Thursday, March 6, 2014

မြန်မာ့တပ်မတော်၏ ၂၀၁၄စိန်ခေါ်သံ

ဆောင်းပါးရှင် ကိုSky Hunter ၏ " မြန်မာ့တပ်မတော်၏ ၂၀၁၄စိန်ခေါ်သံ " ဆောင်းပါးအား မိတ်ဆွေတို့အတွက် ပြန်လည်တင်ပြပေးလိုက်ပါသည်....။ တိကျသော အချက်လက်များဖြင့် တင်ပြထားခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးစွမ်းရည်များကို ဂုဏ်ယူဖွယ် တွေ့ရနိုင်ပါသည်။


မြန်မာ့တပ်မတော် ကြည်း/လေ/အမြောက်/သံချပ်ကာ/လေကြောင်းရန် ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း (အနော်ရထာ)ကို ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် မိထီလာမြို့နယ် မုန်တိုင်လွင်ပြင် ဒေသတွင် လေ့ကျင့်ဆောင်ရွက်ခဲ့သည်။ထိုပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောက်လှိုင် လက်ထက်တွင် လေ့ကျင့်ပြုလုပ်သော ဒုတိယမြောက် ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းဖြစ်သည်။၂၀၁၁ခုနှစ်က ကြည်း/အမြောက်/သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေး(အောင်ဇေယျ)ကို ဆောင်ရွက်ခဲ့သည်။

ယနေ့ခေတ်သည် နိုင်ငံတိုင်းတွင် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေး အင်အားစုများကို ကြိုးစားတည်ဆောက်လာသည်ကို တွေ့ရှိရသည်။နှစ်ဆယ်ရာစု အကုန်ပိုင်းတွင် ကမ္ဘာထိပ်တန်းနိုင်ငံကြီးများဖြစ်သည့် ဆိုဗီယက် ယူနီယံ ချက်ကိုစလိုဗက်ကီးယား ယူဂိုဆလပ် စသည့်နိုင်ငံကြီးများသည် အစိပ်စိပ်အမွှာမွှာ ကွဲထွက်ကာ တိုင်းပြည်များ ပြိုကျပျက်စီးခဲ့ရသည်။အယူဝါဒမတူခြသင်း ဘာသာရေးမတူညီခြင်း လူမျိုးစွဲဝါဒကြီးခြင်းနှင့် ကိုယ်ပိုင်နိုင်ငံတည်ထောင်လိုခြင်းတို့သည် တိုင်းပြည်များပြိုကွဲစေသည့် အကြောင်းတရားများဖြစ်သည်။သို့သော် ထိုသြို့ ဒုတိယကမ္ဘာစစ်နှောင်းပိုင်း ပြိုကွဲသွားသည့် နိုင်ငံများမှ ထွက်ပေါ်လာသော နိုင်ငံငယ်များ၏ ရလာဒ်ကို ကြည့်လျှင် သယံဇာတ မပြည့်စုံခြင်း စစ်ရေးအင်အား နည်းပါးခြင်း စီးပွားရေးပြိုကွဲခြင်းနှင့် ပြည်သူလူထုမှ ဆွေးမျိုးများ ဝေးကွာရခြင်းများသာ အဖတ်တင်ပြီး အင်အားကြီးမားသော နိုင်ငံများအဖြစ် ရောက်ရှိသည့်နိုင်ငံမှ အိန္နိယ နှင့် ပါက္ကစတန်ကလွဲ၍ ကျန်နိုင်ငံများ ခေါင်းမထောင်နိုင်ခဲ့သည်မှာ အထင်းသားပင်ဖြစ်သည်။

ယနေ့ ၂၁ရာစုတွင် အကြမ်းဖက်အဖွဲ့အစည်းများရဲ့ ခြိမ်းခြောက်မူနှင့် ယခင်နှင့်မတူသော နိုင်ငံငယ်များရဲ့ စစ်အေးတိုက်ပွဲ(စစ်အေး တိုက်ပွဲသည် အမေရိကန်နှင့် ဆိုဗီယက်တို့၏ နိုင်ငံရေး စစ်ရေး အယူဝါဒရေး စီးပွားရေး လူမူရေးများကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး စစ်ရေးအနေဖြင့် အမြဲအသာစီးရရန်ကြိုးစားကာ နှစ်ဖက်၏ သြဇာခံ သို့မဟုတ် အယူဝါဒတူ နိုင်ငံများကို စစ်ရေးအရ ထောက်ပံကာ ယှဉ်ပြိုင်သော တိုက်ပွဲဖြစ်ပြီး ၁၉၉၁ခုနှစ်တွင် ဆိုဗီယက်သမ္မတ ဂေါ်ဘာချော့၏ နိုဘယ်ဆုနှင့် အလဲခံရသော ဆိုဗီယက်ပြည်ထောင်စု ခွဲထွက်ခွင့် ပေးပြီး ဆိုဗီယက်ပြိုကွဲပြီးနောက် စစ်အေးတိုက်ပွဲ ပြီးဆုံးကာ အမေရိကန်တစ်ဦးတည်း လွှမ်းမိုး ချုပ်ကိုင်သော ကမ္ဘာအဖြစ်သို့ ပြောင်းလဲခဲ့သည်)ဟုဆိုရမည့် နိုင်ငံရေး စီးပွားရေး လူမူရေး ယဉ်ကျေးမူ စသည့်အရာများ ပြိုင်ဆိုင် ခဲ့ကျရာ စစ်လက်နက် ပစ္စည်း အပြိုင်အဆိုင် တပ်ဆင်ခြင်းမှာ ထင်ရှားသော အချက်ဖြစ်ပေသည်။ထို စစ်လက်နက် အပြိုင်အဆိုင် တပ်ဆင်မူသည် စစ်ဆင်မူ အတွက် အထောက်အကူ ပြုသလို တဖက်နိုင်ငံအား စိတ်ဓာတ်ရေးရာနှင့်စစ်ဖက်ရေးရာတို့တွက်ပါ ခြိမ်းခြောက်ပြီးသားဖြစ်စေသည်။

မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ မဟာအင်အားကြီး တရုပ်နှင့်အိန္နိယနိုင်ငံ အကြားတွင် တည်ရှိပြီး နိုင်ငံရေး စစ်ရေး စီးပွားရေးတို့တွင် အချက်အခြာကျသော နိုင်ငံဖြစ်သည်။ထိုကြောင့်မြန်မာနိုင်ငံအား လွှမ်းမိုးချုပ်ကိုင်ရန် အင်အာကြီးနိုင်ငံ အသီးသီးက အစဉ်ကြိုးပမ်းလျှက် ရှိသည်ကို တွေ့ရှိရသည်။

တပ်မတော်သည်နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိက စွမ်းအားစု ဖြစ်ရာ တပ်မတော်ကို နိုင်ငံတော်ကာကွယ်ရေးအတွက် အစဉ်အမြဲတည်ဆောက်နေရန်လိုသည်။ယခုစစ်ဆင်ရေးမကျင်းပမှီ ရက်အနည်းငယ်က ၂၀၀၉ခုနှစ်အတွင်းက ရေပိုင်နက် အငြင်းပွားခဲ့သော ဘင်္ဂလားဒေရှ်နိုင်ငံသည် မြန်မာနိုင်ငံပိုင်နက်နှင့် ကီလိုမီတာ ၃၀၀ခန့်သာ ကွာဝေးသော စိန့်မာတင်ကျွန်း(အုန်းကျွန်း)တွင် ရေကြောင်းပူးပေါင်းစစ်ဆင်ရေးတစ်ရပ်ကို ဆောင်ရွက်ခဲ့သည်။ဘင်္ဂလားဒေရှ်နိုင်ငံသည် ၂၀၀၉ခုနှစ်ရေပိုင်နက် အငြင်းပွားမူအပြီး လက်နက်အင်အားကို တိုးချဲ့လာခဲ့သည်။မြနိမာ့တပ်မတော်သည် ရေပိုင်နက် အငြင်းပွားနေစဉ်အတွင်း မြန်မာ့တပ်မတော်၏ ပင်မကျောရိုးတိုက်လေယာဉ်ဖြစ်သော Mig-29တိုက်လေယာဉ်များအား ထပ်မံဝယ်ယူကာ Mig-29တိုက်လေယာဉ်အစီးနှစ်ဆယ်ကျော်ကို အားဖြည့်ခဲ့သည်။ထိုအထဲတွင်း Mig-29SEတိုက်လေယာဉ် ၆စီးနှင်ါ အထက် ပါဝင်ခဲ့သည်။ထို့ပြင် တရုပ်နိုင်ငံမှ ဖရီးဂိတ်စစ်ရေယာဉ် နှစ်စီးကို ဝယ်ယူဖြည့်တင်းခဲ့သည်။ထို့ကြောင့် ဘင်္ဂလားဒေရှ် တပ်မတော်သည် အင်းအားဖြည့်တင်းမူများဆောင်ရွက်ခဲ့ရာ F-7တိုက်လေယာဉ်၏ နောက်ဆုံးပေါ်မျိုးကွဲဖြစ်သော F-7BGI ၁၆စီးနှင့် ရေတပ်အင်အားကုlိ အလုံးအရင်းဖြည့်တင်းခဲ့ရာ ၂၀၁၉ခုနှစ်တွင် Ming class ရေငုတ်သဘောင်္င်္နှစ်စီးပါပိုင်ဆိုင်တော့မည် ဖြစ်ပေသည်။ထိုသည်မှာ မြန်မာနိုင်ငံအား ရည်ရွယ်ကာ လက်နက်အပြိုင်အဆိုင် တပ်ဆင်ရန် ကြိုးပမ်းနေသည်မှာ အထင်အရှားတွေ့နိုင်ပေသည်။မြန်မာ့ပိုင်နက်အနီး ကီလိုမီတာ၃၀၀သာဝေးသော စိန့်မာတင်ကျွန်း(အုန်းကျွန်း)တွင် အသစ်ရောက်ရှိလာသော စစ်ရေယာဉ်များ ပူးပေါင်းလေ့ကျင့်မူမှာ တရားဝင် အသိပေးသည်ဖြစ်စေ ဤအကြောင်းအရာမှာ စိန်ခေါ်ခြိမ်းခြောက်မူဆိုသည်မှာ လူတိုင်းသိရှိသော အရာဖြစ်သည်။

ထို့ပြင် ထိုင်းနိုင်ငံတွင်လည်း အမေရိကန်နှင့်ပူးပေါင်းပြီး နှစ်စဉ်ဆောင်ရွက်လေ့ရှိသော အာရှ၏အကြီးဆုံးစစ်ရေးပူးပေါင်းလေ့ကျင့်ခန်း Cobra Goldနှင့် တိုက်ဆိုင်နေသော အချိန်ဖြစ်သည်။၂၀၀၁ခုနှစ် ယိုးဒယား-မြန်မာ နယ်နမိတ် အရေးအခင်းတွင် နှစ်ကြိမ်စလုံးသည် ယခုလို Cobra Gold စစ်ဆင်ရေးအပြီး ဆောင်ရွက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့စိန်ခေါ်မူများအတွက် ယခုပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းမှာ မြန်မာနိုင်ငံတော် ကာကွယ်ရေးအတွက် လိုအပ်သော ကိစ္စတစ်ခုဖြစ်ပေသည်။တပ်မတော်တစ်ခုတွင် စစ်လက်နက်ပစ္စည်းကောင်းများ ပိုင်ဆိုင်ရုံဖြင့်မပြီးသေးပဲ ထိုလက်နက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတက်ရန် လိုအပ်ပေသည်။

