Friday, November 2, 2012

သံချပ်ကာတပ်ဖွဲ့၏ လက်ရုံးများ

မြန်မာ့တပ်မတော်ရှိ စစ်လက်နက်များနှင့် ပတ်သက်၍ လေ့လာမိသလောက်၊ သိခွင့်ရသလောက် ဖော်ပြပေးလျက်ရှိရာ စိတ်ဝင်စားသူများလာသည့်အတွက်လည်း အထူးကျေးဇူးတင်မိပါသည်....။ အခက်အခဲအမျိုးမျိုးကြားမှာ အချိန်ပေးကာရေးသားပေးကြသည့် ညီ၊အစ်ကိုများ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပါခင်ဗျာ.....။


မြန်မာ့တပ်မတော် သံချပ်ကာတပ်ဖွဲ့သည် လေ့ကျင့်မှုအားကောင်းလာခြင်း၊ ခေတ်မှီနည်းပညာများ ပိုင်ဆိုင်လာခြင်း စသည်တို့အပြင် အင်းအားတောင့်တင်းသော သံချပ်ကာတပ်ဖွဲ့ကြီးတစ်ရပ်ဖြစ်လာပြီဖြစ်ရာ ဒေသတွင်းနိုင်ငံများရှိ သံချပ်ကာတပ်ဖွဲ့များနှင့် ယှဉ်ဘောင်တန်းကာ တိုးတက်လာပြီဖြစ်ပါသည်.....။ ပင်မတိုက်ပွဲဝင်တင့်ကားများ၊အပေါ့စားတိုက်ပွဲဝင်တင့်ကားများ အပြင် တင့်ဖျက်ယာဉ်များသည် အလွန်အရေးပါသော စစ်ပွဲများ၏ တိုက်ပွဲဝင်အဓိကအင်အားအဖြစ် တည်ရှိနေဆဲဖြစ်ပါသည်...။ အဆိုပါတင့်ကားများ၊သံချပ်ကာယာဉ်များသည် မည်မျှပင် ခေတ်မှီနေစေကာမှု ချို့ယွင်းမှုများရှိတတ်စမြဲပင်ဖြစ်သည်....။ ထို့သို့သော ချို့ယွင်းမှုများ၊ အသေးစားပြင်ဆင်မှုများအတွက်လည်း အမြဲတမ်းအသင့်ပြင်ဆင်ထားရပေသည်။

မြန်မာ့တပ်မတော်ရှိ သံချပ်ကာယာဉ်များ၊တင့်များအား ပြင်ဆင်ပေးရာတွင် အသုံးပြုသည့် ယာဉ်များအကြောင်းအနည်းငယ် ဖော်ပြပေးချင်ပါသည်...။

ပုံစံ-၆၅၃ ဆယ်တင်ရေးတင့်

ပုံစံ-၉၃ အပေါ့စားဆယ်တင်ရေးတင့်

တရုပ်တပ်မတော်သုံး သံချပ်ကာပြင်ဆင်ရေးတင့်




Panhard M-3 သံချပ်ကာပြင်ဆင်ရေးယာဉ်


 Panhard M-3 သံချပ်ကာပြင်ဆင်ရေးယာဉ်အား မြန်မာ့တပ်မတော် အင်ဂျင်နီယာများမှ ပြန်လည်ပြုပြင်မွမ်းမံထားခြင်းဖြစ်ပါသည်....။ တပ်မတော် အင်ဂျင်နီယာများ၏ အစွမ်းတစ်ရပ်ပင်ဖြစ်ပါသည်...။

 ဆယ်တင်ရေးတင့်များ၏ ပုံစံတူများ

အထက်ပါပုံများအား နေပြည်တော် စစ်သမိုင်းပြတိုက်အတွင်းတွင် ခင်းကျင်းပြသထားသည့် ပုံများသာလျှင်ဖြစ်ပါသည်ခင်ဗျာ....။ ပုံတွေကိုအသုံးပြုခွင့်ပေးသည့်အတွက်လည်း ကျေးဇူးပါခင်ဗျာ....။

လောလောနှင့်ပြန်ထွက်ရဦးမယ်ဗျာ...။ ဒီနေ့အတော်များများတင်ပေးပါ့မယ်....။

No comments:

Post a Comment