Thursday, June 12, 2014

မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း အပိုင်း-၁

(ကိုရဲမိုး၏ တပ်မတော် စစ်လက်နက်ဖြည့်တင်းမှုဆိုင်ရာ ပိုစ့်အား ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။ ဖော်ပြခွင့်ပေးသည့် ကိုရဲမိုးအား ကျေးဇူး အထူးတင်ရှိကြောင်းပါ..။) 

၂၂ နှစ်တာ ကာလအတွင်း တပ်မတော် ကို တကယ်တည်ဆောက်ခဲ့သလား…


 ဒီမေးခွန်းမှာ ပထမဆုံးစပြီးရှင်းပြရမယ့် အချက်ကတော့ ၁၉၈၈ ခုနှစ် မတိုင်မီ တပ်မတော်ရဲ့ အခြေအနေနဲ့ 
၂၀၁၀ နောက်ပိုင်း တပ်မတော်ရဲ့ အခြေအနေပဲ ဖြစ်ပါတယ်…

၁၉၈၈ ခုနှစ် မတိုင်မီက တပ်မတော် ရဲ့ အင်အားဟာ တိုက်ခိုက်ရေး တပ်မ ၈ခု နဲ့  တပ်ဖွဲ့ ဝင် ၂သိန်း မပြည့်တပြည့်သာ ရှိခဲ့ပါတယ်။ အတိအကျ ပြောရမယ်ဆိုရင်တော့ ကြည်းတပ်မှာ ၁၈၄,၀၂၉ ယောက်၊
ရတပ်မှာ ၈,၀၆၅ ယောက် နဲ့  လေတပ်မှာ ၆, ၅၈၇ ယောက် တို့ ဖြစ်ပါတယ်..။တပ်ဆင်ထားတဲ့ လက်နက်၊ စစ်ယာဉ်တွေဟာလဲ ဒုတိယ ကမ္ဘာစစ် က သုံးခဲ့တဲ့  လက်နက်အမျိုးအစား အများစု နဲ့  ၁၉၆၀ နှစ်ဦးပိုင်းမှာ ထုတ်လုပ်ခဲ့တဲ့ လက်နက်အမျိုးအစား တစ်ချို့ သာ ဖြစ်ပါတယ်။ ဆက်သွယ်ရေး စနစ် နဲ့ ထောက်ပံ့ ပို့ ဆောင်မှု စနစ်တွေဟာ အရွယ်အစားသေးငယ်တဲ့  စစ်ဆင်ရေး မျိုးတွေကိုသာ

 ထောက်ပံ့ နိုင်စွမ်းရှိပြီး ရေတပ်ဟာ မြစ်တွင်း နဲ့ ကမ်းခြေစောင့် စစ်ရေယာဉ် အနည်းငယ်ကိုသာ ပိုင်ဆိုင် ပါတယ်...။ လေတပ်ဟာ လဲ မြေပြင်တပ်ဖွဲ့ များကို သာ အထောက်အပံ့ ပေးနိုင်စွမ်းရှိပြီး အင်အားနည်းပါးလွန်းလှပါတယ်...။

ဒါပေမယ့် ၁၉၉၀ ခုနှစ် နှစ်ဦးမှာတော့ ခေတ်သစ် တပ်မတော် တစ်ခုရဲ့  အနာဂတ်ဟာ စတင် ပုံလောင်း သွန်းဆစ်လို့  ခံရပြီ ဖြစ်ပါတယ်..။ တပ်မတော် အနေနဲ့  ပထမဆုံး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတာကတော့ ကာကွယ်ရေး သိပံ္ပ နဲ့  နည်းပညာ ဆိုင်ရာ အဆောက်အအုံတွေ ဖြစ်ပါတယ်..။