ယခုပူးပေါင်းစစ်ဆင်ရေး၏ ထူးခြားချက်များမှာ ယခင်ကဲ့သို့ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းကို တိုက်ခိုက်ရေးအဖွဲ့များ တိုက်ခိုက်ရုံသက်သက်လေ့ကျင့်ခြင်းမဟုတ်ပေ။တိုက်ခိုက်ရေးတပ်ဖွဲ့များအား စစ်မြေပြင်နှင့် အလားသဏ္ဍာန်တူရန် စစ်မြေပြင်စခန်းချပုံစံ အတိုင်းထားရှိခြင်း တိုက်ခိုက်ရေးတပ်ဖွဲ့များသာမက ထိုတိုက်ခိုက်ရေးကို အထောက်အကူပြုသော အုပ်ချုပ်ထောက်ပံမူတပ်ဖွဲ့များကိုပါ စစ်မြေပြင်အတိုင်းလေ့ကျင့်ခြင်းဖြစ်သည်။ထိုသည်မှာလည်း အာရှ၏အကြီးဆုံးစစ်ရေးပူးပေါင်းလေ့ကျင့်ခန်း Cobra Goldကို လေ့လာမူကြောင့် ရရှိလာသော အကျိုးဆက်ဟု သုံးသပ်မိပါတယ်။အုပ်ချုပ်ထောက်ပံမူနှင့် အကူလက်ရုံးတပ်ဖွဲ့များ ပင်မတိုက်ခိုက်ရေး တပ်ဖွဲ့များကို ကောင်းစွာထောက်ပံနိုင်မှ စစ်နိုင်သည် ဟူသော ဆိုရိုးစကားလည်း ရှိပေသည်။ဒုတိယကမ္ဘာစစ်အတွင်းက သဲကန္တာရမြေခွေးဟု နာမည်ကြီးပြီး တဖက်ရန်သူအပေါ်ပါ လွှမ်းမိုးနိုင်စွမ်းရှိသော ဂျာမန်ဗိုလ်ချုပ်ကြီး ရွန်းမဲလ်က ဗြိတိန်စစ်ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီကို အဓိက ရှုံးနိမ့်ရသည့် အကြောင်းတရားမှာ အုပ်ချုပ်ထောက်ပံမူ ညံဖျင်းမူကြောင့်ပင်ဖြစ်သည်။ထိုစစ်ဆင်ရေးအပြီးတွင် ဗိုလ်ချုပ်ကြီး အာစင်ရွန်းမဲလ်က ဤသို့ဆိုပါသည်-"မည့်မျှကြီးကျယ်ခမ်းနားပြီး တိုက်ရည်ခိုက်ရည် ပြည့်ဝသော တပ်မတော်ဖြစ်ပါစေ အုပ်ချုပ်ထောက်ပံမူ ညံဖျင်းလျှင် စစ်ဆင်ရေးတွင် အစဉ်အမြဲ ရှုံးနိမ့်ပေမည်။"ဟု မိန့်ကြားခဲ့သည်။

MiG-29 SE တိုက်လေယာဉ်များဖြင့် လေ့ကျင့်နေကြစဉ်

ယခုပူးပေါင်းစစ်ဆင်ရေးတွင် အတွင်းပိုင်းသို့ ဝင်ရောက်လာသော ရန်သူ တပ်ဖွဲ့ကို ချေမှုန်းခြင်း ဖြစ်တာနဲ့ အညီ ထိုသို့အကြောင်းအရာနှင့် လိုက်လျောညီထွေသော စစ်ဆင်မူနှင့် တပ်ဖွဲ့များ ဖွဲ့စည်းမူကိုလည်း တွေ့ရှိရသည်။total warဆိုသော်လည်း ယခုဝင်ရောက်ချည်းနင်းတိုက်ခိုက်သော ရန်သူအားတိုက်ခိုက်ရန် တပ်မတစ်ခုအား တာဝန်ပေးအပ်ပြီး ထိုတပ်မအား အခြားအကူလက်ရုံးတပ်ဖွဲ့များနှင့် လေတပ်တို့မှ ဝန်းရံကာ တိုက်ခိုက်သည့် ပုံစံဖြစ်သည်။
ယခုပူးပေါင်းစစ်ဆင်ရေးတွင် လေတပ်မှအပ ကျန်တပ်ဖွဲ့များကို ကြည်းတပ်၏အကူလက်ရုံး တပ်သဖွယ် အသုံးပြုသွားသည်ကို တွေ့ရှိရသည်။
  
Type-59D/M ပင်မတိုက်ပွဲဝင်တင့်ကားများ
 
ယခုပူးပေါင်းစစ်ဆင်ရေးတွင် အသုံးပြုသော သံချပ်ကာတပ်ဖွဲ့၏ တင့်နှင့် သံချပ်ကာယာဉ်များမှာ မြန်မာတပ်မတော်တွင် ၁၉၉၀ခုနှစ် အစောပိုင်းကာလက ဝယ်ယူခဲ့သောလက်နက်များဖြစ်သည်။Type-59တင့်ကားများကို တရုပ်နိုင်ငံမှ ထုပ်လုပ်ခြင်းဖြစ်ပြီး မူလမျိုးကွဲ Type-59Dမှ Type-59Mအဖြစ်သို့ လေဆာပြစ်ခတ်ချိန်ရယ်မူ စနစ်များ တင့်ကားတွင် တပ်ဆင်ထားသော အမြောက်အား NATO Standardနှင့် အညီ ပြောင်းလဲတပ်ဆင်ခြင်း ညစစ်ဆင်နိုင်မူအား အဆင့်မြင့်တင်ခြင်း နှင့် အခြားစစ်ဆင်နိုင်မူများအား အများအပြားအဆင့်မြင့်တင်ခဲ့သည်။မြန်မာ့တပ်မတော် သံချပ်ကာတပ်ဖွဲ့တွင် အဆင့်အတန်းမြင့်မားပြီး ခေတ်မှီသော ပင်မတိုက်ပွဲဝင်တင့်များအဖြစ် T-72Sနှင့် MBT-2000တင့်များလည်းရှိသည်။ယခု ပူးပေါင်းစစ်ဆင်ရေးတွင် ထိုတင့်ကားများ အသုံးမပြုခြင်းမှာ လေ့ကျင့်ရေးအနေဖြင့်အသုံးပြုနေသော Type-59D/Mများဖြင့် လေ့ကျင်မူပြုလုပ်ရန်နှင့် တင့်ကားချီစစ်ဆင်ရေး မဟုတ်ပဲ ခြေလျှင်တိုက်ပွဲအကူ ပူးပေါင်းစစ်ဆင်ရေးဖြစ်သောကြောင့် ယခုT-59D/Mများကို အသုံးပြုခဲ့သည် ဟုလည်း ကြားသိရပါသည်။

