Thursday, October 18, 2012

ခေတ်မှီ ကိုယ်ပျောက်ဖရီးဂိတ်စစ်ရေယာဉ် ပိုင်ဆိုင်သည့် မြန်မာ့တပ်မတော် (ရေ)


အားလုံးဘဲ မင်္ဂလာပါခင်ဗျာ....။

                  ဒီနေ့တော့ ကျွှန်တော်တို့နိုင်ငံအတွက် ကြီးကျယ်ခမ်းနားတဲ့ သတင်းတစ်ခုကို ပြောချင်ပါတယ်....။ မြန်မာ့တပ်မတော်သည် ( ကြည်း ၊ ရေ ၊ လေ) တပ်ပေါင်းစုများကို ဖွဲ့စည်းကာ မြန်မာ့ မြေပြင် ၊ ရေပြင် နှင့် ဝေဟင်ပိုင်နက်များကို ကာကွယ်ပေးနေသည်ဆိုတာ အားလုံးအသိဖြစ်ပါတယ်....။ ယခုနှစ်အတွင်း သိခွင့်ရသည့် အချက်အလက်များနှင့် သတင်းများကို ဆက်လက်ဖော်ပြပေးရမယ်ဆိုရင်တော့....

တပ်မတော် (ကြည်း)

MBT-2000 / VT-1A ပင်မတိုက်ပွဲဝင်တင့်များအား မြင်တွေ့ခွင့်ရခြင်း၊

၁၀၅မမ ယာဉ်တင်အမြောက်ပါ သံချပ်ကာ တင့်ဖျက်ယာဉ်များအား မြင်တွေ့ခွင့်ရခြင်း

တပ်မတော် (ရေ)

တပ်မတော် (ရေ)၏ ဖရီးဂိတ် စစ်ရေယာဉ်များ တိုးချဲ့လာခြင်း။

ပြည်တွင်းထုတ် ကိုယ်ပျောက် ဖရီးဂိတ်စစ်ရေယာဉ်ကြီး ရေချနိုင်ခဲ့ခြင်း၊

တပ်မတော် (လေ)

ဝေဟင်ပိုင်နက်အား ကာကွယ်နိုင်စေရန်အတွက် ရည်ရွှယ်ကာ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ် မော်ဒယ်မြင့်များ ရောက်ရှိလာခဲ့ခြင်း။

ရေပြင်ကင်းထောက်ရေး နှင့် ရှာဖွယ်ရေးလုပ်ငန်း အသုံးဝင်သည့် ဘီအန်-၂ လေယာဉ်များ (၄ စင်းနှင့် အထက်) တွေ့ခွင့်ရခြင်း စသည့် တိုးတက်မှုများကို တွေ့ရမည်ဖြစ်ပါသည်။


မြန်မာ့တပ်မတော် (ရေ)၏ ဂုဏ်ယူဖွယ် ကျန်စစ်သား (F12) ဖရီးဂိတ်စစ်ရေယာဉ်ကြီး
 
ဒီနေ့တော့ မြန်မာ့တပ်မတော် (ရေ) ရဲ့ အောင်မြင်မှု ၊ တိုးတက်မှုတစ်ခုဖြစ်သည့် ဖရီးဂိတ်စစ်ရေယာဉ် ကျန်စစ်သား ( F12) စစ်ရေယာဉ်ကြီး အကြောင်းကို သိခွင့်ရသလောက် ဖော်ပြပေးပါ့မယ်....။

ပြည်တွင်းထုတ် ဖရီးဂိတ်စစ်ရေယာဉ် F11 သည် အောင်ဇေယျ စစ်ရေယာဉ်ကြီးဖြစ်ပြီး ထိုမှတဆင့်တက်၍ ခေတ်မှီနည်းပညာများ ထပ်မံပေါင်းစပ်ကာ မြန်မာ့ရေတပ် သင်္ဘောကျင်းမှ တာဝန်ယူထုတ်လုပ်ခဲ့သော ၁၀၈မီတာ အရှည်ရှိသည့် စစ်ရေယာဉ်ကြီးမှာ F12 ကျန်စစ်သား ဖရီးဂိတ်စစ်ရေယာဉ်ကြီးပင်ဖြစ်ပါသည်။


