Thursday, July 11, 2013

တပ်မတော်(ရေ)တွင် ရေငုပ်သင်္ဘောများ ပိုင်ဆိုင်လာတော့မည်လော.. အပိုင်း(၁)

 (ကာကွယ်ရေးဆိုင်ရာ စိတ်ဝင်စားသူများအကြား အထူးရေပန်းစားကာ ဆွေးနွေးနေကြသည့် မြန်မာ့တပ်မတော်(ရေ) ဆိုင်ရာ ရေငုပ်သင်္ဘောပိုင်ဆိုင်စေလိုမှုများကို အခြေခံကာ စစ်ရေးဆိုင်ရာ စိတ်ဝင်စားသူများအဖို့ တွေးစရာ အတွေးအသစ်တစ်ခု ပေးစွမ်းနိုင်သော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ဖော်ပြခွင့်ပြုသည့်အတွက်   ဆောင်းပါးရှင်အား  အထူးကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ..။)
၂၀၀၈ခုနှစ်မှ စတင်၍ ၂၀၁၁ခုနှစ်တွင် ခုံရုံးတင် အဖြေရှာခဲ့ကြရသော မြန်မာ-ဘင်္ဂလား ရေပိုင်နက် အငြင်းပွားမှုသည့် သာမန်သေးဖွဲသည်ဟု မဆိုနိုင်ပေ။ ဘင်္ဂလားဘက်မှ နှစ်ပေါင်း ဆယ်နှင့်ချီချထားသော မဟာဗျူဟာ ခြေလှမ်းတစ်ခုဖြစ်နိုင်ပြီး ခုံရုံးမှ ချပေးခဲ့သည့် ရှင်မဖြူကျွန်းပိုင်ဆိုင်မှုနှင့် ကမ်းလွန်လုပ်ကွက် ၄-၅ခုသည် ဘင်္ဂလားသည်သာ အမှန်တကယ် လောဘရှိခဲ့မည်ဆိုလျင် ဆင့်ပါးစပ် နှမ်းပက်သလောက်ပင် အရာထင်မည်မဟုတ်ပေ။ ဘင်္ဂလားဒေ့ခ်ျ အနေဖြင့် မြန်မာကို မည်သို့ရှုမြင်သည် အမှန်မသိနိုင်သော်လည်း ဘင်္ဂလားဒေ့ခ်ျကို အာရုံမထားနိုင်သော မြန်မာ၏ အရှေ့ဘက်ရန်ဘက် နိုင်ငံများနှင့် လက်နှက်ပြိုင်ဆိုင်မှု ပြည်တွင်းစစ်မီးအတွင်းအတွက် လက်နှက်ဖြည့်တင်းမှုများနှင့် အပြိုင်(သို့) သာလွန်စွာ ခေတ်မှီလက်နှက်များ ဖြည့်တင်းထားခဲ့သည်ကတော့ အသေချာပင်ဖြစ်သည်။ မြန်မာ+တရုတ် ကြည်းတပ်လက်နှက်များ ကို အမျိုးစားတူများကို အဆင့်မြင့်ကာ ဖြည့်တင်းခြင်း၊ Mig 29 များ F7 များကို လက်ဦးမှုရယူ ဝယ်ယူထားခြင်း၊ အဆင့်မြင့်ထားခြင်းတို့အပြင် ရေတပ်တွင်လဲ မြန်မာ့ ဖရီးဂိတ်များကို ရင်ဆိုင်နိုင်ရန် အင်အားကြီးနိုင်ငံများ၏ တပ်တော်ဝင် ပယ်ဖျက်လိုက်သော ရေတပ်သင်္ဘောများကို ရတန်သ၍ ဝယ်ယူညှိနိုင်းကာ အင်အားဖြည့်တင်းထားခဲ့ရာ မြန်မာထက်ပင် အင်အားသာလွန်နေလျက်ရှိပါသည်။
Kilo အမျိုးအစား ရေငုပ်သင်္ဘောတစ်စင်း
