Friday, August 23, 2013

မြန်မာ့တပ်မတော်(ရေ)အား တိုးချဲ့ သင့်ပြီလော...

မြန်မာ့တပ်မတော်(ရေ)၏ စစ်ရေယာဉ်အသစ်များ ပိုင်ဆိုင်လာမှု အပေါ်တုံ့ပြန်တဲ့အနေနှင့်  ယိုးဒယားနှင့် ဘင်္ဂလားရေတပ်တို့ရဲ့ ရေတပ်အင်အားတိုးချဲ့လာမှုအကြောင်းတွေကို အနည်းငယ်လေ့လာမိပါတယ်...။

ပထမဆုံးကတော့ ယိုးဒယားပါပဲ... ယိုးဒယားရေတပ်မှာ လက်ရှိ ဖရီးဂိတ်(၈)စင်းရှိပြီးတော့ အမေရိကန်နှင့် တရုပ်နိုင်ငံများမှ ဝယ်ယူထားတာဖြစ်ပါတယ်...။တရုပ်ရေတပ်ဆီကနေ ၁၉၉၀ခုနှစ်အစောပိုင်းကာလမှာ ဝယ်ယူခဲ့ခြင်းဖြစ်တဲ့ ပုံစံ-၅၀၃တီ(တီ=ထိုင်း) ဆိုတဲ့ အမျိုးအစားတွေဖြစ်ပါတယ်....။ ဖရီးဂိတ်တွေရဲ့ ကုန်ကျစရိတ်ကတော့ ယိုးဒယားဘတ်ငွေ ၂ဘီလီယံအထိ အသီးသီးရှိကြတယ်လို့ သိရပါတယ်...။ ဒါကလည်း မူလပုံစံတွေကို အဆင့်မြှင့်တင်ပြီး ယိုးဒယားရေတပ်ရဲ့ လိုအပ်ချက်အရ တည်ဆောက်ပေးရလို့ဖြစ်ပါတယ်...။ စစ်ရေယာဉ် (၂)စင်းကိုတော့ မူလ ပုံစံ-၅၀၃ မှာ မပါတဲ့ ရဟတ်ယာဉ်ရပ်နားရာကွင်းတွေပါ ထည့်သွင်းပေးထားပြီး စစ်ရေယာဉ်ရဲ့ လေကြောင်းကင်းထောက်မှု လိုအပ်ချက်ကို ဖြည့်ဆည်းထားပါတယ်...။

ဖရီးဂိတ် အမှတ် ၄၅၅ နှင့် ၄၅၆ (၂)စင်းကတော့ (အနောက်နိုင်ငံထုတ် သင်္ဘောဖျက်ဒုံး တပ်ဆင်ထား)အမျိုးအစားတူ ဖြစ်ပြီး အမှတ် ၄၅၇ နှင့် ၄၅၈ နှစ်စင်းကိုတော့( တရုပ် သင်္ဘောဖျက်ဒုံး တပ်ဆင်ထား) ပုံစံ-၅၀၃အက်က်တီ(HT) ဆိုပြီးတော့ ရဟတ်ယာဉ်ဆင်းကွင်းပါအဖြစ် သတ်မှတ်ထားပါတယ်...။

စစ်ရေယာဉ် အမှတ် ၄၂၁ နှင့် ၄၅၂

စစ်ရေယာဉ် အမှတ် ၄၅၅ နှင့် ၄၅၆
စစ်ရေယာဉ် အမှတ် ၄၅၇ နှင့် ၄၅၈


အမေရိကန်ရေတပ်ဆီကနေလည်း ဖရီးဂိတ်တချို့ ဝယ်ယူထားပြီးတော့ စစ်ရေယာဉ် အမှတ် ၄၆၁ နှင့် ၄၆၂ တို့ဘဲဖြစ်ပါတယ်...။ ကျန်တဲ့ ဖရီးဂိတ်တွေထက်တောင် လက်နက်စနစ်အားဖြင့် ပိုကောင်းတယ်လို့ ယူဆရပါတယ်...။ အခုနောက်ဆုံးအနေနှင့် အမေရိကန်ေ၇တပ်ရဲ့ အသုံးမလိုတော့တဲ ဖရီးဂိတ် Oliver Hazard Perry အမျိုးအစား ဖရီးဂိတ် (၂)စင်း ထပ်မံရရှိထားပါတယ်...။ တရုပ်ရေတပ်ဆီကနေလည်း ပုံစံ-၀၅၄အေ အမျိုးစား ခေတ်မှီ ဖရီးဂိတ် (၃)စင်း ဝယ်ယူမယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါသေးတယ်...။
  