ထို့အပြင် ယခင်ပူးပေါင်းစစ်ဆင်ရေး (အောင်ဇေယျ)တွင် အသုံးပြုခဲ့သော ပြည်တွင်းတွင် တပ်ဆင်ထုပ်လုပ်သည့် BTR-3U APC လူသယ်သံချပ်ကာယာဉ် (Amour Personal Carrier)အစား တရုပ်နိုင်ငံထုပ် Type-92IFV ခြေလျှင်တင်တိုက်ပွဲဝင်သံချပ်ကာယာဉ်(Infantary Fighting Vehicle)များကို ပြောင်းလဲ အသုံးပြုခဲ့သည်။ထိုသို့ အသုံးပြုရခြင်းမှာ BTR-3Uသည် တောင်ပေါ်ဒေသတိုက်ခိုက်ရေးနှင့် တင့်ကားချီစစ်ဆင်ရေးများတွင် ပိုမို အသုံးကျခြင်း သံချပ်ကာလူသယ်ယာဉ် နောက်တစ်မျိုးအား အသုံးပြုလေ့ကျင့်လိုခြင်းနှင့် လေ့ကျင့်ရေးသုံး သံချပ်ကာယာဉ်တို့ ဖြစ်နေသောကြောင့် ယခုကဲ့သို့ အသုံးပြုခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

Type-92 IFVများဖြင့် လေ့ကျင့်နေကြစဉ်

ထို့အပြင် ပြည်တွင်းဖြစ် သံချပ်ကာ လူသယ်ယာဉ် BSAC-87နှင့် MAV-2 mark |တို့ကိုလည်း အသုံးပြုခဲ့သည်။BAAC-87သည် ၂၀၁၃ဆီးဂိမ်းပြိုင်ပွဲတွင် လုံခြုံရေးအဖြစ် ဆောင်ရွက်သော သံချပ်ကာယာဉ်အဖြစ် လူသိများသည်။ထိုသံချပ်ကာ လူသယ်ယာဉ်သည် အကြမ်းခံ၍ စစ်ဆင်ရေးများတွင် အသုံးတည့်ပြီး အဆင့်မြင့်တင်မူများ ပြုလုပ်ပါက တန်းဝင် သံချပ်ကာလူသယ်ယာဉ်(APC)တစ်စီး ဖြစ်လာနိုင်ပါသည်။MAV-2 mark |အား ဆက်သွယ်/ကင်းထောက်ယာဉ်အဖြစ် အသုံးပြုခဲ့သည်။မြန်မာ့တပ်မတောတွင် MAV(Myanmar Amour Vehicle)များကို အဆင့်အတန်းမြင့် ထုပ်လုပ်နေလျှက်ရှိရာ ယခုအခါ နိုင်ငံတကာရောင်းတန်းဝင်သော သံချပ်ကာယာဉ်များကိုပါထုပ်လုပ်နိုင်သော အခြေအနေသို့ ရောက်ရှိခဲ့သည်မှာ မြန်မာ့တပ်မတော် သံချပ်ကာ တပ်ဖွဲ့အတွက် ဝမ်းသာစရာ တစ်ခုပင်ဖြစ်သည်။မြန်မာ့သံချပ်ကာ တပ်ဖွဲ့သည် အစဉ်အလာအရလည်း ထိုင်းတပ်မတော် သံချပ်ကာ တပ်ဖွဲ့ထက် ပိုမိုခေတ်မှီသော သံချပ်ကာ တပ်ဖွဲ့အဖြစ် အစဉ်အမြဲ အသာစီးရခဲ့သော တပ်ဖွဲ့ဖြစ်သည်။

Soltam 155mm ဟောင်ဝစ်ဇာများဖြင့် လေ့ကျင့်နေကြစဉ်

၁၀၅မမ အမြောက်များဖြင့် လေ့ကျင့်နေကြစဉ်
 
ပူးပေါင်းစစ်ဆင်ရေးတွင် အမြောက်တပ်ဖွဲ့အနေဖြင့် Soltam ၁၅၅မမ အမြောက်ကြီးများ မြန်မာ့တပ်မတော် အမြောက်တပ်ဖွဲ့၏ ပင်မကျောရိုးအမြောက်များဖြစ်သော ၁၀၅မမ အမြောက်များနှင့် ၁၂၀မမစိန်ပြောင်းကြီးတို့လည်း ပါဝင်ခဲ့သည်။၁၀၅မမအမြောက်များသည် မြန်မာတပ်မတော်၏ ပြည်တွင်းသောင်းကျန်းမူ နှိမ်နင်ရေး တိုက်ပွဲစဉ်များတွင် တောက်လျှောက် အသုံးပြုခဲ့သော အမြောက်ဖြစ်သည်။တိကျမူ နှင့် ထိရောက်မူအား ကောင်းသော အမြောက်ဖြစ်သည်။၁၂၀မမစိန်ပြောင်းကြီးသည် ယိုးဒယား-မြန်မာနယ်နမိတ် အရေးအခင်း စစ်ဆင်ရေးများတွင် ထိရောက်မူ အလွန်ကောင်းပြီး အထူးထင်ရှားခဲ့သော လက်နက်တစ်မျိုးလည်းဖြစ်သည်။မြန်မာ့တပ်မတော် အမြောက်တပ်ဖွဲ့ကို ဒေသတွင်း အကောင်းဆုံး အမြောက်တပ်ဖွဲ့ အဖြစ် ကမ္ဘာကပင် အသိအမှတ်ပြုထားရာ ယခု ပူးပေါင်းစစ်ဆင်ရေးတွင် အမြောက်တပ်ဖွဲ့ အနေဖြင့် လက်စွမ်းပြကာ တိကျထိရောက်သော ပြစ်ကူကို ပေးစွမ်းနိုင်ခဲ့သည်။အမျိုးအစားမတူညီသော အမြောက်သုံးခုအား တနေရာထဲသို့ တပြိုင်တည်းကျရောက် ပေါက်ကွဲအောင် အထိ စွမ်းဆောင်ရည် မြင့်မားစွာ ပြစ်ခတ်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။

