Friday, November 8, 2013

တိုက်ခိုက်ရေးအတွက် Mi-28NE ရဟတ်ယာဉ်များ လိုအပ်လာမည်လော

ဒီနေ့ ထုံးစံအတိုင်း ဒေသတွင်းနိုင်ငံတွေရဲ့ တပ်မတော်တွေအကြောင်းလေ့လာရင်း စိတ်ဝင်စားဖွယ်ရာလေးတွေ တွေ့လို့ ပြန်လည်ဝေမျှပေးပါရစေခင်ဗျာ...။ အရင်က သိပ်သတိမထားမိတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအကြောင်းပါ...။

အပေါ်က ခေါင်းစဉ်ကို ဖြေရမယ်ဆိုရင်တော့... ဟုတ်ကဲ့လိုအပ်ပါတယ်လို့ ကျွှန်တော်ဖြေမိမှာပါ..။ အကြောင်းကတော့....
မြန်မာ့တပ်မတော်(လေ) အနေနှင့် ရုရှားတပ်မတော်ရဲ့ နာမည်ကျော် အမ်အိုင်-၃၅ပီ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ အသုံးပြုနေတယ်ဆိုတာ အားလုံးလည်း သိပြီးဖြစ်ပါတယ်...။ ဒေသတွင်း(အာဆီယံ)မှာဆိုရင်တော့ ဗီယက်နမ်၊အင်ဒိုနီးရှား၊သီရိလင်္ကာနှင့် မြန်မာတပ်မတော်(လေ) စသည်ဖြင့် အမ်အိုင်-၃၅ စီးရီးတွေကို အသုံးပြုနေကြတာတွေ့ရပါတယ်...။ ပြီးတော့ ယိုးဒယားအနေဖြင့် AH-1 Cobra ၊ မလေးရှားအနေဖြင့် T129 (စိတ်ဝင်စားမှုရှိနေ ဝယ်ယူခြင်းမရှိသေး) နှင့် စင်ကာပူ အနေဖြင့် Apache တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို အသုံးပြုကြပါတယ်...။ ကျွှန်တော်တို့ သတိထားမိတဲ့ ဘင်္ဂလားကတော့ Mi-171Sh တွေကို တိုက်ခိုက်ရေးအနေဖြင့် သုံးပါတယ်...။ ကျန်တဲ့နိုင်ငံတွေကတော့ တိုက်ခိုက်ရေးရဟတ်ယာဉ်လို့ သီးသန့်အသုံးပြုတာမရှိသလောက်ပါဘဲ...။
အမ်အိုင်-၃၅ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေဟာ ရုရှားရဲ့ ပြည်တွင်းသုံး အမ်အိုင်-၂၄ ရဟတ်ယာဉ်များရဲ့ ပြည်ပတင်ပို့တဲ့ ရဟတ်ယာဉ်အမျိုးအစားမျာဖြစ်ပြီးတော့ ဆိုဗီယက်ကာလတိုက်ပွဲများကတည်းက အသုံးပြုခဲ့ဘူးပြီးဖြစ်လို့ အားနည်းချက်များကို အဆင့်ဆင့်မွှမ်းမံထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် အခုချိန်မှာတော့ တကယ်ကိုထိရောက်တဲ့ စွမ်းဆောင်ရည်တွေပိုင်ဆိုင်ထားကြပါတယ်...။ ရဟတ်ယာဉ်များရဲ့ အဓိကရန်သူလို့ခေါ်နိုင်တဲ့ ပုခုံးထမ်း တာတိုပစ်ဒုံးများဟာ အပူလိုင်းကိုလိုက်ပြီး ပစ်ခတ်ရတာများလို့ ထိုအချက်ကို ကာကွယ်ဖို့လည်း တပ်မတော်(လေ)ရှိ အမ်အိုင်-၃၅ပီ တိုက်ခိုက်ရေးရဟတ်ယာဉ်များမှ လိုအပ်တဲ့ကိရိယာတွေ တပ်ဆင်ထားတာကို ပုံများဖြင့် တင်ပြဘူးပေးခဲ့ပြီးဖြစ်ပါတယ်...။