တပ်မတော်ထုတ် လက်နက်ငယ်များ
၁၉၉၀ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသအချို့ က တပ်မတော် ကာကွယ်ရေးပစ္စည်း စက်ရုံတွေဟာ တပ်မတော်ရဲ့ လက်ရှိ အသုံးပြုနေတဲ့ အနောက်ဂျာမဏီ ဖက်စပ် ၇.၆၂ မီလီမီတာ ကျည်သုံး
G3 မောင်းပြန်ရိုင်ဖယ်တွေ ကို အစား ထိုး နိုင်ဖို့ အတွက် ၅.၅၆ မီလီမီတာ ကျည်သုံး မောင်းပြန်ရိုင်ဖယ် အသစ်တစ်မျိုး နဲ့ ခြေလျှင်တပ်သုံး လက်နက်မျိုးစုံတို့ ကို အကြီးအကျယ် စတင် စမ်းသပ်နေကြပါတယ်..။
လက်နက်ပုံစံ အသစ်တွေဟာ ၁၉၉၅ နှစ်ဦးမှာ စတင် ထုတ်လုပ်တဲ့ အဆင့်ကို ရောက်ရှိလာပြီး
၁၉၉၈ ခုနှစ် ၀န်းကျင်မှာတော့ တပ်မတော် တစ်ခုလုံးက တိုက်ခိုက်ရေးတပ်မတွေကို စတင် လှဲလှယ်တပ်ဆင် ပါတော့တယ်..။ အဲဒီ လက်နက်တွေကတော့ တပ်မတော်မှာ လက်ရှိအသုံးပြုနေတဲ့ 
MA series မောင်းပြန်ရိုင်ဖယ်များ၊ စက်သေနတ်များ ၊ မော်တာများ ၊လောင်ချာများ ၊ မိုင်းများ အစရှိတဲ့ လက်နက်တွေပဲ ဖြစ်ပါတယ်...။


တပ်မတော်ထုတ် ပုခုံးထမ်းလောင်ချာ
 
တင့်နှင့် သံချပ်ကာတပ်ဆိုင်ရာ
အလားတူ ၁၉၉၀ ခုနှစ် နှစ်ဦးပိုင်းမှာပဲ တပ်မတော် ရဲ့  သံချပ်ကာတပ်ဖွဲ့ တွေဟာ ခေတ်မီတိုက်ခိုက်ရေး သံချပ်ကာယာဉ်တွေကို စတင် လက်ခံရရှိပါတယ်။ ပြည်ပ ကာကွယ်ရေးဆိုင်ရာ ၀က်ဘ်ဆိုဒ်တွေရဲ့ အဆိုအရ ဆယ်စုနှစ် တစ်ခုကျော် အတွင်းမှာ မြန်မာ့တပ်မတော် ဟာ-

T-72S ပင်မ တိုက်ပွဲဝင် တင့် ၁၃၉ စီး …. ( ယူကရိန်း ၊ ရုရှား )
Type-59D ပင်မ တိုက်ပွဲဝင် တင့် ၂၈၀ စီး + …. ( တရုတ် )
Type-69 II ပင်မ တိုက်ပွဲဝင် တင့် ၁၉၀ စီး + … ( တရုတ် )
Type-80 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် )
Type-85 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် )
T-55 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( အိန္ဒိယ )
Type-63 အပေါ့စား တင့် ၁၅၀ စီး + ….. ( တရုတ် )
BTR-3U IFV သံချပ်ကာ တိုက်ယာဉ် ၁၀၀၀ စီး + ….
( ယူကရိန်း နှင့် ဖက်စပ် ပြည်တွင်းတွင် ထုတ်လုပ်သည် )