Type-81 122mm MLRS

ယခု ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း (အနော်ရထာ)တွင် ထူးခြားမူ အနေဖြင့် မြန်မာ့တပ်မတော် အမြောက်တပ်ဖွဲ့၏ အတွဲလိုက်ပြစ်ဒုံးများကို ထည့်သွင်းအသုံးပြုစေခြင်းပင် ဖြစ်သည်။အတွဲလိုက်မြေပြင်ပြစ် ဒုံးအနေဖြင့် Type-81 MLRS(Multi-lancher Rocket System)အတွဲလိုက်ပြစ်ဒုံးများကို အသုံးပြုခဲ့သည်။အတွဲလိုက်ပြစ်ဒုံးများကို ကိုရီးယားကျွန်းဆွယ်စစ်ပွဲ အတွင်းက စတင် အသုံးပြုခဲ့သည်။ထိုအတွဲလိုက်ပြစ်ဒုံးများ၏ ပြစ်အား ထိရောက်မူနှင့် ပေါက်ကွဲအားသည် ကြောက်ခမန်းလိလိပင်ဖြစ်သည်။Type-81 အတွဲလိုက်ပြစ်ဒုံးကား တစ်စီးတွင် ဒုံးကျဉ် အတောင့်လေးဆယ် ထည့်သွင်းပြစ်ခတ်နိုင်ပြီး ထိုဒုံး၏ ပေါက်ကွဲအားသည် ၁၂၀မမစိန်ပြောင်းကြီး ဗုံးသီးထက် ပေါက်ကွဲအားနှစ်ဆ သာလွန်ပါတယ်။
ထိုအတွဲလိုက်ပြစ်ဒုံးများကို မြို့ဖျက်လက်နက်ဟူ၍ပင် တင်စားခေါ်ဝေါ်ရလောက်အောင် ပစ်မှတ်အပေါ်ထိရောက်မူနှင့် ပေါက်ကွဲဖျက်ဆီးနိုင်မူဟာ အလွန်ပင်ကြီးမားပါသည်။ထိုအတွဲလိုက်ပြစ် ဒုံးယာဉ်များအား မြန်မာ့တပ်မတော်မှ အမြောက်အမြားပိုင်ဆိုင်ထားသိဟုလည်း ဝမ်းသာစွာ ကြားသိရပါတယ်။

ယခုပူးပေါင်းစစ်ဆင်ရေး၏ ထူးခြားချက် တစ်ခုအနေဖြင့် စစ်သည်တိုင်းတွင် ကျဉ်ကာအကျီနှင့် ကျဉ်ကာဖိုက်ဘာဦးထုပ်များကို ဝတ်ဆင်ဆောင်ရွက်စေခြင်းပင်ဖြစ်သည်။စစ်မြေပြင်တွင် စစ်သည်တစ်ဦးအတွက် ကျဉ်ကာဖိုက်ဘာဦးထုပ်သည် အသက်တမျှ အရေးပါပြီး လက်နက်ကြီးပေါက်ကွဲမူမှ လွင့်စင်လာသော အစအနများနှင် ကျဉ်ဆံသည် ဦးခေါင်းအား တိုက်ရိုက်ထိမှန်သေဆုံးခြင်းမှ ကာကွယ်နိုင်သည်။တိုက်ပွဲတစ်ခုတွက် စစ်သည် တစ်ဦး၏ အသက်သည် တိုက်ပွဲကို အဆုံးအဖြတ်ပေးနိုင်စွမ်းရှိရာ ယခုကဲ့သို့ ကျဉ်ကာအကျီနှင့်ကျဉ်ကာဖိုက်ဘာဦးထုပ်များ ထုပ်ပေးခြင်းဖြင့် အဖိုးတန်သော လူစွမ်းအား အရင်းအမြစ်ဆုံးရှုံးခြင်းကို ကာကွယ်ပေးရာရောက်ပါသည်။ယခုလက်ရှိ မြန်မာ့တပ်မတော်တွင် အသုံးပြုနေသော ချပ်ဝတ်တန်ဆာများသည် တောင်ပေါ်ဒေသစစ်ဆင်ရေးအတွက် ထိရောက်လျှင်မြန်အောင် ဖန်တီးထားခြင်းဖြစ်သည်။ထို့ကြောင့်ပင် မြန်မာ့တပ်မတော်အား တောင်ပေါ်ဒေသ စစ်ဆင်ရေးတွင် ကမ္ဘာ့အကောင်းဆုံး တပ်မတော်အဖြစ် အသ်အမှတ်ပြုထားခြင်းပင်ဖြစ်သည်။သို့သော် Standard Army တစ်ခုဖြစ်ရေးအတွက် ချပ်ဝပ်တန်ဆာပိုင်းကို အဆင့်မြင့်တင်ရမည်ဖြစ်ရာ မကြာသော အချိန်ကာလတစ်ခုတွင် မြန်မာ့တပ်မတော်သည် စစ်ဝတ်စုံကို အဆင့်အတန်းမှီစွာ ပြောင်းလဲတပ်ဆင်မည့် ရှေပြေးပုံရိပ် တစ်ခု အဖြစ် မြင်တွေ့ရခြင်းဟု သုံးသပ်မိပါသည်။