စစ်ရေယာဉ် အမှတ် ၄၆၁ နှင့် ၄၆၂

 ယိုးဒယားရေတပ်အနေနှင့် ဖရီးဂိတ် စစ်ရေယာဉ်အဖြစ် မသတ်မှတ်ပင်မဲ့လို့ စွမ်းရည်ထက်မြက်တဲ့ စစ်ရေယာဉ်ကြီးအတော်များများ ပိုင်ဆိုင်ထားပါသေးတယ်...။ ယခုပိုစ့်မှာတော့ ဖရီးဂိတ်အကြောင်းဘဲဖြစ်လို့ ရေးလက်စ ကော်ဗတ်နှင့်အခြားစစ်ရေယာဉ်ကြီးတွေအကြောင်း
 ပြန်ဖြုတ်ထားလိုက်ပါတယ်...။

ယိုးဒယားရေတပ်ရဲ့ စစ်ရေယာဉ်တိုးချဲ့နေမှုဟာ ဒီလောက်နဲ့ဘဲ အတော်မသတ်နိုင်သေးဘဲ မြန်မာ့တပ်မတော်(ရေ)ရဲ့ ကိုယ်ပျောက်နည်းပညာသုံး ပြည်တွင်းထုတ် ဖရီးဂိတ်ကြီးကို တုန့်ပြန်နိုင်ဖို့ ရည်ရွှယ်ကာ တောင်ကိုးရီးယားနိုင်ငံ
 ဒေဝူသင်္ဘောဆောက်လုပ်ရေးအဖွဲ့ဆီကနေ DW 3000H လို့ သတ်မှတ်ထားတဲ့ ကိုယ်ပျောက်နည်းပညာသုံး စစ်ရေယာဉ် (၂)စီး မှာယူထားပါတယ်...။ ၁စင်းကို ယိုးဒယားဘတ် (၁၃) ဘီလီယံအထိရှိတယ်လို့ သိရပြီး စစ်ရေယာဉ် (၂)စင်းအတွက် ဘတ် (၂၆)ဘီလီယံ သုံးစွဲခဲ့တာဖြစ်ပါတယ်...။ အကြမ်းဖျင်းအားဖြင့် ကန်ဒေါ်လာ သန်းပေါင်း (၄၈၆)သန်း နီးပါး တန်ဖိုးရှိပါတယ်....။ ရေယာဉ်အနေဖြင့် မီတာ ၁၄၄ မီတာရှိကာ တန်ချိန် ၃၀၀၀-၄၀၀၀ ကြားရှိမည်လို့ သိရပါတယ်..။ အမြန်နှုန်းကိုတော့ ရေမိုင် ၂၈နှော့ ရှိမယ်လို့ဆိုထားတဲ့ အတွက် တပ်မတော်(ရေ)ရဲ့ ဖရီးဂိတ်တွေနှင့် ကွာခြားမှု သိပ်မရှိတာကို တွေ့ရပါတယ်...။

တပ်ဆင်မည့် လက်နက်စနစ်အချို့- ၇၆မမ ပင်မအမြောက်၊သင်္ဘောဖျက်ဒုံး ၈စင်း၊ ဒုံး၈ဒုံးအား ဒေါင်လိုက်ပစ်နိုင်မည့် RIM-162 ESSM ဒုံးပစ်စနစ်၊ ၂၀မမ မြန်နှုန်းမြင့်စက်အမြောက်များ၊၃၀မမ အမြောက်များ နှင့် တော်ပီဒိုများ တပ်ဆင်ထားကာ ကိုယ်ပျောက်နည်းပညာကို အသုံးပြုမယ်လို့ သတင်းများအရ သိရပါတယ်...။