T-72S ပင်မတိုက်ပွဲဝင်တင့်ကား

 Type-63 အပေါ့စားတင့်ကား


Type-85 APC သံချပ်ကာ လူသယ်ယာဉ် ၂၅၀ စီး …. ( တရုတ် )
Type-90 APC သံချပ်ကာ လူသယ်ယာဉ် ၂၄၀ စီး …. ( တရုတ် )
EE-9 Cascavel AFV သံချပ်ကာတိုက်ယာဉ် ၁၄၀ စီး … ( ဘရာဇီး )
AML-90 Armoured Cars ( ×× ) စီး … ( တောင်အာဖရိက )
72 MAV -1 IFV သံချပ်ကာ တိုက်ယာဉ် ( ×× ) ( ပြည်တွင်းထုတ် ) ...
တို့ ကို လက်ခံ ရရှိခဲ့ တယ်လို့  ဆိုပါတယ်...။


အမြောက်နှင့် ဒုံးတပ်ဖွဲ့ဆိုင်ရာ
ဒါပေမယ့် အကြီးမားဆုံး ပြောင်းလဲသွားတာကတော့ အမြောက်တပ်ဖွဲ့  ပဲဖြစ်ပါတယ်။ အမြောက်တပ်ဖွဲ့ ဟာ
၁၉၉၀ နှစ်ဦးပိုင်းက စတင်ပြီး ၁၅၅ မမ နဲ့  ၁၂၂ မမ ဟောင်ဝဇ်ဇာ အမြောက်များ အပါအ၀င် MLRS အတွဲလိုက် ဒုံးပစ် စနစ်များ၊ ရာပေါင်းများစွာ ရှိတဲ့  အမြောက် ၊ စိန်ပြောင်းများကို စတင် တပ်ဆင် အဆင့်မြှင့်တင် လာပါတယ်..။ အဲဒီထဲမှာ အစ္စရေး ၊ တရုတ် ၊ ရုရှား နဲ့  မြောက်ကိုရီးယား နိုင်ငံထုတ် လက်နက်တွေ အဓိက ပါဝင်တယ်လို့ လဲ ဆိုပါတယ်...။


၁၅၅မမ ဟောင်ဝစ်ဇာအမြောက်ကြီး
 
၁၂၂မမ အတွဲလိုက် ဒုံးပစ်ယာဉ်

အမြောက်တပ်ဖွဲ့  ရဲ့ အောက်မှာ ဒုံးတပ်ရင်းများ စတင်ဖွဲ့ စည်းလာပြီး ပြည်ပ စစ်လက်နက်ဆိုင်ရာ သတင်းရင်းမြစ် တစ်ချို့ ရဲ့ အဆိုအရ ယိုးဒယား-မြန်မာ နယ်စပ်တင်းမာမှု ပြသနာအပြီး ၂၀၀၃ နဲ့  ၂၀၀၄ ခုနှစ် ၀န်းကျင်လောက်မှာ ဒီ ဒုံးတပ်ရင်းတွေဟာ တရုတ်နိုင်ငံ လုပ် M11 တာတိုပစ် ဒုံးပျံ တွေနဲ့ မြောက်ကိုရီးယားလုပ် Hwasong အမျိုးအစား စကဒ်ဒုံးပျံတွေကို အများအပြား စတင် လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား သတင်းဌာန ရဲ့ ၂၀၀၆ ခုနှစ် သတင်းထုတ်ပြန်ချက်အရ 
တပ်မတော်အစိုးရဟာ ၂၀၀၂ ခုနှစ် မေလမှာ Daewoo ကော်ပရေးရှင်း နဲ့  အမေရိကန်ဒေါ်လာ ၁၃၃.၈ သန်းတန် ဒုံးပျံ နည်းပညာဆိုင်ရာ စစ်လက်နက် ကန်ထရိုက်တစ်ခု ကို လက်မှတ် ရေးထိုးခဲ့တယ်လို့ လဲ သိရပါတယ်..။