၂၀၁၁ ရေပိုင်နက်ပြဿနာအပြီး မြန်မာ့တပ်မတော်မှ ရေတပ်အမြန်သွား ဒုံးတင်ယာဉ်များ၊ ရေဒါပျောက်ယာဉ်ငယ်၊ ဖရီးဂိတ်အသစ်တစ်စင်းနှင့် တရုတ်နိုင်ငံမှ ရေယာဉ်အဟောင်း ဖရီးဂိတ်၂စင်းတို့ကို တပ်တော်ဝင်ဖြည့်တင်းစဉ် ကာလမှပင် ဘင်္ဂလားရေတပ်သည်လဲ အမြန်သွား တိုက်ယာဉ်များကို ရတန်သ၍ တည်ဆောက်ခြင်း၊ တရုတ်မှ ပုံစံ၀၅၆ အမျိုးစား အဆင့်မြင့် ဘက်စုံသုံး ကော်ဗတ်စစ်ယာဉ်၂စင်းဝယ်ယူခြင်း၊ ပြည်တွင်းတွင် ကော်ဗတ်စစ်သင်္ဘောများ တပ်ဆင်ထုတ်လုပ်ခြင်း (၄စင်း) အမေရိကန်မှ လက်ဆောင်ရရှိသော Hamilton-Class Frigate တပ်တော်ဝင်ခြင်း၊ ဟောင်းနွမ်းနေပြီးဖြစ်သော အင်္ဂလိပ်လက်ကျန်စစ်သင်္ဘော Leopard-class အစား Type 053H2 Jianghu-III Class များဖြင့် အစားထိုးရန်စီစဉ်ခြင်း အပါအဝင် ရေဒါများ နည်းပညာများကို အရှိန်ဟုန်မြင့် ဖြည့်တင်းလျက် ရှိသည့်အပြင် အမေရိကန်အပါအဝင် ဒေသတွင်းနိုင်ငံများဖြင့် စစ်ရေးလေ့ကျင့်ခြင်းများ ခပ်စိပ်စိပ်ပြုလုပ်လျက်ရှိသည်။ 
Hamilton အမျိုးအစား ဖရီးဂိတ်တစ်စင်း
 ထို့အပြင် ရေတပ်သုံးကင်းလှည့် လေယာဉ်များနှင့် စစ်သင်္ဘောများနှင့် တွဲဖက်ကာ ကင်းထောက်ခြင်း နှင့် တိုက်ခိုက်ရေး တာဝန်များ ထမ်းဆောင်ရန် တော်ပီတို ပစ်ခတ်နိုင်သော အီတလီထုတ် AW-109 Power ရဟတ်ယာဉ်၂စင်းအပါအဝင် တရုတ်ထုတ် Z-9 တိုက်ခိုက်ရေး ရဟတ်ယာဉ်များကိုလဲ ရေတပ်နှင့် လေတပ်တွင် ဝယ်ယူဖြည့်တင်းခဲ့သည်။ ထို့အပြင် သင်္ဘောပစ်ဒုံးပျံများ အပါအဝင် ဘက်စုံသုံးနိုင်သော အပေါ့စားတိုက်ခိုက်ရေးနှင့် လေ့ကျင့်ရေးသုံး ခေတ်မှီ YAK-130 အမျိုးစား တိုက်လေယာဉ်များကိုလဲ ရုရှားနိုင်ငံနှင့် စာချုပ်ချုပ်ဆို ဝယ်ယူရန် ကြိုးစားလျက်ရှိသလို၊ နောက်ထပ် ခြေလှမ်းတစ်ခု အနေဖြင့် ကမ်းခြေစောင့် လေကာဒုံးစနစ်များနှင့် ရေဒါပျောက် ကော်ဗတ်စစ်ယာဉ်များ အပါအဝင် အဆင့်မြင့်တင်မည့် ခြေလှမ်းများကို တောင်ကိုရီးယား၊ တရုတ်၊တို့နှင့် အကြီးအကျယ် စာချုပ် ချုပ်ဆို ပြင်ဆင်နေသကဲ့သသို့ အမေရိကန်၏ အကူညီများလဲ များစွာ ရရှိလျက်ရှိသည်။ လာမည့် နှစ်အနည်းငယ်အတွင်း ဖရီဂိတ်သင်္ဘောများ အားလုံးကို ကင်းလှည့် ရဟတ်ယာဉ်များ တပ်ဆင်ပေးနိုင်ရန်၊ ရေဒါများ၊ ဒုံးစနစ်များအားလုံး အဆင့်မြင်တင်သွားရန်နှင့် ယာဉ်အဟောင်းများ အစားထိုးခြင်းအပါအဝင် လက်ရှိ စစ်ယာဉ်အရေအတွက်ထက် ၂ဆ မြင့်တင်နိုင်ရန် ဘက်စုံ ဖြန့်ကျက်ဆောင်ရွက်လျက်ရှိသည်။ ဝီကီအရ---
As of April,2010 the rapid modernization program of BN involves order of
1. 2x Jianghu-III guided missile frigate (China),
2. 2x 600 ton large patrol craft/missile corvette (China),
3. 1x Hydrographic Survey ship (Indigenous),
