Friday, November 22, 2013

တီ-၉၀ပင်မတိုက်ပွဲဝင်တင့်ကား (သို့) တင့်ကားပျံများအကြောင်း

(ရုရှားတပ်မတော်သုံး တီ-၉၀ ပင်မတိုက်ပွဲဝင်တင့်ကားများ အကြောင်းအား ပြည့်ပြည့်စုံစုံ ရေးသား၍ ကျွှန်တော်တို့ဆိုက်တွင် အသုံးပြုခွင့်ပေးတဲ့ ကျွှန်တော့်အစ်ကိုကြီးကို ကျွှန်တော် ကိုmm ကဘဲ ဒီကနေ ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ..)
 
Flying tank လို့ဆိုလိုက်ရင် ဝါသနာပါသူများနဲ့ အင်တာနက်သရဲများ တော်တော်များများ မျက်စိထဲမှာ ကုန်းဂမူအတက်ကို အရှိန်နဲ့မောင်းတက်လိုက်လို့ လေထဲမှာရှိနေချိန် ပစ်မှန်ကို ပစ်ပြလေ့ရှိတဲ့ မျက်လုံးနီနီ၂လုံး နဲ့ ရုရှားလုပ် T-90 ဆိုတဲ့ တင့်ကားကို ပြေးမြင်ကြမှာ မလွဲပါဘူး။ ရုရှားတင့်တို့ ထုံးစံအတိုင်း သေးသေးပြားပြား၊ ပေါ့ပေါ့ပါးပါးမှာ ERA လို့ခေါ်တဲ့ အကူသံချပ်ကာတွေကိုတပ်ဆင်ထားပြီး အမျိုးစုံ စတန့်ပြတတ်တာဟာ အခြားဥရောပနဲ့ အမေရိကန်တင့်တွေလို ကြောက်စရာထုထည်နဲ့ သံယန္တရားကြီး တစ်ခုနဲ့မတူပဲ လက်နှက်အပြည့်စုံ၊ ချပ်ဝတ်တန်းဆာ အပြည့်အစုံဆင်ထားတဲ့ စက်ရုပ်စစ်သည်ကြီးနဲ့ ပိုတူပါတယ်။ ဒါ့အပြင် ဘယ်သူနဲ့မှမတူပဲ မီးလုံးနီနီကြီး၂လုံးပါတပ်ဆင်ထားတာမို့ ကျွဲရိုင်းကြီးလို၊ ကျားသစ်ကြီးလို ခံစားမြင်တွေ့ရမှာပါ။ တတိယမျိုးဆက် တင့်ကားတွေထဲမှာ လူကြိုက်အများဆုံး၊ ဝယ်လိုအား အများဆုံး၊ မောင်းနှင်ရအလွယ်ကူဆုံး၊ နည်းပညာအဆင့်အမြင့်ဆုံး ရုရှားထုတ် T-90 ဖြစ်ပါတယ်။

ရုရှားအကြီးစား လက်နှက်ထုတ်လုပ်ရေး ကုမ္ဗနီ Uralvagonzavod က သူ့ရဲ့ T72 တွေကို အဆင့်မြင့်ရင်းနဲ့ ၁၉၉၃ခုနှစ်မှာ T-90 ကို မွေးဖွားပေးခဲ့တာဖြစ်ပါတယ်။ T72 နဲ့အရွယ်အစား မတိမ်းမယိမ်းမှာ တည်ဆောက်တဲ့ သထ္ထုစပ်၊ အမြောက် ကအစ အားလုံးအဆင့်မြင့်ခဲ့ပြီး၊ မပြောင်းလဲတာဆိုလို့ T72ရဲ့ ဒီဇိုင်းဖြစ်ပြီး သိပ်ကိုထင်ရှားစေတာက မျက်လုံးနီများဖြစ်ပါတယ်။