ယိုးဒယားရေတပ်မှာ ဝယ်ယူထားသည့် ဖရီးဂိတ်၏ ပုံစံတူများအား တွေ့ရစဉ်


 တပ်ဆင်မည့် လက်နက်အမျိုးစား အချို့
 

အထက်ပါ ယိုးဒယားရေတပ်ရဲ့ အင်အားတိုးချဲ့ခြင်းတွေကို လေ့လာကြည့်မယ်ဆိုရင် မကြာမကြာ ပြဿနာဖြစ်ခဲ့ဘူးတဲ့ မြန်မာနိုင်ငံအတွက် သတိထားစရာတွေ အများကြီးပေါ်လာမှာဖြစ်ပါတယ်...။ ဒါကြောင့်လည်း တပ်မတော်(ရေ)အနေဖြင့် အမှန်တကယ်လိုအပ်တဲ့ ရေယာဉ်တိုးချဲ့မှုတွေကို တိုးမြင့်လုပ်ဆောင်နေရခြင်းဖြစ်ပါတယ်....။ လက်ရှိ တပ်မတော်(ရေ)မှာ ဖရီးဂိတ် ၃စင်း F11,F22 နှင့် F23 စသည်ဖြင့် ဖရီးဂိတ် စစ်ရေယာဉ် (၃)စင်း ပိုင်ဆိုင်ထားပါတယ်...။ တည်ဆောက်နေဆဲ ဖရီးဂိတ် F12 ကျန်စစ်သားအပါအဝင်ကို ဖရီးဂိတ် (၄)စင်းသာ ပိုင်ဆိုင်မှာဖြစ်ပြီး အဆင့်မြှင့်တင်ထားတဲ့ 771 နှင့် 772 ကော်ဗတ် (အပေါ့စားဖရီးဂိတ်) နှစ်စင်းရှိထားတာမို့သာ တပ်မတော်(ရေ)အတွက် ကမ်းလွန်ရေပြင် စိုးမိုးမှုမှာ အထောက်အကူပြုနေတာဖြစ်ပါတယ်...။ ၅စီးရီး အမြန်တိုက်ခိုက်ရေးယာဉ် အစီး (၂၀) အပြင် ကျန်တဲ့ စစ်ရေယာဉ်တွေကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်မှုဟာလည်း ဘင်္ဂလားလို ရေတပ်အနေဖြင့် မြန်မာ့ရေတပ်ကို ကြောက်နေရတဲ့ အချက်ဖြစ်ပြန်ပါတယ်...။

နောက်ဆုံး စိတ်ဝင်စားဖွယ်ရာ သတင်းကတော့ တပ်မတော်(ရေ)ရဲ့ ဖရီးဂိတ် စစ်ရေယာဉ်လိုအပ်ချက်ကို ဖြည့်တင်းမည့်သတင်းပဲဖြစ်ပါတယ်...။ ကြားရတဲ့ သတင်းများအရ ပြည်ပနိုင်ငံတစ်နိုင်ငံကနေ ဝယ်ယူဖြည့်တင်းဖို့များပြီး တရုပ်ရေတပ်မဟုတ်ဖို့များနေပါတယ်...။ ပြည်တွင်းထုတ် F13 ဖရီးဂိတ် သို့မဟုတ် F14 ဖရီးဂိတ်ဟာ ဆိုရင်လည်း တပ်မတော်(ရေ) အနေဖြင့် တည်ဆောက်လျက်ရှိနေပြီးဖြစ်လို့ ဘယ်လိုပုံစံမျိုးနှင့် ထွက်ပေါ်လာမလည်းဆိုတာကတော့ စစ်ရေးလေ့လာသူများအကြား အတွေးများစေတဲ့ အချက်ဘဲဖြစ်ပါတော့တယ်ခင်ဗျာ....။

အားလုံးကို လေးစားလျက်
ကိုmm

26 comments:

  1. ဒါတွေဖတ်ပြီးတော့တော်တော်စိတ်ဓာတ်ကျတယ်

    ReplyDelete
  2. ရုရှားထုတ်ဝယ်ပါ

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  3. တပ်မတော်ရေကို အဆင့်မြှင့်တင် သင့်ပါပြီ