ကျွှန်တော်တစ်ယောက်တည်းရဲ့ အမြင်အရပြောရမယ်ဆိုရင်တော့ အမ်အိုင်-၃၅ပီများဟာ သီးသန့်တိုက်ခိုက်ရေးရဟတ်ယာဉ်များမဟုတ်ဘဲ စစ်သည်များကို တင်ဆောင်၍ စစ်လှုပ်ရှားနိုင်ရန် တီထွင်ထားခြင်းဖြစ်တဲ့အတွက် သီးသန့်တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်မျိုးကို တပ်မတော်(လေ)မှာ ပိုင်ဆိုင်စေချင်တဲ့ ဆန္ဒာဖြစ်မိပါတယ်...။ ဆိုလိုတာကတော့ ယိုးဒယားနှင့်စင်ကာပူလေတပ်ရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်များလိုဖြစ်စေချင်ပါတယ်...။

Mi-28NE တိုက်ခိုက်ရေးရဟတ်ယာဉ်
 ခေတ်မှီတိုက်ခိုက်ရေး ရဟတ်ယာဉ်များ နှိုင်းယှဉ်ဖော်ပြမှု
ဒါကြောင့်လည်း တပ်မတော်(လေ)အနေဖြင့် ဖြစ်နိုင်ချေအရှိဆုံးနှင့် အသင့်တော်ဆုံးဖြစ်မယ် တိုက်ခိုက်ရေး သီးသန့် ရဟတ်ယာဉ်တစ်မျိုးကို လိုအပ်လာခဲ့မယ်ဆိုရင် ကျွှန်တော်တို့နိုင်ငံရဲ့ ရွေးချယ်မှုဟာ ရုရှားတပ်မတော်ရဲ့ Mi-28 စီးရီးထဲက အကောင်းဆုံးဖြစ်တဲ့ Mi-28NE တိုက်ခိုက်ရေးရဟတ်ယာဉ်များ ဖြစ်စေချင်မိပါတယ်..။

Mi-28NE (Night Hunter) တိုက်ခိုက်ရေးရဟတ်ယာဉ်များကို တင့်၊သံချပ်ကာယာဉ်နှင့် အကာကွယ်ပြုထားသည့် ရန်သူ့နေရာများ ကို ရှာဖွေချေမှုန်းရန်အတွက် အထူးတည်ဆောက်ထားခြင်းဘဲဖြစ်ပါတယ်...။ ရန်သူ့ ရေယာဉ်များနှင့် အသေးစားတိုက်ခိုက်ရေး ရေယာဉ်များအပြင် မြန်နှုန်းနည်း၍ အနိမ့်ပျံလေယာဉ်များကိုပင် တိုက်ခိုက်နိုင်စွမ်းရှိပါတယ်..။ ထို့အပြင် ညအချိန်ပျံသန်းမှုမျိုးကိုလည်း Auto-Pilot ထားပြီး ထိန်းချုပ်ပျံသန်းနိုင်စွမ်းရှိကြပါတယ်...။

လက်နက်စနစ်ပိုင်းမှာကလည်း အားရစရာကောင်းလှပါတယ်...။ ဝေဟင်မှမြေပြင်ပစ် ဒုံးများ၊ ဝေဟင်မှဝေဟင်ပစ်ဒုံးများကိုလည်း တပ်ဆင်ထားနိုင်ပါတယ်...။ ဒါ့အပြင် ၃၀မမ စက်အမြောက်ကိုတပ်ဆင်ထားပြီး S-8 နှင့် S-13 တို့ ကဲ့သို့သော လက်နက်စနစ်များကိုလည်း တပ်ဆင်ထားနိုင်ပါတယ်...။ တပ်ဆင်ထားတဲ့ ရေဒါစနစ်များဟာလည်း ကောင်းမွန်လှပြီးတော့ သာမန်တိုက်ခိုက်ရေးတစ်စင်းမှာ မပါတဲ့ ခေတ်မှီလက်နက်စနစ်တွေကို အထူးထည့်သွင်းထားတာဖြစ်လို့ တကယ့်ကိုအစွမ်းထက်မယ့် ရဟတ်ယာဉ်တစ်မျိုးဆိုတာ ငြင်းစရာမရှိလောက်အောင်ပဲဖြစ်ပါတယ်...။

အသေးစိတ်အချက်လက်များကို ပုံမှာပြထားပါတယ်..

