စူးစူး ကီလိုမီတာ ၁၀၀ လောက်က Lopburi ၊ အရှေ့တောင် ကီလိုမီတာ ၃၀၀ လောက်က Chantaburi ပြောရရင် ကီလိုမီတာ ၅၀၀ ပတ်လည် စစ်ဒေသ တစ်ခုဖန်တည်း ပြီး ကြည်းရေလေ လေ့ကျင့်ခန်းကြီးလုပ်ခဲ့တာ၊ အဲ့ဒါ ကမ်းတက်စစ်ဆင်ရေး တင် မဟုတ်တော့ဘဲ ကမ်းတက် အပြီး၊ ပြည်သိမ်းခြင်း အောင်မြေချဲ့ခြင်း L of C ထိန်းချုပ်ခြင်း စတာ စတာ အများကြီးပေါ့။ အဲ့ဒီနှစ်တုန်း က ကျွန်တော်တို့ ဘဘကြီးတွေ မြို့ပြောင်းတဲ့နှစ်လေ။
    KMM ရေ အတင်းကြီး ငြင်းနေတာ မဟုတ်ရပါဘူး၊ မအေပေး "ယ" တွေဆီမှာ M1A1 တစ်စီးစ နှစ်စီးစ သေချာပေါက်ရှိတယ်ဆိုတာ သေချာစေချင်လို့ပါ။
    www.forum.militaryltd.com မှာဝင်ကြည့်လိုက်ပါ။

    ReplyDelete
  18. နောက်ပြီးတော့ ပြောခြင်တာတစ်ခုက ဒီကောင်တွေ ဘယ်လို သာလွန်အင်အား သာလွန်လက်နက်
    တွေနဲ့ အပေါ်စီးယူယူ ဗမာ့တပ်မတော်ကို ဘယ်ခောတ်မှာမှ မနိုင်ဘူးဆိုတာ အဓိက မီးမောင်း ထိုပြခြင်တာပါ။ ဒို့ခောတ်တုန်းကလည်း(၁၉၈၉) သူမွဲထ အရှေ့ယွန်း သူတို့ဘက် က တတ်ခ် ခရိုင်ထဲမှာ တပ်မ ၄၄ မ ၇ က ဗိုလ်အောင်မြင့်ရွှေ နဲ့ တပ်စု သူတို့သော်ဖော်ကျဲ ကာနယ် တစ်ယောက် နဲ့ ကင်းထောက် သံချပ်ကားနှစ်စီး ကို ဖမ်းထားခဲ့တာ (ကကကြည်း)ကစထ ၂မှုးကိုယ်တိုင် တိုက်ရိုက် စက်ပေါ်တက်ပြီး အမိန့်ပေးမှ လွတ်သွားတာဘဲ။ အဲဒါ တစ်ကယ့်အဖြစ်မှန်ပါ။

    ReplyDelete
  19. Thank you Ko William , First time I read about this battle was in www.acig.org. When I went back to Myanmar, I did manage to meet with some officers who fought in the battle, well some were discharged. I heard different stories about this battle from a lot of people. What you wrote is the very similar to what those officers told me. Well, I heard that we going to have our own version of Cobra Gold with US in very near future.

    ReplyDelete
  20. Yes Ko Phone, I hope so, we can participate in Cobra Gold for the future. And yes you are right about the officers, the Commending Officer of the battalion was force to resign along with some other responsible senior officers demoted and move to civil services.Thanks for concerning.

    ReplyDelete
  21. ကျေးဇူးပဲအပေါ်ကအကိုတို.ရေကျွန်တော် တော်တော်များများ သိလိုက်ပြီလေ

    ReplyDelete
  22. I'm want to know the final result in O-7 Battle.Who is the final winner.I'm got finally Thai Army Captured in this battle but with so many losing. ??Is it real or not

    ReplyDelete
  23. သူရဲကောင်းတွေကိုအ လေးပြုပါတယ်။မြို့ပေါ်မှာကပ်နေနေတဲ့သူရဲဘောများကိုတော့ကန်တော့ပါရဲ့ ချီးထက် ရွံပါတယ်။

    ReplyDelete
  24. လုံးဝ ဂုဏ်ယူပါတယ်

    ReplyDelete
  25. သတင်းမှန်လေးအတွက်ကျေးဇူးတင်လျှက်ပါရှင်

    ReplyDelete