    ReplyDelete
  4. ကျွန်တော်ကအရပ်သားတစ်ဦးပါ၊ကို mm တို့လိုပဲစစ်ရေးစစ်ရာဝါသနာပါပြီးမြန်မာ့တပ်မတော်ကိုအင်အားတောင့်တင်းစေချင်သူပါ။
    နားမလည်လို့လူပြိန်းမေးခွန်းတစ်ခုလောက်မေးပါရစေ၊
    လက်ရှိစစ်ပွဲတွေမှာလေကြောင်းအရးသာမှုဟာအရေးအကြီးဆုံးလို့တော့သိထားပါတယ်၊ထိုင်း၊ဘဂ်လားတို့ဟာလေကြောင်းရေကြောင်းကျွန်တော်တို့ထက်အင်အားသာလွန်ပေမဲ့စစ်ဖြစ်ခဲ့ရင်သူတို့ရဲ့သာလွန်တဲ့ရေကြောင်းနဲ့ထိုးဖောက်လာသည့်တိုင်ကျွန်တော်တို့ရဲ့အင်အားကြီးမားတဲံကြည်းတပ်ကသူတို့နယ်မြေထဲအထိကျွန်တော်ကအရပ်သားတစ်ဦးပါ၊ကို mm တို့လိုပဲစစ်ရေးစစ်ရာဝါသနာပါပြီးမြန်မာ့တပ်မတော်ကိုအင်အားတောင့်တင်းစေချင်သူပါ။
    နားမလည်လို့လူပြိန်းမေးခွန်းတစ်ခုလောက်မေးပါရစေ၊
    လက်ရှိစစ်ပွဲတွေမှာလေကြောင်းအရးသာမှုဟာအရေးအကြီးဆုံးလို့တော့သိထားပါတယ်၊ထိုင်း၊ဘဂ်လားတို့ဟာလေကြောင်းရေကြောင်းကျွန်တော်တို့ထက်အင်အားသာလွန်ပေမဲ့စစ်ဖြစ်ခဲ့ရင်သူတို့ရဲ့သာလွန်တဲ့ရေကြောင်းနဲ့ထိုးဖောက်လာသည့်တိုင်ကျွန်တော်တို့ရဲ့အင်အားကြီးမားတဲံကြည်းတပ်ကသူတို့နယ်မြေထဲအထိဝင်တိုက်နိုင်တာကပိုပြီးအသာစီးရမှု၊ခြိမ်းချောက်နိုင်မှုမရှိဘူးလားသိချင်ပါတယ်။ကျေးဇူးတင်ပါတယ်။

    ReplyDelete
  5. အိမ်နီးချင်းနှစ်နိုင်ငံကိုရေတပ်၊လေတပ်ယှဉ်ပြိုင်နိုင်ဖို့ဟာဒေါ်လာဘီလီယံချီကုန်ပါလိမ့်မယ်၊
    ကျွန်တော်တိုံနိုင်ငံအခြေအနေကသိတဲ့အတိုင်းပဲဒီလောက်ထိအောင်မတတ်နိုင်သေးပါဘူး။တတ်နိုင်လို့ဝယ်ဖြည့်ရင်တောင်သူတို့ကလည်းသာလွန်အောင်လိုက်ဝယ်ဖြည့်ကြအုံးမှာပါ။ကုန်ကျစရိတ်နည်းနည်းနဲ့ဗျူဟာမြောက်ခြိမ်းခြောက်ထားနိုင်မဲ့အခြားနည်းလမ်းတွေလည်းစဉ်းစားထားသင့်ပါတယ်။

    ReplyDelete
    Replies
    1. I am with you. I think our armed forces were going this way for long time. They know very well what to do. We all Myanmar also needs to understand what threat we are facing as well.

      Delete
    2. True vision of phoe sat:..we bought BTR3u then RTA ordered toBTR3eAPCs,
      we bought MBT2000 & T72s RTA ordered Ukraine's MBT O plots.
      we have 4 super galabG4trainer&light attack aircraft from former Yugoslavia , BD air forces tried to get variant type Czech made 4x L-39 . according to racing ..results ...????

      Delete
    3. Forget about buy old aircraft with outdated technologies. This is a fifth generation aircraft age. With 500 mUSD we could buy 20 MiG 29s. But 2 F-22 is enough to destroy them in a day. Quality over quantity.
      Our friendly countries, India and Japan are developing their own stealth fighters, Sukhoi PAK FA and Mitsubishi ATD-X. We can persuade them to become their partners and have a share of their super jet technology. We probably could save millions if we invest in development.

      Delete
  6. a few years ago. In Spanish laliga football, Real Madrid posses very good strikers and good coach but bad in defenseive. However, they become champion for a few years in their league and Europe. They beat all team and won. if we can make antiship missiles and cruise missile minimum 500 km range LOCALLY,does not need to be so accurated. Yes we can save a lot of money and will make them headache.
    Isreal SPENDS a lot of millium to prevent cheap rockets shoot by Palistine.

