Friday, October 5, 2012

မြန်မာ့ရေပြင်အား ကာကွယ်ပေးမည့် ၅ စီးရီး စစ်ရေယာဉ်များ















မြန်မာ့တပ်မတော် (ရေ) ကို အဓိကအားသန်တာလည်းဖြစ်သလို ၊ လေ့လာမိသလောက်အနေနှင့်လည်း တပ်မတော် (ရေ)အကြောင်း အဓိကဖြစ်တာကြောင့် ရေတပ်ဆိုင်ရာ ပိုစ့်အသစ်တစ်ခုတင်ချင်ပါတယ်ခင်ဗျာ....။

တပ်မတော် (ရေ) အနေဖြင့် ရေယာဉ်ကြီး၊ငယ်များအား မိမိတို့ပြည်တွင်းတွင်ပင် တပ်ဆင်ထုတ်လုပ်နိုင်နေပြီဖြစ်သည်ကို သိပြီးကြမည်ဟု ယူဆပါတယ်...။ ထို့ကြောင့် အကျယ်ချဲ့၍ မရေးတော့ပါ...။ စစ်ရေယာဉ်များပေါ်ရှိ လက်နက်စနစ်များ ၊ရေဒါများ ၊ ရေအောက်ရန်သူကို ရှာဖွေပေးနိုင်သော ဆိုနာ (Sonar) စနစ်များအား တတ်နိုင်သလောက်ရေးချင်ပါတယ်...။

၅၅၆ အမြန်တိုက်ခိုက်ရေးယာဉ် (Gun Class)













၅၅၆ အမြန်တိုက်ခိုက်ရေးယာဉ်သည် မူလက ဒုံးတပ်စစ်ရေယာဉ်ဖြစ်စေကာမူ တပ်မတော် (ရေ) ရေတပ်သင်္ဘောကျင်းများ၏ စွမ်းဆောင်နိုင်မူကြောင့် ရေယာဉ်များ ထပ်မံတိုးချဲ့ လာနိုင်ပြီးဖြစ်ကာ မူလကထက်ပိုမို ကျယ်ပြန့်လာသည့် စစ်ရေယာဉ်စုများဖြစ်လာပြီး ဖြစ်သဖြင့် ထပ်မံတိုးချဲ့သည့်အနေဖြင့် ၅၅၆အား ယခုအခါတွင် Gun Class ပြောင်းလဲထားပြီဖြစ်ပြီး ၅၆၁ မှအထက်အား Missile Class အဖြစ်ပြောင်းလဲတိုးချဲ့နိုင်ခဲ့ပြီးဖြစ်ပါသည်။


 ၅၅၇ အမြန်တိုက်ခိုက်ရေးယာဉ်
















တပ်မတော် (ရေ)အနေဖြင့် လက်ရှိအသုံးပြုနေဆဲ စစ်ရေယာဉ်များအနက် အစီးရေ အများဆုံးနှင့် လက်နက်စနစ်စုံလင်စွာဖြင့် စစ်ကစားမှုအားကောင်းသော စစ်ရေယာဉ်အမျိုးအစားမှာ ၅စီးရီး ခေါ် အမြန်တိုက်ခိုက်ရေးယာဉ်များပင်ဖြစ်ပါသည်။ ၅၅၁ မှ စတင်၍ တည်ဆောက်ခဲ့သော ၅ စီးရီး စစ်ရေယာဉ်များသည် ယခုအခါတွင် အစီးရေ (၂၀) ပင် ကျော်တော့မည်ဖြစ်ပါသည်...။