လက်နှက်ကုမ္ဗနီများကတော့ T-90 ဟာအခြား တင့်များနဲ့မတူ အဆင့်၃ဆင့်နဲ့ ကာကွယ်နိုင်တယ်ဆိုပါတယ်။ အတွင်းကျဆုံး ကာကွယ်စည်းကတော့ ပလက်စတစ်၊ အလူမီနီယမ်၊ စတီးအပါအဝင် အခြား သထ္ထုများနဲ့ အလွှာအဆင့်ဆင့် ပေါင်းစပ်ပြုလုပ်ထားတဲ့ သံချပ်ကာဖြစ်ပါတယ်။
ဒုတိယအဆင့် ကာကွယ်စည်းကတော့ သံချပ်ကာပေါ်မှာ ထပ်ပိုးတပ်ဆင်ထားတဲ့ Kontakt-5 explosive reactive armor လို့ခေါ်တဲ့ သံချပ်ကာ အကူစနစ်ပါ။ ဒီအလွှာ၂ခုပေါင်းဟာ NBC လို့ခေါ်တဲ့ နူးကလိယျ ဓါတ်ရောင်ခြည်ဒဏ်၊ ဓါတု ဇီဝ လက်နှက်တွေရဲ့ ဒဏ်ကိုခံနိုင်အောင် ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။
Kontakt-5 ERA သံချပ်ကာ အကူစနစ်


တတိယ ကာကွယ်စည်းကတော့ တင့်ဖျက်လက်နှက်များရဲ့ အဓိကအကျဆုံး လမ်းညွှန်စနစ်ဖြစ်တဲ့ လေဆာစနစ်ကို တန်ပြန်တဲ့ စနစ်ပါ။ Shtora-1 လို့ခေါ်တဲ့ သည်စနစ်မှာ တင့်ကားဘေး၂ဘက်မှာ တပ်ဆင်ထားတဲ့ မီးခိုးမှိုင်းကာနဲ့ ရေဒီယိုလျပ်စစ်မီးကျည်တွေ ပစ်နိုင်တဲ့ ဗုံးပစ်လောင်ခြာတွေ၊ တင့်ကားအပေါ်က လေဆာအာရုံခံကိရိယာ၎ခုနဲ့ တင့်ကားရှေ့မှာ တပ်ဆင်ထားတဲ့ ရောင်ခြည်မီးလုံးကြီး၂ခုတို့ ပါဝင်ပါတယ်။ ပထမ သည်ရောင်ခြည် မီးနီကြီး၂ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့ ညကြည့်၊ အပူကြည့်၊ လေဆာသုံး ဘယ်ပစ္စည်းမဆို မျက်မြင်မျက်စိအပါအဝင် နှောက်ယှက်ဟန့်တားလိုက်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဘေးနံ၂ခုနဲ့ နောက်ကနေ ပစ်ခတ်မယ့် လေဆာလမ်းညွန်စနစ်သုံး ဘယ်စနစ်ကမဆို လမ်းညွန် လေဆာရောင်ခြည်ဟာ တင့်ကားကို လာထိတာနဲ့ အာရုံခံကိရိယာ၎ခုက တစ်စက္ကန့်ရဲ့ ၇ပုံတစ်ပုံအတွင်းမှာ တင့်အတွင်းကို သတင်းပို့ အချက်ပေးမှာဖြစ်ပါတယ်။ ချက်ချင်းပဲ မျက်လုံးနီ၂လုံးဟာ အဲသည် လေဆာလာရာဘက်ကို လှည့်နိုင်မှာ ဖြစ်သလို၊ တစ်ခုထက်များတဲ့ လက်နှက်တွေနဲ့ ရင်ဆိုင်ရပြီဆိုရင်လဲ မီးခိုးမှိုင်းကာချဖို့နဲ့ လမ်းလွှဲမီးကျည်တွေ ပစ်ခွဲဖို့ကို အလိုလျောက် ဆောင်ရွက်မှာဖြစ်ပါတယ်။

Shtora-1 ရောင်ခြည်မီးလုံးစနစ်
 ဒါ့အပြင် Nakidka camouflage လို့ခေါ်တဲ့ ရေဒါလှိုင်းစုပ်ယူနိုင်တဲ့ အပူငွေ့ကို ဖျောက်ပေးနိုင်တဲ့ မိုးကာလို အစမျိုးကိုလဲ တပ်ဆင်ထားနိုင်ပါသေးတယ်။ ဒါကတော့ ဝေဟင်နဲ့ တာဝေးပစ် တိကျချေမှုန်းပစ်ခတ်မယ့် စနစ်တွေကို ကာကွယ်ဖို့ပါ။ ရေဒါစုပ်တဲ့ သုတ်ဆေးတွေနဲ့လဲ အစားထိုးနိုင်ပါသေးတယ်။ ဒါ့အပြင် T90 မှာတပ်ဆင်ဖို့အတွက် EMT-7 လို့ခေါ်တဲ့ လျပ်စီးလှိုင်းဖျက် စနစ် electromagnetic pulse (EMP) ကိုလဲ စမ်းသပ်တပ်ဆင်ခဲ့ပါသေးတယ်။ ရန်သူရဲ့ ဂျိုလ်တုလမ်းညွန်စနစ်သုံး ပစ်မှတ်လမ်းညွှန်စနစ်တွေကို အကြောင်ရိုက်ဖို့၊ ရန်သူ့ဆက်သွယ်ရေးစနစ်တွေ ရေဒါတွေကို ဖိဖျက်ထားဖို့၊ တင့်ဖျက်မိုင်းတွေကို တင့်ကားမလာခင် ကြိုကွဲအောင် ဆောင်ရွက်နိုင်တယ်ဆိုပါတယ်။ 