ကျန်စစ်သား ဖရီးဂိတ်စစ်ရေယာဉ်ကြီးအား ရေချနေစဉ်(အဆင့်ဆင့်)




 ကျန်စစ်သား စစ်ရေယာဉ် အား ရေချသည့်သတင်းနှင့်အတူ နောက်ထပ်မျှော်လင့်စရာ ဂုဏ်ယူစရာ တတိယမြောက် ဖရီးဂိတ်စစ်ရေယာဉ်
(ယခုရေချသည့် ကျန်စစ်သားစစ်ရေယာဉ်နှင့် အနီးစပ်ဆုံးဖြစ်ဖွယ်ရှိပါသည်။)

ကိုယ်ပျောက်ဖရီးဂိတ်စစ်ရေယာဉ်တည်ဆောက်နိုင်ရေး ဆိုသည်မှာ အပြောလွယ်တလောက် လက်တွေ့တွင် အတော်ခက်ခဲသော အလုပ်တစ်ခုဖြစ်ပါသည်။ တပ်မတော် (ရေ)၏ အသစ်စက်စက် ဖရီးဂိတ်ကြီးသည် ယခုအခါတွင် ရေချနိုင်ခဲ့ပြီ ဖြစ်ရာ မကြာမှီအချိန်အတွင်းတွင်ပင် ရေတပ်တာဝန်များ ထမ်းဆောင်နိုင်တော့မည်ဆိုသည်မှာ သေချာနေပြီဖြစ်ပါသည်။

မြန်မာ့ရေတပ်၏ ရေချနိုင်ခဲ့ပြီဖြစ်သည့် ကျန်စစ်သား ဖရီးဂိတ်စစ်ရေယာဉ်ကြီးသည် ကိုယ်ပျောက်စစ်ရေယာဉ်ကြီး တစ်စင်းဖြစ်ကာ နိုင်ငံတကာ  (အထူးသဖြင့် ဒေသတွင်းနိုင်ငံများ)၏ စိတ်ဝင်စားမှု ကို အပြည့်အဝရရှိခဲ့သော စစ်ရေယာဉ်တစ်စင်းဖြစ်ပါသည်။

 ရေချပြီး ကျန်စစ်သားစစ်ရေယာဉ်ကြီး

ခေတ်မှီနည်းပညာများကို ပေါင်းစပ်ထည့်သွင်းသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း အာရှ၏ဖွံဖြိုးမှုအားကောင်းသော နိုင်ငံတစ်နိုင်ငံမှ နည်းပညာ အကူအညီများရရှိခဲ့ပြီးဖြစ်ကာ ယခင်စစ်ရေယာဉ်များထက်ပင် စွမ်းဆောင်ရည်မြှင့်မှားမည်ဟု သိရပါသည်။ ထိုပြင်ခေတ်မှီလက်နက်စနစ်များ တပ်ဆင်ထားမည်ဟု သိရပါသည်။

မြန်မာ့ရေပြင်အား ကာကွယ်ပေးမည့် စစ်ရေယာဉ်ကြီး တစ်စင်းထပ်မံ၍ ရေချနိုင်ခဲ့ပြီဖြစ်ရာ မြန်မာ့ရေပြင်ပိုင်နက်အား ကာကွယ်ပေးမည့် တပ်မတော် (ရေ)အတွက်သာမက မြန်မာပြည်သူတရပ်လုံးအတွက်ပင် အားထားဖွယ်ရာ ဖရီးဂိတ်စစ်ရေယာဉ် F12 ကျန်စစ်သားစစ်ရေယာဉ်ကြီးပင် ဖြစ်ပါတော့သည်ခင်ဗျာ....။