    ReplyDelete
  7. မှန်ပါတယ်။ကျွန်တော်ဆိုလိုချင်တာကိုနေလင်းအောင်ပြောသွားတာနဲ့ထပ်တူပါပဲ။
    ပထမIraq စစ်ပွဲတုန်းကလည်းဆက်ဒမ်ဟူစိန်ဟာမိုင် ၁၀၀ လောက်ထိရောက်တဲ့အမြောက်ကြီးတွေထုတ်လုပ်တပ်ဆင်ထားခဲ့ဖူးပါတယ်။အမြောက်နဲ့ပစ်ခတ်တာဟာတိကျမှုမရှိပဲအချက် ၁၀၀ လောက်ပစ်မှ ၁ ချက်လောက်ပဲမှန်နိုင်တာပါ။ပင်လယ်ထဲကသဘော်အမြောက်နဲ့ပစ်ဖို့ကြိုးစားတာကတော့ပိုပြီး
    ရူးကြောင်ကြောင်နိုင်ပါလိမ့်မယ်။ဒါပေမဲ့ကမ်းရိုးတန်းမှာဒီလိုအမြောက်ကြီးတွေတပ်ဆင်ထားမယ်ဆို
    မြန်မာ့ရေပိုင်နက်ထဲကျူးကျော်လာမဲ့စစ်သဘော်တွေအတွက်လစ်လျူရှုထားလို့မရတဲ့အဟန့်အတားတစ်ခုတော့ဖြစ်မယ်ထင်ပါတယ်။
    ထိရောက်အားကိုးလောက်တဲ့လက်နက်နဲ့နည်းလမ်းမဟုတ်ပေမဲ့
    ရန်သူစစ်သဘော်တွေအတွက်တော့အရမ်းကာရောထိုးဖောက်ကျူးကျော်မလာရဲအောင်အတန်အသင့်ခြိမ်းခြောက်ထားနိုင်မယ်ထင်ပါတယ်။ကိုနေလင်းအောင်ပြောသလိုတာလတ်သဘော်ပစ်ဒုံးကျည်တွေတပ်ဆင်ထားနိုင်ရင်အကောင်းဆုံးပါ။တရုတ်မှာလည်းအမေရိကန်
    ရေတပ်သဘော်တွေပစိဖိတ်ကိုစိုးမိုးထားတာတန်ပြန်တဲ့အနေနဲ့
    တာဝေးသဘော်ပစ်ဒုံးကျည်တွေတည်ထွင်တပ်ဆင်ထားပြီးအမေရိ
    ကန်လေယာဉ်တင်သဘော်ကြီးတွေကိုတောင်ပြန်ခြိမ်းချောက်ထားနိုင်တယ်လို့ဆိုပါတယ်။

    ReplyDelete
  8. ကို MM ရေ လေကြောင်းရန်ကာကွယ်ရေုးအတွက် ရှရုားထုတ် Pantsir-S1(SA-22)တွေဝယ်ထားသင့်တယ်လို့ ထင်တယ် ယာဉ်တင်စနစ်ဖြစ်လို့ ပါ နောက်ပြီးတော့ မြန်မာရေတပ်က
    C-602 တွေဝယ်လိုက်ပြီဆိုတာသိချင်ပါတယ် F-12 ကြီးရဲ့ အခြေအနေကိုလဲသိချင်နေပါပြီ ယိုဒယားတောင်
    အကြီးအကျယ်ဝယ်ယူဖြည့်တင်းနေတာဆိုတော့....မြန်မာကလဲ အပြင်ကနေ၀ယ်ယူမယ်လို့ ကြားမိတယ်...
    ကိုယ်နိုင်ငံထဲမှာလဲတည်ဆောက်..အပြင်ကနေလဲဝယ်မယ်ဆိုရင်တော့....၀မ်းသာစရာပဲနော်..ကမ်းရိုးတန်း
    ကာကွယ်ရေးအတွက်ဘယ်လောက်အကွာအဝေးထိပြစ်လို့ ရတဲ့ဒုံးစနစ်တွေ..လေကြောင်းရန်ကာစနစ်တွေ
    တတ်ဆင်ထားလဲပြောပြပေးလို့ ရရင်ပြောပါအုံးနော်....မြိတ်ကျွန်းစုဘက်မှာတရုတ်ကလာဆောက်ထားတဲ့
    ရေဒါစခန်းရှိတယ်လို့ ကြားမိတယ်..တရုတ်ဟာလား မြန်မာဟာလားသိချင်လို့ ပါ ..စိုးရိန်လို့ မေးတာပါတရုတ်
    ကဆိုတော့...ဇာဒတ်ကြီးကျွန်းလို့ သိရပါတယ်..ကြားမိတာပါ..မှားရင်လဲမှားနေမှာပေါ့နော်..ကြားမိတာပါ.
    ပြန်ဖြေပေးပါအုံး..ကျွန်တော်တို့ မှာလဲ အားကိုစရာ မေးစရာဆိုလို့ ကို MM တစ်ယောက်ထဲရှိတယ်..
    ကျွန်တော်တို့ အပေါ်ကိုနားလည်မူလေးတွေနဲ့ ဖြေကြားပေးပါနော်...ကျေးဇူးအနန္တပါနော်......