၂၀၀၄ခုနှစ် နှောင်းပိုင်းမှာ တရုတ်နိုင်ငံ ( CPMIEC ) ကနေ အဆင့်မြှင့်တင်ထားတဲ့  တာတိုပစ် ဒုံးပျံ
M11 ( DF 11 A ) နဲ့  M9 ( DF 15 ) ( အရေအတွက် မသိရ ) တို့ ကို လက်ခံရရှိခဲ့ပြီး
DF 11 A ဟာ 500kg ဒုံးထိပ်ဖူးတစ်ခု နဲ့ ကီလိုမီတာ ၅၀၀ - ၇၀၀ အကွာအဝေးကို ပစ်ခတ်နိုင်ကာ
DF 15 ဟာ ကီလိုမီတာ ၆၀၀ အကွာကို ပစ်ခတ်နိုင်စွမ်း ရှိပါတယ်..။ ဒီ ဒုံးပျံတွေအားလုံးဟာ ယာဉ်တင် အမျိုးအစားတွေဖြစ်ပြီး လွယ်ကူစွာ ရွှေ့ ပြောင်း သယ်ယူနိုင်တာမို့  အချိန်တို အတွင်း တစ်နိုင်ငံလုံးမှာ
တပ်ဖြန့်  နေရာချထားနိုင်တယ်လို့  ဆိုပါတယ်...။



လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ
၁၉၈၈ ခုနှစ် ၀န်းကျင်က မြန်မာ့တပ်မတော် ဟာ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ ဆိုလို့  မင်္ဂလာဒုံ လေဆိပ် အနီးမှာ ထားရှိတဲ့  တပ်ခွဲတစ်ခွဲ သာ ပိုင်ဆိုင်ပါတယ်။ ဒီ တပ်ခွဲဟာလဲ ၄၀ မမ ဘိုဖာ အမြောက်၊ ၃.၇ မမ MK3A ယာဉ်ဆွဲ လေယာဉ်ပစ် အမြောက် နဲ့ ၂၀ မမ M 38 လေယာဉ်ပစ်အမြောက်
အနည်းငယ်ကိုသာ ပိုင်ဆိုင်ပြီး အနိမ့်ပျံလာတဲ့  လေယာဉ်တစ်ချို့ ကိုသာ တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်..။
လက်ရှိအချိန်မှာ ပြန်ပြောရင်တော့ မြန်မာ့ တပ်မတော်ရဲ့ ၁၉၈၈ ခုနှစ်က လေကြောင်းရန်ကာကွယ်ရေး တပ်ခွဲလေးဟာ စစ်သမိုင်း ပြတိုက်ကို ရောက်ရှိနေခဲ့ပါပြီ..။


တပ်မတော်ထုတ် ပုခုံးထမ်း ဒုံးပစ်လောင်ချာများ
လက်ရှိ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ ဟာ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်ရုံး ရဲ့ ကွပ်ကဲမှုအောက်မှာ လေကြောင်းရန် ကာကွယ်ရေးဇုန်ကြီး ၆ခု လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းပေါင်း ၃၀ ကျော် နဲ့ ဖွဲ့ စည်းထားပြီး ဖြစ်နေပါပြီ..။ တပ်မတော် အစိုးရ တက်လာပြီးတဲ့  နောက်ပိုင်း ပထမဆုံး စတင်ဝယ်ယူခဲ့တဲ့ လက်နက်ဟာ စကာင်္ပူနိုင်ငံမှ တစ်ဆင့်  ၀ယ်ယူခဲ့တဲ့  ယူကေ နိုင်ငံထုတ် Blood Hound MK 2 မြေပြင်မှ ဝေဟင်ပစ် ဒုံးတွေဖြစ်ပါတယ်။
အဲဒီနောက် အမြောက်အများ ထပ်မံဝယ်ယူခဲ့တာကတော့ တရုတ်နိုင်ငံလုပ် HN 5A အနီအောက်ရောင်ခြည်သုံး ပုခုံးထမ်း ဒုံးပျံတွေ ဖြစ်ပါတယ်..။ ဒီ ဒုံးပျံတွေဟာ အနီအောက်ရောင်ခြည်သုံး ပစ်မှတ်ရှာဖွေ စနစ် ပါဝင်ပြီး အမြင့်မီတာ ၃၀၀၀ ၊ အကွာအဝေး မီတာ ၃၀၀၀ အကွာကို လူ နှစ်ဦးတည်းနဲ့  ပစ်ခတ်နိုင်စွမ်းရှိပါတယ်..။