၅၅၈ အမြန်တိုက်ခိုက်ရေးယာဉ်














အဆိုပါ ၅ စီးရီး စစ်ရေယာဉ်များအား Gun Class ၊ Missile Class စသည်တို့ဖြင့် တပ်မတော် (ရေ)၏ ရေပြင်ပိုင်နက်ကာကွယ်မှုအား ဘက်စုံအနေအထားဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပါသည်။ ၅ စီးရီးစစ်ရေယာဉ်အတော်များများတွင်မူ ရုရှားရေတပ်သုံး အေကေ-၂၃၀ ၃၀မမ အမြှောက်များအား တပ်ဆင်ထားပါသည်။ ထို့ပြင် အနိမ့်ပျံပစ်မှတ်များအား ချေဖျက်နိုင်စေရန် ရည်ရွှယ်ကာ ၄×၁၄.၅မမ လေယာဉ်ပစ်စက်များအား တပ်ဆင်ထားပါသည်။ အချို့သော စစ်ရေယာဉ်များပေါ်တွင်မူ ပိုမို၍ စွမ်းဆောင်ရည် ထက်မြက်စေရန်နှင့် လိုအပ်ချက်အရ ဖြည့်တင်းထားသည့် စီ-၈၀၁အေ ပဲ့ထိန်း သင်္ဘောဖျက်ဒုံးများအား တပ်ဆင်ထားပါသည်။

တပ်မတော် (ရေ)၏ ဖရီးဂိတ်စစ်ရေယာဉ်များ၊ ကော်ဗတ်စစ်ရေယာဉ်များနှင့် မတူဘဲ လျှင်မြန်စွာလှုပ်ရှားစစ်ကစားနိုင်ခြင်း အပြင် ရန်သူ့ရေတပ်စုများအား အဆင့်မှီမှီချေမှုန်းနိုင်ခြင်း (စီ-၈၀၁အေ ဒုံးများဖြင့်) စသည့် အားသားချက်များရှိရာ ၅ စီးရီးစစ်ရေယာဉ်များသည် အကောင်သေးသော်လည်း အဆိပ်ပြင်းသော စစ်ရေယာဉ်ငယ်များဖြစ်ပါသည်။

၅၆၂ ဒုံးတပ် အမြန်တိုက်ခိုက်ရေးယာဉ် 















၅၆၂ အမြန်တိုက်ခိုက်ရေးယာဉ်များသည် Missile Class စစ်ရေယာဉ်များဖြစ်ပြီး ရေယာဉ်စုများ၏ လိုအပ်ချက်အရသော်လည်းကောင်း ၊ ရန်သူ့ရေယာဉ်များအား စွမ်းဆောင်ရည်မြှင့်မားစွား တိုက်ဖျက်ချေမှုန်းနိုင်ရန်သော်လည်ကောင်း ရည်ရွှယ်ကာ ပဲ့ထိန်းဒုံးများ တပ်ဆင်ထားခြင်းဖြစ်ပါသည်...။
အမြန်တိုက်ခိုက်ရေးယာဉ်များသည် မိမိ၏ပစ်မှတ် ရေယာဉ်များအား လျှက်တပြက်ထိုးဖောက်တိုက်ခိုက်၍ အလျှင်အမြန်ပင်ရှောင်တိမ်နိုင်စေရန် အဓိကရည်ရွှယ်ထားသည်ဖြစ်ရာ စစ်ရေယာဉ်ပေါ်တွင် တပ်ဆင်ထားသည့် ဒုံးလက်နက်များနှင့် လက်နက်စနစ်များမှာ အတော်လေးပြီးပြည့်စုံသည်ဟု မှတ်ယူရပါမည်...။ ထို့ပြင်အနိမ့်ပျံပစ်မှတ်များ (ဥပမာ- ရန်သူ့ကင်းထောက် ရဟတ်ယာဉ်များ) အား တိုက်ခိုက်နိုင်ရန်အတွက်လည်း ပုခုံးထမ်းဒုံးပစ်လောင်ချာများအား စစ်ဆင်ရေးကာလများတွင် ပေါင်းစပ်ဖွဲ့စည်းထားနိုင်ပါသည်။

(အမှားများရှိပါက ထောက်ပြ ၊ဝေဖန်ပေးနိုင်ပါသည်။ ဓါတ်ပုံများအား ညီအစ်ကိုများမှ ပေးပို့ထားခြင်းဖြစ်ရာ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဒီနေရာလေးမှ ပြောကြားလိုပါသည်ခင်ဗျာ....။ အားလုံးကိုကျေးဇူးပါ....။)

7 comments:

  1. အရင်က တစ်စီးကို (၄)လုံး အလျားလိုက်တပ်ရာကနေ၊ အခုတစ်စီးကို (၂)လုံး ကန့်လန့်ဖြစ်သွားတယ် ကို mm။ သတိထားမိလား။ အခုပုံတွေအတိုင်းဆို ကျွန်တော်တို့ နံပါတ်တွေ ပြန်မှတ်ရဦးတော့မှာပဲဗျ။ အရင်လိုမဟုတ်ပြန်ဘူး။