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ ကိုtun tun ရေ... သိထားတာတွေရှိရင် ပြောပေးပါ့မယ်...။ Pantsir-S1 မရှိပေမယ့်လို့ ကျွှန်တော်တို့ဆီမှာ Tunguska M1-2 ရှိနေပါပြီ...။ သိပ်မကွာပါဘူးခင်ဗျာ...။ C-602 ကတော့ သေချာတဲ့ သတင်းမရထားသေးပါဘူး...။ မြန်မာ့မြေပေါ်မှာ မည်သည့်နိုင်ငံခြား စစ်တပ်မှာ တပ်စွဲခွင့်မပြုထားပါဘူးခင်ဗျာ...။ ရေယာဉ်တွေအတွက် သတင်းကောင်းတွေ လာတော့မှာပါ :D

      Delete
    2. အားရတယ်ဗျာ ကိုMM လို blogger တွေ အများကြီးရှီ ရင် ရမ်းကောင်းမှာဘဲဗျာ post လေးတွေများများလတင် နိုင် ပါစေ ဗျာ

      Delete
    3. ကမ်းရိုးတန်း ကာကွယ် ရေး အတွက် မြိတ်ကျွန်းစု ဘက် တွေ မှာ အချက်အခြာ ကျတဲ့ ကျွန်း တွေ ကို ခြေလျှင် / အမြောက် က တွဲပြီး တာဝန်ယူထိန်းသိမ်း နေသလို..ရေတပ် ကလည်း .သူ့အပိုင်း နဲ့ သူ စိုးမိုး နေပါ တယ်... တရုတ် က ရေဒါ တော့ မရှိပါဘူး ..ကျွန်းစခန်း တွေ မှာ အမြောက် တပ်စု ကထိန်းသိမ်း ကိုင်တွယ် တဲ့ ရေဒါ တွေ တပ် ဆင် ပေးထား ပါတယ်..၁၉၉၈ လောက် က စမယ် ထင်ပါတယ်.. တနင်္သာရီ ကမ်း ရိုးတန်း ကို ၀င်မယ် ဆိုရင် ဒီစခန်း တွေ ကို ကျော်ဖြတ် ရမှာ ပါ. .(ဟုတ်ကဲ့..တပ်ဆင်ထားတဲ့ အမြောက် မမှီတဲ့ အကွာ က ဖြတ်သွား ကွင်းသွားရင်လည်း ရပါတယ် ) ဘာတပ်ထား သလဲ ဆို တာ မပြောတော့ပါဘူး ...ရေဒါ က သာမန် ငါးဖမ်းရေယာဉ်သုံး တွေ ပါ...အများ အား ဖြင့် ..ကျွန်းစခန်း အတွက် အသုံး မ၀င်လှ ပါဘူး...ပျက် နေတာ မပေါ်တာ ဖြစ်နေပါတယ်..ယိုးဒယား ရေပြင်နယ်စပ် ကို လည်း ရေတပ် သဘောင်္ တွေ အနည်းဆုံး ဖိုက်စီးရီး လေးစီး လောက် ထားသင့်ပါတယ်...ဧရာဝတီတိုင်း မွန် ဘက် မှာ သိပ်မလိုပါဘူး..ဘီဒီနယ်စပ် ထိုင်း ဟိုင်းကြီး နဲ့ ကိုးကိုးကျွန်း လောက် ဖြန့်ခွဲထားရင် ပိုကောင်း ပါ့မယ်...ယိုးဒယား ငါးခိုးလှေ တွေ ညစဉ် ၀င်ခိုးနေတာ ကို မတား နိုင် တာ ဆယ်စုနှစ်ကျော် နေပါပြီ ..မြန်မာ .ရေတပ် သဘောင်္ လှုပ် တာ နဲ့ ယိုးဒယား ခိုးလှေ တွေ ဆီ သတင်း ပေါက် နေပါပြီ...အဲဒီတော့ သူတို့ က အချိန်မီ ရှောင်နိုင် ပါတယ်..မြန်မာရေတပ် အရာရှိ တွေ ရဲ့ ပရိယာယ် ကောင်းမှု တွေ ကြောင့် ဖမ်းမိတာ လည်း အခါခါ ပါ.. ထောက်ပံ့ရေးရေယာဉ် တော့ ခိုး လှေ က ဂရုကို မစိုက် တာပါ..သူတို့ကြောက်တာ တာ ဖိုက်စီးရီး နဲ့7 စီးရီး တွေ ပါ.. ကျွန်းပေါ် အထိုင်တပ် က ဘာ မှ မလုပ်နိုင်ပါ..ခြေလျင် လက်နက်အကြီး အသေး တစ်ကမ်း အတွင်း ၀င်လာရင် တော့..တဗြုန်းဗြုန်းတစ်ဒိုင်းဒိုင်း ဆော် နေကြပေမယ့် မထိရောက်ပါ...ယိုးဒယာက ခိုး မြဲ ခိုးလျှက် ပါခင်ဗျာ....