Nakidka camouflage အုပ်ထားသည့် T-90MS တင့်ကား
 ဒါ့ကြောင့် T-90 ဟာ လေဆာလမ်းညွှန်ကို အားထားရတဲ့ တင့်ဖျက်လက်နှက်တွေ ဒုံးကျည်တွေနဲ့ ကိုင်နက်တစ်စွမ်းအင်ကို သုံးထားတဲ့ ဖေါက်ထွှင်းသံချပ်ကာဖျက် လက်နှက်တွေနဲ့တော့ ဘယ်လိုမှ ဟန့်တားလို့ မရနိုင်တဲ့တင့်ကားလို့ ဆိုကြပါတယ်။ ဒါ့ပေမယ့် တိုက်ရိုက်ပစ် တင့်ဖျက်လက်နှက်များနဲ့ RPG များရဲ့ ရန်ကတော့ ရှိနေပါသေးတယ်။ ERA+T72 တွေရဲ့ စစ်မြေပြင်အတွေ့အကြုံတွေကနေ အဆင့်မြင့်ထားတဲ့ ERA စနစ်သစ်နဲ့ သံချပ်ကာအသစ်ကို သုံးထားတာကြောင့် စမ်းသပ်ချက်မှာ RPG အမျိုးမျိုး အချက် ၂၀ကျော်ထိ ခံနိုင်တယ်ဆိုခဲ့ပြီး၊ ၁၀ချက်ကျော်ထိ ခံနိုင်တယ်လို့ ကြော်ငြာထဲမှာ ဆိုထားပါတယ်။

တီ-၉၀ ပင်မတိုက်ပွဲဝင်တင့်ကား အသုံးပြုသည့်နိုင်ငံများ
 သူ့မှာတပ်ဆင်ထားတဲ့ အင်ဂျင်ကတော့ ဒီဇယ်သုံး မြင်းကောင်ရေ၁၀၀၀ အားရှိတဲ့ အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ စွမ်းအင်နှိမ့်ထားရင် မြင်းကောင်ရေ ၈၄၀ ရှိပြီး၊ အဆင့်မြင့်စနစ်မှာ ၁၂၀၀ ကျော်ရှိမှာဖြစ်ပါတယ်။ လမ်းပေါ်မှာ တစ်နာရီ ၆၀ကီလိုမီတာနုန်းမောင်းနိုင်ပြီး လမ်းမရှိတဲ့နေရာမှာ တစ်နာရီ ၄၅ကီလိုမီတာ နုန်းမောင်းနိုင်မှာဖြစ်ပါတယ်။ ၄၅ဒီကရီ ကုန်းစောင်းတက်ခြင်း၊ အရှိန်နဲ့မောင်းလာရင်း လေးပေအမြင့်ကနေ ပြုတ်ကျတဲ့ဒဏ်ခံခြင်း၊ ရေအနက်၁၅ပေကျော်ကို
 ဖြတ်ကျော်နိုင်ခြင်း အပြင် ပြားပြားပါးပါးဒီဇိုင်းကြောင့် ဘယ်ညာအနိမ့်အမြင့်မညီတဲ့ လမ်းတွေမှာတောင် ဟန်ချက်ထိန်းညှိနိုင်တာလဲ ယခင် T72 ရဲ့ အမွေကို ဆက်လက်ထိမ်းသိမ်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် T55 လို စနစ်ဟောင်းကို မောင်းနှင်ဘူးတဲ့ သူဟာ T90ကို ၅မိနစ်လောက် လေ့လာပြီးရင် မောင်းနှင်နိုင်ပြီလို့ ဆိုလောက်အောင် စနစ်တွေက ရိုးရှင်းတယ်လို့ဆိုပါတယ်။ တင့်အဖွဲ့သား ၃ယောက်နဲ့ မောင်းနိုင်နိုင်မှာဖြစ်ပါတယ်။