ပူးပေါင်းစစ်ဆင်ရေး၏ ထင်ရှားသော အချက်မှာ အထူးအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့(Special Operation Task Force)ကို အသုံးပြုခြင်းဖြစ်သည်။နိုင်ငံတစ်ခုတွင် သမရိုးကျ စစ်ဆင်ရေး ဆောင်ရွက်ရုံသာမက အထူးစစ်ဆင်ရေးများလည်း လိုအပ်လာသည်ကို တွေ့ရှိရသည်။သမရိုးကျတပ်ဖွဲ့ကို ကွန်မန်ဒို တပ်ခွဲ/တပ်ရင်းများအဖြစ် ဖွဲ့စည်းထားလေ့ရှိသော်လည်း အထူးစစ်ဆင်ရေးများအတွက်တွင်မူ စနစ်တကျလေ့ကျင့်ထားပြီး သင့်လျှော်သော လက်နက်တပ်ဆင်ထားသည့် အထူးတပ်ဖွဲ့များလိုအပ်သည်မှာ အထင်အရှားပင်ဖြစ်သည်။နိုင်ငံတကာတွင်လည်း အထူးစစ်ဆင်ရေးအဖွဲ့များအဖြစ် Ranger/Navy Seal/Airforce Commandoစသည်ဖြင့်ဖွဲ့စည်းလေ့ရှိသည်။၂၁ရာစု အကြမ်းဖက်မူ နိုမ်နင်းရေးတွင် အထူးတပ်ဖွဲ့များ၏ အရေးပါမူကို အထင်အရှားပင် တွေ့မြင်ရမည်ဖြစ်သည်။သမရိုးကျစစ်ပွဲများတွင်လည်း အထူးတပ်ဖွဲ့၏ စွမ်းဆောင်မူများကြောင့် အောင်မြင်ခဲ့သည်ကိုလည်းတွေ့ရှိရသည်။ဒုတိယကမ္ဘာစစ်ကို အဆုံးအဖြတ်ပေးခဲ့သော နော်မန်ဒီကမ်းခြေတိုက်ပွဲများတွင် အမေရိကန်တပ်မတော်၏ အထူးတပ်ဖွဲ့ဖြစ်သော Rangerတပ်ဖွဲ့များ၏ စွမ်းဆောင်ရည်များကြောင့် အောင်မြင်မူရှိခဲ့သည်ကိုလည်း တွေ့ရှိရသည်။ထိုကြောင့်ခေတ်သစ်စစ်ပွဲများအတွက် ယခုကဲ့သို့ အကြမ်းဖက် တပ်ဖွဲ့များ အသုံးပြုခြင်းဖြင့် စစ်ပွဲအလျှင်အမြန် အောင်နိုင်ရေးကို အထောက်အပံဖြစ်စေပါသည်။မြန်အာ့တပ်မတော်တွင် SOTFများ Navy Sealများ Airbone Forceများကို ယခုထက်တိုးချဲ့သင့်ကြောင်းကို တွေ့ရှိရပါသည်။

လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့အနေဖြင့်လည်း ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတွင် ကြည်းတပ်၏ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ အနေဖြင့် ဆောင်ရွက်ခဲ့ကြောင်းတွေ့ရှိရသည်။လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွင် လေကြောင်းရန်ကာကွယ်ရေးလက်နက်အဖြစ် ၅၇မမနှင့် ၃၇မမ တာတိုပြစ်လေကြောင်းရန်ကာကွယ်ရေးယာဉ်(57mm airdefence mobile vehicle)နှင့် SA-16 Igla ပခုံးထမ်းဒုံးများပါဝင်ခဲ့ပြီး အထောက်အကူပြုလက်နက်နှင့် ရေဒါယာဉ်အဖြစ် Smart hunterယာဉ်များကိုပါ အသုံးပြုသွားသည်။ယခုပူးပေါင်းစစ်ဆင်ရေးသည်
ကဒေသန္တရတိုက်စစ်ဖြစ်သောကြောင့် ၎င်းတွင်ပါဝင်သော အမြောက် ဒုံး သံချပ်ကာနှင့် စစ်လက်ရုံးအကူ တပ်ဖွဲ့စခန်းများကိုသာ လေကြောင်းရန် အန္တာရယ်မှ အကာအကွယ်ပေးခြင်းဖြစ်သည်။နိုင်ငံလုံးဆိုင်ရာ ဗဟိုလေကြောင်းရန်ကာကွယ်ရေး စနစ်နှင့် မသက်ဆိုင်ပေ။ဗဟိုလေကြောင်းရန်ကာကွယ်ရေးအဖြစ် ကြားဖြတ်တိုက်လေယာဉ်များ တာလတ်နှင့် တာဝေးပြစ် လက်နက်များ တာဝေး လေကြောင်းရန်ကာကွယ်ရေး လက်နက်များ သီးခြားပါရှိပါသည်။



  ထို့အပြင် လျှက်စစ်အင်ဂျင်နီယာတပ်ဖွဲ့မှလည်း တင့်/သံချပ်ကာ ဆယ်တင်ရေးကားများ ပြည်တွင်းဖြစ်FVRဟုခေါ်ဆိုသော Field Recovery Vehicleများပါဝင်ခဲ့ပြီး စစ်ပွဲနယ်မြေအတွင်း ပျက်စီးသွားသော တင့်နှင့် သံချပ်ကာများ ဆယ်တင်ပြုပြင်ခြင်း အခြားစစ်သုံးယာဉ်များ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ခဲ့သည်။ဤစစ်ဆင်ရေးတွင် လျှက်စစ်အင်ဂျင်နီယာတပ်ဖွဲ့မှာ မရှိမဖြစ် အရေးကြီးပြီး တိုက်ပွဲအတွက် အရေးပါသော ယာဉ်များအား အလျှင်အမြန် ပြုပြင် ထိန်းသိမ်းခြင်းအားဖြင့် စစ်ပွဲအတွက် အရေးပါသော စစ်လက်နက်နှင့် အထောက်အကူ ပြုပစ္စည်းများကို အချိန်မှီ ပြုပြင် ထိန်းသိမ်းခြင်းဖြင့် တိုက်စွမ်းအားကို ဆက်လက် တိုးတက်စေမည်ဖြစ်သည်။