4. 1x Fleet Replenishment Oil Tanker (Indigenous),
5. 2x LCU (Indigenous),
6. 1x Salvage ship (Indigenous),
7. 12x Patrol boats (Indigenous),
8. 3x Harbin Z-9C Anti-Submarine helicopter (China),
9. C-802 ASM missiles for 3 frigate and 4 missile boats (China),
10. FM-90N SAM for 3 frigates (China) - already fitted on board BNS Bangabandhu.
11. 2x Type 056 corvette (China)
On discussion:
1. 3x guided missile frigates in addition to the couple ordered from (China / South Korea),
2. New generation of light and heavy Torpedoes (EU + China),
3. 2x Submarine (Turkey / Germany / South Korea / China).
နောက်ဆုံး ဆွေးနွေးဆဲဟု ဖေါ်ပြသော ရေငုပ်သင်္ဘော အစီစဉ်သည် အင်မတန် စိတ်ဝင်စားဖွယ်ဖြစ်ပြီး အင်တာနက်သတင်းများအရ ၂၀၁၈ မတိုင်မှီ သင်္ဘော ၂စင်းသာမက အစီစဉ်ကြီးတစ်ခုလုံး ရရှိမည်ဖြစ်ပြီး အမျိုးအစားအရ Romeo အတန်းအစား တရုတ်ရေတပ်သုံး သင်္ဘော အဟောင်းများ ဖြစ်သည်ဟု ဆိုကြသည်။ Romeo အတန်းအစား ရေငုပ်သင်္ဘောများသည် အသံဆူညံသည့် ဆိုဗီယက်ကာလ ၆၃၃ အမျိုးစားများဖြစ်သည်။ တရုတ်၊ မြောက်ကိုရီးရား၊ ဆီးရီးယား၊ အီဂျစ်တို့တွင် ယနေ့အထိ အသုံးပြုနေကြဆဲဖြစ်ပြီး အဆင့်မြင့်တင်မှုများ ပြုလုပ်ထားကြမည်ဖြစ်သဖြင့် အသုံးမဲ့သော စစ်ယာဉ်များဟုတော့ မဆိုနိုင်ပေ။ ဒီဇယ်သုံး အင်ဂျင်ဖြင့် အရာရှိ၁၀ဦးအပါအဝင် အင်အား၅၀ကျော် တာဝန်ထမ်းဆောင်ပြီး မိုင်းများနှင့် ၅၃၃မမ တော်ပီတိုများ သယ်ဆောင် တိုက်ပွဲဝင်နိုင်မှာ ဖြစ်ပါတယ်။ တရုတ်မှ ထိုသင်္ဘောများကို အဆင့်မြင့်ထုတ်လုပ်ခဲ့ရာ ပုံစံ၀၃၉ ရေငုပ်သင်္ဘောများမှာ တော်ပီတိုပြွန်များမှ သင်္ဘောဖျက် ဒုံးများ ပစ်လွှတ်လာနိုင်ခဲ့ပြီးဖြစ်သည်။ ကင်းလှည့်စစ်ဆင်ရေးများ အတွက်တော့ အသုံးတည့်သော သင်္ဘောများဖြစ်သည်။ထိုင်းနိုင်ငံသည်လဲ အမေရိကန်၊ ကိုရီယားတို့ဖြင့် ညှိနိုင်းကာ ဖရီးဂိတ် ၄စင်းခန့် ဝယ်ယူရန်ရှိပြီး၊ ဂျာမနီမှ တပ်တော်ဝင်ဖျက်သိမ်းမည့် Dolphin-class အမျိုးစား ရေငုပ်သင်္ဘောများ ဝယ်ယူမည့် သတင်းများလဲ ထွက်ပေါ်လာခဲ့သည်။ ထိုအမျိုးစားများသည်လဲ ပင်လယ်ကွေ့စစ်ပွဲတွင်းတွင် နာမည်ကြီး အမျိုးစားများဖြစ်ပြီး တော်ပီတိုပြွန်များမှ ခရုစ်ဒုံးပျံများ ပစ်လွှတ်နိုင်အောင် အဆင့်မြင့်နိုင်သော အမျိုးစားများဖြစ်သည်။ 