(တပ်ဆင်မည့်လက်နက်ပိုင်းဆိုင်ရာများအား သိခွင့်ရသလောက်ကို ပိုစ့်အနေနှင့် နောက်မှထပ်တင်ပေးပါ့မယ်ခင်ဗျာ.....။)

မူရင်းဆိုက်- Myanmar Navy
မူရင်းဆိုက်မှ မှတ်သားဖွယ်ရာများ-

မြန်မာ့တပ်မတော်(ရေ)၏ Frigate (F-12) ရေချခြင်း

(ဓါတ်ပုံများကို ရနိုင်သမျှ ဖော်ပြပေးခြင်း ဖြစ်ပါသည်။ မြင်သာမူ အားနည်းသည်ကို ခွင့်လွှတ်ပါရန် တောင်းပန်အပ်ပါသည်။ ပေးပို့သူများအား အထူးကျေးဇူးတင်ရှိပါသည်။)

တပ်မတော်(ရေ)၏ ရေယာဉ်တည်ဆောက်မူနည်းပညာနှင့် ပါတ်သက်၍ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့သည့် (၁၀၈)မီတာ Frigate စစ်ရေယာဉ်သစ် ရေချပွဲ အခမ်းအနားအား စက်တင်ဘာ လကုန်ပိုင်းခန့်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ ရေယာဉ် Design မှာ မူလစမ်းသပ် အောင်မြင်ထားသည့် ပထမအစီး အပေါ်တွင် အခြေခံထားသည်ဟု ယူဆရသော်လည်း မတူနိုင်သည့်အချက်မှာ Stealth နည်းပညာကို ဆန်းသစ်တီထွင် တည်ဆောက်ထားခြင်း ဖြစ်ဟန်ရှိပါသည်။ လက်နက်များ တပ်ဆင်ထားခြင်း
မရှိသေးသော်လည်း ရေပေါ်၊ရေအောက်၊လေကြောင်းရန် နှင့် အီလက်ထရောနစ် စစ်ဆင်ရေးများ ဆောင်ရွက်နိုင်မည့် Capability ရှိသည့် လက်နက်ပစ္စည်းများ တပ်ဆင်သွားဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။ (၁၂၀)ကီလိုမီတာ အထိပစ်ခတ်နိုင်သော ဒုံးပျံများ၊မြန်နူန်းမြင့် အမြောက်များ၊CIWS များ၊ ရေငုပ်သင်္ဘောပစ်ဒုံးများ၊Active/Passive EW စနစ်များ၊ OTH Target(မိုးကုပ်စက်ဝိုင်းလွန် ပစ်မှတ်) များအပါအဝင် ရေပြင်၊ရေအောက် နှင့် ဝေဟင် ပစ်မှတ်များကို ထောက်လှမ်းနိုင်မည့် အာရုံခံစနစ်များ ပါဝင်မည်ဟု ယုံကြည်ရသည်။ရေယာဉ်၏ အနောက်ပိုင်းတွင် Heli Deck ပါဖွယ်ရှိပြီး ရေယာဉ်အမြန်နူန်းမှာ (၂၅)မိုင်ခန့် ဖြစ်နိုင်သည်။ လာမည့် တစ်နှစ်ခန့်အတွင်း ရေယာဉ်တည်ဆောက်တပ်ဆင်မူ နှင့်စမ်းသပ်မူများ အလုံးစုံပြီးစီး၍ တပ်တော်ဝင်ပြုလုပ်နိုင်မည်ဟု ခန့်မှန်းရသည်။ အဆိုပါ Frigate စစ်ရေယာဉ်သည် တပ်မတော်(ရေ) ၏ စစ်ရေးဆိုင်ရာ စစ်နည်းဗျုဟာအဆင့် သာမက မဟာဗျုဟာအဆင့်ထိ အကျိုးသက်ရောက်မူ ရှိလာမည် ဖြစ်ပါသည်။

8 comments:

  1. ကျန်စစ်သားနဲ့ တတိယအစီးက ပုံစံတော့ဆင်မယ်ဗျ။ ကျန်စစ်သားဟာ တတိယဖရီးဂိတ်အတွက် ရှေးဦးပုံစံပြုသဘောမျိုးထင်တယ်။ ရွက်တိုင်ပုံစံလည်းနည်းနည်းကွာတယ်။ ပဲ့စင်ပုံစံတော့ကွာတယ်။2010 မှာတတိယအစီးက ဧရာခင်းတယ်ဆိုတော့ သူလည်းသိပ်မကြာခင် ရေချနိုင်မယ်လို့ထင်တယ်။ ဆင်မလိုက်သင်္ဘောကျင်းထဲက ၅စီးရီးအသစ် ၄စင်းကတော့ ၄နှစ်လောက်ရှိပြီထင်တယ်။ မပြီးသေးဘူး။ ကိုယ်ထည်ပိုင်း၊ Hull ပိုင်းပြီးတာကြာပေါ့။ အဓိကစက်ပစ္စည်းတွေမရောက်လို့ကြာနေတာလို့သိရတယ်။ မကြာမကြာတော့ ပင်လယ်ဝဘက် စမ်းတာတွေ့တယ်။ အင်ဂျင်တွေကတော့ တရုပ်အင်ဂျင်တွေပဲ။ သိပ်မကြာခင် တပ်တော်ဝင်တွေ တိုးလာဦးမှာပေါ့ ကို mm.

    ReplyDelete
  2. ကောင်းတယ်ဗျာ။hull ကတော့သိပ်ပြီးstealthy မဖြစ်သလိုပဲ။မြင်ရသလောက်ကိုပြောတာပါ။စင်ကာပူST နဲ့ပူးပေါင်းပြီးတည်ဆောက်ထားတာလားဗျ။သူတို့ကတော့အတွေ့အကြုံများတယ်လေ။vertical launch missile configuration သုံးနိုင်ရင်ကောင်းမယ်ဗျာ

    ReplyDelete
  3. stealthy body ကြည့်ရင် အများကြီးသိသာတယ်ဗျာ...ကျွန်တော် ခွဲတတ်တယ်.ဒါပေမဲ့ ဘယ်လို ဘာလို့ အဲလို stealth ဖြစ်တာလည်းဆိုတာ နားမလည်ဘူးဗျား...ဘော်ဒီကို သေသေသပ်သပ်ဆောက်မှ stealthဖြစ်တာလားဗျ

    ReplyDelete
  4. တပ်ဆင်မည့်လက်နက်ဆိုင်ရာ သိခွင့်ရသလောက် တင်မယ်ဆို...

    ReplyDelete
    Replies
    1. တိုးတိုးလေးပြောဗျာ။သိချင်လှပြီ

      Delete
  5. ko mm ရေ ဒီ ကိုယ်ပျောက်ဖရီးဂိတ်တန်ဖိုး ဘယ်လောက်ရှိလဲဗျာ၊ US ဘယ်နှသန်းလောက်တန်လဲခင်ဗျာ၊ ကိုယ့်ဘာသာ ဆောက်တာဆိုတော့ ဈေးသက်သာမှာပေါ့၊ တခြားနိုင်ငံက ၀ယ်ရင် ဘယ်လောက်လဲခင်ဗျာ ၊ ဖြစ်နိုင်ရင် ဖော်ပြပေး ပါလား ခင်ဗျာ ၊ အစဉ်အားပေးလျက်၊

    ReplyDelete
  6. we may surely need to upgrade our navy's weapon systems. Coz, bangaldesh is quietly enlarging its navy. we had made frigates, but their hull forms are based on 77m corvettes, and are lack of stabilizer fins. I will post about of this later if anyone interested. They are used to stabilize the vessel when firing a gun, from suffuring recoil force.

    ReplyDelete
  7. cruise missile nae 30mm minigun toe par lar ma thi vuu
    radar jam lal par lar vya

    ReplyDelete