ထောက်ပံနှင့် ပို့ဆောင်ရေး တပ်ဖွဲ့မှ ရိက္ခာ အထွေထွေသုံး မော်တော်ယာဉ် စက်သုံးဆီများကို စစ်မြေပြင်စခန်းများ စနစ်တကျတည်ဆောက်ကာ ထားရှိအသုံးပြုခဲ့ခြင်းကြောင့် အရေးပေါ်ကာလ စစ်ဆင်ရေးတွင် ထောက်ပံပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။စစ်လက်နက်ပစ္စည်း တပ်ဖွဲ့မှလည်း လိုအပ်သော စစ်အသုံးအေဆာင်နှင့် လက်နက်ခဲယမ်းများကို စစ်မြေပြင်အတိုင်းထားရှိသိုလှောင် ဆောင်ရွက်ခဲ့သည်မှာ အုပ်ချုပ်ထောက်ပံမူ၏ အရေးပါမူကို စနစ်တကျ လေ့ကျင့်ဆောင်ရွက်ကြောင်းတွေ့ရှိရသည်။

ဆက်သွယ်ရေး တပ်ဖွဲ့မှလည်း တပ်ဖွဲ့အချင်းချင်းဆက်သွယ်ဆောင်ရွက်ပေးခြင်း ရန်သူဆက်သွယ်မုအား နှောက်ယှက်ဖျက်ဆီးခြင်း မိမိတပ်ဖွဲ့ဆက်သွယ်မူ လုံခြုံအောင် ဆောင်ရွက်ခြင်း ရန်သူဆက်သွယ်မူအား တန်ပြန်ထောက်လှမ်းခြင်းတို့ကို ခေတ်မှီစက်ကရိယာများ အသုံးပြုဆောင်ရွက်ခဲ့သည်။

 ဆေးဝန်ထမ်းတပ်ဖွဲ့မှ စစ်မြေပြင်ဆေးရုံဖွင့်လှစ်ခြင်း စစိမြေပြင် လူနာသယ် လူနာကောက် လုပ်ငန်းများ ဆေးပစ္စည်းထိန်းသိမ်းခြင်းတို့ကို တကယ့်စစ်မြေပြင် အတိုင်းလေ့ကျင့်ခဲ့သည်ကို တွေ့ရှိရသည်။

တပ်မတော် တပ်ထိန်းတပ်ဖွဲ့ကလည်း တပ်ဖွဲ့ဝင်များအား လမ်းကြောင်းထိန်းသိမ်းပေးခြင်း တိုက်ပွဲအပြီး သုံ့ပန်းထိန်းသိမ်းရေး စစ်ကျောရေး လုပ်ငန်းများကို စနစ်တကျပါဝင်ခဲ့သည်မှာလည်း တိုက်ပွဲအတွင်းအမှန်တကယ် လိုအပ်သော အချက်များကို လေ့ကျင့်မူပင်ဖြစ်သည်။

ယခုပူးပေါင်းစစ်ဆင်ရေးတွင် အမြောက်နှင့် ဒုံးတပ်ဖွဲ့များသည် ပြစ်မှတ်ရှာရေဒါကို အသုံးပြုတိုက်ခိုက်ခြင်းဖြစ်သည်။ခေတ်သစ်စစ်ပွဲများတွင် ရန်သူနယ်မြေထဲ အကဲကြည့်ပြစ်မိန့်ပေးရန် ခက်ခဲပေသည်။ရန်သူ့ပြစ်မှတ်များရှာဖွေခြင်း တန်ပြန်ပြစ်ခတ်မူများကို ထောက်ခာလှမ်းခြင်း ပြစ်မှတ်အား တိတိကျကျ ပြစ်ခတ်နိုင်ရေးအတွက် ပြစ်မှတ်ရှာရေဒါမှာ အရေးပါသော အချက်ပင်ဖြစ်သည်။ယခုစစ်ဆင်ရေးတွင် မြန်မာ့တပ်မတော် အမြောက်တပ်ဖွဲ့မှာ SLC-2ပြစ်မှတ်ရှာရေဒါကို အသုံးပြုခဲ့သည်။ထို့အပြင် အပေါ့စားမောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် တိုက်ပွဲနယ်မြေအတွင်း အမြောက်တပ်ဖွဲ့အတွက် အသေးစိတ်ထောက်လှမ်းမူ ပြုလုပ်ခဲ့သည်။့ အပေါ့စားမောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ခေတ်သစ်စစ်ပွဲများတွင် အသုံးပြုလျှက်ရှိပေသည်။ထိုသို့ အသုံးပြုခြင်းဖြင့် စစ်ဆင်ရေးအတွက် လိုအပ်သော အထောက်အပံကောင်းများကို ပေးစွမ်းနိုင်ကြောင်းတွေ့ရှိရသည်။

14 comments:

  1. အပေါ့စား မောင်းသူမဲ့ လေယာဉ်တွေကို ပါသုံးသွားတယ်လို့ သိရလို့ တိုးတက်လာမှု အတွက်ဝမ်းမြောက်ပါတယ်။ ကျွန်တော်တို့က Youtube မှာ ပြန်တင်ထားတဲ့ မှုန်ဝါးဝါး မှတ်တမ်းလောက်သာ ပြန်ကြည့်ရတာမို့ အဲလိုဟာတွေပါတာ တကယ်မသိလိုက်ဘူး။ potential enemy တွေဆီမှာ ရှိတဲ့ လက်နက်၊ MLRS တွေ၊ လောလော လတ်လတ် ၀ယ်လိုက်တဲ့... တင့် အသစ်တွေ၊ ဂရစ်ဖင် တိုက်လေယာဉ်တွေ ၊ ရဲ့ ထိုးစစ်ကို ရုတ်တရက် တပ်လှန့်တုန့် ပြန်တာ မျိုး တွေကို လည်း လေ့ ကျင့်နေမယ်လို့ ယုံ ကြည်ပါတယ်။ တကယ်ဝင် တိုက်ခံရသယောင်... တပ်ပြင်ခိုင်းလိုက်တော့မှ.. Combat readinessမဖြစ် ရင် တော့ သွားပါပြီ ဆို တဲ့ အတွေး အမြဲတမ်းရှိနေမိတယ်..။ ဖြစ်လည်း ဖြစ်တတ်ပါတယ်လေ..။ သံချပ်ကာ ဆယ်စီးရှိတဲ့ တပ်ဆို ဆယ်စီးလုံး ဒေါင်ဒေါင်မြည် ထွက်နိုင်ရမယ်... ။ ဒါမျိုး ကို ဆို လိုတာပါ........၊ စိုးရိမ်မှုနဲ့ ကြိုတင်ပြင်ဆင်မှုဟာ ပိုတယ်မရှိပါဘူး။ တရုတ် နိုင်ငံတောင် ဒီနှစ်ကာ ကွယ်ရေးအသုံး စရိတ်က ဘီလီယံတောင် ရာ ကျော်သွားပြီ။ ကမ္ဘာမှာ ဒုတိယ လိုက်ပြီး ဂဏာန်းသုံးလုံး ဖြစ်သွားပြီ .....။ ကျွန်တော်တို့ဆီမှာတော့... အိမ်နီးချင်းတွေကို ယှဉ်နိုင်ဖို့ ဒီထက်ကောင်းတာတွေ ၊ အကွက်စေ့တာ တွေ၊ ထုတ်မပြသေးတာတွေအများအပြား ကျန်နေဦးမယ်လို့ ယုံကြည်ထားလိုက်ပြီဗျာ....။ ဆက်လက်တိုးတက်ပါစေ....

    ReplyDelete
    Replies
    1. MRLS ကို ဆို လိုတာပါ....။ မှား ပြောမိတယ်....

      Delete
    2. This comment has been removed by the author.

      Delete
    3. Multiple Rocket Launcher System MRLS

      Delete
  2. ရေတပ်ကရေငုတ်သင်္ဘောတွေဝယ်ထားသင့်တယ်။ဗီယက်နမ်ဆိုရင်ဝယ်ပြီးလို့ရောက်နေပြီ။ရေတပ်ကိုပိုပြီးအင်အားတိုးချဲ့စေချင်တယ်။တရုတ်လက်နက်ကိုမဝယ်စေချင်ဘူး။တာဝေးပစ်ဒုံးလက်နက်တွေပိုင်ဆိုင်အောင်ကြိုးစားရမယ်။စစ်ဖြစ်ရင်ဒုံးလက်နက်တွေကအဆုံးအဖြတ်ပေးပါသောကြောင့်ဖြစ်တယ်

    ReplyDelete
  3. https://www.youtube.com/watch?v=nOJngMpIQmE

    ReplyDelete
  4. ယူနီဖောင်းတွေကအမြဲဇဆင်ပေးနိုင်ရင်ကောင်းမယ် Mig တွေကဘာအတွက်ပါလာတာလဲ ဗုံးကျဲအတွက်သီးသန့်ဝယ်သင့်တယ် Mi 24 ဝယ်သင့်တယ် ရေတပ်ကိုရော ဘာတွေအားဖြည့်ထားလဲ အိမ်နီးချင်နိုင်ငံကမြို့တော်တွေထိပစ်နိုင်တဲ့ဒုံးတွေဝယ်သင့်တယ် ဒါဗြဲ

    ReplyDelete
  5. တရုတ်လုပ် လက်နက်တွေ တအားများနေတယ်...........
    လျော့ ပါလျော့ချပါ
    တရုတ် သြဇာ သက်ရောက်မှုကို မြန်မာ့ သွေးအနေနဲ့  အစဉ်အမြဲ ဆန့် ကျင်ပါတယ်

    ReplyDelete
    Replies
    1. တရုတ် သြဇာ သက်ရောက်မှုကို မြန်မာ့ သွေးအနေနဲ့  အစဉ်အမြဲ ဆန့် ကျင်ပါတယ်။
      That's right . I agree with you .

      Delete
  6. ရေငုပ်သဘောင်္ရှိပါတယ် တီဗီထဲမှာတောင် တွေ့လိုက်တယ်။ ဘယ်နိုင်ငံမှ အလကားမပေးပါ ။ ခုချိန်တွင် တရုတ်ထက် ဘင်္ဂလီ တွေကို ပိုစိုးရိမ်ပါ မောင်တောသွားရဲ ပါသလား ။ စစ်တပ်နဲ့ရဲတောင် လူနည်းရင် မသွားရဲပါ ။ တရုတ်ပြည်က ဗုဒ္ဓဘာသာပါ ။ လောလောဆယ် ဗူးသီးတောင် မောင်တော အသိမ်းခံထားရနေပြီ ဘယ်လိုလုပ်ကြမှာလဲ ။ ဘာတွေ လုပ်ကြမှာလဲ ခုချိန်ထိတော့ ရခိုင်တွေ အသတ်ခံလိုက်ရ စစ်တပ်နဲ့ ရဲတွေအသတ်ခံ လိုက်ရဘဲ ကြားနေရတယ်။

    ReplyDelete
  7. မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်ကို လုံခြုံအောင်အမြန်ဆုံးကာရံပြီး တပ်မ (၃)ခုလောက်တပ်စွဲထားသင့်ပါတယ် ပြီးတော့စစ်ကိုင်းတိုင်းဒေသကြီးကို မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးတပ်ရုံးချုပ်အဖြစ်တပ်စွဲသင့်ပါတယ်

    ReplyDelete
  8. မြန်မာစစ်တပ်ရဲ့ပွင့်လင်းမြင်သာမှုနဲ့ပြည်သူရဲ့ထောက်ခံမှုအတွက်လည်းကြီးကြီးမားမားတစ်ခုခုလုပ်ပြသင့်ပါတယ်

    ReplyDelete
  9. အဲဒါတွေ အတော်များများ လိုအပ်လာ မယ့်အချိန် ရောက်လာခဲ့ရင်?

    ReplyDelete
  10. မကွေးတိုင်းထဲက ကပစတွေကိုလုံခြုံအောင်တိုးတက်အောင်လုပ်ပါ

    ReplyDelete