အိန္ဒိယရေတပ်၏ Vela အမျိုးစား ရေငုပ်သင်္ဘော
မြန်မာ့ရေတပ်သည်လဲ ရေငုပ်သင်္ဘော အစီစဉ်ဖြင့် ထိုအမျိုးစား သင်္ဘော ၂စင်းကို ရရှိခဲ့သည်ဟု ဆန့်ကျင်ဘက် မီဒီများက ရေးသားကြသော်လည်း ခိုင်မာသော အထောက်ထားတော့ မရှိခဲ့ချေ။ သို့သော် မြန်မာ့ရေတပ်သည် အိန္ဒိယ ရေတပ်နှင့် ညှိနိုင်းအစီစဉ်အရ INS VELA ကို အသုံးပြုကာ လေ့ကျင့်ခဲ့ဘူသည့် မှတ်တမ်းများ ရှိသည်။ ထိုရေငုပ်သင်္ဘောသည် Foxtrot-class အမျိုးစား ဖြစ်ပြီး ကျူးဘား အရေးခင်းကာလက အမေရိကန်နှင့် ဆိုဗီယက်တို့ကြား နာမည်ကြီးခဲ့သော အမျိုးအစားဖြစ်သည်။ Romeo အမျိုးစားများထက် မျိုးဆက်မြင့်မားပြီး ခရီးရှည်ထိုးဖေါက်နိုင်သော အမျိုးအစားဖြစ်သည်။ မြန်မာ့တပ်မတော်အနေဖြင့် ယခုအချိန်တွင် ရေတပ်အင်အားကို ဘင်္ဂလားဒေ့ခ်ျနှင့် အပြိုင် အင်အားဖြည့်တင်းရန်ရှိပါက ရေတပ်သုံး လေယာဉ် ရဟတ်ယာဉ်များ ဖြည့်တင်းခြင်း အပါအဝင်၊ ရေငုပ်သင်္ဘော အစီစဉ်များလဲ ပါဝင်လာတော့မည်ဖြစ်သည်။ မကြာသော ကာလများတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပီတာစပတ် ခရီးစဉ်အပါအဝင် ရေတပ်ဦးစီးချုပ်၏ ထိုမြို့တွင်ပြုလုပ်သော ရေတပ်လက်နှက်ပြပွဲသို့ တက်ရောက်သည် ဆိုသော သတင်းများသည် ရေငုပ်သင်္ဘော အိပ်မက်ကို တစ်ဖန်ပြန်၍ အသက်သွင်းလာသကဲ့သို့ရှိသည်။
ယခင်၂၀၁၀ရှေ့ပိုင်းတွင် လေ့ကျင့်ထားသော  Foxtrot-class များထက် မြင့်မားသော ရေငုပ်သင်္ဘောအတန်းစားများကိုသာ  ရွေးခြယ်ရန်ရှိသည်ကတော့ ယုံမှားစရာမရှိပေ။ 
ထိုအခါ ဒေသတွင်းနိုင်ငံများကြား ရေပန်းအစားဆုံး ဖြစ်နေသည့် Kilo အတန်းအစား ရုရှားလုပ် ဒီဇယ် ရေငုပ်သင်္ဘောများသည် မျက်စိကျစရာ အနေအထားဖြစ်လာသည်။ သို့သော် ထိုအမျိုးစားများသည် အင်အား ၅၀ကျော် အသုံးပြုရသော အကြီးစားများဖြစ်ပြီး မြန်မာ၏ ထူးခြားသော ကမ်းလွန်အခြေအနေဖြင့် ဆိုလျင် များစွာ သုံးသပ်ရန်လိုသော ရေငုပ်သင်္ဘော အမျိုးစားဖြစ်သည်။ အနောက်ဘက် ကမ်းလွန် ရေနက်ပိုင်းအတွက် စိုးရိမ်ရန်မရှိသော်လည်း။ ကျွန်းထူသော တနင်္သာရီ ကမ်းရိုးတန်းအတွက် အကန့်သတ်ရှိနိုင်မည့် အနေအထားဖြစ်သည်။ တာဝေးပင်လယ်စစ်ဆင်မှု၊ ကင်းလှည့်စောင့်ကြည့်မှု၊ တိုက်ခိုက်ရေး၊ အင်အားပြ၊ စသည့် မူလရည်ရွယ်ရာ စစ်ရေးရည်မှန်းချက်များနှင့် တိုက်ဆိုင်ကာ သင့်တော်သလို ဆုံးဖြတ်ဝယ်ယူရန်အတွက် အသေးစိတ်လေ့လာရန် လိုအပ်နေဆဲဖြစ်သည်။ ထို Kilo အမျိုးစားများနှင့် အလားလာရှိမည့် ရေငုပ်သင်္ဘောများ အကြောင်းကို လက်လှမ်းမှီသလို ရေးသားပါဦးမည်။