Tunguska SPAAG (Self-Propelled Anit-Aircraft Gun)
၂၀၀၁ ခုနှစ် Janes ကာကွယ်ရေး စာစောင်ရဲ့ ဖော်ပြချက်အရ တပ်မတော်ဟာ ဘူလ်ဂေးရီးယား နိုင်ငံကနေ
SA-16 Gimlet ( Igla - 1E ) ပုခုံးထမ်း လေယာဉ်ပစ်ဒုံးတွေ အများအပြား ၀ယ်ယူခဲ့ပါတယ်..။ 

ဒီ ဒုံးပျံတွေဟာ အမေရိကန် နိုင်ငံလုပ် Stinger ပုခုံးထမ်း ဒုံးပျံတွေ နဲ့  အလားသဏ္ဍန်တူပြီး အမြင့်မီတာ ၃၅၀၀ က ပျံသန်းလာတဲ့  လေယာဉ်ကို မီတာ ၅၂၀၀ အကွာအဝေးကနေ ပစ်ချနိုင်စွမ်း ရှိပါတယ်..။
၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ထပ်မံဖြည့်တင်းလာတာကတော့ ရုရှား နဲ့  အရှေ့ ဥရောပ နိုင်ငံတွေက လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေပဲ ဖြစ်ပါတယ်..။ ဒီလက်နက်တွေထဲမှာ ရေဒါနဲ့  ပစ်ခတ်နိုင်တဲ့  Tunguska ( SA – 19 ) လို လက်နက်တွေပါဝင်လာပြီး လက်ရှိ ရုရှား နဲ့  အရှေ့ ဥပရောပ နိုင်ငံတွေမှာ ဖြန့် ချထားတဲ့  လေကြောင်းရန် ကာကွယ်ရေးလက်နက် အမျိုးအစားတွေ ဖြစ်ပါတယ်...။
တစ်ခါ ၂၀၀၀ ခုနှစ်အတွင်းမှာပဲ ယူကရိန်း နိုင်ငံက 36D6 လေကြောင်းရန်ကာကွယ်ရေး ရေဒါ စနစ်တွေ ရောက်ရှိလာခဲ့ပြီး တစ်ချို့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရတော့ မြန်မာနိုင်ငံမှာ ရုရှားလုပ် P37 နဲ့ 
1L – 117 ရေဒါ အမျိုးအစားတွေကို တပ်ဆင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်..။



Pechora 2M တာလတ်ပစ် လေကြောင်းရန် ကာကွယ်ရေးဒုံးတင်ယာဉ်

၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ့  ရုရှား ချစ်ကြည်ရေး ခရီးစဉ်အပြီးမှာတော့ တပ်မတော် ဟာ
ရုရှား ရဲ့ လက်ရှိ အသုံးပြုနေတဲ့  SA – 15 ( Tor M1 ) နဲ့ SA – 17 ( BUK M1 – 2 ) လို လက်နက်မျိုးတွေ စတင်ရရှိလာပါတယ်...။ ဒီလက်နက်တွေဟာ ခေတ်မီတာဝေးပစ် အမြင့်ပျံ လေကြောင်းရန် ကာကွယ်ရေးလက်နက် တွေ ဖြစ်ပြီး SA – 17 ဟာ အမြင့်မီတာ ၁၅၀၀၀ ကနေ ပျံသန်းလာတဲ့  ပစ်မှတ်ကို
၄၅ ကီလိုမီတာ အကွာကနေ ပစ်ချနိုင်စွမ်း ရှိပါတယ်..။ လက်ရှိ အခြေအနေမှာတော့ မြန်မာ့ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ ခေတ်မီ SAM ဒုံးပျံ တွေဖြစ်တဲ့ 
SA 2 ,SA-5,SA 6 ,SA 15 ,SA 17 ,SA 18 , SA 19 နှင့် Pechora 2M လို လက်နက်မျိုးတွေ အများအပြား ပိုင်ဆိုင်ထားပြီလို့ သိရပါတယ်..။ ဒါဟာ အစီရင်ခံစာ တစ်ခုက ဖော်ပြခဲ့တဲ့  ၁.၁၀.၁၉၆၆ ကနေ 