မြန်မာ့တပ်မတော်ရှိ T-72S ပင်မတိုက်ပွဲဝင်တင့်ကားများ

ပင်မလက်နှက်ကတော့ T72 တုန်းကတည်းက ပွဲခံခဲ့တဲ့ ၁၂၅မမ ပြောင်းချော အမြောက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆုံလည်စနစ်ကို အဆင့်မြင့်တင်ထားပါတယ်။ သံချက်ကာထွှင်းကျည်တွေ၊ ခွင်းကျည်တွေ၊ တင့်ဖျက်တွေ ပစ်ခတ်နိုင်သလို၊ တင့်ဖျက် ဒုံးကျည်တွေကိုလဲ ဒီအမြောက်ထဲကနေ ပစ်ခတ်နိုင်ပါတယ်။ လေဆာလမ်းညွှန်တွေအပြင် အပူရှာစနစ် ဒုံးလိမ္မာအငယ်စားတွေကိုပါ ၆ကီလိုမီတာလောက်အထိ ပစ်ခတ်နိုင်ပြီး အဝေးဆုံးအကွာဝေးထိ ၁၇စက္ကန့်အတွင်းမှာ ရောက်အောင် ပစ်နိုင်ပါတယ်။ ဒါ့အပြင် မောင်းနှင်နေစဉ်မှာပင် ရွေ့လျားပစ်မှတ်တွေကို မလွဲအောင်ပစ်ခတ်နိုင်ပြီး ဒုံးလိမ္မာတွေကို ၄ကီလိုမီတာအထက် ပစ်နိုင်တဲ့အတွက် တင့်ကားတွေသာမက ရဟတ်ယာဉ်တွေကိုပါ ချိန်းခြောက်ထားနိုင်ပါတယ်။
တင့်ကားပျံများဟု ဂုဏ်ပြုထားကြသည့် တီ-၉၀ တင့်ကားတစ်စီး
 ကျည်စုစုပေါင်း ၄၅တောင့်သယ်နိုင်ပြီး၊ အလျိုလျောက်ကျည်ထိုး စနစ်ထဲမှာ ၂၂တောင့် ထည့်ထားနိုင်ပါတယ်။ ၅-၇စက္ကန့်အတွင်းမှာ အလိုလျောက် ကျည်ထိုးပေးမယ့် စနစ်လဲဖြစ်ပါတယ်။ ဒါ့အပြင် လေဆာစနစ်သုံး ပစ်မှာရှာစနစ်၊ အကွာဝေးတိုင်းတာစနစ်တွေသာမက ဒုံးလမ်းညွှန်စနစ်တွေ၊ အပူရှာစနစ်သုံး ပစ်မှတ်ရှာစနစ်တွေကို မီတာ ၈ထောင်လောက်အထိ ထိထိရောက်ရောက် အသုံးချနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် GPS စနစ်သုံး စနစ်တွေနဲ့ အဆင့်မြင့် ဆက်သွယ်ရေးစနစ်တွေ တပ်ဆင်ထားပြီး ပေါင်းစပ်ညှိနိုင်း တိုက်ပွဲဝင်နိုင်ရေးကို အထူးအရေးပေး ဆောင်ရွက်ထားတာလဲ ဖြစ်ပါတယ်။ နေ့ရောညပါ တိတိကျက ရှာဖွေပစ်ခတ်နိုင်အောင် မွှမ်းမံပြင်ဆင်ထားတဲ့ စနစ်တွေ တပ်ဆင်ထားပါတယ်။
တီ-၉၀အမ်အက်စ် ပင်မတိုက်ပွဲဝင်တင့်ကား
 ဒါ့အပြင် တစ်မိနစ်ကို အတောင့် ၈၀၀နုန်းနဲ့ ၂ကီလိုမီတာလောက်ထိ တင့်ကားတွင်းကနေ ထိန်းချုပ်စနစ်နဲ့ပစ်ခတ်နိုင်တဲ့ ၁၂.၇မမ လေယာဉ်ပစ် စက်သေနှတ်ကြီးကို တပ်ဆင်ထားပါတယ်။ ၇.၆၂မမ စက်သေနှတ်ငယ်ကိုလဲ တင့်ကားအတွင်းကနေ ပစ်ခတ်နိုင်အောင် တပ်ဆင်ထားပါတယ်။
T90 ပင်မအမျိုးစားတွေကို T90E အနေနဲ့ ပြည်ပဈေးကွက်သို့ ရောင်းချခဲ့ပြီး၊ ရုရှားတပ်မတော်သုံး အဆင့်မြင့် တွေကိုတော့ T90A အဖြစ်သတ်မှတ်ပြီး အင်ဂျင်ပါဝါအနည်းငယ်နဲ့ လေဆာစနစ်များ အကွာအဝေးလျော့ချကာ T90S အဖြစ် ရောင်းချခဲ့ပါတယ်။ T90M နဲ့ T90MS များကို စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး ပိုမိုအဆင့်မြင့်တဲ့ လေယာဉ်ပစ်စက်သေနှတ် စနစ်၊ ဂျမ်ဘာစနစ်များနဲ့ ဂြိုတုလမ်းညွန် စစ်ဆင်ရေး စနစ်များနဲ့ ဆင်နွဲနိုင်အောင် တည်ဆောက်ထားပါတယ်။
T90 တစ်စီးကို အမေရိကန်ဒေါ်လာ၂.၅ကနေ ၄.၂ သန်းကြား ကျသင့်တာမို့ T72တန်ဖိုးထက် ၂ဆရှိပါတယ်။ သို့သော်လည်း T72 တွေကို အဆင့်မြင့်ရင်လဲ ၁သန်းကျော်ကျသင့်ပါတယ်။ ယူကရိန်းလုပ် T84 တွေဟာ ၃.၅သန်းကနေ ၄သန်းကြား ကျသင့်နေတာမို့ ဈေးနုန်းမြင့်မားတယ်လို့ ပြောလို့မရနိုင်ပါဘူး။