      Delete
    4. အော်ပြောဖို့ကျန်သွား တယ်..ကျွန်းစခန်း က ရေဒါ တွေ က..လေကြောင်း ထောက်လှမ်း ဖို့ အတွက် မဟုတ် ဘဲ..ရေပြင် ထောက်လှမ်း ဖို့ သက်သက် သာ ဖြစ်ပါတယ်...
      လေကြောင်းရန် ကာကွယ်ရန် မပြည့်စုံပါ

      Delete
  9. သင်္ဘောဖြတ်ဒုံးတွေ တပ်ဆင်ထားသင့်တယ်
    ရန်သူတွေကိုကာကွယ်နိုင်မယ့် နည်းလမ်းက
    တိုက်ချင်းပစ်ဒုံးပျံများ ပိုင်ဆိုင်ပါက လည်းတို့၏ စစ်သင်္ဘောများကို
    အလွယ်တကူ ချေမှုန်းနိုင် မှာဖြစ်ပါတယ်

    ReplyDelete
  10. ကို MM ခင်ဗျ၊ C602 နဲ့ C802 ကွာခြားချက်လေးသိချင်ပါတယ်။
    ဟိုးတစ်လောက journal တစ်စောင်မှာမြန်မာ့ရေတပ်အရာရှိကြီး
    တစ်ဦးနဲ့ interview တစ်ခုဖတ်လိုက်ရပါတယ်။သူပြောတဲ့အထဲ
    မှာ BD Navy့  missile တွေကမိုင် ၉၀ လောက်ထိပစ်နိုင်ပြီး
    ကျွန်တော်တို့ရေတပ်သဘော်တွေက ၂၅ မိုင်လောက်ပဲပစ်နိုင်
    တယ်လို့ပါ-ပါတယ်။missile ချင်းကွာတာလား rader range
    ချင်းကွာတာလားသိပါရစေခင်ဗျ။
    ကျေးဇူးတင်ပါတယ်

    ReplyDelete
  11. ကိုMMရေအစ္စရေးက ဂါဘရီရယ်သ င်္ဘောပစ်ဒုံးတွေထုတ်သေးသလား?နိုင် ငံတကာကသ င်္ဘောပစ်ဒုံးတွေရဲ့ ကွာလတီတွေနှိုင်းယှဉ်တဲ့ဆောင်းပါးတစ်ပုဒ်လောက်တင်ပေးပါဦး။ကျေးဇူးတင် ပါတယ်ဗျာ။

    ReplyDelete
  12. ကိုmm ရေ မြန်မာ တပ်မတော်မှာ ထိပ်တန်းလျှို့ဝှက်လက်နက်တွေရှိတယ်လို့
    သိထားပါတယ် မြန်မာတပ်မတော်ထုတ်ဒုံးကျည် ရဲ့ ထိရောက်အားသိချင်ပါတယ်
    မြောက်ကိုရီးယားရဲ့နည်း ပညာနဲ့ထုတ်ထားတဲ့ဒုံးကျည်က ဘာအမျိုးအစားလည်းသိချင်ပါတယ်
    ကမ္ဘာပေါ်မှာ အလျှို့ဝှက်ဆုံးတပ်မတော်ဆိုတာမြန်မာစစ်တပ်ပါ မြန်မာနိုင် ငံဘာကြောင့် ဆင်းရဲရသလည်းဆိုရင်