6 comments:

  1. ရေငုတ်သင်္ဘော အနဲဆုံး(၃)စီးလောက်တော့ဝယ်ယူထားသင့်တယ် နောက်ပြီးဆောက်လုပ်နေတဲ့ ဖရီးဂိတ်တွေကိုလဲမြန်နိုင်သမျှမြန်မြန်တည်ဆောက်သင့်တယ်ကော်ဗတ်သင်္ဘောတွေကိုလဲထပ်တိုးပြီးတည်ဆောက်သင့်တယ်နောက်ပြီး ဒုံးအစင်းရေကိုလဲများများတတ်ဆင်သင့်ပါတယ်၅စီရီးတွေကိုအကုန်လုံးဒုံးတွေတတ်ထားသင်ြ့ပီ ဆောက်လဲဆောက်ပြင်ပကနေလဲဝယ်ယူဖြည့်တင်းသင့်ပါကြောင်းတင်ပြလိုပါတယ်

    ReplyDelete
  2. Post အသစ်တွေများများလေး တင်ပေးပါ အကို။ ဖတ်ရတာ အားမရလို့ပါ။
    အမြဲအားပေးနေပါတယ်။

    ReplyDelete
  3. kilo ရေငုပ်သင်္ဘောတွေဝယ်သင့်တယ်

    ReplyDelete
  4. http://www.janes.com/article/23451/myanmar-navy-starts-submarine-training-in-pakistan

    ReplyDelete
  5. aircraft carrier ကောမ၀ယ်နိုင်သေးဘူးလား

    ReplyDelete
    Replies
    1. Aircraft carrier မလိုအပ်သေးပါဘူးခင်ဗျာ.. Frigate တွေများများပိုပြီး လိုအပ်ပါတယ်...။ :)

      Delete