ရုရှားတပ်မတော်၏ တီ-၉၀ ပင်မတိုက်ပွဲဝင်တင့်ကား
 T90 တွေကို အိန္ဒိယနဲ့ ရုရှားနိုင်ငံက အများအပြားအသုံးပြုနေပြီး၊ အယ်လ်ဂျီးရီယားနိုင်ငံက ၃၀၀ကျော်၊ အဇာဘိုင်ဂျန်က ၁၀၀နီးပါး၊ ယူဂန်ဒါက ၃၀ကျော်နဲ့ ပီရူးက ၁၀၀ကျော် ဝယ်ယူအသုံးပြုနေပြီး အစင်းရေ ၁၆၀၀ကျော် ထုတ်လုပ်ရောင်းချထားရတယ်ဆိုပါတယ်။ လက်နှက်ပြပွဲတိုင်းမှာ လူစိတ်ဝင်စားမှု အများဆုံးဖြစ်တာမို့ T90 ရဲ့ လေထဲကို ခုန်တက်လာပြီး အမြောက်ပစ်ပြတဲ့ ပြကွက်ကို မဖြစ်မနေပြသနေရပါတယ်။ စတိုင်လဲကျ၊ အဆင့်လဲမြင့်၊ ကြောက်စရာလဲကောင်း၊ ဈေးလဲမဆိုးလှတဲ့ နားမည်ကြီး T-90 တင့်အကြောင်းဖြစ်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ။

6 comments:

  1. ဝယ်စေချင်လိုက်တာကွာ မြန်မာနိုင်ငံမှာရှိသင့်တယ်လို့ထင်တယ်

    ReplyDelete
  2. မြန်မာ့လက်နက်ငယ်များအကြောင်း ခေါင်းစဉ်ခွဲလေး လိုနေပါသည်။

    ReplyDelete
  3. ကောင်းပါတယ် T90ဆိုတာWORLD TOP TANKပါ

    ReplyDelete
  4. အမေ၇ိကန်လုပ် abramတင့် အကြောင်းလဲ သိချင်ပါတယ်တင်ပေးပါခင်ဗျာ

    ReplyDelete
  5. Look like a robot.Grate Technology. I'm afrait to think for future war & neuclear energy.

    ReplyDelete
  6. မြန်မာကလည်းဝယ်သင့်ပါတယ် ၁၀စီးပဲရရ အစီး၂၀ပဲရရ၀ယ်ယူသင့်ပါတယ်နော်ဒီထက်များများဝယ်ယူ
    နိုင်ရင်ပိုကောင်းပါတယ်

    ReplyDelete