    ReplyDelete
  2. ၅၅၁-၅၆၀ က Gun Class
    ၅၆၁-၅၇၀ က Missile Class
    ၅၇၁-၅၈၀ က ဘာဖြစ်လာမလည်းတော့ မသိဘူးဗျ...။ စစ်ရေယာဉ်တိုးလာတာနှင့်အမျှ ပိုပြီးကျယ်ပြန့်လာတဲ့ သဘောပေါ့...။ ကြိုဆိုရမှာပေါ့ဗျာ တပ်မတော် (ရေ)အတွက်....။

    ReplyDelete
  3. ၄၄၇ ၄၄၁ စတဲ့  ၄စီးရီးတွေနဲ့  ၅ စီးရီး သင်္ဘောတွေ ဘာကွာလည်းဗျ။ ကျွန်တော်က သိပ်နားမလည်လို့  ဘယ်လိုကြည့်ကြည့် တစ်ပုံစံတည်း မြင်နေတယ်။

    ReplyDelete
    Replies
    1. ၄ စီးရီးတွေက တရုတ်က ဝယ်ထားတဲ့ Hainan Class Submarine Chaser (မြန်မာလိုတော့ ရန်-Class ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ်တွေပါ။ (၄၄၁ ကနေ ၄၅၀ အထိရှိပါတယ်။) ၄၇၁ ကနေ ၄၇၄ အထိ ၄စီးကတော့ Hauxin Class Missile Craft - ဒုံးပျံတင် အမြန်ရေယာဉ်တွေပါ။
      ၅ စီးရီးက တော့ မြန်မာနိုင်ငံမှာ တည်ဆောက်တာပါ။ Class ကတော့ အပေါ်မှာ Ko MM ရေးထားသလိုဘဲ Gun, Missile စသည်ဖြင့် အစုံရှိပါတယ်။

      Delete
  4. ကန့်လန့် ၂လုံးက FAC ရဲ့ စစ်ကစားနိုင်မှုကို မြုင့်တင်ပေးနိုင်တယ်။ အလျား လိုက်ဆိုရင် missile launch လုပ်တိုင်း သင်္ဘောရဲ့ control bridge or Mast Light ကို မရှောင် နိုင်တာ တို့ရှိတယ်ဆိုတော့လေ။

    ReplyDelete
  5. 556(ယခင်)မှာ တပ်ဆင်ထားတဲ့ လက်နှက်စနစ်၊ရေဒါစနစ်က အတော်ကိုစုံလင်ပါတယ်။ ၈၀၁ လေးလုံးတောင် တပ်ဆင်ထားတဲ့ အတွက် ဒါတွေသာ ပစ်လိုက်ရင် သင်္ဘောလဲ နစ်မယ်လို့ ပြောကြတာတောင်ရှိပါတယ်။ ဒါပေမယ့် ပစ်မှတ်ရှာဖွေရေး ရေဒါတွေ၊ အခြားရေဒါစနစ်တွေ အတော်စုံပါတယ်။ သို့သော် ၅၅စီးရီးတွေကို ဒုံးတွေဖြုတ်လိုက်ပြီး ၅၆စီးရီးတွေမှာ ဒုံးတွေ ဆင်လိုက်တဲ့အခါ ၅၆ တွေမှာ ရေဒါတပ်ဆင်မှုက အတော်အားနည်းပါတယ်။ (သေချာသိလို့တော့ မဟုတ်ပါ ထိုးထိုးထောင်ထောင် မတွေ့တာ) မတပ်ဆင်ရသေးတာလား။ သို့မဟုတ် ဂန်းဘုတ်နဲ့ မစ်ဆိုင်းလ်ဘုတ် တွဲပြီးစစ်ကစားကြမှာလား၊

    ReplyDelete
  6. ၄၄ စီးရီးတွေကို ရန် - စီးရီးလို့လည်းခေါ်ကြပါတယ်.... Submarine Chaser Fast Attack တွေ ဖြစ်ပါတယ်....

    ReplyDelete