၃၁ ၃.၁၉၆၉ အတွင်း မြန်မာ့ လေပိုင်နက်ထဲကို အမျိုးအမည်မသိ လေယာဉ် ၁၀၀ ကျော် ဖြတ်သန်းဝင်ရောက်ခဲ့မှုကို လက်ပိုက်ကြည့်နေခဲ့ရတယ်ဆိုတဲ့  သမိုင်းကို ပြည်ဖုံးကား ချလိုက်တာလဲ ဖြစ်ပါတယ်...။


ရေတပ်ဆိုင်ရာ

 ၁၉၈၈ ခုနှစ်မတိုင်မီက မြန်မာ့ ရေတပ်ဟာ ကမ်းခြေစောင့် စစ်ရေယာဉ် အနည်းငယ်ကိုသာ ပိုင်ဆိုင်တဲ့ 
အင်အားသေးငယ်တဲ့ ရေတပ်တစ်ခု ဖြစ်ပါတယ် ဒါပေမယ့် နောက်နှစ်အနည်းငယ် အကြာမှာတော့
အခြေအနေဟာ အပြောင်းအလဲကြီး ပြောင်းလဲသွားပါပြီ..။ ၁၉၉၀ ခုနှစ်မှာ တပ်မတော် ရေ ကို ပထမဆုံး ရောက်ရှိလာတာကတော့ ရေမိုင် ၃၀ အထိ မောင်းနှင်နိုင်တဲ့  PB 90 အမျိုးအစား ကမ်းခြေစောင့် စစ်ရေယာဉ် ( UMS 424 ,UMS 425, UMS 426 ) တွေ ဖြစ်ပါတယ်...။

ဒုတိယထပ် ရောက်လာတာကတော့ ၅၉ မီတာအရှည် Hainan အမျိုးအစား Type 037

 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ် ဆယ်စီး ပါ။ ၁၉၉၁ ဇန်န၀ါရီလမှာ ပထမ အသုတ် စစ်ရေယာဉ် ၆ စီးကို လက်ခံရရှိခဲ့ပြီး ၁၉၉၃ မေလ မှာ တော့ ဒုတိယအသုတ် စစ်ရေယာဉ် ၄ စီး ( UMS 441 – UMS 450 ) တို့ ကိုလက်ခံ ရရှိခဲ့ပါတယ်....။ ၁၉၉၄ ခုနှစ် မတ်လမှာ တပ်မတော် အစိုးရဟာ 
၆၃ မီတာအရှည်ရှိတဲ့  Houxin အမျိုးအစား ဒုံးပျံတင် အမြန်သွား စစ်ရေယာဉ် ၆ စီး ( UMS 471 – UMS 476 ) ကို ၀ယ်ယူဖို့  တရုတ်နိုင်ငံ နဲ့  စာချုပ်ချုပ်ဆိုခဲ့ပါတယ်..။ဒီ သင်္ဘောတွေကို ၁၉၉၅ , ၁၉၉၆ နဲ့  ၁၉၉၇ ခုနှစ်တွေမှာ တပ်မတော်ရေ က လက်ခံရရှိခဲ့ ပြီး တပ်မတော်ရေ ရဲ့ ပထမဆုံး YJ -1 ( C 801 ) သင်္ဘောဖျက် ပဲ့ထိန်း ခရုစ် ဒုံးပျံတပ်ဆင်ထားတဲ့  စစ်သင်္ဘောတွေ ဖြစ်လာပါတယ်...။

ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ်

ဒုံးပျံတင် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်
 ၁၉၉၅ ခုနှစ်မှာတော့ တပ်မတော် ရေတပ်သဘောင်္ကျင်း နဲ့ မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းတွေဟာ
တရုတ် နည်းပညာ အထောက်အပံ့ တွေကို အမြောက်အများ ရရှိလို့ နေခဲ့ပါပြီ...။ အဲဒီ ၁၉၉၀ ကနေ
၂၀၀၆ ခုနှစ် ကာလအတွင်း မှာတော့ တပ်မတော်ရေတပ် သင်္ဘောကျင်းဟာ ၅၀မီတာ အရှည်ရှိတဲ့ အမြန်ကင်းလှည့်ရေယာဉ် ၆စီး ( UMS 551 – UMS 556 ) ဒုံးပျံတင် အမြန်တိုက်ခိုက်ရေး ရေယာဉ် ၄စီး ( UMS 557 – UMS 560 ) ၂၇ ပေ အရှည်ရှိတဲ့ မြစ်တွင်း ကင်းလှည့်ရေယာဉ် ၁၄စီး ( ငမန်း ၁ - ငမန်း ၁၄ ) နဲ့  အခြားအထောက်အကူပြု စစ်ရေယာဉ် အများအပြားကို တည်ဆောက် ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်...။


တပ်မတော်ထုတ် ၅စီးရီး ဒုံးပျံတင် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်

 ရေတပ်သင်္ဘောကျင်း ရဲ့  အကြီးစား သင်္ဘောတည်ဆောက်ရေး ပရိုဂရမ်တွေဟာ ၂၀၀၀ ပြည့်နှစ်မှာ
အင်ပြည့်အားပြည့် စတင်ပါတယ်...။ ၇၇ မီတာ အရှည်ရှိတဲ့  ကော်ဗက် စစ်ရေယာဉ် ( UMS 771 – UMS 772 ) နှစ်စီးကို တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ ဖရီးဂိတ် စစ်သင်္ဘောတွေကို
စတင်ထုတ်လုပ်နိုင်တဲ့  အဆင့်ကို ရောက်ရှိလာပါတယ်..။


 ကော်ဗတ်အဆင့်မှ အပေါ့စား ဖရီဂိတ်သို့ အဆင့်မြှင့်တင်ထားသည့် စစ်ရေယာဉ်
လက်ရှိအနေအထားမှာတော့ တပ်မတော် ရေ ဟာ ဒုံးပျံတင် ဖရီးဂိတ် နဲ့ ကောဗက် စစ်ရေယာဉ်များ
အမြန်တိုက်ခိုက်ရေး ရေယာဉ်များ ကမ်းခြေစောင့် ကင်းလှည့် စစ်ရေယာဉ်များ ကမ်းတက်ရေယာဉ်များ
မိုင်းရှင်း ရေယာဉ်များနဲ့  သယ်ယူပို့ ဆောင်ရေး ရေယာဉ် အမြောက်အများကို ပိုင်ဆိုင်တဲ့  ခေတ်မီ ရေတပ် တစ်ခု ဖြစ်နေပြီ ဖြစ်ပါတယ်...။

အေပိုင်း-၂ ဆက်ရန်

13 comments:

  1. MA also has 200 MBT-2000, according to Myanmar Armored FB page..EE 9 အစီးရေ ၁၀၀နီးပါး ပိုင်ဆိုင်

    ReplyDelete
  2. စားဖား ရဲမိုး Post

    ReplyDelete
  3. ဆက်တင် ပါဦးး ဗျာ.. ဖတ်ဖို့စောင့် မျှော် နေပါတယ်....။

    ReplyDelete
  4. APC နဲ့ IFV ကို ဘယ်​အချက်​​တွေ ကြည့်​ပြီးခွဲလဲ.. ကိုmm

    ReplyDelete
    Replies
    1. IFV က Infantry Fighting Vehicle ပါ။ ခြေလျင်အကူပေး စစ်ယာဉ်ဖြစ်ပါတယ်။ အဓိကက ရန်သူ့ပစ်အားကို ခုခံပြီး တန်ပြန် ပစ်အားပေးနိုင်ဖို့ပါ။ စစ်သည်သယ်ဆောင်နိုင်တာ နဲပါတယ်။ အရေးပေါ် ကွန်မင်ဒို၊ အင်ဂျင်နီယာတပ်ဖွဲ့နဲ့ လူနာလောက်ပဲ သယ်နိုင်အောင် လုပ်ထားပြီး လက်နှက်ကို အရေးပေးပါတယ်။
      APC ကတော့ Armored Personnel Carriers ပါ။ စစ်သည်တွေကို လက်နှက်ငယ်ရန်ကနေ ကာကွယ်ပြီး လိုအပ်တဲ့နေရာကို သယ်ပို့ပေးနိုင်ဖို့ပါ။ သူ့ကိုယ်သူကာကွယ်ဖို့နဲ့ ရန်သူကို ခဏတာ ဖိအားပေးနိုင်ဖို့ လက်နှက်လောက်သာ တပ်ဆင်ပါတယ်။ လေကြောင်းချီဖို့၊ ကမ်းတက်ဖို့ မြစ်ကူးဖို့ ခက်ခဲတဲ့ မြေပြင်အခြေနေမှာ သွားနိုင်ဖို့ အဓိက လုပ်ဆောင်ထားပြီး စစ်သည်သယ်ဖို့ အဓိကပါ။
      ကပ်သီးကပ်သတ် မှတ်ထားချင်ရင်တော့ ရေကူးနိုင်ရင် APC ရေမကူးနိုင်ရင် IFV လို့မှတ်ထားလို့ရပါတယ်။ %ပြည့်တော့ မမှန်ဘူးပေါ့။

      Delete
  5. This comment has been removed by the author.

    ReplyDelete
  6. အပိုင်း ၂ ကို မြန်မြန်လေးတင်ပေးပါဗျာ နေ့ တိုင်းpost အသစ်တင်မလားဝင်ကြည့် ရတာအမော

    ReplyDelete
  7. ကောင်းတယ်ဗျို့အပိုင်း၂ကိုမြန်မြန်ဆက်ပါသိမ်းထားချင်လို့

    ReplyDelete
  8. တပ်မတော်ရေကို အားပိုဖြည့်ရင် ပိုကောင်းမယ်.....ဒေသတွင်းမှာ ရင်ဘောင်တန်းနိုင်ဖို့မလွယ်သေးဘူး...အခုမှ ရှိန်ခါစလးပဲ ရှိသေးတယ်....ရေယာဉ်သစ်တွေ အမြန်ဆုံးရေချနိုင်ပါစေဗျာ

    ReplyDelete
  9. F-12တပ်တော်မ၀င်သေးဘူးလား
    တပ်တော်ဝင်ရင်မြ၀တီမှာအသေးစိတ်
    အတွင်ရော၊အပြင်ပါရိုတ်ပြပေးပါလို့ပြောပေး
    ပါ ကို mmm

    ReplyDelete
  10. မြန်​မာနိုင်​ငံမှာ ​ရေငုပ်​သ​ဘော်​တွေ ​ကောရှိလား

    ReplyDelete
  11. စိတ်ဝင်စားဖွယ် အားတက်ဖွယ်ပို့စ်များဖြစ်ပါတယ်

    ReplyDelete