    လက်နက်ဖိုးတွေနဲ့ ကုန်နေတယ်....မြန်မာနိုင် ငံ အမြန်ဆုံးနိုးထ နိုင် ပါစေ

    ReplyDelete
  13. I would like to add some of my view here. Due to our economic interests, it is vital for our country to secure our offshore gas fields and trade routes. Therefore, a strong navy is a necessity. Our recent development in stealth ship technology has surprised many other neighboring countries including our rival Bangladesh. I must say our country is on a edge in that field. And our navy is planning to build at least 6 of such class.
    Recently, there were talks about procuring submarines as well. This is a good news. However, submarines are expensive and require much capabilities to maintain which is beyond our current infrastructures. Millions of dollars are still required just to upgrade the existing docks and yards to house such submarines.
    History of war has shown us that air-superiority is the most important part in the power projection. If Myanmar is aiming to become a strong force in the region, we should first upgrade our airforce with the most modern equipment. We have MiG-29 of course. But our rivals also have MiG-29. Needlessly to mention that our neighbor, Thailand, has a much proven superior F-16s in their airforce, at least 56 of them. Compared to our 10 MiGs, we wont even stand a day with them.
    If the leaders of Tatmadaw is reading this post, i would like to suggest for a long term strategy. However we try, we would never get the best aircraft in the world unless we build ourselves. It is impossible to build our own given our own capabilities, but we can try to collaborate with our friends.
    For example, India is jointly developing Russia the fifth generation jet fighter, Sukhoi PAK FA. Japan is planning to build their own stealth fighter, Mitsubishi ATD-X for service in 2027. Japan has an enormous financial burden to develop by themselves and public opposition on military conflicts, the Japanese government might be willing to find a way to develop their planes somewhere else. This might be our oppotrunity.
    Lets think about it. Our navy is extremely vulnerable from aircraft strikes out sea beyond our powerful land-based anti-aircraft missiles. The only way to protect the navy or to make power projection beyond our boundaries are of our airforce. The current airforce is extremely weak. It is time to upgrade them to the highest level.

    ReplyDelete
  14. ကို MM ရေ MI-24နဲ့ MI-2တွေဝယ်လိုက်တယ်လို့ ကြားရတယ်ပြောပြပါအုံး ဘာသတင်းများရလဲလို့ 
    တိုက်လေယာဉ်တွေမ၀ယ်ဘူးလား SU-30တွေဝယ်မယ်လို့ ပဲကြားရတယ် သတင်းအမှန်ကဘာလဲဆိုတာ
    သိရင်ပြောပြပေးပါနော်
    SU-30 နဲ့  SU- 35 ဆို SU-35 ကပိုမကောင်းနိုင်ဘူးလားဘာကွာခြားချက်ကြောင်းလဲအားသာချက်အားနဲ
    ချက်နဲ အသုံးဝင်ပုံလေးသိရင်ရှင်းပြပေးစေချင်ပါတယ် မြန်မာတပ်မတော်အနေနဲ့ ဘာကြောင့် SU-30 ကိုစဉ်း
    စားရတာလဲဆိုတဲ့ထင်မြင်ချက်လေးများသိလို့ ရမလား ကိုMM ထင်မြင်ချက်ဆိုပိုကောင်းမယ်ထင်တယ်
    ပညာတခုရတယ်လို့ သဘောထားပါမယ် လေးစားပါတယ်ကိုMM......

    ReplyDelete
    Replies
    1. SU-30 ပြီးတော့မှ SU-35 လာတာဆိုတော့ ပိုကောင်းမာ သေချာပါတယ်.... SU-30 ကိုစဉ်းစားတယ် ဆိုတဲ့နေရာမှာ ဘတ်ဂျက်ရယ်... SU-35 ရဲ့ လက်ရှိအခြေနေတွေကအစ ထည့်သွင်း စဉ်းစားရပါမယ်...။ အခုထိလည်း ရှာရုားတောင် အစီးရေ အနည်းငယ်သာ အသုံးပြုနိုင်ပါသေးတယ်....။ ဝယ်ချင်တိုင်လည်း မရနိုင်မယ့် နည်းပညာမြှင့် တိုက်လေယာဉ်ကြီးမို့ထင်ပါတယ်...။

      Delete
    2. ကျေးဇူးပါကိုMM အဆင်ပြေရင်အသစ်တွေတင်ပေးပါအုံးနော်........

      Delete
  15. ကိုMM ရေ ဖြစ် နိုင် ရင် ရေ တပ် အ တွက် သ င်္ဘော အ ကြောင်း လေး တွေ ပို သိ ချင် ပါ တယ် မြန် မာ နိုင် ငံ ရဲ့ ပင် လယ် ပြင် ပိုင် နက် က ကြီး တော့ ရေ တပ် က မ ဖြစ် မ နေ အ ရေး ပါ လို့ ပါ

    ReplyDelete
  16. လက်နက်တပ်ဆင်လို့ ကုန်ပါစေ
    အခွန် တိုးကောက်ပါ ကျေကျေနပ်နပ်ပေးပါ့မယ်
    ank

    ReplyDelete