မိမိတို့ ပြည်တွင်းတွင် စမ်းသပ်အောင်မြင်ခဲ့သော နည်းပညာများစွာအနက် မြန်မာ့ဝေဟင်အား ကာကွယ်ပေးမည့် တပ်မတော် (လေ)၏ မောင်းသူမဲ့လေယာဉ်များစမ်းသပ် အစပျိုးနိုင်မှုများမှသည် တပ်မတော် (ရေ)၏ ဖရီးဂိတ်များအား မိမိတို့ပြည်တွင်းတွင်ပင် တပ်ဆင်ထုတ်လုပ်လာနိုင်ခြင်း အစရှိသည့် နည်းပညာများပိုင်ဆိုင်လာမှုများသည် တပ်မတော်၏ ကာကွယ်ရေးစွမ်းရည်များအား မြှင့်မားလာစေကာ မြန်မာပြည်သူတစ်ရပ်လုံး၏ လုံခြုံရေး အသက်အိုးအိမ်စည်းစိမ်များအား အကာကွယ်ပေးရေးစသည့် တပ်မတော်၏ ရည်ရွှယ်ချက်များအား ပိုမိုအကျိုးသက်ရောက်စေလျက်ရှိပါသည်....။
မြန်မာ့တပ်မတော်တွင် ခေတ်မှီလက်နက် နည်းပညာများပိုင်ဆိုင်ထားပြီးဖြစ်ရာ မိမိတို့ ပြည်တွင်းထုတ် စစ်သုံးယာဉ်များအား ရရှိသည့် အချက်လက်များပေါ် သုံးသပ်ကာ တင်ပြပါဦးမည်ခင်ဗျာ....။ တပ်မတော် (ကြည်း) ရှိ ခြေလျင်စစ်သည်များအတွက် ရည်ရွှယ်ကာ ထုတ်လုပ်ထားသည့် ခေတ်မှီ ခြေလျင်တပ်သုံး စစ်ယာဉ်များကို မြန်မာ့သံချပ်ကာယာဉ် (Myanmar Army Vehicle . MAV) စသည့်ဖြင့် သတ်မှတ်ခေါ်ဆိုထားပြီး လက်ရှိသိခွင့်ရသည့် အချက်များအရ MAV-1,2,3,4 စသည်ဖြင့် သံချပ်ကာယာဉ် (၄)မျိုး တပ်ဆင်ထုတ်လုပ်လျက်ရှိပါသည်....။ အသေးစိတ် အချက်လက်များကို တင်ပြပေးပါ့မယ်...
ကင်းထောက်ယာဉ် (MAV-1)

ထုတ်လုပ်သည့်နိုင်ငံ မြန်မာနိုင်ငံ
တိုက်ယာဉ်အဖွဲ့သား ၃ ယောက်
အဓိကလက်နက် ၁၂.၇မမ လေယာဉ်ပစ် စက်သေနတ်
ခြေလျင်တင်တိုက်ခိုက်ရေးယာဉ် (MAV-2 )

ထုတ်လုပ်သည့်နိုင်ငံ မြန်မာနိုင်ငံ
တိုက်ယာဉ်အဖွဲ့သား ၄ ယောက်
အဓိကလက်နက် ၂၀မမ ဟစ္စပါနို
ယှဉ်တွဲလက်နက် အမ်ဂျီ-၅၃ စက်သေနတ်
ခြေလျင်တင်တိုက်ခိုက်ရေးယာဉ် (MAV-3 )

ထုတ်လုပ်သည့်နိုင်ငံ မြန်မာနိုင်ငံ
တိုက်ယာဉ်အဖွဲ့သား ၄ ယောက်
အဓိကလက်နက် ၂၀မမ ဟစ္စပါနို
ယှဉ်တွဲလက်နက် အမ်ဂျီ-၅၃ စက်သေနတ်
ခြေလျင်တင်တိုက်ခိုက်ရေးယာဉ် (MAV-4 )

ထုတ်လုပ်သည့်နိုင်ငံ မြန်မာနိုင်ငံ
တိုက်ယာဉ်အဖွဲ့သား ၄ ယောက်
အဓိကလက်နက် ၀.၅ စက်သေနတ် ၂ လက်တွဲ
အထက်ပါအချက်လက်များအရ စစ်ယာဉ်များသည် အားထားရသော စစ်ယာဉ်များဖြစ်ကြောင်း လေ့လာနိုင်ပါသည်.....။ မြန်မာ့တပ်မတော်၏ အစောပိုင်းကထုတ်လုပ်ခဲ့သော BA စီးရီး စစ်သုံးယာဉ်များအပြင် ယခုကဲ့သို့သော ခေတ်မှီစစ်သုံးယာဉ်များထုတ်လုပ် ပိုင်ဆိုင်ထားနိုင်မှုသည့် တပ်မတော်၏ ဂုဏ်ယူဖွယ်ရာ စွမ်းရည်များလည်း ဖြစ်ပေသည်.....။ တပ်မတော်၏ တင့်ဖျက်ယာဉ်များ ၊ တင့်ပြုပြင်ရေးယာဉ်များအား ဆက်လက်ဖော်ပြပေးပါဦးမည်ခင်ဗျာ.....။ အားလုံးကိုလေးစားလျက်......
ယာဉ် ဒီဇိုင်းတွေက တော်တော် လန်းတယ်ဗျာ..မူပိုင်ပဲမလား
ReplyDeleteကို mm ရေ၊ ယာဉ်တွေအကြောင်းသိရတာ အားရစရာကောင်းပါတယ်။ MAV4 မှာ ဗုံးပစ်လောင်ချာတွေပါတပ်ထားတယ်ထင်တယ်နော်။ ယာဉ်အားလုံးရဲ့ ရှေ့ပိုင်း Slope စောင်းဆင်းပုံတွေဆင်တယ်ဗျ။ တိုက်နိုင်၊ တွန်းနိုင်၊ ဆောင့်နိုင်အောင်ရည်ရွယ်တယ်ထင်တယ်။ အဓိကကတော့ Amour ပဲ။ ဘယ်လောက်ထိမှန်တာခံနိုင်မလဲ။ တာယာတွေရဲ့ စွမ်းဆောင်နိုင်မှုတွေ၊ အင်ဂျင်ပိုင်းလေးတွေပါ သိကြသူများဝင်ရောက်ပြောပြကြပါဦးခင်ဗျ။ ကိုယ်ပိုင်ထုတ်ဆိုတော့ စွမ်းဆောင်ရည်ကောင်းရင်ကောင်းသလောက် တွက်ခြေကိုက်ပြီး အသုံးဝင်တာမို့ စိတ်ဝင်စားစရာကောင်းပါတယ်။
ReplyDelete