ပုံပါအချက်လက်များကို ကြည့်ချင်းအားဖြင့် တပ်မတော်(လေ)အနေဖြင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များကို ဝယ်ယူဖြည့်တင်းဖို့ ရှိလာခဲ့မယ်ဆိုရင် Mi-28NE ရဟတ်ယာဉ်သည်သာလျှင် လေတပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် မျိုးဆက်သစ်အဖြစ် မြင်တွေ့နိုင်ဖွယ်ရှိပါတယ်...။ တကယ်လို့ ကျွှန်တော့် စိတ်ကူးအတိုင်းသာ Mi-28NE တွေ အမှန်တကယ်ရောက်လာခဲ့မယ်ဆိုရင်တော့ အာဆီယံနိုင်ငံများအကြားမှာ တပ်မတော်(လေ)ဟာ အကောင်းဆုံးတိုက်ခိုက်ရေး ရဟတ်ယာဉ်ပိုင်ဆိုင်တဲ့ လေတပ်ကြီးတစ်ခုဖြစ်လာမှာဖြစ်ပါတယ်...။

7 comments:

  1. I would like you write article abt how could Myanmar Army which mainly consist of majority Burman to be well integrated with our minorities and become a highly advanced army ?

    ReplyDelete
  2. ရဟတ်ယာဉ်တွေကကြည်းရေလေကိုလိုသလိုပံပိုးတိုက်ခိုက်လို.ရလိုစွယ်စုံလို.တောင်ပြောလို.ရတယ်။မြန်မာနိုင်ငံကတောတောင်ထူထပ်တာရယ်မြစ်ချောင်းပေါများတဲ.ဘက်တွေမှာဆို ပိုအသုံးဝင်တယ် ပို.ဆောာာင်ေ၇း မှာလည်းသုံးလို.ရတယ် ကိုယ်တိုင်ထုပ်လုပ်နိုင်ရင်ကုန်ကျစရိပ်မများဘဲ အထူးအသုံးဝင်နိုင်ပါတယ်



    ReplyDelete
  3. Myanmar army is and has always been made up of all the ethnicity of this land. History is my witness. But majority has always been Bamars coz Bamars make up more than 65% of the entire population and until that proportion changes I don't think it will change. But in recent decades, with the military rule of the country and decreasing popularity of the armed forces among the entire people most minor ethnicity groups that chose to take up arms to struggle for liberation of their various territories( instead of staying united against the evil military junta) have caused the army to be cautious when taking in recruits from ethnic minorities. This is a very serious problem and I am sure it needs a proper solution. There should only be ONE union army in the new democratic Myanmar and that army should be made up all the ethnicity of the Union regardless of race, religion or political believe. That army should also be solely responsible for the defense of the nation. There should also be no divisions or regiments formed according to ethnicity lines but all divisions, regiments or battalions should be formed in random fashion with no predetermined limitations along ethnicity lines as well. We should also try to promote the image of the army in the minority areas and to increase the number of officers from minority races. Having multiple armed groups all over the places only complicate matters and that should be abolished as soon as trust is built.

    ReplyDelete
    Replies
    1. We should buy American Boeing Longbow Apache and American Cobra Attacking Helicopter that have in Thailand.I don't want our government to buy Russia Weapons.We should also buy light attacking helicopter that can also carry a little soldier especially special forces in special operation that use in US ARMY.American choppers are light and useful.

      Delete
  4. Mi 28 တွေနဲ့ Ka 50/52 တွေကစွမ်းဆောင် ရည်နဲ့ဈေးနှုန်းသိပ်မကွာလောက်ဘူးထင် ပါတယ်။အ နောက်နိုင် ငံထုတ်တွေ ဝယ်ခွင့်မရခင် ထိတော့ ရုရှားထုတ်တွေအဓိက ထားရမှာပဲ။တရုတ်ထုတ်တွေထက်တော့သာပါတယ်။တရုတ် ရဲ့ Z စီးရီးရဟတ်ယာဉ်တွေဝယ်မှာပဲစိုးတယ်။ကို mm ခန့်မှန်းတဲ့အတိုင်းသာဝယ်ဖြစ် ရင် လေတပ်က တော့အားရစရာကြီးဗျာ။

    ReplyDelete
  5. ဟုတ်ပါတယ်။တစ်၇က်စုတ်တဲ့ တ၇ုတ်စက်တွေတော့ မ၀ယ်စေချင်ပါဘူး

    ReplyDelete
  6. ဒီဇိုင်းအနေနဲ့တော့MI28ထက်Ka50/52
    ကိုပိုကြိုက်တယ်အဆင်ချောပြီးအမြင်ရှင်း
    တယ်

    ReplyDelete